တစ်စုံတစ်ခုအတွက် ၀မ်းနည်းတဲ့အခါ စိတ်ညစ်နေတဲ့ခံစားချက်ကို မိနစ်ပိုင်းခဏတာလေးအတွင်းမှာ ဖြေဖျောက်နိုင်ပြီး စိတ်သက်သာရာရသွားစေမယ့် နည်းလမ်းလေး အချို့ကိုဖော်ပြ
ပေးလိုက်ပါတယ်။
-------------------
စိတ်ညစ်နေတဲ့အခါ ခဏတာအတွင်း ပျော်ရွှင်လာစေဖို့
လူတိုင်းမှာ ၀မ်းနည်းနေတဲ့အချိန်မျိုး၊ စိတ်ညစ်နေတဲ့အချိန်မျိုးဆို တာ
ရှိကြဖူးမှာပါ။ အဲလိုအချိန်မျိုးမှာ သင့်အနေနဲ့ ဘယ်အရာကိုမှ
စိတ်ကြည်လင်မှာမဟုတ်ပါဘူး။ ဒီလိုအချိန်မျိုးမှာ သင့်ပတ်ဝန်းကျင်မှာရှိနေတဲ့ လူတစ်ဦး (သို့) လူအများနဲ့ ဆက်ဆံရေးဟာ သင့်ရဲ့စိတ်မကြည်လင်မှုကြောင့် ပျက်ပြားသွားတတ်ပါတယ်။
အနှစ်သက်ဆုံးတေးဂီတကို နားဆင်ပါ။
ဝမ်းနည်းနေတဲ့ စိတ်ကို ဖြေပျောက်စေဖို့ အလွမ်းအဆွေး သီချင်းတွေထက်စာရင် မြူးကြွတဲ့ တေးဂီတ သီချင်းမျိုးကို နားထောင်သင့်ပါတယ်။ သင်အနှစ်သက်ဆုံး သီချင်းကို နားထောင်လိုက်တာဟာ သင်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ရင်တောင် သင့်ရဲ့စိတ်နေစိတ်ထားကို ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။
လေကောင်းလေသန့်ရှုပါ။
တစ်ခါတရံစိတ်ညစ်နေတဲ့အချိန် မှာလေကောင်းလေသန့်အနည်းငယ်ရှုဖို့ လိုအပ်ပါတယ်။ လေရှုသံကို ခံစားရင်း တေးငှက်သံများကို နားထောင်လိုက်ပါ။ ကမ္ဘာကြီးက သင့်ပြဿနာတွေထက်ပိုကြီးတယ်ဆိုတာ မြင်တွေ့လာပါလိမ့်မယ်။ သင့်ရဲ့စိုးရိမ်ပူပန်မှုတွေကို ကမ္ဘာပေါ်မှလှပတဲ့နေရာတစ်ခုနဲ့  အစားထိုးကြည့်လိုက်ခြင်းဖြင့် ပျော်ရွှင်မှုကိုတွေ့ရှိလာမှာ ဖြစ်ပါတယ်။
အနှစ်သက်ဆုံးအစားအစာကိုဝယ်စားပါ။
သင့်ရဲ့ စိတ်ညစ်ညူးနေတဲ့ ခံစားချက်တွေ လျော့ပါးသွားစေဖို့ အနှစ်သက်ဆုံးအစားအစာတစ်ခုခု ကို ၀ယ်စားလိုက်ပါ။ အာဟာရရှိတဲ့ အစားအစာမျိုးဖြစ်ပါစေ။ သင်အကြိုက်ဆုံး အစားအစာ၊ အသီးအနှံများကို စားရင်း စိတ်ဖိစီးမှုများအနည်းငယ်လျော့ကျသွားမယ်ဆိုတာ လက်တွေ့သိရှိပါလိမ့်မယ်။
တစ်စုံတစ်ယောက်ကို ရင်ဖွင့်ပါ။
သင်ဝမ်းနည်းနေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်ကို သင့်ခံစားချက်၊ ၀မ်းနည်းစရာများကို ရင်ဖွင့်လိုက်ပါ။ ထိုသူဟာ သင့်ရဲ့ဝမ်းနည်းမှုခံစားချက် များကို ပြေပျောက်အောင်နှစ်သိမ့်နို င်စွမ်းရှိသူဖြစ်ပါစေ။ သင့်ရဲ့ လေးလံနေတဲ့ စိတ်ခံစားချက်တွေ အနည်းနဲ့အများလျော့ပါးသွားေ စပါလိမ့်မယ်။
တစ်ခုခုကိုကွဲပြားခြားနားအောင် ပြုလုပ်ပါ။
မပျော်ရွှင်ဘဲ ၀မ်းနည်းစိတ်ညစ်နေတဲ့အချိန် မှာ
ပုံမှန်လုပ်ဆောင်နေကျထက် မတူကွဲပြားအောင် ဆောင်ရွက်ကြည့်လိုက်ပါ။ ဥပမာ-
လျှောက်နေကျလမ်းမဟုတ်တဲ့ လမ်းကလျှောက်တာ မျိုး၊ ထိုင်နေကျထိုင်ခုံ
