သမီးလက်ဆောင်
-------------------
ငါးနှစ်အရွယ် သမီးလေးက အဖေကို ခရစ်စမတ် လက်ဆောင် ပေးတယ်။
အဖေက ဝမ်းသာအားရ နဲ့ လက်ဆောင်ထုပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှာ ဘာမှမရှိ။ အဖေက စိတ်ပျက်လက်ပျက်နဲ့ သမီးကို သွန်သင် တယ်။
"သမီး... ဒါရိုင်းစိုင်းတဲ့ အပြုအမူ ဖြစ်တယ်။ သူတစ်ပါးကို ဘယ်တော့မှ ခုလို မလှည့်စားရဘူး။ လက်ဆောင်ထုပ်ဆိုတာ တစ်ခုခုထည့် ထား တော့ မှ လက်ဆောင်လို့ ခေါ်တယ်ကွဲ့။ ကြားလား။"
သမီးလေးက ငိုမဲ့မဲ့နဲ့ ခေါင်းလေးငြှိမ့်ရှာတယ်။ ညကျတော့ သမီးရဲ့ အခန်း ထဲကို ချောင်းကြည့်လိုက်တဲ့ အခါ လက်ဆောင် ထုပ်လေး ကိုင်ရင်း ငိုင်နေတဲ့ သမီး ကိုတွေ့လိုက်တယ်။
ချော့ဖို့ အခန်းထဲ ဝင်မယ်လုပ်ပြီးမှ သမီးဖြစ်သူရဲ့ ညည်းသံကြောင့် အဖေ့ ခြေလှမ်းတွေ အခန်းဝမှာတင် ရပ်တန့်သွား ခဲ့တယ်။ တစ်ချိန်ထဲ မှာလည်း နောင်တရပြီးတော့ မျက်ရည်ဝဲ သွားခဲ့တယ်။
"ဖေဖေရယ်... သမီး အနမ်းတွေ အပြည့်ထည့်ထားပေးပါတယ်...။" တဲ့။
သင်ခန်းစာ။ ကိုယ်ချစ်စေချင်သလောက် မချစ်တိုင်း သူတို့အစွမ်းကုန် မချစ်ဘူးလို့ မထင်ပါနဲ့။
- မှတ်စုကြမ်း #kyawnge

"ဖေဖေရယ်... သမီး အနမ်းတွေ အပြည့်ထည့်ထားပေးပါတယ်...။"
သင်ခန်းစာ။ ကိုယ်ချစ်စေချင်သလောက် မချစ်တိုင်း သူတို့အစွမ်းကုန် မချစ်ဘူးလို့ မထင်ပါနဲ့။
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။