Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, February 8, 2016

ပုံပြင်လေးကတော့ ဒီလိုပါ ....

ဒီအကြောင်းအရာလေးကတော့ ...ရီးစားများတတ်တဲ့ ကောင်လေးတွေ ပွေရှုတ် စိတ်များ ပြီးအိုင်မြင်တိုင်းခြေဆေးချင် ကြတဲ့ ကောင်လေးတွေအတွက် ကျွန်တော် ဖန်တီးထားပေးတဲ့ အကြောင်းအရာလေးပါပဲ ခင်ဗျာ
ကိုယ့်မှာအဲ့လိုလူမျိုးနဲ့ပါတ်သက်နေရတဲ့ ကောင်မလေးတွေအနေ နဲ့လည်းသူတို့တွေ သိသွားအောင်ပေး ဖတ်လို့ရပါတယ်
...............................
ပုံပြင်လေးကတော့ ဒီလိုပါ ....

ဟိုးရှေးရှေးတုန်းက ပေါ့ ထူးခြားဆန်းကြယ်တဲ့ ၇ွာလေးတစ်ရွာရှိခဲ့ဖူးတယ်တဲ့ ရွာခလေးရဲ့ နာမည်ကတော့ “ တောင်းဆုတစ်ခါ တစ်သက်တာ ” တဲ့
အဲ့ဒီရွာက ရွာသူရွာသားတွေ ဟာသူတို့ရဲ့ နတ်ဘုရားဆီက ဘာပဲတောင်းတောင်း တောင်းဆု တစ်ဆုစီ ဆုတောင်းလို့ရ နိုင်တယ်တဲ့

ယောက်ျားတစ်ယောက်က ဆုတောင်းတာ
“ ကျွန်တော်မျိုးရဲ့ လယ်ယာတွေထဲက ကောက်ပဲသီးနှံတွေ ထာဝရ
အထွက်တိုးပါစေ ”
အမျိုးသမီး တစ်ယောက်ကဆုတောင်းတာ

“ ကျွန်မရဲ့ မိသားစုဝင်တွေ အားလုံး နေကောင်း ကျန်းမာ ကြပါစေ ” စသဖြင့် ဆုပေါင်းအမျိုး ကို ကိုယ်စီအလှည့်ကျ တောင်းခွင့်ရ နိုင်သလို တောင်းသမျှဆုတွေ ဟာလည်းနောက်တစ်နေ့မှာ ပြည့်ဝခွင့်ရခဲ့ ကြတယ်တဲ့

အဲ့ဒီရွာလေးထဲ မှာ ရှိုးစမိုး နဲ့ ရှိုးတအားထုတ်တတ်ပြီး ကောင်မလေးတွေကို လိုက်ပြီး ရှိုးထုတ်ပြ တတ် လိုက်ရှိတ်နေတတ်တဲ့ လူငယ်လေးတစ်ယောက်
လည်းရှိခဲ့တယ်တဲ့
...................................
တစ်နေ့မှာအဲ့ ဒီကောင်လေးဆုတောင်းခွင့်ရတဲ့ အလှည့်ရောက်လာ တော့ ကောင်လေး ဟာ သူတို့ရဲ့ နတ်ဘုရားဆီမှာ ဆုတောင်းလိုက်တာက
“ ညတိုင်းညတိုင်း ချောမောလှပ ပြီး တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့
ကောင်မလေးတွေ တစ်ညတစ်ယောက် ကျွန်တော်မျိုးနဲ့ အတူတူလာအိပ်ဖို့
တောင်းဆိုပါတယ် ” လို့ ဆုတောင်းလိုက်တယ် အဲ့ဒီဆုတောင်းကြားတော့
နတ်ဘုရား လည်းကြောင်သွားတယ်

ဒါနဲ့ ကောင်လေး ကို ပြန်မေးတာ “ မောင်ရင် ရဲ့ဆုံးဖြတ်ချက်နဲ့ တောင်းတဲ့ဆုက သေချာရဲ့လား? ”

