Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, June 3, 2016

အတွေ့ အကြုံ နဲ့ ကူညီဖေးမမှု

အတွေ့ အကြုံ နဲ့ ကူညီဖေးမမှု
---------------------
ငွေအား လူအားနဲ့ ကူညီမှ ကူညီတာ မဟုတ်ပါဘူး…။အတွေ့အကြုံကို မျှဝေပေးတာဟာလဲ…ကူညီဖေးမနည်း တစ်မျိုးပါပဲ…။

အတွေ့အကြုံဆိုတာ အတိတ်ပါပဲ…။တနည်းအားဖြင့် ဖြတ်သန်းခဲ့ဘူးသော ပစ္စုပ္ပာန်တွေပါပဲ…။အဲဒီ့ အတိတ်ထဲမှာမှ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲကို ဖြေရှင်းသွားတာ လွတ်မြောက်အောင် ရင်ဆိုင်သွားတဲ့ အကြောင်းအရာတွေဟာ အတွေ့အကြုံရယ်လို့ ဖြစ်မြောက်လာကြပါတယ်…။

ကျနော်တို့ အတိတ်ရှိတယ်လို့ ခံစားနိုင်ခြင်း သိနိုင်ခြင်းဟာလဲ…မှတ်သားနိုင်တဲ့ သညာတွေကြောင့်ပါပဲ…။ကျနော်တို့ဟာ မှတ်သားထားနိုင်မှု့မရှိရင် အတိတ်ကို သိနေ ခံစားနိုင်နေမှာမဟုတ်ပါဘူး…။တကယ်တော့ အတိတ်ဟာ မရှိပါဘူး…။ပစ္စုပ္ပာန်တိုင်းဟာလည်း ဖြစ်ပြီးပျက်သွားရပါတယ်…။ထားပါလေ…။

တကယ်ရှိနေတာက ကျနော်တို့ မှတ်သားထားနိုင်မှုသညာစွမ်းရည်ပါပဲ…။
အတိတ်ဆိုတာ အဲဒီ့စွမ်းရည်ထဲက ထုတ်ယူသုံးစွဲခြင်းပါပဲ…။

ဒီတော့ အတွေ့အကြုံယူတယ်ဆိုတာ အတိတ်ကို သင်ခန်းစာယူခြင်းပါပဲ…။သူတစ်ပါးအတိတ်တွေ မိမိအတိတ်တွေကို သင်ခန်းစာယူတာပါပဲ…။အတွေ့အကြုံကို မျှဝေတယ်ဆိုတာ သင်ခန်းစာ ပေးနည်းပါပဲ…။ပြောမယ်ဆိုရင် အခက်အခဲ ပြသနာတစ်ခုကို ရင်ဆိုင်ရတဲ့အခါ ဘယ်လိုဖြေရှင်းသင့်တယ်…ဘယ်လိုရင်ဆိုင်သင့်တယ်ဆိုတာ သင်ခန်းစာပေးခြင်းပါပဲ…။

ကျနော်တို့ လူသားတွေဟာ ဖြစ်ပြီးတာရော ဖြစ်နေတာရော မဖြစ်သေးတာတွေပါ ပြောပြနိုင်စွမ်းရှိပါတယ်…။မဖြစ်သေးတာကတော့ အနာဂတ်ကို မျှော်မှန်းစပြီး ပြောတာပေါ့…။ပြီးတော့ မတွေ့ဘူးတာ မရှိသေးတာတွေကို ပြောနိုင်ကြပါတယ်…။ဒါကြောင့် ဖြစ်ပြီးတဲ့ အတိတ်ဆိုပိုပြီးပြန်ပြောနိုင်ပါတယ်…။

ကျန်တဲ့ သတ္တဝါတွေက အဲ့လို မလုပ်နိုင်ကြပါဘူး…။ဥပမာ…ပျားတွေဆိုရင် သူတို့ဝတ်ရည်တွေ့ခဲ့ကြောင်းကို အချိန်အပိုင်းအခြားတစ်ခုအတွင်းမှာပဲ ကခုန်ခြင်းနဲ့ ပြန်ပြောနိုင်ပါတယ်…။အဲ့ထက်ကျော်သွားရင် ပြန်သတင်းမပို့နိုင်တော့ပါဘူး…။သူတို့ဟာ မရှိသေးတာ မဖြစ်သေးတာ သူတို့ မတွေ့ကြုံဘူးတာတွေကိုလဲ ပြောနိုင်စွမ်း ခံစားနိုင်စွမ်း မရှိပါဘူး…။ဖြစ်ပြီးတာတွေကိုလဲ မှတ်သားထားနိုင်စွမ်း နဲပါးကြပါတယ်…။

ဒါကြောင့် တခြာသတ္တဝါတွေနဲ့ ကွဲပြားခြားနားပြီး လူသားရယ်လို့ အဆင့်မြင့်မြင့် ရပ်တည်လာနိုင်ခြင်းပါပဲ…။

