Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, January 10, 2016

"ကိုယ်ရေးကိုယ်တာငွေရေးကြေးရေး စည်းမျဉ်းအချို့"

"ကိုယ်ရေးကိုယ်တာငွေရေးကြေးရေး စည်းမျဉ်းအချို့"
~*~*~*~*~*~*~*~*~*~*~*~*~*~*
(ကိုယ်ရေးကိုယ်တာငွေရေးကြေးရေး (Personal Finance) အကြောင်းကို မြန်မာပြည်မှာ ရေးသားဖော်ပြတာ သိပ်မတွေ့ရဘူး။ အခြားနိုင်ငံတွေမှာတော့ Personal Finance အကြောင်းကို စာနယ်ဇင်းတွေမှာ အတော်လေးရေးသားဖော်ပြကြပါတယ်။ ငွေရေးကြေးရေးဆိုတာ လူ့ဘဝမှာ အတော်ကြီးအရေးပါတဲ့အတွက် personal finance ကိုပိုင်မှ လူ့ဘဝဟာ အဆင်ပြေမယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အတွက် အသုံးတည့်နိုင်မယ့် Personal Finance စည်းမျဉ်းတချို့ကို ဖော်ပြလိုက်ပါတယ်။)

(၁) ဝင်ငွေထက် ထွက်ငွေနည်းပါစေ

ကိုယ်ရေးကိုတာငွေရေးကြေးရေးမှာ ဒါက အခြေခံအကျဆုံး စည်းမျဉ်းပါ။ ဒီစည်းမျဉ်းကို မလိုက်နာနိုင်လို့ ဒုက္ခရောက်ရသူတွေ မနည်းပါ။ ဝင်ငွေထက် သုံးငွေကများလို့ လစာဒေါ်လာသောင်းချီရသည့်တိုင် ကြွေးထူပြီး လူမွဲစာရင်းခံလိုက်ရသူတွေ ရှိနေပါတယ်။ ဝင်ငွေထက် ထွက်ငွေနည်းအောင် နေတယ်ဆိုတာ အလေ့အကျင့်နဲ့ ဆိုင်ပါတယ်။ လစာ ဒေါ်လာ ၂,၀၀၀ ရတဲ့အချိန်မှာ တပြားမှမစုမိသူဟာ လစာဒေါ်လာ ၂၀,၀၀၀ ရတဲ့အချိန်မှာလည်း တပြားမှ မစုမိဖို့များပါတယ်။

တကယ်က ဝင်ငွေဘယ်လောက်ရှိသလဲဆိုတာထက် ဘယ်လောက်စုမိသလဲဆိုတာက အများကြီးပိုအရေးကြီးပါတယ်။ စုသင့်သလောက်ကို လစဉ်စုတဲ့ အကျင့်လုပ်ထားရပါမယ်။ ဝင်ငွေ ဘယ်လောက်နည်းနည်း ၅%, ၁၀% လောက်တော့ လူတိုင်းစုနိုင်သင့်ပါတယ်။ ပထမအချက်က စုဆောင်းမိဖို့ပါ။ ဒုတိယအချက်က စုဆောင်းမိတာကို ရေရှည်တိုးပွားအောင် ရင်းနှီးမြုပ်နှံဖို့ပါ။ ဒါမှ ငွေရေးကြေးရေးအရ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ရပါမယ်။ ဝင်ငွေမရှိတော့တဲ့အချိန်၊ နာမကျန်းဖြစ်ချိန်၊ ပင်စင်ယူချိန်တွေမှာ မကြောင့်မကျ နေနိုင်ပါမယ်။

(၂) နောင်ခါလာ နောင်ခါဈေးလို့ ဘယ်တော့မှ မတွက်ပါနဲ့

"ရှိ, ပူရသေး၊ ကုန်မှ အေး" ဆိုတာ အလွန်လွှဲမှားတဲ့ အတွေးပါ။ အခုချိန်မှာ အသုံးမှား၊ အသုံးလွန်တာတွေကို နောင်အနာဂတ်မှ အဖတ်ပြန်ဆယ်မယ်လို့ သဘောထားရင် နောင်တအကြီးကြီးရနိုင်စရာရှိပါတယ်။ နောင်အနာဂတ်မှာ ဝင်ငွေတိုးလာမယ်လို့ ဘယ်သူမှ သေချာပေါက်မပြောနိုင်ပါ။ ဝင်ငွေတိုးလာသည့်တိုင် ကုန်ကျစရာတွေ များလာမှာ ရှိပါသေးတယ်။ အိမ်ဝယ်ရမှာ၊ သားသမီးကို တက္ကသိုလ်ပို့ရမှာ၊ ကျန်းမာရေးစရိတ်သုံးရမှာ စတာတွေပါ။

(၃) အတိုးမြင့်အကြွေးတွေကို အမြန်ဆုံးဆပ်ပါ

အကြွေးတွေရှိရင် အတိုးနှုန်းအမြင့်ဆုံး အကြွေး (ဥပမာ၊ ခရက်ဒစ်ကတ်အကြွေးကို) အရင်ဆုံးစဆပ်ပါ။

(၄) အရေးပေါ်ရန်ပုံငွေ အဆင်သင့်ပြင်ထားပါ

လက်ထဲမှာ (သို့မဟုတ်) ဘဏ်ထဲမှာ ခြောက်လစာလောက်အသုံးစရိတ် အဆင်သင့်ရှိထားသင့်ပါတယ်။ ဘဝမှာ ကြုံ့လာတဲ့အခက်အခဲ တော်တော်များများကို ငွေက ရှင်းပေးနိုင်ပါတယ်။ ဥပမာ၊ ရုတ်တရက် ဆေးရုံတက်ဖို့လိုလာတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါမျိုးမှာ အရေးပေါ်ရံပုံငွေ အဆင်သင့်ရှိနေမှ စိတ်လုံခြုံစွာ ရင်ဆိုင်ကျော်လွှားနိုင်ပါမယ်။

