Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 13, 2016

ဗိုလ်ချုပ် ပြန်လာပြီ ....

ဗိုလ်ချုပ် ပြန်လာပြီ ....
*******************

ဟေ့ ...တာရာ
လွတ်တော်ထဲက ကောင်တွေ အကုန်သွားခေါ်စမ်း..

ဝန်ကြီးဆိုတဲ့ ကောင်တွေရောခေါ်ခဲ့..

တပ်ချုပ်ကိုလည်း ဆင့်ခေါ်ထား...
အခုချက်ချင်းလို့....ကြားလာ
_____

ခဏကြာသော် ဗိုလ်ချုပ်အခန်းသို့ ဝရုန်းသုန်းကားအဖွဲ့ ရောက်ချလာပြီးနောက်...
........

ဘယ်သူလဲ သမ္မတဆိုတာ...
မင်းလား.. (ဟုတ်)
သိန်းစိန်.. .
မင်းရာထူးတော့ မင်းသိသားပဲ..
မင်းထက်ကြီးတာ ဘယ်သူရှိလဲ ..ပြောစမ်း..
ထမင်းတောင် နပ်မမှန်ရတဲ့ ကြားထဲ
နွားနို့က သောက်ခိုင်းသေးတယ်ပေါ့..

လုပ်စားမယ့် မြေတော့ သိမ်းတယ်..
ဆန္ဒပြတော့ ပုဒ်မ ၁၈ တဲ့..
ဘာလဲမင်းဟာက...

မင်းလူတွေကျတော့ ၃ သိန်းတောင်
လာဘ်စားခွင့်ရဆိုကွဟေ...
ပြဿနာဖြစ်ပြီဆို ကော်မရှင်ဖွဲ့တယ်..
အဖြေကျတော့ မထွက်ဘူး..
မေ့လောက်ပြီဆို ပြန်ရုတ်သိမ်းတယ်...
နေစမ်းပါအုံး.. .
မင်းတိုက အစိုးရလား၊ သူပုန်လား ...
မင်း စဉ်းစားထား..
ပြီးရင်ငါ့ကို အဖြေထုတ်ပေး..

______

နောက်တယောက်...
ဒုသမ္မတ ဆိုတာ..ဘယ်သူလဲ.. မင်းလား
ဥာဏ်ထွန်း တဲ့လား...
မင်းအကြောင်း ငါကြားပါတယ်..

တခုတော့ပြောထားရအုံးမယ်. မင်းတို့ပေးထားတဲ့ ပညာရေးနဲ့ မင်းတို့ပြောတာနဲ့က မမျှဘူးကွ..
လူနားလည်အောင်ပြော.. ကြားလား.
တနေ့ ၂ ထောင်ဆိုတာ မင်းပြောတာ မလား..
မင်းပြောချင်တာကို မင်းသိပေမယ့်..
ပြည်သူတွေက မသိဘူးကွ...
မင်းတို့စီစဉ်ပေးထားတဲ့ အလုပ်ကို လုပ်နေကြရတာ မဟုတ်ဘူးကွ...
ကြုံရာလုပ်နေကြရတာ...
မင်းငွေ ၂ ထောင်မကဘူး..သူတို့ရှာနိုင်တယ်..
ဒါပေမယ့် မလောက်ဘူး..
ဘာလို့လဲ သိလား...
အေး..မင်းလည်း.. အဖြေရှာထား..ရရင်ပြော.

နောက်တယောက်ကရော...
ဘာလဲမင်းက...ဒုသမ္မတ ပဲလား..
ဟေ..ဘာလို့ ၂ ယောက်ဖြစ်နေတာလဲ..
ဟေ့.. .သိန်းစိန်... ဘယ်လိုဖြစ်တာလဲ..
အလကား ခန့်ထားတာလား..လစာပေးရသေးလား..
ဟ..ပေးရရင် ၂ ယောက်မလိုဘူးလေကွာ..
မင်းတို့ ပိုက်ဆံဖြုန်းလှချည်လား..
ဒါပြည်သူ့ ပိုက်ဆံကွ...

ကဲထားပါတော့..မင်းက ဒေါက်တာဆို..
မင်းအလုပ်က ဆေးရုံမှာ မဟုတ်ဘူးလား..
ဘာလို့ ဒီရောက်နေတာလဲ..
သိန်းစိန်ကို ကျမ္မါရေးကိစ္စတွေ အကြံပေးနေတာဆိုရင်လည်း..
အကြံပေးပေါ့ကွာ.. ဘာလဲ ဒုသမ္မတ..
ဟ...မင်းတို့ ဒီမှာတင် တော်တော်လွဲနေပြီနော်..
အောက်ပိုင်းထိဆို မတွေးရဲစရာပဲ..
မပူနဲ့..
ငါအကုန်စစ်မှာ..မဟုတ်ရင်တော့လားကွာ.. အကုန် ကန်ချပြစ်မယ်..

