မြန်မာနိုင်ငံနဲ့ အိမ်နီးခြင်းနိုင်ငံများကို ညအချိန်မှာ ဂြိုလ်တုပေါ်မှ ရိုက်ထားသောပုံပါ။
နိုင်ငံတစ်နိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်မှုကို ညအချိန်မှာ လျှပ်စစ်မီး ဘယ်လောက် သုံးစွဲနိုင်သလဲဆိုတာနဲ့ ခန့်မှန်းလို့ရပါတယ်။
ပုံကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံ မှာ
ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးသာ မီးအလင်းရောင် သေချာရှိတယ်ဆိုတာ
တွေ့နိုင်ပါတယ်။ ကျန်မြို့ များမှာ မီးအလင်းရောင် မှုန်ပြပြသာ ရှိပါတယ်။
အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့ အရှေ့ တောင်ဖက်က ထိုင်းနိုင်ငံကိုကြည့်မယ်ဆိုရင် သစ်တောနဲ့ တောတောင်တွေကလွဲလို့ တစ်နိုင်ငံလုံးနီးပါး မီးထိန်ထိန်လင်းနေတာကို တွေ့နိုင်ပါတယ်။
အရှေ့ မြောက်ဖက်က တရုတ်နိုင်ငံလည်း ထိုနည်းလည်းကောင်းပါပဲ။ လူသိပ်မနေတဲ့ တိဗက်ဒေသကလွဲလို့ အရှေ့ ပိုင်းမှာ မီးထိန်ထိန်လင်းနေတာကို တွေ့နိုင်ပါတယ်။
အနောက်ဖက်က အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးနီးပါး မီးထိန်ထိန်လင်းနေတာကို တွေ့နိုင်ပါတယ်။
ဒီပုံကို လေ့လာခြင်းအားဖြင့် တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်လောက် နောက်ကျ ကျန်နေခဲ့သလဲဆိုတာ ဦးနှောက်ရှိရင် စဉ်းစားလို့ရပါတယ်။
အမေစု အစိုးရလက်ထက် နောက် (၅) နှစ်အတွင်းမှာတော့ ဒီအခြေအနေတွေကနေ ပြောင်းလဲပြီး တစ်နိုင်ငံလုံး မီးထိန်ထိန်ညီးမယ်လို့ မျှော်လင့်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်တဲ့ ဘေဂိတ်က အခုလိုပြောပါတယ်။ သူ့မှာ စူပါ ပါဝါ (Superpower) တစ်ခုရှိမယ်ဆိုရင် အဲဒီစူပါ ပါဝါက လူသားတွေသုံးစွဲဖို့ စွမ်းအားတွေ (လျှပ်စစ်မီးအပါအဝင်) ကို ပေါပေါသီသီထုတ်ပေးနိုင်ဖို့ ပါပဲတဲ့။
ဘာဖြစ်လို့ အဲဒီလိုပြောတာလဲဆိုတော့ လျှပ်စစ်မီးဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် အခြေခံ အကျဆုံးထဲမှာ ပါလို့ပါ။ လျှပ်စစ်မီးရှိရင် လူငယ်တွေ စာဖတ်ပြီး အသိပညာရှာနိုင်ပါတယ်။ ကွန်ပြူတာသုံးပြီး ဗဟုသုတ ရှာမှီးလို့ရပါတယ်။ (ပညာရေးကဏ္ဍ) ဆေးရုံတွေ အလုပ်လုပ်နိုင်ပါတယ်။ (ကျန်းမာရေးကဏ္ဍ) စက်ရုံတွေ၊ လုပ်ငန်းတွေ လည်ပတ်နိုင်ပါတယ်။ စက်ရုံတွေ၊ လုပ်ငန်းတွေ လည်ပတ်နိုင်တဲ့အတွက် လူတွေကို အလုပ်ကောင်းကောင်းပေးနိုင်ပါတယ်။ နိုင်ငံထုတ်ကုန် ပမာဏကို မြှင့်တင်နိုင် ပါတယ်။ နိုင်ငံသားတစ်ဦးခြင်း ဝင်ငွေကို မြှင့်တင်နိုင်ပါတယ်။ (စီးပွားရေးကဏ္ဍ)
