Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 5, 2016

"#သူကြွယ်သူဌေးအစစ်"

 
"#သူကြွယ်သူဌေးအစစ်"
============
အဘိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေ လမ်းလျှောက်နေတဲ့ တစ်နေ့မှာပေါ့။ အဘိုးအိုဟာ မြစ်ကမ်းနဖူးပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ လူငယ်တစ်ယောက်နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။
အဘိုးအိုက မေးလိုက်တယ်။ “ ကလေး.. မင်းဘာဖြစ်နေတာလည်းကွ.. ဟေ… မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဘိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။ လူငယ်က အဘိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။

“ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ၊ နေစရာ အိမ်လည်းမရှိ၊ သားမယားဆိုတာကတော့ ဝေလာဝေး၊ အလုပ်ကလည်း မရှိတော့ ၀င်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့၊ ရေသောက် ဗိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ၊ အဖိုးရယ် ဒီလို လူတစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ”..လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

ဒီတော့ အဘိုးအိုက ပြုံးရယ်ပြီး..
“မင်းက တကယ့်ငတုံး အရူးဘဲကွ..ဟေ၊ တကယ်ဆိုရင် မင်းဒီလိုမျိုး မငြီးငြူနေသင့်ဘူး၊ ဘာလို့လည်းဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နေသေးလို့ ဘဲကွ ”
လူငယ်လည်း အဘိုးအို စကားကြောင့် တအံ့တသြ ဖြစ်မိပြီး ” ဘာလို့လဲအဘိုးရ..၊ အဘိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး ” လို့ မေးလိုက်တယ်။

“ အေးလေကွာ၊ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးတယ်.. မင်းမသိဘူးလား ” လို့ အဘိုးအိုက ပဟေဠိဆန်ဆန် ထပ်ပြီး ပြန်ပြောတယ်။

ဒီတော့ လူငယ်က “ သန်းကြွယ်သူဌေး ဟုတ်လားအဘိုး..၊ ကျွန်တော့်လိုကောင် ငမွဲကို အဘိုးက လှောင်နေတာလားဗျာ ” လို့ ၀မ်းနည်းလေသံနဲ့ ပြောပြီး လှည့်ထွက်သွားမယ် လုပ်တော့ အဘိုးက..
“မင်းကို ငါ ဘယ်လှောင်ရက်ပါ့မလဲကွယ်၊ ကဲ… မင်းကို မေးခွန်း လေးငါးခြောက်ခွန်းလောက် မေးပါရစေ ဖြေကြည့်စမ်းပါဦး ” အဘိုးအိုက ဒီလိုလည်း ပြောလိုက်ရော လူငယ်လည်း စိတ်ဝင်စားလာတာပေါ့။
“ ဘယ်လို မေးခွန်းများလည်းခင်ဗျာ၊ မေးပါ… ကျွန်တော် အမှန်အတိုင်း ဖြေဆိုပါ့မယ် ”
အဘိုးက သူ့မေးခွန်းကို စတင်လိုက်တယ်။

“ မင်းရဲ့ ပျိုရွယ်မှုကို ငါ ငွေနှစ်သိန်း ပေးပြီးဝယ်မယ်၊ မင်းငါ့ထက်တော့ ပိုအိုသွားမှာပေါ့ကွာ၊ မင်းရောင်းဖို့ သဘောတူမလား ”
လူငယ်က ခေါင်းခါပြီး “ ဟာ.. အဘိုးကလည်း ကျွန်တော် အသက်မကြီးချင်သေးပါဘူး၊ သဘောမတူဘူးဗျာ ” လို့ ပြောလိုက်တယ်။
“ ဒါဆို ငါ နောက်ထပ် ငွေနှစ်သိန်း တိုးပြီးတော့ပေးမယ်၊ မင်းရဲ့ ကျန်းမာသန်စွမ်းမှုတွေကို ငါ့ကို ရောင်းစမ်းကွာ၊ မင်း သဘောတူမလား ”
“ ဘယ်နည်းနဲ့မှ ကျွန်တော် သဘောမတူနိုင်ဘူးအဘိုး၊ ကျွန်တော်က သာမန်ဖျားနာတဲ့ ဒဏ်ကိုတောင် ခံချင်တဲ့သူမဟုတ်ဘူး” လို့ဆိုပြီး လူငယ်က ခါးခါးသီးသီး ငြင်းလိုက်တယ်။

