Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 8, 2016

ဒေါက်တာဆလိုင်းထွန်းသန်း

ဒေါက်တာဆလိုင်းထွန်းသန်း

အင်တာဗျူး
မေး။ ။ ဘကြီးလို့ ခေါ်မယ်နော်၊ မိဘ၊ ဇာတိ သိခွင့်ရှိမလား ဘကြီး၊
ဖြေ။ ။ ရပါတယ်၊ ကျတော် ချက်ကြိုးစလွယ်သိုင်းနဲ့ မွေးလာတော့ ချင်းလို ထွန်းယောက်လို့ မှည့်ခဲ့ ကြတယ်၊အဒေါ်က ဗမာလို ထွန်းသန်းလို့ မှည့်ခဲ့တယ်၊ အဖေက ပိုးရှန်၊ အမေက ရီးလောင်၊ ဗမာလို မြရီ၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၃၀၊ မြန်မာ သက္ကရာဇ် ၁၂၉၈ ခုနှစ် တန်ခူးလဆန်း ၁၁ ရက်မှာ မွေးတယ်၊မွေးချင်းထဲက ဒုတိယ မြောက်သားပေါ့၊ သရက်မြို့ ဇာ တိပါ။
မေး။ ။ ပညာရေးနဲ့ အစိုးရ ၀န်ထမ်းဘ၀ပြောပြနိုင်မလား။
ဖြေ။ ။ ၁၉၄၂ ခုနှစ်မှာ ခြောက်တန်းအောင်ပြီး ယာခုတ်၊ တောင်းယက်၊ နှီးဖျာ၊ ထန်းတက် စသဖြင့် လုပ်ခဲ့တယ်၊ ၁၉၄၆ ခုနှစ်မှာ ရှစ်တန်း ပြန်တက်တယ်၊ ရှစ်တန်းကို နှစ်လ တက်ပြီး တန်းကျော် ၉ တန်းတက်တယ်၊ ၉ တန်းကို ၁၉၄၇ ခုမှာ School Living Certificate နဲ့အောင်ခဲ့တယ်၊ ဆယ်တန်းကို သရက်မြို့က ကျတော် တယောက်တည်းအောင်တယ်၊ ငွေကြေးအခက်အခဲကြောင့်  တက္ကသိုလ် ဆက်မတက်နိုင်ဘူး၊ ဗိုလ်ချုပ် အောင်ဆန်းက လွတ်လပ်ရေးမရခင် ခါးတောင်း ကျိုက်မဖြုတ်ကြနဲ့ လို့ပြောခဲ့တဲ့ စကားက ကျတော့် စိတ်ကို ထက်သန်စေခဲ့တယ်၊ အဘက Chin Defense Organization မှာ ကြယ်သုံးပွင့်နဲ့ ခရိုင်စစ်ခေါင်းဆောင်လုပ်ခဲ့တယ်၊ ၁၉၄၈ မှာ တက္ကသိုလ် ဆက် တက်ဖြစ်တယ်၊ Judson Student Aid က တနှစ်အတွက် သုံးရာ အထောက်အပံ့ရတယ်၊ Judson Chapel ဘုရား ကျောင်းမှာ သန့်ရှင်းရေးလုပ် ကျောင်းစရိတ်ရှာတယ်၊ ဒီလိုနဲ့ အဘက Intermediate ကို အောင်တယ်၊ပြီးမှ Inspector General of police ကို အတွင်းဝန်များရုံး ၀န်ကြီးရုံးပေါ့၊