အတွေ့အကြုံကို မျှဝေတာ ဘာကြောင့် ကူညီရာရောက်သလဲဆိုတော့…

ဥပမာ…အရက်နဲ့ပတ်သတ်ပြီး…
ကျနော့် အတွေ့အကြုံနဲ့ အတွေးအခေါ်အရ…ပြောရရင် အရက်စွဲတဲ့သူတွေဟာ ဖြည်တာကြောင့်လဲပါပါတယ်…။အရက်နာ ကျပြီးရင် ပြန်မဖြည်ပါနဲ့…။

ကျနော် အရက်ကို ၅နာရီအတွင်း နှစ်တောင့်ထိကုန်အောင် သေက်ခဲ့ဘူးပါတယ်…။နေ့တိုင်းနီးပါးလဲ သောက်ခဲ့ဘူးတယ်…။ဒါပေမယ့် အရက်မစွဲပါဘူး…။ကျနော်နဲ့သောက်တဲ့ သူတစ်ချို့ဟာ အရက်စွဲသွားကြပါတယ်…။ဘာကြောင့်လဲဆိုတော့ ကွာခြားချက်က ဖြည်လို့ပါ…။

ညပိုင်းအရက်သောက်လိုက်တယ်…မနက်ခေါင်းတွေကိုက်…အရက်နာကျသွားရော…အဲဒီ့မှာ နဲနဲထပ်သောက်လိုက်ရင် နေသာထိုင်သာပြန်ရှိသွားတတ်တယ်…။အဲ့လို့ ဖြည်ရင်းက အရက်စစွဲကြတာပါပဲ…။အရက်နဲ့ ခန္ဓာကိုယ်ကို လည်ပတ်စေတဲ့ပုံစံမျိုးအသားကျသွားရော…။ကြာတော့ အရက်က ခန္ဓာအင်ဂျင်အတွက် ဓတ်ဆီသဘောတောင်ဖြစ်လာတယ်…။သူမရှိရင် စက်မနိုးချင်တော့ဘူး…။နောက်ဆုံး တဖြည်းဖြည်းအရက်ကျွန်ဖြစ်သွားတော့တာပဲ…။

ကျနော်တို့ အရက်သောက်ရင် အိပ်ပျော်တယ်ထင်တတ်တယ်…။တကယ်တော့ ခန္ဓာကိုယ်အားနည်းသွားတာပါ…။အဲဒီ့အခါ မလှုပ်နိုင်တော့ပဲ အနားယူလိုက်ရတာပါ…။အားနဲနေတဲ့ ခန္ဓာကိုယ်နဲ့ပြန်နိုးတဲ့အခါ နာကျင်ကိုက်ခဲနေတတ်ပါတယ်…။ဒါကို ပျောက်ဖို့ဆိုပြီး အရက်ထပ်သောက်တယ်…။ပျောက်သွားတယ်ထင်တယ်…တကယ်တော့ မပျောက်ပါဘူး…။အာရုံကြောတွေ ထပ်အားနည်းသွားလို့ လှည့်စားခံလိုက်ရခြင်းပါ…။အဲ့လိုအဲ့လို လှည့်စားရင်းနဲ့ ဒဏ်ပိတာတွေများရင်း အရက်ကျွန်ဖြစ်တော့ပါပဲ…။

ဒါကြောင့်…မဖြည်ပါနဲ့…
အရက်နာကျရင် ဆေးသောက်ပါ…။ကိုယ်နဲ့တည့်တဲ့အားဆေးတစ်ခုခုသောက်ပါ…။ပြီးရင်ခဏခြားပြီး အကိုက်အခဲပျောက်ဆေးတစ်ခုခုသောက်ပါ…။အိပ်ဖို့အချိန်ရရင် ဆေးသောက်ပြီး အိပ်လိုက်ပါ…။နိုးလာရင် ခေါင်းကိုက်တာတွေဘာတွေပျောက်သွားပါလိမ့်မယ်…။

တကယ်တော့အရက်နာကျပြီးရင် အရက်ဆိုတဲ့ အသံကြားတာတောင် အံချင်ပါတယ်…။ဒါပေမယ့် ဖြည်လိုက်ဆိုတာကြောင့် ပိုခက်သွားတာပါ…။

အရက်ကို အရက်နဲ့ဖြည်နေလို့ကတော့
အရက်သမားဖြစ်မှာပါပဲ…။
အရက်ကို ဆေးဝါးနဲ့သာဖြည်ပါ…။ဒါဆို ကုသရာရောက်ပါတယ်…။

ဒါဟာ ကျနော့်အတွေ့အကြုံနဲ့ အရက်သမားတွေ အတွေ့အကြုံကို ပေါင်းစပ်မျှဝေခြင်းပါပဲ…။အဲ့လိုမျှဝေခြင်းအားဖြင့် အရက်သမားဖြစ်မယ့် လူငယ်တစ်ချို့ရဲ့ အလားအလာကို လျော့ပါးအောင်ကူညီရာ ရောက်ပါတယ်…။