ဆိုတော့ကောင်လေးက လည်း
“သိပ်ကိုသေချာတာပေါ့ ဘယ်ကောင်လေးကမှ ကောင်မလေးချောချောလှလှလေးတွေနဲ့ ထည်လဲ ပြောင်းအိပ်ခွင့်ရတာ မလိုချင်ပဲနေမှာလဲ ဒီလောကမှာရှိတဲ့လူတွေ ကျွန်တော်မျိုးကို အားကျကြမှာအသေအချာပဲ ”

နတ်ဘုရား လည်းဒီစကားကိုကြားတော့ ရှိုးများတဲ့ ကောင်လေးရဲ့ တောင်းဆုကို ထာဝရ ပြည့်ဝအောင်ပေးလိုက်ပါတော့တယ်
...............................
ပထမညလည်း ရောက်ရော တောင်းဆုက အာနိဓင်ပြတယ် နေရင်းထိုင်ရင်း မိန်းမချောလေးက အိပ်ခန်းတံခါးကိုလာခေါက်ပြီးပြောတယ် “ မင်္ဂလာပါရှင် ကျွန်မက အရှုင်နဲ့ အတူ အိပ်ရဖို့ နတ်ဘုရားပို့လာတဲ့ ၁ရက်မြောက်နေ့ ရဲ့ မိန်းမလှလေးပါရှင်”
ကောင်လေးဟာ အချိန်ဆွဲမနေပါဘူးကောင်မလေးကိုအခန်းထဲခေါ်သွင်း
လိုက်ရင်း စိတ်အားရကျေနပ်အောင် အိပ်စက်ပျော်ပါး ပါတော့တယ်
မနက်လည်းလင်းရော ကောင်မလည်းလည်း ထွက်ခွာ
ပျောက်ကွယ်သွားခဲ့ပါတော့တယ်

ကောင်လေး ဟာ ဒီဆုတောင်းအတွက် အင်မတန်အားရကျေနပ်နေမိတော့တယ် ညတိုင်းညတိုင်းအသစ် အသစ်ရောက်ရောက်လာမဲ့ နတ်ဘုရားပို့ပေးလာတဲ့ မိန်းမလှလေးတွေကို စိတ်ဆန္ဒပြင်းပြစွာစောင့်မျော်နေခဲ့ရင်း ညစဉ်တိုင်း သူကိစ္စနဲ့ သူ ရှုတ်ထွေးနေ ခဲ့ပါတော့တယ်
........................................

ဒီလိုနဲ့ တစ်ညမှာ ကောင်လေးဟာ နတ်ဘုရားပို့လာပေးတဲ့ မိန်းမလေးရောက်လာလို့ တံခါးကိုဖွင့်ပေးလိုက်တဲ့ အချိန်မှာ မြင်လိုက်ရတဲ့အရာကြောင့် စကားတောင်မပြောနိုင်တော့ပဲ မှင်တက်နေမိပါတော့တယ်

ဘာကြောင့်လဲ ဆိုတော့ဒီတစ်ညရောက်၇ှိလာတဲ့ မိန်းမချောလေးဟာ ကောင်လေးအတွက် အင်မတန်နှစ်သက်မြတ်နိုးစရာကောင်းတဲ့ ရုပ်ရည် ကိုယ်နေဟန်ထား အစစအရာရာချောမောပြည့်စုံနေ သလို အပြုံးလေးတွေ ပြောဟန်ဆိုဟန်လေးတွေကအစ ကောင်လေးရဲ့ရင်ထဲမှာ စွဲနေစေပါတော့ တယ်
....................................
ကောင်လေးဟာ သူမနဲ့အတူတူ အိပ်စက်ပျော်ပါး ခဲ့ပါတယ် နောက်တော့ ကောင်လေးကပြောတာ “တောင်းပန်ပါတယ် ငါနဲ့ လက်ထက်ပြီး အတူတူ နေပါနော် ကိုယ်မင်းကိုယ် အရမ်း ကြိုက်ပြီး ကိုယ်မင်းကို ချစ်လွန်းလိုက်တာ ”
ကောင်မလေး ကပြန်ပြောတာ