အဲဒီမှာ ခြောက်လ အလုပ်လုပ်ခဲ့တယ်၊ ပြီးမှ မန္တလေး စိုက်ပျိုးရေး မဟာဌာနကနေ stipend နဲ့ နှစ်နှစ်လောက်ဆက်တက်ပြီး Barchelor of Science and Agriculture ကို အောင်ခဲ့တယ်၊ Anti Malaria Campaign ဆိုတဲ့ ငှက်ဖျားနှိမ်နင်းရေးဌာနမှာ အရာရှိ အဆင့်နဲ့ လေးလ လောက်လုပ်ခဲ့ တယ်၊ အဲဒီကနေ ပညာတော်သင်အရွေးခံပြီး အမေရိကားကို သွားတယ်၊ University of Georgia မှာ မဟာဘွဲ့ရတယ်၊ ၁၉၅၅ မှာပေါ့၊ ၁၉၅၈ ခုနှစ်မှာ စိုက်ပျိုးရေးပါရဂူဘွဲ့Ph.D ကို ရခဲ့တယ်၊ ၁၉၅၉ ခုနှစ် April ၁၃ မှာ မြန်မာပြည်ကို ပြန်ရောက်ပြီး မန္တလေး တက္ကသိုလ် လက်အောက် စိုက်ပျိုးရေးမဟာဌာန မှာ Assistant Lecturer အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်၊ ၁၉၆၂ မှာ Lecturer ဖြစ်ခဲ့တယ်၊ ၁၉၆၄ နိုဝင်ဘာလ မှာ ပါမောက္ခခန့်အပ်ကြတယ်၊ အခု ရေဆင်းတက္ကသိုလ် အထိပေါ့၊ ရေးဆင်းမှာ ခေတ်ဦး သမလယ်ယာကို တည်ထောင်တယ်။
အဲဒါက စိုက်ပျိုးရေးဘွဲ့ရကျောင်းသားတွေရဲ့ သမ၀ါယမ လယ်ယာပေါ့၊ တချိန်က ဦးနေ၀င်းကို ထောက်ခံခဲ့တယ်၊ ဦးနုက ဗုဒ္ဒဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းလိုက်တော့ စစ်တပ်က နိုင်ငံတော်အာဏာကို ကိုင်ယင် ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုပြီး ထောက်ခံခဲ့တာပါ၊ နေ၀င်းဆိုရှယ်လစ် အစိုးရမှာ ပါတီစိတ်မှူး၊ ပါတီခေါင်းဆောင်၊ လမ်းစဉ်လူငယ် ဥက္ကဌတွေလုပ်ခဲ့တယ်၊ ၁၉၉၀ ခုနှစ်မှာ အစိုးရ ၀န်ထမ်းဘ၀ ကနေ နားလိုက်တယ်။
မေး။ ။ ၁၉၄၉ ခုနှစ်မှာ တောခိုခဲ့ဘူးတယ်နော်၊
ဖြေ။ ။ ဟုတ်တယ်၊ ၁၉၄၉ ခုနှစ် မတ်လမှာ သရက်မြို့ကို ကျတော်ပြန်သွားတယ်၊ အဲဒီတုန်း က ဗမာပြည် တပြည်လုံး ကွန်မြူနစ်လက်အောက်ရောက်သွားတယ်၊ အောက်ပြည်မှာက ကရင် KNDO လက်ထဲမှာ ရှိနေတယ်၊ အစိုးရ ထိန်းချုပ်နယ်မြေဆိုလို့ သရက်မြို့တမြို့ထဲပါပဲ။ သရက်မြို့မှာ က ချင်းတပ် Union Military Police အင်အား ၃၀၀ လောက်ရှိတယ်၊ သူတို့ကို တောခိုဖို့ စည်းရုံး တယ်၊ အားလုံးသဘောတူကြပေမဲ့ တပ်မှူး ဗိုလ်ဆယ်ကြီးက သဘောမ တူခဲ့ဘူး၊ သူ့ကို