ညီမလေးသို့ ပေးစာ(၁)
--------------------
ညီမလေးတို့ရေ....
လုပ်တိုင်းမဖြစ်လို့ စိတ်ညစ်နေပြီလား
ပြောတိုင်းမပြီးလို့ စိတ်ပျက်နေပြီလား
ထင်တိုင်းမမှန်လို့ စိတ်ကုန်နေပြီလား
မှတ်ထား... ညီမလေးတို့ရေ...
ဒါဘ၀ပဲ....
လောကဓံ ဆိုတဲ့ ကောင်ကြီးကလေ... လူလည်ဗျ.... အမြင့် ဆိုတာက နောက်.... အရင်ဆုံး အနိမ့်ကို အရင်ကျွေးတာ....
ဒါတင်ပဲလား.... ကျန်သေးတယ်ဗျာ....
လူတွေ.... လူတွေ....
အပြုံးတုတွေ နောက်က ထိုးချမဲ့ လက်မည်းကြီးတွေ...
စေတနာတုတွေ နောက်က နောက်ကျောထိုးမဲ့ ဓါးတွေ...
ခင်မင်မှုအတုတွေ နောက်က မဲ့ရွဲ့တဲ့ ပါးစပ်တွေ...
ရှင်တို့လဲ ဒါတွေကို သိနေတယ်မှတ်လား...
မြိုချ... မြိုချ...
တခါတလေတော့လဲ ဘ၀ဆိုတာ လူမမာလိုပါပဲ...
ဆေးခါးကြီးမှန်း သိလျက်နဲ့ များများမြိုချနိုင်လေ... ပိုသန်မာလာလေ... ဟုတ်...
အဲ့တော့ များများ မြိုချ... မှန်မှန်ကြိုးစား...
ဘယ်လောက်ထိအောင် ကြိုးစားရမလဲ ဟုတ်လား...
အဲ့လူတွေ အားလုံးနဲ့ လောကဓံဆိုတဲ့ ကောင်ကြီး လက်မှိုင်ချအောင် ကြိုးစား...
အရှူံးတွေ အလှည့် ကုန်ရင် အောင်မြင်မှု အလှည့် လာလိမ့်မယ်...
ကျမတို့ဟာ မိန်းမသား.... ဒါပေမဲ့ ဓါးသွားလို မိန်းမသား... 💪🏻👠🗡⚔

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။