Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 14, 2016

Saluting မြန်မာစတေး


Saluting မြန်မာစတေး

ကျွန်တော်တို့တတွေ ဒေလီကိုရောက်ကာစမှာ အံ့သြခဲ့ရတယ်။ လူတွေ့ရင် အပြန်အလှန်လက်အုပ်ချီနှုတ်ဆက်ကြတယ်။ ဘာလူကြီးမှလည်း မဟုတ်၊ ဘယ်ယူနီဖေါင်းမှလည်း ဝတ်မထားသူတွေပါ။ အခုတောဗျာ မြန်မာပြည်ကြီးကိုသာ အံသြရပါတော့တယ်။ လူကြီးကို လက်အုပ်မချီရင် မြေမျိုတော့မလောက်ဖြစ်ကုန်ကြပြီ။

လက်အုပ်ချီတယ်လို့ပြောရင် ကန်တော့တာလို့ နားလည်ကြမယ်။ ကိုယ့်ထက် အသက်အရွယ်၊ ဂုဏ်ပညာကြီးတဲ့သူကို အရိုအသေပေးတာ၊ ပူဇော်တာ၊ ကန်တော့တာဖြစ်နိုင်တယ်။ လက်အနေအထား၊ လူကိုယ်ဟန်လဲ ခြားနားနိုင်တယ်။ Greeting နှုပ်ဆက်တာ၊ Saluting ဂါရဝပြုတာ (အလေးပြုတာ)၊ Prostration ထိုင်ကန်တော့တာတွေက မတူကြပါ။

လူမှုရေးမှာ လက်ဝါးဖြန့်ပြီး ပူးကပ်ထာတဲ့လက်က နှလုံးနေရာမှာကပ်ထားရတယ်။ သင့်ကိုတွေ့ရတာ ဝမ်းသာပါတယ်။ ဒီလိုပြောတာဟာ ကျွန်ုပ်ရဲ့နှလုံးကနေပါလို့ဆိုလိုတယ်။ လူကြီးသူမကို အရိုအသေပေးရာမှာလဲသုံးတယ်။ Humility သင်္ကေတလို့ဆိုပါတယ်။ လူသားဆန်တယ်။ တချို့ယဉ်ကျေးမှုမှာ ရိုသေသမှုနဲ့ဆိုရင် ကြီးတဲ့သူရဲ့ ခြေထောက်ကို လာထိရတယ်။ ဒါကြောင့် ဒီလိုလုပ်နည်းဟာ ဘာသာရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စည်းကမ်းတွေအရ မူကွဲကြတယ်။

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာထုံးစံဖြစ်တဲ့ အရိုအသေပေးသူက ကြမ်းပြင်မှာထိုင်ချပြီးမှ လက်အုပ်ချီရတယ်။ ထိခြင်းငါးပါနဲ့ ပြည့်စုံမှသာ စနစ်ကျတယ်လို့ သတ်မှတ်ထားတယ်။ ထိုင်းနိုင်ငံမှာလည်း ထေရဝါဗုဒ္ဓဘာသာပေမဲ့ မတ်တတ်ရပ်နေရင်း လက်အုပ်ချီကြတယ်။ မဟာယာနဗုဒ္ဓဘာသာဝင် တိဘက်တွေ ဘုရားရှေ့ဝတ်ပြုတာက တရားထိုင်နည်း (ကျင့်နည်း) တခုအနေနဲ့ ဝမ်းလျားမှောက် ဒိုက်ထိုးသလိုလုပ်ရတယ်။ လက်နှစ်ဖက်ကိုခေါင်းပေါ်အထိမြှောက်ပြီး လက်အုပ်ချီ၊ လူကိုယ်က ကြမ်းပေါ်မှာ မှောက်ချရတယ်။