“ နိုးနိုး...မရပါဘူးရှင် ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်မျိုးမကို နတ်ဘုရားက အရှင်သားနဲ့တစ်ညတာတည်းအိပ်စက်ဖို့ ပို့လာတာ ပါ နှောင်ဘယ်တော့မှ ထပ်တွေ့ခွင့်မရ နိုင်ပါဘူး ဘာကြောင့်လဲ ဆိုတော့နောက်ညတွေ ကြရင်လည်းတစ်ခြား မိန်းမလှလေးတွေ မထပ်စတမ်း အရှင်နဲ့ အတူလာပြီးအိပ်စက်ပျော်ပါး ကြအုန်းမှာပဲ ဟာ ”
................................
ဒါနဲ့ကောင်လေး “ အင်းဟုတ်ပေသားပဲ ငါ့တစ်သက်တာလုံးမိန်းမချောလေးတွေနဲ့ အိပ်စက်ခွင့်ရ အုန်းမှာပဲ ဘာလို့လက်ထပ်မှာ လဲ နော့....ဟားဟားဟား ”ဆိုပြီး
မနက်လဲ ရောက်ရောကောင်မလေးလည်းထပ်မံထွက်ခွာ ပျောက်ကွယ်သွားခဲ့ ပါတော့တယ် ကောင်လေးဟာတစ်ယောက်တည်းကျန်ခဲ့တော့မှ
ထူးခြားဆန်းကြယ် စွာနဲ့ပြောမပြတတ်အောင် ရင်ထဲမှာဟာတာတာ နဲ့ ကြေကွဲလွမ်းဆွေးနေမိပါလေရောတဲ့ စိတ်ထဲ မှာတွေးတောနေတာ
ဘာကြောင့်ပါလိမ့် ငါ့မှာ အတူတူအိပ်စက်ဖို့ မိန်းမလှလေးတွေ ရှိနေပါလျှက်နဲ့ အတွင်းစိတ်ထဲမှာ အထီးကျန်ဆန် အားငယ်မိလိုက်တာနော်
...........................................
ပွေရှုတ်ရတာကြိုက်တဲ့ ကောင်လေးဟာ တစ်ခြား နတ်ဘုရားပို့ပို့ လာပေးနေတဲ့ မိန်းမလှပေါင်းများစွာနဲ့ အတူတူ ပျော်ပါးအိပ်စက်ခွင့်ရပေမဲ့ အဲ့အပြင် ဘာမှ ပိုလို့မရ နိုင်ပါဘူး မနက်တိုင်းမှာ မိန်းမလှလေးတွေ ဟာပျောက်ကွယ်သွားခဲ့ ပြီး နောက်တစ်ကြိမ်ဘယ်တော့မှ ထပ်မံတွေ့ဆုံခွင့်မရ နိုင်တော့တဲ့အတွက်ကြောင့်ပါပဲ အချိန်တွေ ကုန်လွန်သွားကျော်လွန်းသွားပြီး နှစ်တွေကြာလာ တဲ့အခါ ပွေရှုတ်တဲ့ကောင်လေး ကနေ အသက်တွေ ကြီးရင့်ပြီး အဖိုးအို ဖြစ်လာခဲ့ရပါတော့တယ်
..................................
သူဘယ်မိန်းခလေးနဲ့မှပျော်ပါးနိုင်စွမ်းမရှိတော့ ပါဘူး ဘယ်လောက်ချောမောတဲ့ မိန်းခလေးကိုမှလဲ ရင်ခုန်နိုင်စွမ်းမရှိ ခံစားချက်မရှိနိုင်တော့ပါဘူး ဒါပေမဲ့ မိန်းမလှလေးတွေကတော့ ညတိုင်းညတိုင်း တစ်ယောက်နဲ့ တစ်ယောက် လူမထပ်စတမ်းလာနေဆဲပါပဲ နောက်ဆုံးမှာ ပွေရှုတ် အဖိုးအိုက ပြောတာ