မဟုတ်တဲ့နေရာမှာ ထိုင်တာမျိုး စတဲ့ ယခင်နဲ့မတူတဲ့အရာတစ်ခုခုကို ပြောင်းလဲပြုလုပ်လိုက်ခြင်း ဟာ သင့်ခံစားချက်တွေလည်း အနည်းငယ်ပြောင်းလဲစေမှာ ဖြစ်ပါတယ်။
အစီအစဉ်တစ်ခုကိုချရေးကြည့်ပါ။
အနာဂတ်အတွက် အစီအစဉ်ကြီးကြီးမားမာချမှတ် ဖို့ ဆိုလိုတာမဟုတ်ပါဘူး။ သင့်ရဲ့ မနက်ဖြန်အတွက် အစီအစဉ်သေးစားဖြစ်တဲ့ မနက်အိပ်ရာထချိန်ကနေ ညအိပ်ရာဝင်ချိန်အထိတစ်နေ့တာ အတွင်း
ပြုလုပ်မယ့် အစီအစဉ်လေးများကို ချရေးကြည့် ပါ။ သင့်ရဲ့
မနက်ဖြန်အစီအစဉ်လေးများဟာ ၀မ်းနည်းနေတဲ့ စိတ်ခံစားချက်များကို
ခဏတာပြေပျောက်သွား စေမယ့် နည်းလမ်းလေးတစ်ခုပဲဖြစ်ပါတယ်။
အနီးအနားရှိသူကို အကူအညီပေးလိုက်ပါ။
စိတ်ညစ်နေတယ်ဆိုပေမယ့်လည်း သင့်အနီးအနားရှိ အမှန်တကယ် အကူအညီလိုအပ်နေသူတစ်ဦး တစ်ယောက်နဲ့ ကြုံမိလျှင် ကူညီကြည့်လိုက်ပါ။ ဥပမာ- အထုတ်အပိုးများနှင့်မနိုင် မနင်းဖြစ်နေသူကို
ကူညီသယ်ပိုးပေးတာမျိုး၊ အမြင်မတော်လို့ ကူညီပေးတာမျိုးကို ဆိုလိုပါတယ်။
အကူအညီလိုနေသူကို ကူညီပေးလိုက်တာဟာ သင့်စိတ်ခံစားချက်အတွင်း
ဝမ်းသာပိတိဖြစ်စေပြီး စိတ်ညစ်နေတဲ့ခံစားချက်များ ခဏတာအတွင်း
မေ့ပျောက်သွားစေမှာပါ။
JOB seekers Journal
ပေးလိုက်ပါတယ်။
-------------------
စိတ်ညစ်နေတဲ့အခါ ခဏတာအတွင်း ပျော်ရွှင်လာစေဖို့
လူတိုင်းမှာ ၀မ်းနည်းနေတဲ့အချိန်မျိုး၊ စိတ်ညစ်နေတဲ့အချိန်မျိုးဆို
အနှစ်သက်ဆုံးတေးဂီတကို နားဆင်ပါ။
ဝမ်းနည်းနေတဲ့ စိတ်ကို ဖြေပျောက်စေဖို့ အလွမ်းအဆွေး သီချင်းတွေထက်စာရင် မြူးကြွတဲ့ တေးဂီတ သီချင်းမျိုးကို နားထောင်သင့်ပါတယ်။ သင်အနှစ်သက်ဆုံး သီချင်းကို နားထောင်လိုက်တာဟာ သင်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ရင်တောင် သင့်ရဲ့စိတ်နေစိတ်ထားကို ပိုမိုကောင်းမွန်စေမှာဖြစ်ပ
လေကောင်းလေသန့်ရှုပါ။
တစ်ခါတရံစိတ်ညစ်နေတဲ့အချိန်
အနှစ်သက်ဆုံးအစားအစာကိုဝယ်စ
သင့်ရဲ့ စိတ်ညစ်ညူးနေတဲ့ ခံစားချက်တွေ လျော့ပါးသွားစေဖို့ အနှစ်သက်ဆုံးအစားအစာတစ်ခုခု
တစ်စုံတစ်ယောက်ကို ရင်ဖွင့်ပါ။
သင်ဝမ်းနည်းနေတဲ့ အချိန်မှာ တစ်စုံတစ်ယောက်ကို သင့်ခံစားချက်၊ ၀မ်းနည်းစရာများကို ရင်ဖွင့်လိုက်ပါ။ ထိုသူဟာ သင့်ရဲ့ဝမ်းနည်းမှုခံစားချက်
တစ်ခုခုကိုကွဲပြားခြားနားအေ
မပျော်ရွှင်ဘဲ ၀မ်းနည်းစိတ်ညစ်နေတဲ့အချိန်
အစီအစဉ်တစ်ခုကိုချရေးကြည့်ပ
အနာဂတ်အတွက် အစီအစဉ်ကြီးကြီးမားမာချမှတ်
အနီးအနားရှိသူကို အကူအညီပေးလိုက်ပါ။
စိတ်ညစ်နေတယ်ဆိုပေမယ့်လည်း သင့်အနီးအနားရှိ အမှန်တကယ် အကူအညီလိုအပ်နေသူတစ်ဦး တစ်ယောက်နဲ့ ကြုံမိလျှင် ကူညီကြည့်လိုက်ပါ။ ဥပမာ- အထုတ်အပိုးများနှင့်မနိုင်
JOB seekers Journal

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။