Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 8, 2016

နို င် ငံ့ေ ခါ င်းေ ဆာ င် များ အ သုံး ပြု သ ည့် ဖု န်း များ

နို င် ငံ့ေ ခါ င်းေ ဆာ င် များ အ သုံး ပြု သ ည့် ဖု န်း များ

==================================

နိုင်ငံတော်၏ အရေးကြီး တာဝန် ထမ်းဆောင်သူ များသည် အသုံးအဆောင် ပစ္စည်းများကို စနစ်တကျ အသုံးပြုရန် လိုသည်။ အထူးသဖြင့် မိုဘိုင်းဖုန်းများ အသုံးပြုရာတွင် ကြားဖြတ် နားမထောင်နိုင်ရေး အတွက် လုံခြုံရေး အဆင့်အတန်း မြင့်မားစွာ ဆောင်ရွက်ထားဖို့ လိုအပ်သည်။

နိုင်ငံတိုင်းရှိ သမ္မတများ၊ ၀န်ကြီးချုပ်များသည် ကြားဖြတ်ဖုန်း နားထောင်မှုများ မရှိရန် လုံခြုံရေး တင်းကြပ်ထားသည့် ဖုန်းများကိုသာ သုံးစွဲကြသည်။ ထို့ကြောင့် ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်များ အသုံးပြုသည့် ဖုန်းများအကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

ဂျာမနီ

ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျယ်မာကယ် အသုံးပြုသော ဖုန်းကို မြင်တွေ့ပါက အံ့အားသင့်စရာ ဖြစ်နေပါလိမ့်မည်။ ချမ်းသာကြွယ်ဝသည့် နိုင်ငံ့ခေါင်းဆောင် ဖြစ်သော်လည်း ရိုးစင်းသည့် တယ်လီဖုန်းကိုသာ သုံးစွဲလေ့ရှိသည်။ ထိပ်သီး အစည်းအဝေးပွဲများတွင် အိန်ဂျယ်မာကယ်သည် Nokia အမျိုးအစား စလိုက်ဖုန်း ဖြစ်သည့် မော်ဒယ် ၆၂၆၀ ကိုသာ အသုံးပြုခဲ့သည်။

သို့သော် အမေရိကန် အစိုးရသည် အိန်ဂျယ်မာကယ်၏ ဖုန်းများကို ကြားဖြတ် ခိုးနားထောင်ခဲ့သောကြောင့် လုံခြုံရေး အဆင့်အတန်း မြင့်မားသည့် ဘလက်ဘယ်ရီ Z10 ကို ပြောင်းလဲ အသုံးပြုခဲ့သည်။ ဂျာမနီ အခြေစိုက် ကုမ္ပဏီတစ်ခုက အိန်ဂျယ်မာကယ်၏ ဖုန်းကို ဟက်ကာများ တိုက်ခိုက်မှု မရှိရန် လုံခြုံရေး အတွက် အထူးဆောင်ရွက်ပေးခဲ့သည်။

ရုရှား

ရုရှားသမ္မတ ပူတင်သည် စမတ်ဖုန်းကို ကိုင်တွယ်ခြင်း မရှိဟုပြောပါက အံ့အားသင့်စရာ ဖြစ်နေပါလိမ့်မည်။

ပူတင်တွင် စမတ်ဖုန်းများစွာ ရှိသော်လည်း ကိုင်တွယ်ခြင်း မရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။ ယင်းကို ပူတင် ကိုယ်တိုင်ကလည်း ၀န်ခံထားသည်။ ပူတင်သည် ဆက်သွယ်ရေး ပြုလုပ်ရာတွင် စမတ်ဖုန်းထက် အခြားအရာများကို အသုံးပြုခြင်း၊ စမတ်ဖုန်းများ အသုံးပြုရန် အချိန်မရှိခြင်း စသည့် အချက်များကြောင့် စမတ်ဖုန်းများနှင့် အလှမ်းဝေးနေခြင်း ဖြစ်သည်။

အင်အားအကြီးဆုံး စစ်အင်အားကို ပိုင်ဆိုင်ထားသည့် ရုရှားသမ္မတ တစ်ဦးအနေဖြင့် စမတ်ဖုန်းကို အသုံးမပြုခြင်းကြောင့် မေးခွန်းထုတ်ခဲ့သူ အများအပြားရှိသည်။ ပူတင်က မိမိအနေဖြင့် စမတ်ဖုန်း ကိုင်ဆောင်ထားပါက အချိန်တိုင်း ဖုန်းဖြေဆိုနေရမည် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ ပူတင်သည် ကေဂျီဘီ ထောက်လှမ်းရေးဟောင်း တစ်ဦး ဖြစ်သောကြောင့် လုံခြုံရေးအရ စမတ်ဖုန်းများ အသုံးမပြုခြင်းလည်း ဖြစ်နိုင်သည်။