“ ငါတောင်းပန်ပါတယ် ငါနင်တို့နဲ့ မပျော်ပါးလိုတော့ပါဘူး ကျေးဇူးပြု ပြီး ငါ့ကို ပြုစုယုယ ဂရုစိုက်ပေးကြပါ အုန်း ” ဆိုတော့ကောင်မလေးတွေကပြောတာ “ မရနိုင်ပါ ဘူး ရှင် ဘာကြောင့်လဲ ဆိုတော့ ရှင်ရဲ့ ဆုတောင်းအရ ကျွန်မတို့ဟာရှင်နဲ့ အတူတူ အိပ်စက်ပျော်ပါးပေးဖို့ကလွဲပြီးတစ်ခြားဘာမှ လုပ်ပေးလို့ မရ နိုင်ပါဘူး ”
........................................
ညတိုင်းညတိုင်းရောက်လာတဲ့ မိန်းမလှလေးတွေ ကိုအဖိုးအိုကတောင်းပန်ရှာတယ် “ ငါအရမ်းအထီးကျန်ဆန်လိုက်တာ ငါနဲ့အဖော်လုပ်ပေးကြပါ ငါနဲ့အတူတူနေပေးကြပါ အုန်း ” တဲ့
ဒါပေမဲ့ ဘယ်မိန်းခလေးကမှ အဖိုးအိုရဲ့ တောင်းပန်စကားကိုဂရုမစိုက်ပါဘူး ညဆိုရောက်လာပြီးမနက်ကျပြန်သွားကုန်ခဲ့ကြပါတော့ တယ်

.................................
ခုချိန်ခါမှာအဖိုးအိုဟာ သဘောပေါက်နားလည်လာခဲ့ပါပြီ ဘယ်အရာဟာ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ ထင်ကျန်နေတဲ့ အရာလဲ ....
ခံစားချက် ဆိုတာ ဘာလဲ ဆိုတာ သူပထမဆုံးလက်ထက်ခွင့်တောင်းခဲ့ တဲ့မိန်းခလေး နဲ့ခွဲခွာရကတည်းက သိခဲ့ မိပါတော့တယ်
တကယ်တမ်းတော့ သူဟာ နွေးထွေးကြင်နာမှု့ နဲ့အချစ်စစ် ဆိုတာ လိုအပ်နေခဲ့တာပါ တကယ်တမ်း သူ ညစဉ်တိုင်းမှာ ရရှိ နေခဲ့တာတွေကတော့ ချစ်တဲ့သူဆီကနေ နွေးထွေးကြင်နာမှု့မပါတဲ့ ခဏတာပျော်ရွင်မှု့တွေပါပဲလား ? ..
...................................
အဖိုးအို သိလာခဲ့ တာကတော့
သူ ကို ချစ်တဲ့သူကိုသူလိုချင်တာပါ
သူ နဲ့အတူဘေးမှာ လာနေပေးမဲ့သူကိုလိုချင်တာပါ
သူနဲ့အတူ အိုမင်းတဲ့အချိန်မှာဂရုစိုက်ပြုစုပေးမဲ့သူကိုလိုချင်တာပါ
သူနဲ့ အတူကြင်နာနွေးထွေးစွာ ဖက်ပြီးအတူတူအိပ်ပျော်သွားကြမဲ့အဖော်ကိုလိုချင်ခဲ့တာပါ