သတ်ပြီး တောခိုဖို့ တိုင်ပင်ကြသေးတယ်၊ ဗိုလ်ဆယ်ကြီးကို သတ်ဖို့ သွားအခေါ်မှာ ကွန်မြုနစ် ဗိုလ်မှူး သက်ထွန်းတို့ စက်လှေ ၆ စီးနဲ့ သရက်မြို့ကို ၀င်လာတော့ ကျတော်တို့ အဖွဲ့တွေ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်ကြ တယ်၊ ဒါနဲ့ ကိုယ်ရောင်ဖျောက်ပြီး ရန်ကုန်ကို တိုက်ကြီးကနေ ဂျိုးဖြူ ရေပိုက်အတိုင်း ဆင်းသွားကြတယ်၊ဒါနဲ့ ဗိုလ်မှူး ကျင် (ဒေါက်တာဆလိုင်းပါကျင်ရဲ့ အဖေ) တို့ရဲ့ First Burma Regiment တပ်ကို ရောက်သွားကြတယ်၊ ဗိုလ်မှူးကျင် က မှော်ဘီ စိုက်ပျိုးရေးခြံမှာ ကျတော် တို့ကို နေရာချပေးတယ်။
မေး။ ။ အဲဒီတုန်းက ချင်းတပ်တွေက ပြည်ထောင်စုကို ကယ်တင်ခဲ့ကြတယ်ဆိုတာကော ဟုတ်သလား၊
ဖြေ။ ။ အဲဒီတုန်းက ချင်း သေနတ်ကိုင် တပ်ရင်း ၁၊ ၂၊ ၃၊ ၄ ဆိုပြီးရှိတယ်၊ တကယ့် Active အဖြစ်ဆုံးပေါ့၊ အင်းစိန်တို့ စော်ဘွားကြီးကုန်းတို့ အဲဒီမှာ ကရင်တွေနဲ့ ချကြတာ၊ ဗိုလ်တိုက်ချွန်း တို့က ရွံ့ရွံ့ချွံချွံတိုက်ခဲ့ကြတယ်၊ ဗိုလ်မှူးကြီး ဟရန် ထီယိုလည်း ကျသွားတယ်၊ ကရင်တွေ က ရန်ကုန်ကို မသိမ်းနိုင်တော့တာပေါ့။ အဲဒါကို ဗမာသေနတ်ကိုင်တပ်ရင်းက အသေအချာ တိုက်ယူပြီး အုပ်ချုပ်ရေးကို ချင်းလက်ထက် အပ်ခဲ့တယ်လို့ ရုပ်ရှင်ရိုက်ကြတာ၊ ရုပ်ရှင်ပြ နေစဉ်မှာပဲ ချင်း ဗိုလ်မှူးတဦးက မဟုတ်တာတွေပြတယ် ဆိုပြီး မိုးပေါ်ထောင်သေနတ်ဖောက်တယ်၊ ဗိုလ်နေ၀င်း တောင်မှ အဖြစ်မှန်ကို မပြောရဲတော့ပဲ ရုပ်ရှင်ကို ပြန်ဖျက်သိမ်းခိုင်းတယ်၊ သမိုင်းကို ဗြောင်ညာကြ တယ်၊ လက်ငင်း အဖြစ်အပျက် တောင် ပြောင်းပြန် လှန်ပြောကြတယ်၊ လှိုင်မြစ်ကနေ အင်းစိန်ကို တက်လာတဲ့ ရဲဘော်ဖြူတွေကို ချင်းတပ်တွေက နှိမ်နင်းခဲ့ တယ်၊ ရန်ကုန်မြို့ကိုချင်းတပ်ကပဲ ကယ်ခဲ့တာပဲ၊ ကျတော် စဉ်းစားမရတာက ဘာဖြစ်လို့ ချင်းကိုသမိုင်းကနေဖျောက်ဖျက်ချင်ကြ တာလဲ၊
မေး။ ။ ရန်ကုန်မှာ တကိုယ်တော်ဆန္ဒပြခဲ့လို့ ထောင်ကျခဲ့တယ်နော်၊
