လေဟာ အလကားရတယ်ဆိုတဲ့စကားက အရင်တုန်းကတော့ မှန်ကန်ပေမယ့် ခေတ်စနစ်ကြီးက
ပြောင်းလဲခဲ့ပါပြီ။ လေကောင်လေသန့်ရှားပါးလာတဲ့ခေတ်ကြီးထဲမှာ လေအလကားမရတော့ပါဘူး။
အင်္ဂလန်နိုင်ငံမှ အလွန်သန့်စင်တဲ့ လေကို ချမ်းသာကြွယ်ဝတဲ့ တရုတ်နိုင်ငံဆီသို့ လေအိတ်တစ်ခုလျှင်
စတာလင်ပေါင်(80)ဖြင့် တင်ပို့ရောင်းချတဲ့ သတင်းကို independent.co.uk က ဖော်ပြခဲ့ပါတယ်။
အသက်(27)နှစ်အရွယ်သာ ရှိသေးတဲ့ စီးပွားရေးလုပ်ငန်းရှင် Leo De Watts ဟာ တစ်ပတ်လျှင်
ထောင်ပေါင်းများစွာသော လေအိတ်များ ပြုလုပ်ပြီး တရုတ်နိုင်ငံကို တင်ပို့ရောင်းချတဲ့ စီးပွားရေးကို
လုပ်ကိုင်သူဖြစ်ပါတယ်။
သူဟာ ဗြိတိသျှဆင်ခြေဖုံးဒေသတွေမှာ သန့်စင်တဲ့လေကို ပူပေါင်း(သို့) လေအိတ်ဖြင့် စုဆောင်းမှုတွေ
ပြုလုပ်ပြီး စက်မှုလုပ်ငန်းများကြောင့် လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်နေရတဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့နဲ့
ရှန်ဟိုင်းမြို့တွေကို အဓိက တင်ပို့ရောင်းချတယ်လို့ ဆိုပါတယ်။ လေအိတ်တစ်အိတ်ရဲ့ တန်ဖိုးမှာ
ပေါင်(80)ဖြစ်ပြီး ၎င်းမြို့များမှာရှိတဲ့ ချမ်သာကြွယ်ဝသူများက စက္ကန့်ပိုင်းစာ လေရှုဖို့အတွက် ၀ယ်ယူ
သုံးစွဲကြတယ်လို့ သိရပါတယ်။
၎င်းသန့်စင်တဲ့လေကို အင်္ဂလန် အနောက်တောင်ပိုင်းနဲ့၊ ဝေးလ်၊ ဒေါစက်ပြည်နယ်တို့မှာ ပေါပေါများများ
ရနိုင်တယ်လို့ သိရပါတယ်။ Watts က သူရဲ့ ၀က်ဘ်ဆိုဒ်မှာ “ ဒီလို လေကောင်းလေသန့်ရဖို့ သဘာဝလေ
ကို စစ်ထုတ်မှုတွေ လုပ်ရပါတယ် … အဲဒီ သဘာဝလေကလည်း သစ်တောတွေကနေ ရရှိပါတယ်၊ နောက်
ပြီး ရေထုထဲမှာ စုပ်ယူထားတဲ့ လေဟာ ဒီ သစ်တောတွေနဲ့၊ ရင်းမြစ်ကြွယ်ဝလှတဲ့ ကျောက်ဆောင်တွေကို
ဖြတ်သန်းလိုက်တဲ့အခါ သဘာဝအရ သန့်စင်တဲ့လေကို ရရှိပါတယ် … အဲဒီလေကိုပဲ ပုလင်းတွေနဲ့ ပြန်စုရ
တာပါ ” ဟု ရေးသားထားပါတယ်။
အဆိုပါ သန့်စင်တဲ့လေကို စုဖို့အတွက် ပိုက်သဏ္ဍာန်ပြုလုပ်ထားတဲ့ လေအိတ်တွေ၊ ကျည်တောက်တွေကို
သုံးပြီး စုရကြောင်း၊ တွင်ကျယ်လာတာနဲ့အမျှ လူဦးရေထူထပ်တဲ့ နိုင်ငံတွေဆီကို ဆက်လက် ဖြန့်ဖြူးသွား
မယ်လို့ ဆိုပါတယ်။ ယခုအချိန် ပေါက်ဈေးအရ လေကျည်တောက် (သို့) လေအိတ် (15)ခုအတွက် ပေါင်
(888) ပေါက်ဈေးရှိပြီး လေအိတ်ကြီးတစ်ခုလျှင် ပေါင်(80)အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။