ဖေဖေက ပြောတယ်၊
“ ဖေကြီး… ဘာဖြစ်လို့ လူတွေတော်တော်များများ လူကူးမီးပွိုင့်ကို မစောင့်ဘဲ ကူးနေကြတာလဲဟင် ”
“ သူတို့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိလို့နေမှာပေါ့ သား ”
“ ဒါဆို သားလည်း ကျောင်းအမီသွားဖို့ အရေးကြီးတာပဲလေ.. သားတို့ကျတော့ ဘာဖြစ်လို့ မီးပွိုင့်စောင့်ပြီးမှ ကူးရတာလဲ”
“ ဖေကြီး သားကိုမေးမယ်၊ လူစည်းကမ်း၊ လမ်းစည်းကမ်းဆိုတာရှိတယ် မဟုတ်လား ”
“ ဟုတ်ကဲ့”
“ ကိုယ်မှန်တယ်ထင်တဲ့ကိစ္စကို ဘယ်တော့မှ သူများယောင်ယောင် လိုက်မယောင်ရဘူး၊
အဲဒါကို “ မိမိကိုယ်ကို လေးစားခြင်း” လို့ခေါ်တယ်။
ဖေဖေကပြောတယ် -
“ဖေကြီး နွေရာသီရောက်လာပြီလေ.. ဘာဖြစ်လို့သားတို့ အကျီင်္ အထူကြီးဝတ်ထားရတာလဲ”
“ ဘာဖြစ်လို့လဲဆိုတော့ နွေရာသီက အခုမှ စ၀င်တာ၊ ဆောင်းရာသီက မကုန်သေးဘူး၊ မနက်ပိုင်းနဲ့ ညပိုင်းကျ အရမ်းအေးတာလေ”
“ ဒါဆိုဘာဖြစ်လို့ လူတော်တော်များများ နွေရာသီရောက်လာတာနဲ့ ဖက်ရှင်လန်းလန်းလေးတွေဝတ်ပြီး အတိုအပြတ်တွေဖြစ်ကုန်ရတာလဲ”
“ လူတိုင်းမှာ သူ့အကြောင်းနဲ့သူရှိတယ်၊ ဒါပေမယ့် ဖေကြီးတို့သိရမှာက ဘယ်အချိန်မှာ ခနာကိုယ်နဲ့ ဘယ်အကျီင်္က သင့်တော်သလဲရွေးရမှာ၊ လိုက်ဖက်သလဲရွေးရမှာမဟုတ် ဘူး..
အဲဒါကို “မိမိကိုယ်ကို ချစ်ခြင်း” လို့ခေါ်တယ်၊
ဖေဖေကပြောတယ် -
“ ဖေကြီး၊ သားကြီးလာရင် အသုံးကျပါ့မလား ”
“ ဘာဖြစ်လို့ အဲဒီလိုမေးရတာလဲ”
“ ဘာဖြစ်လို့လဲဆိုတော့ အတန်းထဲမှာ သားက စာအတော်ဆုံးမှမဟုတ်တာ”
“ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အဘက်ဘက်ကကြည့်ရတာ၊ ကျောင်းမှာ စာသင်တယ်ဆိုတာ ဗဟုသုတ အသစ်ဆည်းပူးတာပဲရှိတာ၊ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုပြီးမဟုတ်ဘူး၊ အတန်းရဲ့ အဆင့်က လူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ဘာမှမဆိုင်ဘူး၊ သား လိမ်လိမ်မာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ လိုတယ်၊
သားလိုအပ်တဲ့ အရာက “ မိမိကိုယ်ကို ယုံကြည်ခြင်း” ပဲ။
ဖေဖေကပြောတယ် -
“ဖေကြီး ဘာဖြစ်လို့ သားတို့ ခုနထမင်းစားတဲ့ဝိုင်းရဲ့ ဘေးဝိုင်းက အသံအကျယ်ကြီးစကားပြောတာလဲဟင်”
“ သူတို့အရမ်းပျော်နေလို့နေ မှာပေါ့ သားရယ်”
“ ဒါဆို ဖေဂျီးနဲ့ သားနဲ့ကျတော့ ဘာဖြစ်လို့ တိုးတိုးလေးပြောရတာလဲ”
“ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုပဲ မကြည့်ရဘူး၊ ကိုယ့်ဘေးက လူတစ်ယောက်တိုင်းဆီ အတွက်စဉ်းစားပေးရမယ်၊ ဖေကြီးတို့ သူများကို ဘာလုပ်ပေးပါလို့မတောင်းဆိုရဘူး၊ ကိုယ့်ကိုယ်ကို ဘာမလုပ်ရဘူးပဲ တောင်းဆိုလို့ရမယ်၊
အဲဒါ “ကိုယ့်ကို စည်းကမ်းချခြင်း” လို့ခေါ်တယ်၊
ဖေဖေကပြောတယ် -
“ဖေဂျီး.. လူတစ်ယောက်က ပိုက်ဆံရှိလာလေလေ မောက်မာလို့ရတယ်ဆို.. ဟုတ်လား”
“ဟားဟ.. ဒါတော့ မသေချာဘူး”
“ဒါဆို လူတော်တော်များများ ဘာဖြစ်လို့ ပိုက်ဆံရှိတဲ့သူကို အားကျရတာလဲဟင် ”
“ လူတစ်ယောက်ရဲ့ မောက်မာခြင်း (တနည်း) မြင့်မြတ်ခြင်းက သူပို်က်ဆံဘယ်လောက်ပိုင်ဆိုင်သလဲအပေါ်မမူတည်ဘူး၊ သူ သူများအတွက် ဘယ်လောက်ပေးဆပ်ခဲ့သလဲ၊ ဘယ်လောက်အကျိုးပြုသလဲအပေါ်ပဲ
မူတည်တယ်၊ ဥပမာ - စာရေးဆရာတစ်ယောက်၊ သူ့ရဲ့ အရေးအသားက လူတစ်ယောက်ကို
အကျိုးပြုသွားတယ်ဆို၊ သူက မြင့်မြတ်သွားတယ်၊ ဥပမာ - သူဌေးတစ်ယောက်၊ သူ့ရဲ့
အလုပ်ကြိုးစားမှုကြောင့် လူအများ အလုပ်ကိုယ်စီရှိသွားတယ်၊
သူတို့မိသားစုစားဝတ်နေရေး ပြေလည်ရတယ်၊ အလုပ်သမားအပေါ် ခေါင်းပုံမဖြတ်ဘူးဆိုရင် သူ မြင့်မြတ်တယ်လို့ပြောလို့ ရတာပဲ”
အဲဒါကို လူတစ်ယောက်ရဲ့ “တန်ဖိုး” လို့ခေါ်တယ်၊ အဲဒီလူပိုင်ဆိုင်ထားတဲ့ ပိုက်ဆံကြောင့် သူက “တန်ဖိုး”ရှိနေတာမဟုတ်ဘူး ၊
ဖေဖေကပြောတယ် -
“ဖေကြီး.. ပညာရေးက တကယ်ပဲအရေးကြီးတာလား”
“ ဒါပေါ့.. ဘာဖြစ်လို့ အဲဒီလိုမေးရတာလဲ”
“ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေကပြောတယ်၊ စာကောင်းကောင်းကြိုးစား၊ တက္ကသိုလ်ကျောင်းကောင်းတစ်ခုတက်၊ အလုပ်ကောင်းတစ်ခုဝင်ပြီး ပိုက်ဆံအများကြီးရှာလို့ရ တယ်ဆို.. ဒါပေမယ့် ဖေဂျီးပြောတော့ ပိုက်ဆံက လူဘ၀ရဲ့ပန်းတိုင်မဟုတ်ဘူး ဆို”
“ ဟားဟ.. ဒါပေါ့.. ပို်က်ဆံက ဘ၀ရဲ့ပန်းတိုင်မှမဟုတ်တာ”
“ဒါဆို စာသင်တာ ဘာအသုံးကျလို့လဲ”
“ စာသင်ခြင်းရဲ့ ရည်ရွယ်ချက်က ဗဟုသုတဆည်းပူးဖို့၊ အသိဥာဏ်မြင့်မားလာစေဖို့၊ စဉ်းစားဆုံးဖြတ်ဥာဏ်တိုးတ က်လာစေဖို့၊
ဗဟုသုတ အသိပညာတွေ ဆုပ်ကိုင်ထားနိုင်မှ အချို့ သဘောတရားတွေကို
သဘောပေါက်နိုင်မှာ၊ လူတောတိုးတဲ့အခါ ဝေခွဲမရဖြစ်တာမျိုး၊
မဆုံးဖြတ်နိုင်တာမျိုးမဖြ စ်တော့ဘူး၊