မင်းတို့က ဘာတွေလဲ..၀န်ကြီး နဲ့ ဒုဝန်ကြီး..
ဟ..များလှချည်လားကွဟေ....သိန်းစိန်..

သူတိုလည်း လစာပေးရသေးလား.. .
ဟ...မင်တို့အစိုးရက ပိုက်ဆံပေါလှချည်လား..
နေပါအုံး...အဲဒီပိုက်ဆံတွေက ဘယ်ကရတာတုန်း

ပြည်တွင်းဖြစ်တွေပဲမို့လား....
အော်..ဒါကြောင့်မင်းတို့က ပြည်တွင်းဖြစ်ကို အားပေးခိုင်းတာကိုး..

မင်းတို့ မရှက်ဘူးလား...
တယောက်စာကို ၂ ယောက်ဝိုင်းလုပ်ပြီး လစာယူနေကြတာ..
မင်းတို့ လောက်ကော လောက်ရဲ့လားကွ..ဟေ
ပြည်သူတွေရော သွားကြည့်ဖြစ်ကြလား..
သူတို့တွေရော အဆင်ပြေကြရဲလား..

ဟေ့..သိန်းစိန်
ငါသာ မင်းနေရာမှာဆို ရှက်တာနဲ့ သေလောက်ပြီ
အဲဒါကြောင့် ရွှေနိုင်ငံကနေ အခု ထုံးသုတ်ရတဲ့ အဆင့်ရောက်နေတာကိုး...
မင်းတို့ တတွေပဲ ဗိုက်ဆွဲနေကြတာ..
ပြည်သူက နံရိုးကျဲတဲနဲ့...
ငါစိတ်ရှိသလောက်လုပ်ရင်
မင်းတို့ အကုန် သေကုန်တော့မယ်...

သွားကြ...
မနက်ဖြန်က စပြီး ၀န်ကြီးဌာန တခုချင်းဆီက
အစီအရင်ခံစာတွေ လာတင်ကြ...
ဗြောင်လိမ်ရင်တော့ မင်းတို့နဲ့ငါနဲ့တွေ့မယ်။
ဒါပဲ.....။

တခုမှတ်သွားကြ..
ငါ့ကို လာလုပ်ကြံလို့ရတယ်..
ဒါပေမယ့် ငါဘယ်တော့မှ သေမှာမဟုတ်ဘူး..
ကမ္ဘာမကျေသရွေ့ပေါ့ကွာ.....။

_________

တာရာ..
အပြင်က ကောင်လေးကို အထဲခေါ်လိုက်...
_______

မင်းက တပ်ချုပ်နော်....

( ဟုတ် ...အဘ )

ဘာကွ...မင်းဘယ်လို ခေါ်လိုက်တာလဲ..
ငါ့ကို အဲလို မခေါ်နဲ့...
ငါမကြိုက်ဘူး..ကြားလား

ဘာအတွက်နဲ့မှ ဘယ်သူ့ကိုမှ မျက်နှာမလုပ်နဲ့..
မှန်မှန်ပြော၊ ပြတ်ပြတ်လုပ် ဒါငါ့ဆောင်ပုဒ်ပဲ...။

အခုမင်းတို့က ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့အညီ ဒီမိုကရေစီ နိုင်ငံတော် ဖော်ဆောင်ရေးကို လက်တွဲနေတယ်ဆို....
အဲ့ဒါ မင်းတို့နဲ့ ဘာဆိုင်လဲ..
ဒါလက်ရှိအာဏာရ အစိုးရနဲ့ ပြည်သူနဲ့ လုပ်ရမှာလေ..
မင်းတို့က သူတို့တွေ ချောချောမွေ့မွေ့ လုပ်နိုင်ဖို့ အန္တရာယ်မကျရ အောင်အပြင်စည်းက စောင့်ရှောက်ပေးဖို့ပဲ....

စစ်သားဆိုတာ စစ်သားအလုပ် လုပ်ဖို့ပဲ..
နိုင်ငံတော်တည်ဆောက်ရေးမှာ သေနတ်ထမ်းပြီး လုပ်ရအောင်က ငါတို့တုန်းကလို ပြည်ပရန်က ရှိသေးလို့လား..

ဒါကိုလိုနီခေတ်မဟုတ်တော့ဘူး.. ကောင်လေး
သိပ်ပြီး လက်ခမောင်းခတ်မနေနဲ့... ကြားလား..