အတွေ့အကြုံဆိုတာ ပြသနာအခက်အခဲ အကြောင်းအရာတွေပေါ်မှုတည်ပြီး သူ့အခန်းနဲ့သူရှိနေတတ်ပါတယ်…။
----
postပါ ပုံလေး အဓိပ္ပာယ်လိုပေါ့…။
ကြွက်ကြီးဟာ ထောက်ချောက်များစွာမိခဲ့ ဘူးတယ်…။ဒါပေမယ့်…သူလွတ်မြောက်လာလို့ မသေခဲ့ဘူး…။အဲ့ဒါ သူ့အတွေ့အကြုံပါပဲ…။

အဲ့လိုအတွေ့အကြုံတွေနဲ့ ကြွက်လေးကို ထောက်ချောက်မမိအောင်နွေးထွေးထားလိုက်တယ်…။တွဲခေါ်သွားနိုင်ခဲ့တယ်…။

ဘယ်လို အစာမျိုး ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ထောက်ချောက်တွေရှိနေတတ်တယ်…။အဲ့လို သင်ခန်းစာတွေနဲ့ အတွေ့အကြုံကို မျှဝေပေးထားတာကြောင့် ကြွက်လေးက ထောက်ချောက်ဒဏ်ံမခံရဘူးပေါ့…။

ဒါဟာ မက်ဆေ့ပေးရုံသက်သက် ပုံပြင်ဆန်တဲ့ ပုံလေးတစ်ပုံပါ…။ဒါကို ယုတ္တိဗေဒထဲ ထည့်ပြီး မကြည့်ဖို့လဲလိုမယ်…။

ကြွက်ထောင်ချောက်တွေအများကြီးနဲ့ ဘယ်လိုသွားနိုင်မှာလဲ…။မဖြစ်နိုင်တာ ဘာညာပေါ့…။

တကယ်တော့ ထောင်ချောက်ကို သူပြထားတာ အခက်အခဲတွေ ရှိခဲ့ကြောင်းကို ခိုင်းနှိုင်းပြထားရုံသက်သက်ပါ…။ဒါကို အဓိပ္ပာယ်မရှိဘူးပြောမရပါဘူး…။သူပေးချင်တာ ယုတ္တိမဟုတ်ပါဘူး…။သူပေးချင်တာ အတွေ့အကြုံနဲ့ ဖေးမကူညီမှု မက်ဆေ့လေးပါပဲ…။

ကြွက်တွေဟာ အတိတ်ကို လူလိုပြန်ပြောနိုင်ပါ့မလား…။အတွေ့အကြုံပို့ချနိုင်ပါ့မလား…။ကျနော့်အထင်တော့ ပြန်မပြောနိုင်ပါဘူး…။ပြောပြနိုင်ရင် ကျနော်တို့ ကြွက်ထောက်ချောက်တွေ ဒီ့ထက်ပိုအဆင့်မြင့်တင်ဖို့ လိုလာပါလိမ့်မယ်…။

ဒါပေမယ့်…ပုံပြင်ဆိုတာ လက်တွေ့တွေမဟုတ်ပေမယ့်…အတွေးအခေါ်အယူအဆတွေကို ပေးစွမ်းနိုင်ပါတယ်…။ဒီလိုပါပဲ ကျနော်တို့ တွေ့မြင်နေရတဲ့ တစ်ချို့အရာတွေဟာ အဓိပ္ပာယ်မရှိတာမဟုတ်ပါဘူး…။ကျနော်တို့ ခံစားနိုင်မှုနဲလို့ပါ…။ဒါကြောင့် အဓိပ္ပာယ်မဖော်ဆောင်နိုင်ခြင်းပါ…။အဓိပ္ပာယ် ကောက်လွဲတယ်…။ရှု့ထောင့် ချည်းကပ်ပုံမှားယွင်းကြတာပါ…။

--
ကျနော်တို့ဟာ ကြွက်တွေမဟုတ်သလို တိရိစ္ဆာန်တွေလဲ မဟုတ်ပါဘူး…။

လူသားတွေပါ…။
ဒါကြောင့် အတိတ်…အတွေ့အကြုံတွေကို ပြန်ပြောနိုင်စွမ်း…ပြန်မျှဝေနိုင်စွမ်းရှိကြပါတယ်…။

ဒါကြောင့်…
fbပေါ်မှာပဲ ဖြစ်ဖြစ် …
ပတ်ဝန်းကျင် လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်…

မိမိနဲ့ ပတ်သတ်ဆက်နွယ်တဲ့
အတွေ့အကြုံတွေကို ပြန်ပြီး မျှဝေပြောပြ
သင်ခန်းစာပေးခြင်းဖြင့် လူသားအခြင်းခြင်း အလွယ်ကူဆုံး ကူညီဖေးမမှု ပြုလိုက်ကြပါ…။

ဒါဆို ကျနော်တို့ fbသုံးနေတာလဲ
အလကားသက်သက် အချိန်ပြုန်းနေတာ မရောက်ပဲ…လူအချင်းချင်း ကူညီနေရာ ရောက်သွားကြမှာပါ…။

----
-မှတ်စုကြမ်း
#zeroneo

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။