..........................................
အဖိုးအိုဟာရွာထဲ ကိုလျောက်ဝင်သွားတယ် သူနဲ့အတူတူ အိပ်စက် အဖော်ပြုပေးမဲ့သူကိုရှာဖွေ ဖို့ ..
ဒါပေမဲ့ အဖိုးအိုတွေ့ရတာက တော့ အတူတကွ အိုမင်းနေတဲ့ စုံတွဲတွေ ဒါမှမဟုတ်သူ့ကို ရွံရှာအလိုမရှိတဲ့သူတွေကိုပဲ တွေ့နေမြင်နေရပါတော့တယ်
ဘာကြောင်လဲ ဆိုတော့ သူဟာအရင် လို ပလေးဘွိုင်းကောင်လေးမဟုတ်တော့ပဲ အရေတွန့် အသားညိုးနေပြီးဖြစ်တဲ့အဖိုးအို ကြီးဖြစ်နေလို့ပါပဲ
အဖိုအိုဟာ နတ်ဘုရားရှေ့သွားဒူးထောက်ထိုင်ချလိုက်ရင်းပြောတယ်
“တောင်းပန်ပါတယ် တော်ပါတော့ ကျွန်တော်မျိုးမိန်းမလှတွေကိုအလိုမရှိတော့ပါ ဘူး ကျွန်တော်မျိုး ကြင်နာနွေးထွေးမှု့ကိုပဲလိုချင်တာပါ ကျွန်တော်မျိုးကိုအစစ်အမှန်ချစ်ကြင်နာမဲ့သူကိုပဲ လိုချင်တာပါ ”
...............................
နတ်ဘုရားကပြောတယ် ....နိုး ..မရတော့ပါဘူး ...သင်ဟာသင့်ရဲ့ ဆုကို တောင်းလိုက်ပြီးပြီ အသုံးချခဲ့ပြီး ပြီ အချိန်ကိုနောက်ပြန်ဆုတ်ပြီင်္း အသစ်နောက်တစ်ဆုတောင်းလဲ မရ နိုင်တော့ပါဘူး ဘာကြောင့်လဲ ဆိုတော့အသင် ဟာ ကိုယ့်ရဲ့ ဘဝလမ်းကြောင်းကိုဆုံးဖြတ်ရွေးချယ် လျောက်လှမ်းခဲ့ပြီးပြီမို့ပါပဲ ”
ဆိုပြီး ပျောက်ကွယ် သွားခဲ့ပါတော့တယ်
..................
အဖိုးအိုဟာ ...သူရဲ့အဖော်မဲ့အိမ်အိုစုတ်လေးဆီပြန်လာပြီး အေးစက် တိတ်ဆိတ် နေတဲ့ အိပ်ရာထက်မှာ အဖော်မဲ့ အထီးကျန် အားငယ်ကျေကွဲစွာနဲ့ လဲလျောင်းနေခဲ့ပါတော့တယ်
အဲ့အချိန်မှာပဲ အခန်းတံခါးဟာ ကျွိအိအိ နဲ့မြည်ပြီးပွင့်လာ ပါတယ် ပွင့်လာတဲ့ တံခါးပေါက်ကနေ မိန်းမချောလေးတစ်ရောက်ရောက်လာပြီး ပြောလိုက်တာကတော့ “ မင်္ဂလာပါရှင် ကျမကရှင်နဲ့ အတူပျော်ပါးဖို့ နတ်ဘုရားကပို့ပေးလာတဲ့ နှစ်သောင်းခွန်နှစ်ထောင် သုံးရာခွန်နှစ်င်္ဆယ့် ငါး ယောက်မြောက် ပါရှင်. ”..တဲ့

ပြီးပါပြီခင်ဗျာ ..
...................................
ဒီပုံပြင်လေးက ဘာကိုသင်္ခန်းစာပေးသလဲ ဆိုတော့

ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက်ရီးစားဖြစ်ပြီး ရည်းစားထည်လဲတွဲ ခွင့်ရတဲ့ကောင်လေးတွေအနေနဲ့ အဲ့တာဟာပျော်စရာကောင်းတယ် လို့ထင်နေပေမဲ့ တကယ်တမ်းတော့ အဲ့တာဟာ ပျော်ရွင်မှု့အစစ်မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ့်မှာအချစ်ဆိုတာ လိုလာတဲ့ အခါ မှာ ဘယ်သူမှကိုယ့်ကိုပြန်ချစ်ဖို့ ကျန်ရှိနိုင်မှာမဟုတ်တော့ပါဘူး ဘာကြောင့်လဲဆိုတော့ နှကိုယ်ကတည်း အဲ့လိုပျော်ရွင်မှု့မျိုးကိုရွေးချယ် ခဲ့လို့ပါပဲ
.............................................
credit:သင်သိရင် သင်ချမ်းသာလိမ့်မယ်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။