ကမ္ဘာပေါ်တွင်နေထိုင်ရန် တတိယ အကောင်းဆုံး နိုင်ငံအဖြစ် ဗြိတိန် သတ်မှတ်ခံရ
========================== ==========
ဗြိတိန်သည် ပညာရေးမှ စီးပွားရေးနှင့် ဘ၀အရည်အသွေး အထိ ကဏ္ဍများတွင် ကမ္ဘာပေါ်တွင် တတိယ အကောင်းဆုံး နိုင်ငံဖြစ်ကြောင်း လေ့လာမှု တစ်ခုတွင် ဖော်ပြထားသည်။
ရှိတ်စပီးယား၊ သိပ္ပံပညာဆိုင်ရာ တွေ့ရှိမှုများနှင့် အောက်စဖို့ဒ်၊ ကိမ်းဘရစ်ဂ်ျ တက္ကသိုလ်များသည် ဗြိတိန်၏ အမျိုးသား ရတနာများ ဖြစ်ကြကြောင်း ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်တွင် ပြုလုပ်မည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် တင်ပြမည့် လေ့လာမှု တစ်ခုတွင် ဖော်ပြထားခြင်း ဖြစ်သည်။
တက္ကသိုလ် တက်ရောက်သူ များပြားခြင်းနှင့် ပညာရေးနှင့် သုတေသနကို ဦးစားပေးသည့် တက္ကသိုလ်များ ရှိနေခြင်း တို့ကြောင့် ဗြိတိန်သည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ပညာရေးစနစ် ရှိသည့် နိုင်ငံဖြစ်ကြောင်း US News ၏ ၂၀၁၆ ခုနှစ် အကောင်းဆုံးနိုင်ငံများ အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြို့တော် လန်ဒန်သည် နိုင်ငံတကာ ဘဏ္ဍာရေး ဗဟိုချက်ကြီး ဖြစ်ကာ ကမ္ဘာပေါ်တွင် လူအများဆုံး လာရောက် လည်ပတ်သည့် မြို့ကြီး တစ်ခုလည်း ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဗြိတိန်သည် အနုပညာနှင့် သိပ္ပံပညာရပ်များတွင် ရှေ့တန်းရောက်ရှိနေပြီး၊ ရှိတ်စပီးယားသည် အင်္ဂလိပ် စာပေသမိုင်း တစ်လျှောက်တွင် အကြီးကျယ်ဆုံး ပြဇာတ်ရေး ဆရာကြီးအဖြစ် သတ်မှတ်ခံထားရကြောင်း၊ ဗြိတိန် သိပ္ပံပညာရှင်များသည် မြေဆွဲအား၊ ဟိုက်ဒရိုဂျင်နှင့် ပင်နီဆလင် တို့ကိုတွေ့ရှိခဲ့ပြီး၊ လေကြောင်း ပညာရပ်နှင့် သဘာဝ ဆင့်ကဲပြောင်းလဲမှုဆိုင်ရာ သီအိုရီများကို ဖော်ထုတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
လေ့လာမှုတွင် ဂျာမနီအား စီးပွားရေး ကောင်းမွန်ခြင်း၊ သြဇာကြီးများခြင်း တို့အပေါ် အခြေခံကာ လူနေထိုင်ရန် အကောင်းဆုံး နိုင်ငံအဖြစ် ဖော်ပြခဲ့သည်။ ကနေဒါသည် လူနေထိုင်ရန် ဒုတိယ အကောင်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရသည်။
Messenger News Journal
#သုတဇုန်
www.thutazone.com
==========================

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။