စုံစမ်းစစ်ဆေးရေး အစီရင်ခံစာများကိုလည်း အင်တာနက်မှ တစ်ဆင့် ပေးပို့ခြင်းထက် စာရွက် စာတမ်းများဖြင့် တင်ရှိခြင်းကိုသာ နှစ်သက်သူ ဖြစ်သည်။ ပူတင်အကြောင်း မှတ်တမ်း ရုပ်ရှင်ရိုက်ကူးရာတွင် ရိုးစင်းသည် ရုံးသုံးပစ္စည်းများသာ အသုံးပြုခဲ့ခြင်းကို မြင်တွေ့ခဲ့ရသည်။ ပူတင်သည် မည်သူကိုမှ အယုံအကြည် မရှိသောကြောင့် နည်းပညာများကို တတ်နိုင်သမျှ ရှောင်ရှားလေ့ ရှိသည်။

ရုရှားဝန်ကြီးချုပ် ဒီမစ်ထရီ မက်ဗီဒက်ဗ်မှာမူ အိုင်ဖုန်း 4 ကို ပထမဆုံး ကိုင်တွယ်ဖူးသူများတွင် ပါဝင်ခဲ့သည်။ မက်ဗီဒက်ဗ်ကို စတိဗ်ဂျော့ ကိုယ်တိုင် အိုင်ဖုန်း 4 ကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အိုင်ဖုန်း 4 ကို မိတ်ဆက်ခဲ့ရခြင်း မရှိဘဲ ဆီလီကွန် တောင်ကြားသို့ ရောက်ရှိလာသော အထူးဧည့်သည် အဖြစ် လက်ဆောင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်

အမေရိကန် သမ္မတ အိုဘားမားသည် အိမ်ဖြူတော်သို့ စတင်ရောက်ရှိခဲ့သည့် ၂၀၀၉ တွင် အမြတ်တနိုး ကိုင်ဆောင်သည့် ဘလက်ဘယ်ရီဖုန်းကို ယူဆောင်လာခဲ့သည်။ အိုဘားမား၏ ရှေ့နေများနှင့် လုံခြုံရေး တာဝန်ရှိသူများက အထူးပြုလုပ်ထားသည့် ဖုန်းကိုသာ ကိုင်ဆောင်ရန် တိုက်တွန်းခဲ့သော်လည်း ဘလက်ဘယ်ရီဖုန်းကို သံယောဇဉ် ရှိခဲ့သည်။

ထိုအချိန်က အိုဘားမားသည် မိမိ၏ ဘလက်ဘယ်ရီဖုန်းကိုသာ နှစ်သက်ကြောင်း၊ ဘလက်ဘယ်ရီဖုန်း လက်ထဲ မရှိတော့သည့်တွင် စမ်းသပ်မှုများ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ ယင်းနောက် တာဝန်ရှိသူများသည် အိုဘားမား အတွက် အထူးပြုလုပ်ပေးထားသည့် ဘလက်ဘယ်ရီဖုန်းကို ပေးအပ်ခဲ့သည်။ ထို့ပြင် အိမ်ဖြူတော်ရှိ ၀န်ထမ်းများကိုလည်း လုံခြုံရေး အဆင့်မြင့် အီမေးလ်များကို သုံးစွဲရန် မှာကြားခဲ့သည်။

အိုဘားမားက လုံခြုံရေး အတွက် အကြောင်းပြပြီး အိုင်ဖုန်းကို ပေးကိုင်ခဲ့ပါက လက်ခံမည် မဟုတ်ကြောင်း လူငယ်များနှင့် တွေ့ဆုံမေးမြန်းရာတွင် ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။ အိုဘားမားသည် ရှုပ်ထွေးသည့် စမတ်ဖုန်းများထက် ရိုးစင်းသည့် ဘလက်ဘယ်ရီဖုန်းကိုသာ နှစ်သက်သူ ဖြစ်သည်။

ပါကစ္စတန်

ပါကစ္စတန် ၀န်ကြီးချုပ် အဖြစ် (၃) ကြိမ် တာဝန် ထမ်းဆောင်ခဲ့ဖူးသော နာဝါရှာရစ်သည် မတူညီသည့် ဖုန်းများကို ကိုင်တွယ်လေ့ ရှိသည်။ ပါကစ္စတန်တွင် လူကြိုက်အများဆုံး နိုင်ငံရေးသမား တစ်ဦးဖြစ်သည့် နာဝါရှာရစ်သည် ဖုန်းနံပါတ်များကိုလည်း အမျိုးမျိုးပြောင်းလဲလေ့ ရှိသည်ဟု ဆိုထားသည်။ နာဝါရှာရစ်သည် ဆမ်ဆောင်းနှင့် အိုင်ဖုန်းစသည့် လူကြိုက်အများဆုံး စမတ်ဖုန်းများကို နှစ်သက်စွာ ကိုင်တွယ်လေ့ ရှိသည်။