နိုင်ငံရေးလုပ်ချင်ရင် တပ်ကထွက်..
တရားမျှတတဲ့ ရွေးကောက်ပွဲဝင်...
မင်းတို့ကို ယုံကြည်လို့ရရင် ပြည်သူက ရွေးကြလိမ့်မယ်

နေပါအုံး.. .
ပြည်တွင်းစစ်က မပြီးသေးဘူးလား..
ဘာလို့ ဒီလောက်တိုက်နေကြတာလဲ...
မင်းတို့ပြောတော့ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုကွ...ဟေ

မင်းတို့ကရော စည်းလုံးညီညွတ်အောင် ကြိုးစားဖူးသလား..
လက်နက်ချ အလင်းဝင်စေချင်တာလား..
မင်းတို့ကွာ..
အဲဒါအပေါ်စီးက ဆက်ဆံတာပဲ..
တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ညှိနှိုင်းမှုလုပ်၊ အပေးအယူလုပ်ပေါ့ကွ...
အခုတော့
မြန်မာပြည်မြေပုံကို အပိုင်စီးထားသလိုဖြစ်နေပြီ..။

အေး..မှတ်ထား၊
လွပ်လပ်ရေးရပြီးကတည်းက တပ်မတော်ရဲ့ အခန်းကဏ္ဍဆိုတာ အပြင်စည်း လုံခြုံရေးပဲ

ပြည်တွင်းမှာ မင်းတို့အလုပ်မရှိဘူး..ရှင်းလား..
နိုင်ငံထဲမှာ ကြည့်လိုက်ရင် မင်းတို့မြေချည်းပဲ...
အင်အား ၁၀၀ လောက်ရှိတဲ့တပ်အတွက် ခြံခတ်ထားတဲ့မြေက မြို့ တမြို့ တည်လို့ ရတယ်...

ဘာလုပ်ဖို့လဲ ....
အဲလောက်ကြီး မလိုပါဘူးကွ..

အေး..လယ်စိုက်ချင်ရင်လည်း တပ်ကထွက်လို့ ပြောလိုက်...
မဆိုင်တာတွေပဲ လျှောက်လုပ်နေကြတယ်..

မင်းတို့ရဲ့ စစ်သည်တော် ကျင့်ဝတ် ၆၀ ထဲက ပြည်သူအပေါ်ပြုကျင့်ရမည့် ကျင့်ဝတ်နံပါတ် ၅ ကနေ ၉ ထိရွတ်ပြစမ်း..

( ၅။ပြည်သူလူထုအား လှောင်ပြောင်ခြင်း၊ မထီမဲ့မြင် ပြုခြင်း၊ စော်ကားမော်ကားပြုခြင်း၊ ဆဲရေးတိုင်ထွာခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ရှောင်ကျဉ်ပါ။

၆။ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်းမှ ရှောင်ကျဉ်ပါ။

၇။ မိမိနှင့်မသက်ဆိုင်သော အမှုကိစ္စ များတွင် ၀င်မစွက်မိဖို့ သတိပြုပါ။

၈။ ပြည်သူလူထုကို ဦးစားပေးပါ၊ မိမိမှ အခွင့်အရေး ပိုမယူပါနှင့်။

၉။ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ် ဘာပဲခိုင်းခိုင်း ပြည်သူလူထုက ကြည်ဖြူကျေနပ်ပါစေ။)

ရပြီ...
မင်းသိသားပဲ... ဘာလို့မလိုက်နာကြတာလဲ..

အဲ့ဒါ အလွတ်ကျက်ဖို့ ပေးထားတဲ့ ဂါထာမဟုတ်ဘူးကွ..
စောင့်ထိန်း လိုက်နာရမယ့် စည်းကမ်း .. ရှင်းလား...

အေး.. မလိုက်နာနိုင်ရင်..
တပ်ထဲမှာ မနေကြနဲ့..
အဲဒီအတိုင်းသာ မင်းတို့နေကြည့် ပြည်သူကမင်းတို့ကို ခေါင်းပေါ်တင်ထားမှာ မလွဲဘူး..

အခုတော့ မင်းတို့ဘာသာ အတင်းတက်နေရတာမို့လား...
ငါက ပြည်သူတွေ လွတ်လပ်ရေးရပြီမှတ်နေတာ..
ခုထိ မရသေးဘူးကိုး...

လူထုငတ်ရင် အားလုံးငတ်ရမယ်၊ လူထုဆင်းရဲရင် တို့ရဲဘော်တွေအကုန်လုံးဆင်းရဲရမယ်၊ ငါလည်းဆင်းရဲရမယ်၊ ငါတို့တည်ဆောက်ခဲ့တဲ့ ဒီတပ်မတော်ကြီးဟာ ဒီဝါဒ၊ ဒီအမိန့်တွေနဲ့ ချီတက်ရမယ်
ခုတော့ မင်းတို့ကောင်တွေကွာ...
ငါထပြီး ကန်လိုက်ရရင်ကွာ...

သွားသွား.. မင်းနဖူးပေါ်လက်တင်ပြီး စဉ်းစားခဲ့..
ဘာလုပ်ရမလဲဆိုတဲ့ အဖြေရရင် ပြန်လာခဲ့..

YaeTayZa

မှီငြမ်း.... ဗိုလ်တာရာ ( ရဲဘော်သုံးကျိပ်)
ငွေတာရီ မဂ္ဂဇင်း
အမှတ် - ၇၃
၁၉၆၆-ဇူလိုင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။