ဒါကို “ပညာရဲရင့် ပွဲလယ်တင့်” လို့ခေါ်တယ်၊
ဖေဖေကပြောတယ် -
“ ကျောင်းမှာ ဆရာမက ကိုယ့်တိုင်းပြည်ကိုယ် ကိုချစ်တတ်ရမယ်လို့ပြောတယ် ဖေဖေ၊ သားတို့က ဘယ်လိုချစ်ပြရမှာလဲ ”
“ သား ဖေဂျီးတို့ အိမ်ကို ချစ်လား”
“ချစ်တာပေါ့”
“ ဒါဆို အိမ်မှာ အမှိုက်လျှောက်လွှင့်ပစ်လား”
“ဟင့်အင်း”
“ ဖေကြီးတို့လမ်းသွားနေရင်လည်း လက်ထဲကအမှိုက်ကို လမ်းပေါ်မချပစ်ဘဲ၊ အမှိုက်ပုံးထဲသွားပစ်ထည့်ရင် ဒါတိုင်းပြည်ကိုချစ်တာပဲေ လ၊
ဖေကြီးတို့ရဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်ရမယ်၊ ပတ်ဝန်းကျင်က
ပန်းတို့သစ်ပင်တို့ကအစ ချစ်မြတ်နိုးတတ်ရမယ်၊ လမ်းကူးရင် လူကူးမျဉ်းကြားက
ကူးရတယ်၊ တိုင်းပြည်ချစ်တာ ပါးစပ်ကပြောနေရုံနဲ့မရဘူး၊ ကိစ္စအသေးအဖွဲကစပြီး ဂရုစိုက်ပြင်ရမယ်၊
အဲဒါကို “တိုင်းပြည်ချစ်စိတ်” လို့ခေါ်တယ်။
Happy Father day
:D
(ဘာသာပြန်)
Credit-စာပေ
“ ဖေကြီး… ဘာဖြစ်လို့ လူတွေတော်တော်များများ လူကူးမီးပွိုင့်ကို မစောင့်ဘဲ ကူးနေကြတာလဲဟင် ”
“ သူတို့မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိလို့နေမှာပေါ့ သား ”
“ ဒါဆို သားလည်း ကျောင်းအမီသွားဖို့ အရေးကြီးတာပဲလေ.. သားတို့ကျတော့ ဘာဖြစ်လို့ မီးပွိုင့်စောင့်ပြီးမှ ကူးရတာလဲ”
“ ဖေကြီး သားကိုမေးမယ်၊ လူစည်းကမ်း၊ လမ်းစည်းကမ်းဆိုတာရှိတယ် မဟုတ်လား ”
“ ဟုတ်ကဲ့”
“ ကိုယ်မှန်တယ်ထင်တဲ့ကိစ္စကို
အဲဒါကို “ မိမိကိုယ်ကို လေးစားခြင်း” လို့ခေါ်တယ်။
ဖေဖေကပြောတယ် -
“ဖေကြီး နွေရာသီရောက်လာပြီလေ.. ဘာဖြစ်လို့သားတို့ အကျီင်္ အထူကြီးဝတ်ထားရတာလဲ”
“ ဘာဖြစ်လို့လဲဆိုတော့ နွေရာသီက အခုမှ စ၀င်တာ၊ ဆောင်းရာသီက မကုန်သေးဘူး၊ မနက်ပိုင်းနဲ့ ညပိုင်းကျ အရမ်းအေးတာလေ”
“ ဒါဆိုဘာဖြစ်လို့ လူတော်တော်များများ နွေရာသီရောက်လာတာနဲ့ ဖက်ရှင်လန်းလန်းလေးတွေဝတ်ပြ
“ လူတိုင်းမှာ သူ့အကြောင်းနဲ့သူရှိတယ်၊ ဒါပေမယ့် ဖေကြီးတို့သိရမှာက ဘယ်အချိန်မှာ ခနာကိုယ်နဲ့ ဘယ်အကျီင်္က သင့်တော်သလဲရွေးရမှာ၊ လိုက်ဖက်သလဲရွေးရမှာမဟုတ်
အဲဒါကို “မိမိကိုယ်ကို ချစ်ခြင်း” လို့ခေါ်တယ်၊
ဖေဖေကပြောတယ် -
“ ဖေကြီး၊ သားကြီးလာရင် အသုံးကျပါ့မလား ”
“ ဘာဖြစ်လို့ အဲဒီလိုမေးရတာလဲ”
“ ဘာဖြစ်လို့လဲဆိုတော့ အတန်းထဲမှာ သားက စာအတော်ဆုံးမှမဟုတ်တာ”
“ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ အဘက်ဘက်ကကြည့်ရတာ၊ ကျောင်းမှာ စာသင်တယ်ဆိုတာ ဗဟုသုတ အသစ်ဆည်းပူးတာပဲရှိတာ၊ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုပြီးမဟုတ်ဘူး၊
သားလိုအပ်တဲ့ အရာက “ မိမိကိုယ်ကို ယုံကြည်ခြင်း” ပဲ။
ဖေဖေကပြောတယ် -
“ဖေကြီး ဘာဖြစ်လို့ သားတို့ ခုနထမင်းစားတဲ့ဝိုင်းရဲ့ ဘေးဝိုင်းက အသံအကျယ်ကြီးစကားပြောတာလဲဟင
“ သူတို့အရမ်းပျော်နေလို့နေ
“ ဒါဆို ဖေဂျီးနဲ့ သားနဲ့ကျတော့ ဘာဖြစ်လို့ တိုးတိုးလေးပြောရတာလဲ”
“ လူတစ်ယောက်က ကိုယ့်ကိုယ်ကိုပဲ မကြည့်ရဘူး၊ ကိုယ့်ဘေးက လူတစ်ယောက်တိုင်းဆီ အတွက်စဉ်းစားပေးရမယ်၊ ဖေကြီးတို့ သူများကို ဘာလုပ်ပေးပါလို့မတောင်းဆိ
အဲဒါ “ကိုယ့်ကို စည်းကမ်းချခြင်း” လို့ခေါ်တယ်၊
ဖေဖေကပြောတယ် -
“ဖေဂျီး.. လူတစ်ယောက်က ပိုက်ဆံရှိလာလေလေ မောက်မာလို့ရတယ်ဆို.. ဟုတ်လား”
“ဟားဟ.. ဒါတော့ မသေချာဘူး”
“ဒါဆို လူတော်တော်များများ ဘာဖြစ်လို့ ပိုက်ဆံရှိတဲ့သူကို အားကျရတာလဲဟင် ”
“ လူတစ်ယောက်ရဲ့ မောက်မာခြင်း (တနည်း) မြင့်မြတ်ခြင်းက သူပို်က်ဆံဘယ်လောက်ပိုင်ဆ
အဲဒါကို လူတစ်ယောက်ရဲ့ “တန်ဖိုး” လို့ခေါ်တယ်၊ အဲဒီလူပိုင်ဆိုင်ထားတဲ့ ပိုက်ဆံကြောင့် သူက “တန်ဖိုး”ရှိနေတာမဟုတ်ဘူး
ဖေဖေကပြောတယ် -
“ဖေကြီး.. ပညာရေးက တကယ်ပဲအရေးကြီးတာလား”
“ ဒါပေါ့.. ဘာဖြစ်လို့ အဲဒီလိုမေးရတာလဲ”
“ သူငယ်ချင်းတစ်ယောက်ရဲ့ အဖေကပြောတယ်၊ စာကောင်းကောင်းကြိုးစား၊ တက္ကသိုလ်ကျောင်းကောင်းတစ်ခ
“ ဟားဟ.. ဒါပေါ့.. ပို်က်ဆံက ဘ၀ရဲ့ပန်းတိုင်မှမဟုတ်တာ”
“ဒါဆို စာသင်တာ ဘာအသုံးကျလို့လဲ”
“ စာသင်ခြင်းရဲ့ ရည်ရွယ်ချက်က ဗဟုသုတဆည်းပူးဖို့၊ အသိဥာဏ်မြင့်မားလာစေဖို့၊ စဉ်းစားဆုံးဖြတ်ဥာဏ်တိုးတ
ဒါကို “ပညာရဲရင့် ပွဲလယ်တင့်” လို့ခေါ်တယ်၊
ဖေဖေကပြောတယ် -
“ ကျောင်းမှာ ဆရာမက ကိုယ့်တိုင်းပြည်ကိုယ် ကိုချစ်တတ်ရမယ်လို့ပြောတယ
“ သား ဖေဂျီးတို့ အိမ်ကို ချစ်လား”
“ချစ်တာပေါ့”
“ ဒါဆို အိမ်မှာ အမှိုက်လျှောက်လွှင့်ပစ်လား”
“ဟင့်အင်း”
“ ဖေကြီးတို့လမ်းသွားနေရင်လည
အဲဒါကို “တိုင်းပြည်ချစ်စိတ်” လို့ခေါ်တယ်။
Happy Father day
:D
(ဘာသာပြန်)
Credit-စာပေ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။