(၅) လစဉ်အသုံးစရိတ် ရေးဆွဲပါ

လစဉ်အသုံးစရိတ်တွေကို စာရင်းလုပ်ပါ။ အစားအသောက်အတွက်က ဘယ်လောက်၊ ဖျော်ဖြေရေးအတွက်က ဘယ်လောက်၊ ရေမီးဖုန်းအတွက်က ဘယ်လောက်၊ သွားလာစရိတ်က ဘယ်လောက်ကုန်တယ်ဆိုတာ ဆန်းစစ်ပါ။ ဘာက တကယ်ကုန်သင့်လို့ ကုန်တာ၊ ဘာက မကုန်သင့်ဘဲကုန်တာ၊ ဘာက မသုံးလည်း ရတယ်ဆိုတာတွေကို ရှင်းရှင်းလင်းလင်း မြင်လာပါလိမ့်မယ်။ တကယ်မလိုအပ်ဘဲ သုံးမိနေတာတွေကို လျှော့ပါ။ ရှောင်ပါ။

(၆) ကားဝယ်တဲ့အခါ ပြုပြင်ထိမ်းသိမ်းစရိတ်နည်းမှုနဲ့ ဆီးစားသက်သာမှုကို အဓိကထားပါ

ဆင်ဖိုးထက် ချွန်းဖိုးကြီးတတ်ပါတယ်။ ကားပြုပြင်ထိမ်းသိမ်းစရိတ်နဲ့ ဆီဖိုးက ရေရှည်မှာ ကားဖိုးထက် အဆမတန်ကြီးသွားနိုင်တာကို သတိပြုရပါမယ်။

(၇) အကုန်အကျမများတဲ့ ဝါသနာတွေကို မွေးမြူပါ

ဥပမာအားဖြင့် ဂေါက်ရိုက်တာဟာ အကုန်အကျများတဲ့ ဝါသနာတခုဖြစ်ပါတယ်။ ဂေါက်သီး၊ ဂေါက်တံ၊ ဂေါက်ကွင်းခ စသဖြင့် အမြဲတမ်းကုန်ကျစရိတ် ရှိပါတယ်။ စာဖတ်၊ သီချင်းနားထောင်၊ ဂစ်တာတီး၊ လမ်းလျှောက် စတာတွေကတော့ အကုန်အကျမများတဲ့ ဝါသနာတွေလို့ ဆိုရပါမယ်။

(၈) သူများ ကိုယ့်ကိုဘယ်လိုထင်မလဲဆိုတာ မစိုးရိမ်ပါနဲ့

ကားဝယ်တဲ့အခါ၊ အဝတ်အစားဝယ်တဲ့အခါ၊ ဟန်းဖုန်းဝယ်တဲ့အခါ သူများအထင်ကြီးအောင် မဝယ်ပါနဲ့။ အဲဒါတွေကို ဘယ်သူမှ တကယ်အထင်မကြီးပါဘူး။ ခင်ဗျား ဘယ်လိုလူစားလဲ၊ ဘယ်လောက်စိတ်ကောင်းနှလုံးကောင်းရှိသလဲ၊ ဘယ်လောက်စိတ်ကူးစိတ်သန်း ကောင်းသလဲ။ ဘယ်လောက်ပေါင်းလို့သင်းလို့ကောင်းသလဲဆိုတာကိုပဲ လူတွေက စိတ်ဝင်စားတာပါ။ မဆိုင်တာတွေအတွက် ငွေတပြားမှ အပိုအကုန်မခံပါနဲ့။

(၉) ဘယ်တော့မှ ထီမထိုးနဲ့

ဘယ်ထီပဲဖြစ်ဖြစ် ထီရောင်းတာဟာ အမြတ်ရဖို့ရောင်းတာပါ။ ထီရောင်းရငွေ ၁၀၀ ရှိရင် ဆုကြေးငွေက ၆၀ လောက်ပဲ ရှိပါတယ်။ ထီတခါထိုးတိုင်း ၄၀% ရှုံးတဲ့သဘောပါ။ နှစ်လုံးထီ၊ သုံးလုံးထီတွေ ထိုးလို့ သူဌေးဖြစ်သွားသူ မရှိပါ။ ငွေရှုံး၊ အလုပ်ပျက်၊ အိမ်ထောင်ပျက်၊ ထောင်ကျသွားသူတွေကတော့ မနည်းပါဘူး။ ကာစီနိုနဲ့ အခြားလောင်းကစားတွေကိုလည်း ဝေးဝေးကသာ ရှောင်ပါ။

(၁၀) အရက်၊ ဆေးလိပ်၊ ဆိုဒါ၊ ကော်ဖီ လျှော့ပါ

ဒီကောင်တွေဟာ အာဟာရတန်ဖိုးလည်း မရှိ၊ ကျန်းမာရေးကိုလည်း ထိခိုက်၊ ငွေကုန်ကြေးကျလည်းများပြီး စွဲလမ်းစေတတ်တဲ့အတွက် ရှောင်နိုင်ရင် ရှောင်ပါ။ မရှောင်နိုင်ရင် လျှော့ပါ။

Ref: 60 Simple Rules of Personal Finance by Trent Hamm, thesimpledollar.com
#WnA_BizFin

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။