လုံခြုံရေး အဆင့်အတန်း မြင့်မားသည့် ဘလက်ဘယ်ရီဖုန်းနှင့်မူ အလှမ်းဝေးနေဆဲ ဖြစ်သည်။ သို့သော် နာဝါရှာရစ်သည် အမြဲတမ်း အသုံးပြုနေကျ ဖုန်းကို မိသားစုများနှင့် အလွန်ရင်းနှီးသည့် နိုင်ငံရေး မိတ်ဆွေများကိုသာ ပေးလေ့ရှိသည်။

ပြင်သစ်

ပြင်သစ် သမ္မတ ဟော်လန်ဒီသည် အိုင်ဖုန်း 5 ကို ကိုင်ဆောင်သူ ဖြစ်သည်။ ချစ်သူဖြစ်သူ ဂျူလီ ဂေးယက်ကို အဆက်အသွယ် ပြုလုပ်ရာတွင် အိုင်ဖုန်း 5 ကို အသုံးပြုခြင်း ဖြစ်သည်။ သို့သော် ဟော်လန်ဒီသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွက်သာ အိုင်ဖုန်း 5 ကို သုံးစွဲခြင်း ဖြစ်သည်။ စနိုဒန်၏ ဖွင့်ဟမှုများကြောင့် ပြင်သစ် အစိုးရ တာဝန်ရှိသူများ၏ ဖုန်းလိုင်းများကို အမေရိကန်က ခိုးနားထောင်သည့် ဖြစ်ရပ် သိရှိသွားခဲ့သည်။

ယင်းနောက် ပြင်သစ်အစိုးရ တာဝန်ရှိသူများသည် နိုင်ငံ့အကြီးအကဲများအား စမတ်ဖုန်းနှင့် တက်ဘလက် သုံးစွဲခြင်း မပြုလုပ်ရန် တားမြစ်ခဲ့သည်။ သမ္မတဟောင်း ဆာကိုဇီ လက်ထက်တွင်လည်း ဖုန်းကြားဖြတ် နားထောင်သည့် ပြဿနာများ ရှိခဲ့သည်။ ဆာကိုဇီသည် ဘလက်ဘယ်ရီဖုန်းကို သုံးစွဲသော်လည်း ပြဿနာများ ရှိခဲ့သောကြောင့် ဖုန်းလုံခြုံရေး စနစ်ကို မကြာခဏ ပြောင်းလဲခဲ့သည်။

ခရီးသွားလာသည့် အခါများတွင်လည်း စမတ်ဖုန်းများ အသုံးပြုခြင်း၊ ဖုန်းလုံခြုံရေး နံပါတ်ကို (၆) လတစ်ကြိမ် ပြောင်းလဲခြင်းများ ပြုလုပ်ရန် ပြင်သစ်ဝန်ကြီးများကို တိုက်တွန်းမှုများ ပြုလုပ်ထားကြောင်း သိရသည်။

မြောက်ကိုရီးယား

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအင်သည် HTC မှ ထုတ်လုပ်သည့် စမတ်ဖုန်းကို ကိုင်ဆောင်ခဲ့ကြောင်း ၂၀၁၃ က ပြုလုပ်ခဲ့သည့် ထိပ်တန်း အစည်းအဝေး၏ မှတ်တမ်းဓာတ်ပုံအရ တွေ့ရှိခဲ့ရသည်။ တောင်ကိုရီးယား မီဒီယာများက ကင်ဂျုံအင်သည် ပါတီရှိ ထိပ်တန်း ခေါင်းဆောင်များနှင့် မိသားစုဝင်များကို ဆက်သွယ်ရန် မိုဘိုင်းဖုန်းကို အသုံးပြုခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

မြောက်ကိုရီးယားတွင် လူဦးရေ (၂၅) သန်းကျော် ရှိသော်လည်း မိုဘိုင်းဖုန်း အသုံးပြုသူ (၂) သန်းကျော်သာ ရှိသည်။ အများစုသည် တရုတ်နိုင်ငံထုတ် ဖုန်းများကိုသာ အသုံးပြုလေ့ရှိသည်။ အခြားနိုင်ငံများမှ ထုတ်လုပ်သည့် မိုဘိုင်းဖုန်းများသည် အလွန်ဈေးကြီးသည်ဟု ဆိုသည်။

ပြုံးယမ်းတွင် နေထိုင်သည့် ချမ်းသာသူများသာ မိုဘိုင်းဖုန်းကို အသုံးများသည်။ အီဂျစ် ဆက်သွယ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းပြီး 3G ကွန်ယက်ဖြင့် အသုံးပြုနေခြင်း ဖြစ်သည်။ မိုဘိုင်းဖုန်းကို အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်ပြီး အင်တာနက် သုံးစွဲနိုင်ခြင်း မရှိသလို ပြည်ပနိုင်ငံများသို့လည်း ခေါ်ဆိုလို့ မရကြောင်း သိရသည်။

Messenger News Journal

#သုတဇုန်
www.thutazone.com

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။