လက်နှစ်ဖက်ကို တခုနဲ့တခုဆုပ်ကိုင်၊ ရင်မှာအပ်၊ ခေါင်းကိုငုံပြီး၊ အပြန်အလှန်လုပ်နည်းက တရုပ်ရှေးယဉ်ကျေးမှုတခု ဖြစ်ပါတယ်။ အပြန်အလှန်လေးစာသမှုနဲ့ ဂါရဝပြုတာဖြစ်တယ်။ Zhou Dynasty ဇောင်မျိုးဆက်မှာစခဲ့တယ်။ Rites of Zhou နည်းနာတွေမှာ အဆင့်အတန်းအရ မတူတာတွေရှိတယ်။ ခရစ်ယန် Bible ဘိုင်ဘယ်မှာ လက်အုပ်ချီရမယ်လို့ မပါဘူးဆိုပြီး ထောက်ပြတာရှိတယ်။ God ဘုရားသခင်ကို အရိုအသေပေးနည်းတွေတော့ အမျိုးမျိုးလက်ခံ ကျင့်သုံးနေကြပါတယ်။

အိန္ဒိယမှာက အဲလိုလုပ်တာကို Namaste (နာမာစတေး) လုပ်တယ်လို့ခေါ်တယ်။ Namaskar (နာမာစကား) လို့လဲ မူကွဲရှိတယ်။ ယဉ်ကျေးတဲ့ နှုတ်ဆက်နည်းတခုပါ။ nama = bow နဲ့ te = you ဆိုတဲ့ Sanskrit ဆန်းစ်ခရစ် (သက္ကတ) စကားလုံး ၂ ခု ပေါင်းထားတာဖြစ်တယ်။ သင်နဲ့ကျွန်ုပ် အတူတူပါဘဲလို့ သဘောဆောင်တယ်။ သိထားဘို့က အသင် (အရှင်) သည် ကျွန်ုပ်ထက်မြတ်ပါပေ၏လို့ မဆိုလိုပါ။

လက်အုပ်ချီတာကို ဘာသာရေးနဲ့ ယဉ်ကျေးမှုအပြင် အိန္ဒိယအဖြစ်အပျက်တခုအရ စည်းကမ်းဖြစ်နေတယ်။ ၂ဝ၁၃ အောက်တိုဘာလထဲမှာ ဘယ်ဘာသာမှမကိုးကွယ်သူ အင်္ဂလိပ်စာဆရာတဦးဟာ သူ့လစာတိုးတာကို အဖြတ်ခံရလို့ ကျောင်းကိုတရားမစွဲခင်မှာ လက်အုပ်ချီနှုတ်ဆက်တာကို မလုပ်ဘဲဆန္ဒပြခဲ့တယ်။

မြန်မာပြည်မှာ လူလူချင်း (ဘုန်းကြီးရဟန်းမဟုတ်ဘဲ) မတ်တတ်ရပ်ရာကနေ လက်အုပ်ချီရတာကို မြန်မာ့ယဉ်ကျေးမှုလို့ ပြောရင် မမှန်ပါ။ ဓလေ့ထုံးစံလဲ အရင်ကမရှိခဲ့ပါ။ မြန်မာ့ယဉ်ကျေးမှုကိုဖျက်ဆီးနေတာပါ။

စစ်အစိုးရတက်တော့မှ လုပ်လာတာဖြစ်တယ်။ တိတိကျကျပြောရရင် အတင်းရိုက်သွင်းပေးထားတဲ့ ဥပဒေကဲသို့ အာဏာတည်စေတဲ့ စနစ်တခုသာဖြစ်ပါတယ်။ ယူနီဖေါင်းဝတ်ထားသူတွေကို အစိုးရဝန်ထမ်းတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားတွေက လက်အုပ်ချီနေကြရတဲ့ပုံကို ကျွန်တော်မသုံးပါ။ ကျေးဇူးပြုပြီး ကွန်မင့်မှာ အဲလိုပုံတွေကိုမတင်ကြဘို့ တောင်းပန်ပါတယ်။ မြန်မာစတေးကို စတေးကြစို့။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။