ဖြေ။ ။ အဘက နိုင်ငံရေးလည်း မသိဘူး၊ ရှင်းရှင်း ပဲ ၀န်ခံတယ်၊ ငဖဲမြို့နယ်၊ ပေလေးထောင် အမြင့်ရှိတဲ့ ခွန်ဇူး စခန်းမှာ ဖက်စုံ ဖွံ့ဖြိုးရေးကို လုပ်တယ်၊ အဲဒါကို အစိုးရဖက်တော်သားတချို့က မကြိုက်ဘူး အမျိုးမျိုးနှောင့်ယှက်ကြတယ်၊ မခံ ချင်ဆုံးနဲ့ ခလုတ်နှိပ်လိုက်တဲ့ ဖြစ်ရပ်ကတော့ ချင်းလူမျိုးတွေရဲ့ အရိုးဒိုင်ကို ဖျက်ဆီးပစ်လိုက်ကြတဲ့ဟာပဲ၊ အရိုးဒိုင်ဆို တာက ချင်းတွေ သေယင် အမျိုးလိုက် မြှုပ်လိုက်ရတဲ့ အရိုးတွင်းပေါ့၊ အဲဒါကို ညတွင်းချင်း ထုတ်ယူသွားကြ တယ်၊ မတရားတာ တော့ ကမ်းကုန်ပဲ၊ အဲဒါကြောင့် ၂၀၀၁ နိုဝင်ဘာ ၂၇ မှာ တကိုယ်တော် ဆန္ဒပြခဲ့တယ်၊ တောင်းဆို ချက် များ များ မလုပ်ဘူး၊ မတရား ရယူထားတဲ့ နိုင်ငံတော်အာဏာကို မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူ ထုကို ပြန်ပေးပါ အဲဒါပဲ တောင်း ဆိုတယ်၊ ဒါနဲ့ ထောင်ဒါဏ် ၇ နှစ် ဆုချခံရတယ်။
အဘ အမျိုးသမီးက ၂၀၀၁ ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှာထောင်ဝင်စာလာတွေ့တယ်၊ ၂၀၀၂ ဇန္န၀ါရီမှာ သမ္မာကျမ်း စာအုပ်လာပေးတယ် ၂၀၀၃ ဧပြီ ၁၆ မှာ လာတယ်၊ ဒါပေမဲ့ တခါမှ မရဘူး၊ စီစစ်တုန်းပဲလို့ပဲတုံ့ပြန်ကြတယ်၊ ဘယ်မှာလဲ လွတ်လပ်စွာကိုးကွယ်ခွင့်လို့ ကျတော်သူတို့ကို မေးလိုက်တယ်၊ ကျတော် အသက် (၇၅) နှစ်ပြည့်တဲ့အထိမ်းအမှတ်နဲ့ ဆေးရုံမှာ အတူနေရတဲ့ ဒေါက်တာ သန်းငြိမ်း၊ ဦးသုဝေ နဲ့ နိုင်ငံရေးသမား (၈) ဦးကို ဒံပေါက်ကျွေးဖို့ (၈) ထုတ်မှာတယ်၊ ဆလိုင်းထွန်းသန်းဆိုကတည်းက မရဘူးတဲ့၊ သူများမွေးနေ့တွေဆိုယင် အထုပ်ပေါင်း တစ်သောင်းတောင် ဘုန်းတော် ကြီးတပါးက ကွေးဖူးတယ်၊ ပီဟဲရိုးက နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဆုံစဉ် ထောင်အာဏာပိုင်တွေက အသံဖမ်း ကရိယာကို စားပွဲခုံအောက်မှာထားတယ်၊ ပီဟဲရိုးက ငါ့ကိုယ့်၌က လူ့အခွင့်အရေးချိုးဖောက်ခံရပြီ ဆိုပြီး ထွက်သွားတယ်၊