အဲဒီတော့ ပြောချင်တာက ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ်မီး မပိုလျှံပါဘူး။ အများကြီး လိုနေပါတယ်။ တစ်ခြားနိုင်ငံတွေကို မရောင်းစားပါနဲ့။ သဘာဝဓာတ်ငွေ့တွေကို တစ်ခြားနိုင်ငံကို ဈေးပေါပေါနဲ့ ရောင်းစားမယ့်အစား ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါ။ ရောင်းစားလို့ တစ်ဒေါ်လာရမယ်ဆိုရင် ပြည်တွင်းမှာ သုံးစွဲလိုက်တာ ပြည်သူတွေအတွက် မမြင်ရတဲ့ အကျိုးအမြတ်က ဒေါ်လာတစ်ရာ မက ရှိနိုင်ပါတယ်။
အခုအချိန်မှာ လျှပ်စစ်မီး မရသေးတဲ့ ကျေးလက်တောရွာတွေ အများကြီးရှိပါသေးတယ်။ (မယုံဘူးဆိုရင် တင်ထားတဲ့ ပုံကို ပြန်ကြည့်ပါ။) လျှပ်စစ်မီး မရသေးတဲ့ နေရာတိုင်းကို ရအောင် လုပ်ပေးပါ။ စက်မှုလုပ်ငန်းတွေ၊ ရုံးတွေ အားသွန်ခွန်စိုက် လည်ပတ်နိုင်အောင်လို့ လျှပ်စစ်မီး မှန်အောင် လုပ်ပေးပါ။
ဖယောင်းတိုင်ထွန်းပြီး စာကြည့်နေရတဲ့ နိုင်ငံရဲ့  အနာဂတ်ဖြစ်တဲ့ ကျောင်းသားကျောင်းသူလေးတွေရဲ
့ အညွှန့်ကိုတော့ ချိုးမပစ်သင့်တော့ပါဘူး။ (ကျွန်တော်ကိုယ်တိုင်လည်း
သူငယ်တန်းမှ (၁၀) တန်းအထိ ဖယောင်းတိုင်နဲ့ စာကြည့်ခဲ့ဖူးပါတယ်။)
နောက် (၅) နှစ်အတွင်းမှာတော့ အိမ်မက်တွေ အကောင်အထည် ပေါ်လာမယ်လို့ မျှော်လင့်မိပါတယ်။
မျှော်လင့်ချက်ပေါင်းများစွာဖြင့်…
Nay Min Thu
iMyanmarHouse.com
နိုင်ငံတစ်နိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်မှုကို ညအချိန်မှာ လျှပ်စစ်မီး ဘယ်လောက် သုံးစွဲနိုင်သလဲဆိုတာနဲ့ ခန့်မှန်းလို့ရပါတယ်။
ပုံကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံ
အိမ်နီးခြင်းနိုင်ငံဖြစ်တဲ့
အရှေ့ မြောက်ဖက်က တရုတ်နိုင်ငံလည်း ထိုနည်းလည်းကောင်းပါပဲ။ လူသိပ်မနေတဲ့ တိဗက်ဒေသကလွဲလို့ အရှေ့ ပိုင်းမှာ မီးထိန်ထိန်လင်းနေတာကို တွေ့နိုင်ပါတယ်။
အနောက်ဖက်က အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ကြည့်မယ်ဆိုရင်လည်း တစ်နိုင်ငံလုံးနီးပါး မီးထိန်ထိန်လင်းနေတာကို တွေ့နိုင်ပါတယ်။
ဒီပုံကို လေ့လာခြင်းအားဖြင့် တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ မြန်မာနိုင်ငံ ဘယ်လောက် နောက်ကျ ကျန်နေခဲ့သလဲဆိုတာ ဦးနှောက်ရှိရင် စဉ်းစားလို့ရပါတယ်။
