ရော့ခ်သီချင်း ၁၁ ပုဒ် ပါဝင်မည့် ကိုယ်ပိုင်သံစဉ်တစ် ကိုယ်တော်အခွေကိုမေလနောက် ဆုံးပတ်တွင် ဖြန့်ချိပေးမည်ဖြစ် ကြောင်း အဆိုတော် မာရဇ္ဇက ပြောသည်။
‘‘အခွေနာမည်ကိုတော့ ‘‘အ ချိန်အခါ’’လို့ ပေးထားတယ်။ သီ ချင်းအကြောင်းအရာက လူသား အားလုံးက အချိန်အခါအပေါ်မှာ မှီခိုနေကြတာ။ အောင်မြင်တာ တွေ၊ ရှုံးနိမ့်တာတွေ၊ တော်တာနဲ့ အောင်မြင်တာ တိုက်ရိုက်အချိုး မကျဘူး။ လူတိုင်းအောင်မြင်မှု ကျဆုံးမှုဆိုတာ အချိန်အခါတစ်ခု အပေါ်ပဲဆိုတဲ့အကြောင်း ရေး ထားတာ’’ဟု ၎င်းကပြောသည်။
ယင်းအခွေတွင်ပါဝင်သည့် သီချင်း ၁၁ ပုဒ်လုံးကို ကိုယ်တိုင် ရေးသားထားခြင်းဖြစ်ပြီး ၎င်း သီဆိုနေကျ ရော့ခ်သီချင်းပုံစံများ သာ ပါဝင်မည်ဟု ဆိုသည်။
‘‘ရော့ခ်ခေါင်းစဉ်အောက်က အပြင်ကိုထွက်သွားတဲ့ သီချင်း တစ်ပုဒ်မှမပါဘူး။ အကြောင်းအ ရာကတော့ ထုံးစံအတိုင်း အချစ် ရော၊ ဘ၀ရော၊ ဒဿနရောပါမှာ ပေါ့’’ဟု မာရဇ္ဇကပြောသည်။
ယင်းအခွေကို ROS Band နှင့် Breakthrough Band တို့က တီးခတ်ပေးထားပြီး The Sun Music မှ မေလ ၂၉ ရက်တွင် စတင်ဖြန့်ချိပေးသွားမည်ဟု ၎င်း ကပြောသည်။
‘‘အခွေမထွက်တာ သုံးလေး နှစ်လောက်တော့ကြာပြီ။ ‘‘အစဉ် အလာဖျက်ခြင်း’’ ဆိုတဲ့ သုံး ယောက်တွဲအခွေနဲ့တောင် သုံးနှစ် လောက် ကွာသွားပြီ။ ‘‘ဆယ့်နှစ် လက်မတစ်ပေ’’နဲ့ဆို ငါးနှစ် လောက်ကြာသွားပြီ။ အခွေမထွက် ဖြစ်တာ’’ဟု ၎င်းကပြောသည်။
http://www.7daydaily.com/story/63797
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။