“ ကဲ.. ဒါဆို ငါမင်းကို နောက်ထပ် နှစ်သိန်းတိုးပေးမယ်ကွာ၊ မင်းရဲ့ ချစ်ခင်ဖွယ်ရာ မျက်နှာလေးကို ငါဝယ်ယူမယ်၊ မင်းကတော့ ငါ့လိုအရေတွန့်မျက်နှာနဲ့ အကြည့်ရတော့ ဆိုးသွားမှာပေါ့၊ သဘောတူလိုက်စမ်းပါကွာ ” လို့ပြောတော့ လူငယ်က “ ဒါတော့ လုံးဝမဖြစ်နိုင်ဘူး၊ ကျွန်တော် လုံးဝ သဘောမတူနိုင်ဘူး အဘိုး၊ ကျွန်တော်က ယောကျာ်းပီသတဲ့ ကျွန်တော်ရုပ်ရည်ကို အဘိုးလိုအရွယ် ဘယ်အဖြစ်ခံနိုင်ပါ့မလဲ ” လို့ ပြောလိုက်တယ်။

“ အင်း.. ဒါဆိုရင်လဲ နောက်ထပ်နှစ်သိန်း တိုးပေးမယ်၊ မင်းခေါင်းထဲက လတ်ဆတ်တဲ့ မှတ်ဥာဏ်တွေကို ငါဝယ်ယူချင်တယ်ကွာ၊ ဘယ့်နှယ့်လဲ” လိုပြောတော့ လူငယ်လည်း တော်တော် ဒေါကန်သွားပြီး “အဲ့ဒါ ငတုံးတွေကမှ ရောင်းမှာဗျ” လိုပြောပြီး လှည့်ထွက် သွားမလို့လည်းလုပ်ရော အဘိုးအိုက…
“ခဏလေး နေပါဦးကွယ်၊ နောက်ဆုံး မေးခွန်းလေးတော့ ဖြေသွားလိုက်ပါဦး၊ မင်းကို နောက်ထပ် နှစ်သိန်း ထပ်တိုးပေးမယ်၊ မင်းလူတွေကို သတ်ပေးရမယ်၊ အိမ်တွေကို မီးတင်ရှို့ပေးရမယ်၊ မင်းရဲ့ စိတ်ကောင်းနှလုံးကောင်းကို ၀ယ်ယူတဲ့ သဘောပေါ့၊ ဘယ်နှယ့်လဲ.. မင်းသဘောတူလား” လို့ ပြောပြန်တယ်။
ဒီတော့ လူငယ်က “ ဘုရား… ဘုရား.. ဒီလို အကုသိုလ် အလုပ်မျိုးကို မာန်နတ်ဘဲ လုပ်မှာဗျ ” လို့ ဒေါသတကြီး ပြန်ပြောလိုက်တယ်။ ဒီတော့မှ အဘိုးအိုက ပြုံးပြီး ရှင်းပြလေတယ်။