ခင်ညွန့်ကတောင်းပန်ပေမဲ့မရဘူး၊ ထောင်ထဲမှာ အချက်နှစ်ချက်အတွက် အစာငတ်ခံဆန္ဒပြခဲ့တယ်၊ ကျတော့်ခန္ဒာ ကိုယ်ထဲဘာဆေးမှ မသွင်းဖို့၊ ကျတော်သေယင် အလောင်းကို ငါ့မိန်းမထံ ပို့ပေးဖို့။ တချိန်တည်းမှာပဲ အမေရိက၊ ဥရောပ၊ ဖိလစ်ပိုင်၊ ကနေဒါ၊ အိႏၵိယ၊ၾသစေတ်းလ် နိုင်ငံတွေမှာ ကျတော့်လွတ်ဖို့ ဖယောင်းတိုင်မီးထွန်း ဆုတောင်း ပေးကြတယ်၊ ဒါနဲ့ပဲ အာဏာပိုင်တွေကလာပြီး အဘ ရော့ ဒီမှာကျမ်းစာအုပ်၊ငါတို့က မေ့တတ်လို့ပါတဲ့ကွာ၊ ဒံပေါက် ကျွေးခွင့်မပြုတဲ့ထောင်မှူးတွေ ကို အပြစ်ပေးမယ်၊ ဘာလုပ်မယ်တဲ့၊ ကျတော်က ကျတော့်ကြောင့် ဘယ်သူမှ အန္တရာယ် မဖြစ်စေချင် ဘူး လို့ ပြောလိုက်တယ်၊ ၂၀၀၃ ခုနှစ် မေလ (၃)ရက်နေ့မှာထောင် ကနေ ပြန်လွတ်လာခဲ့တယ်။
မေး။ ။ ပြည်ပကို ထွက်သွားတာက၊
ဖြေ။ ။ ထောင်ကနေ ထွက်ထွက်ချင်း၊ passport လျှောက်တယ်၊ အဲဒီတုန်းက ပါးစ်ပို့လျှောက်တာ ခုနစ်ရက် တပတ်ပဲကြာတယ်၊ ဒါပေမဲ့ အဘာက နှစ်နှစ်လောက်ကြာတယ်၊ အမေရိကန်သံရုံးက ဗီဇာ သုံးကြိမ် ငြင်းသေးတယ်၊ ပြည်တွင်းမှာ နေယင် ဒီလိုပဲ အမြဲဖြစ်မှာစိုးလို့ ခွင့်ပြုတာဖြစ်နိုင်တယ်။
မေး။ ။ ချင်းလူမျိုးတွေ နိုင်ငံရေးအရ ပိုမိုစုစည်းလာအောင် ဘယ်လို လုပ်သင့်သလဲ။
ဖြေ။ ။ ဟိုတုန်းက ချင်းတွေဟာ တကွဲတပြားစီ ရှိကြတယ်ဆိုတာ အမှန်ပါပဲ၊ အခု ဗိုလ်သန်းရွှေ ကိုတောင် ကျေးဇူး တင်ရ မလိုဖြစ်နေတယ်၊နိုင်ငံရေးမကောင်းတော့ ဆင်းရဲတဲ့ ချင်းလူမျိုးတွေဟာ သူများတွေထက် တိုင်းတပါးကို ထွက်လာ ကြတယ်၊ အဲဒါအခွင့်ကောင်းတခုပဲ၊ နိုင်ငံရပ်ခြားတွေမှာ ကိုယ့် အခက်အခဲ၊ အနှိပ်စက်ခံ တာတွေသိလာကြတော့ သွေးက စကားပြောပြီး စုစည်းမှုလေးတွေ ရှိလာတယ်လို့ မြင်တယ်၊ တခုက ချင်းတွေဟာ အင်္သရေလ လူမျိုးတွေနဲ့ တူတယ်၊ အင်္သရေလ လူမျိုးတွေဟာ ဒုက္ခရောက်တဲ့ အချိန်မှာ ဘုရားကို တမ်းတပြီး တအားအော် ဟစ်ကြ တယ်၊ ကောင်းစား ပြီဆိုယင် ဘုရားကို တန်းမေ့တော့တာပဲ၊ အဲဒါကို ဘုရားက တန်းပြီးဒါဏ်ပေးတယ်၊ စုစည်းမှု တွေရှိဖို့ မီဒီယာ ခေတ်မှာ အပြန်အလှန် ဆက်သွယ်ကြရပါမယ်၊ တိုင်းနိုင်ငံအလိုက် ဆီမီနာတွေလုပ်ကြပါ၊ ချင်းစုစည်း မှုအတွက် မိမိကိုယ် တိုင်က အရေးကြီး၊ တာဝန်အရှိဆုံးပါ၊ ဘာပဲဖြစ်ဖြစ် ဘုရားမှာ အမြဲမပြတ်ဆုတောင်းပါ။