အမေစု အစိုးရလက်ထက် နောက် (၅) နှစ်အတွင်းမှာတော့ ဒီအခြေအနေတွေကနေ ပြောင်းလဲပြီး တစ်နိုင်ငံလုံး မီးထိန်ထိန်ညီးမယ်လို့ မျှော်လင့်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးဖြစ်တဲ့ ဘေဂိတ်က အခုလိုပြောပါတယ်။ သူ့မှာ စူပါ ပါဝါ (Superpower) တစ်ခုရှိမယ်ဆိုရင် အဲဒီစူပါ ပါဝါက လူသားတွေသုံးစွဲဖို့ စွမ်းအားတွေ (လျှပ်စစ်မီးအပါအဝင်) ကို ပေါပေါသီသီထုတ်ပေးနိုင်ဖို့
ဘာဖြစ်လို့ အဲဒီလိုပြောတာလဲဆိုတော့ လျှပ်စစ်မီးဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးဖို့အတွက် အခြေခံ အကျဆုံးထဲမှာ ပါလို့ပါ။ လျှပ်စစ်မီးရှိရင် လူငယ်တွေ စာဖတ်ပြီး အသိပညာရှာနိုင်ပါတယ်။ ကွန်ပြူတာသုံးပြီး ဗဟုသုတ ရှာမှီးလို့ရပါတယ်။ (ပညာရေးကဏ္ဍ) ဆေးရုံတွေ အလုပ်လုပ်နိုင်ပါတယ်။ (ကျန်းမာရေးကဏ္ဍ) စက်ရုံတွေ၊ လုပ်ငန်းတွေ လည်ပတ်နိုင်ပါတယ်။ စက်ရုံတွေ၊ လုပ်ငန်းတွေ လည်ပတ်နိုင်တဲ့အတွက် လူတွေကို အလုပ်ကောင်းကောင်းပေးနိုင်ပ
အဲဒီတော့ ပြောချင်တာက ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ်မီး မပိုလျှံပါဘူး။ အများကြီး လိုနေပါတယ်။ တစ်ခြားနိုင်ငံတွေကို မရောင်းစားပါနဲ့။ သဘာဝဓာတ်ငွေ့တွေကို တစ်ခြားနိုင်ငံကို ဈေးပေါပေါနဲ့ ရောင်းစားမယ့်အစား ပြည်တွင်း စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါ။ ရောင်းစားလို့ တစ်ဒေါ်လာရမယ်ဆိုရင် ပြည်တွင်းမှာ သုံးစွဲလိုက်တာ ပြည်သူတွေအတွက် မမြင်ရတဲ့ အကျိုးအမြတ်က ဒေါ်လာတစ်ရာ မက ရှိနိုင်ပါတယ်။
အခုအချိန်မှာ လျှပ်စစ်မီး မရသေးတဲ့ ကျေးလက်တောရွာတွေ အများကြီးရှိပါသေးတယ်။ (မယုံဘူးဆိုရင် တင်ထားတဲ့ ပုံကို ပြန်ကြည့်ပါ။) လျှပ်စစ်မီး မရသေးတဲ့ နေရာတိုင်းကို ရအောင် လုပ်ပေးပါ။ စက်မှုလုပ်ငန်းတွေ၊ ရုံးတွေ အားသွန်ခွန်စိုက် လည်ပတ်နိုင်အောင်လို့ လျှပ်စစ်မီး မှန်အောင် လုပ်ပေးပါ။
ဖယောင်းတိုင်ထွန်းပြီး စာကြည့်နေရတဲ့ နိုင်ငံရဲ့  အနာဂတ်ဖြစ်တဲ့ ကျောင်းသားကျောင်းသူလေးတွေရ
နောက် (၅) နှစ်အတွင်းမှာတော့ အိမ်မက်တွေ အကောင်အထည် ပေါ်လာမယ်လို့ မျှော်လင့်မိပါတယ်။
မျှော်လင့်ချက်ပေါင်းများစွ
Nay Min Thu
iMyanmarHouse.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။