” အေးကွယ်.. ကောင်းပါပြီ၊ စောစောက မင်းကို အဘိုး ဆယ်သိန်းဈေးပေးပြီး ၀ယ်ပေမယ့် မင်းခန္ဓာကိုယ်ထဲက ဘယ်အရာမှ မရခဲ့ဘူးနော်၊ မင်း စဉ်းစားကြည့်စမ်း၊ မင်းဟာ တစ်သန်းကြွယ်ဝတဲ့ သူဌေးမဟုတ်ဘူးလား၊ အဲ့ဒါမှ မဟုတ်ရင်ဘာလည်းကွဲ့၊ ပြောစမ်းပါဦး”
အဘိုးအို စကားကြားပြီးချိန်မှာတော့ လူငယ်ဟာ ချက်ချင်းဘဲ အသိဥာဏ်ထဲ လင်းခနဲ ဖြစ်သွားတော့တယ်။ သွန်သင် ဆုံးမ လမ်းပြပေးတဲ့ အဘိုးအိုကို ကျေးဇူးတင်စကားပြောပြီး ချက်ခြင်းနေရာမှာပဲ ထိုင်ကန်တော့ကာ နှုတ်ဆက်ထွက်ခွာ သွားတော့တယ်။

အဘိုးအိုက ယုံကြည်မှုရှိစွာ ပြုံးနေမိလိုက်တယ်။ သည်လူငယ်လေးဟာ နောင်ဆိုရင် ဘယ်တော့မှ သက်ပြင်းချ ငြီးတွားခြင်း မရှိတော့ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ဘ၀တိုးတက်ဖို့အတွက် လမ်းကြောင်းအသစ်တွေ ရှာဖွေနေတဲ့သူ ဖြစ်လာတော့မယ်ဆိုတာကို အဘိုးအို ယုံကြည်ထားမိပြီလေ။
တကယ်တော့ လူ့ဘ၀ရဲ့ တန်ဖိုးအစစ်အမှန်ဟာ ဥစ္စာဓနတွေ မဟုတ်ပါဘူး။ နုပျိုကျန်းမာတဲ့ အရွယ်မှာ စိတ်ပျက်အားငယ် နေစရာမလိုဘဲ အားမာန်အပြည့်နဲ့ ကြိုးစားဖို့ပဲ လိုပါတယ်။ အောင်မြင်မှုရဖို့ဆိုတာဆိုတာ ကြိုးစားမှုက၆၀%၊ ပံ့ပိုးမှုက ၂၀%၊ ကံတရားက ၂၀%လောက်နဲ့ပဲ ကျွန်မက အချိုးချချင်ပါတယ်။ ပံ့ပိုးမှု၂၀%မရနိုင်ရင် ကြိုးစားမှုကို ၈၀%လောက် ရှိအောင် ဖြည့်ယူရပါမယ်။ ပံ့ပိုးမှုရော၊ ကံတရားရော မရခဲ့ရင်ရော ဘာလို့ ကျွန်မတို့ ၁၀၀% ကြိုးစားအားထုတ်လို့ မရနိုင်ရမှာလဲ။ ကျွန်မတို့မှာ ခြေလက်အင်္ဂါင်္တွေ အစုံအလင်ရှိတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကြတယ်။ ထိုက်သင့်တဲ့ ဥာဏ်ပညာတွေလည်း ရှိနေတယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေ ရှိနေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိရင် အလုပ်တစ်ခုဟာ မလုပ်ခင်ကကို တစ်ဝက်ပြီး မြောက်နေသလိုဘဲ ကျွန်မခံစားရတယ်။ ဒါဆို ကျွန်မတို့ရဲ့ အိပ်မက်တွေကို ဘာလို့ အကောင်အထည် မဖော်နိုင်ရမှာလဲ။ စိတ်ပျက် အားငယ်စရာမလိုဘဲ ဘ၀ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ရမှာပေါ့။ ကြိုးစားမှု့ အားထုတ်မှုကိုတော့ ဘယ်တော့မှ အရှိန်မရပ်သင့်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ ငွေကြေးတန်ဘိုးနဲ့ ၀ယ်ယူလို့ မရနိုင်တဲ့ ကျန်းမာရေး၊ နုပျိုမှုနဲ့ ဥာဏ်ပညာတွေသာ ဘ၀အတွက် အမှန်တကယ်လိုအပ်တဲ့ တန်ဖိုးအစစ်အမှန်တွေဆိုတာ ကျွန်မတို့ သတိချပ်သင့်တယ်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကြပါစေ။
credit>> Mya Thway Ni

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။