မေး။ ။ အခု ချင်းလက်နက်ကိုင် ချင်းအမျိုးသားတပ်ဦးကို ဘယ်လိုမြင်သလဲ။
ဖြေ။ ။ လက်ရှိ အာဏာရှိတွေအတွက်တော့ သူပုန်ပေါ့၊ သူပုန်ထရခြင်းဟာ မတရားမှုကြောင့် ပေါ်လာတာပဲ၊ ကျတော်တို့ လက်နက်မရှိတဲ့အချိန်မှာ မတရားလာစော်ကားကြတယ်၊ ဒူးနဲ့ မျက်ရည်သုတ်တဲ့ အချိန်လည်း ဖြစ်လာ တယ်၊ ကိုယ်က လက်နက်ရှိလာတဲ့ အချိန်ကျယင် ကိုယ့်လူမျိုးကိုကာကွယ်တော့တာပဲ၊ ကိုယ်က အမှန်တရား ဘက်လိုက် တဲ့ မျိုးချစ်တပ်တွေဖြစ်တယ်၊ တကယ့် သူပုန်က စစ်အစိုးရ၊ ချင်းအမျိုးသားတပ်ဦးကို ချင်းလူမျိုးတွေက မျှော်လင့်တယ်၊ အားကိုး တယ်၊ ဗြောင်အားမပေးရဲတာဖြစ်မယ်၊ အတွင်းစိတ်က ရာနှုန်းပြည့်အားပေးတယ်၊ ရန်သူကို တိုက် တာ သက်သက် မဟုတ်ပဲ ချင်းအမျိုးသားစည်းလုံးညီညွတ်မှုကို ပိုမိုအားထုတ်စေချင်တယ်၊ အမှန်တရား ဖက်က လုပ်နေတဲ့ အတွက်ကြောင့် ဘုရားသခင်လည်းကြိုက်တယ်၊ ကိုယ့် ချင်းလူမျိုးတွေလည်း ကြိုက်တယ်၊
မေး။ ။ လက်ရှိ စစ်အစိုးရကိုဘယ်လိုမြင်သလဲ။
ဖြေ။ ။ ဒီမိုကရေစီလိုချင်ယင် ဆေးရှိတယ်၊ တိုင်းရင်းသားတွေ စုစည်းပြီး တိုက်ပွဲဝင်ရမယ်၊ နအဖက ကမ္ဘာကို လိမ်ပြီး ရွေးကောက်ပွဲလုပ်တယ်၊ ကြာအေး အမေက ရိုက်ဆိုသလို သူတို့ အာဏာတည်မြဲဖို့ သံသရာလည်နေအုံးမှာပဲ၊ ဒါပေမဲ့ တနေ့ ဗမာ တိုင်းရင်းသားအပါအ၀င် တိုင်းရင်းသားအားလုံး စည်းလုံးမှုရှိလာတဲ့ နေ့ ဒီမိုကရေစီရမှာ သေချာတယ်၊ ဘုရားသခင်က ကမ္ဘာ အရပ်အရပ်ကို တွန်းပို့ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေ စသဖြင့် သင်ခွင့်ရတယ်၊ ဒီဟာတွေ တို့တတွေ ပြည့်စုံလာတဲ့တနေ့ စစ်အာဏာရှင်ဟာလည်း ဒူးညောင်း ပြုတ်ထွက်တဲ့ နေ့ပဲ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။