ရောထွေးတတ်သောစကားလုံးများ (၁)
========================
"quite / quiet"
ခဏခဏ မှားတတ်တဲ့ စာလုံးလေးတွေပါ။ အဓိပ္ပယ်ကတော့ တခြားစီပါပဲ။
quite ကိုတော့ "အတော်အသင့်"ဆိုတဲ့
နေရာမှာ သုံးပါတယ်။
ဥပမာအားဖြင့် -
This book is quite good.
ဒီစာအုပ်က အတော်အသင့် ကောင်းသားပဲ။ ( အရမ်းအကောင်းကြီးမဟုပ်ပါ)
ပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင်...
bad--> quite good--> good
ဒါကြောင့် quite ဆိုတဲ့ အသုံးအနှုန်းဟာ bad နဲ့ good ရဲ့ ကြားအဆင့်မှာပဲ
ရှိပါတယ်။
"quiet" ဆိုတာကတော့ "တိတ်ဆိတ်သော" silent/ no noice ပေါ့။
ဥပမာအားဖြင့် -
This room is very quiet.
ဒီအခန်းက အရမ်းတိတ်ဆိတ်တာပဲ။
......................
အဲ...နောက်တစ်တွဲကတော့...
lose နဲ့ loose ဖြစ်ပါတယ်။
" lose " ကိုတော့ ပျောက်ဆုံးတယ်၊
ဆုံးရှုံးတယ် ဆိုတဲ့ နေရာမှာ သုံးတယ်။
ဥပမာအားဖြင့် -
Why do I always lose my keys?
ငါဘာဖြစ်လို့ အမြဲတမ်း သော့ပျောက်နေရတာလဲ?
" loose" ကိုတော့ ဘောင်းဘီတို့၊ စကတ်တို့၊ အ၀တ်အစားတွေ "ချောင်တယ်"
"မတော်ဘူး"ဆိုတဲ့နေရာတွေမှာ သုံးတယ်။ ဥပမာအားဖြင့်-
These trousers are very loose
for me.
ဒီဘောင်းဘီက ကျွန်တော် နဲ့ တော်တော်ချောင်နေတယ်။
.........................
နောက်တစ်တွဲကတော့
" fell နဲ့ felt " ပါ။
"fell " ဆိုတာကတော့ fall/fell/fallen
က "fall =ပြုတ်ကျသည်၊ လိမ့်ကျသည်'
ဆိုတဲ့ စကားလုံးရဲ့ past tense ပါ။
ဥပမာအားဖြင့် -
I fell and broke my arm
yesterday.
မနေ့က ချော်လဲပြီး လက်ကျိုးသွားခဲ့ပါတယ်။
"felt" ဆိုတာကတော့ " feel/ felt/ felt"
ရဲ့ past tense ဖြစ်ပြီး "ခံစားခဲ့ရသည်"
လို့ အဓိပ္ပယ် ရပါတယ်။
ဥပမာအားဖြင့် -
I felt ill yesterday. But, I feel ok
now.
မနေ့ကတော့ ဖျားနေခဲ့ပါတယ်။ အခုတော့ နေကောင်းသွားပါပြီ။
..........................
နောက်တစ်တွဲကတော့ ...
"cooker နဲ့ cook" ပါ။
အမြဲတမ်းမှားကြပါတယ်။
work = အလုပ်လုပ်သည်။
worker= အလုပ်သမား။
play = ကစားသည်။
player = ကစားသမား ဆိုပြီးတော
အများက ခေါက်ရိုးကျိုးနေကြပါတယ်။
ဒီနေရာမှာတော့ ...
cook = ချက်ပြုတ်သည်။
cooker = ချက်ပြုတ်သူ လို့ ဘာသာပြန်လိုက်ရင်တော့ လုံးဝ မှားသွားပါလိမ့်မယ်....
cooker =" ချက်ပြုတ်တဲ့ အိုး " ဖြစ်ပြီး
cook = " ချက်ပြုတ်သူ " ဖြစ်ပါတယ်။
အများသိပြီးဖြစ်တဲ့
rice cooker = ထမင်းပေါင်းအိုး
chief cook = စားဖိုမှူး ပါ
ဆက်လက်တင်ပြပေးသွားပါဦးမယ်...
အစစအရာရာ အဆင်ပြေကြပါစေ။
ဆရာအန်တိုနီ
========================
"quite / quiet"
ခဏခဏ မှားတတ်တဲ့ စာလုံးလေးတွေပါ။ အဓိပ္ပယ်ကတော့ တခြားစီပါပဲ။
quite ကိုတော့ "အတော်အသင့်"ဆိုတဲ့
နေရာမှာ သုံးပါတယ်။
ဥပမာအားဖြင့် -
This book is quite good.
ဒီစာအုပ်က အတော်အသင့် ကောင်းသားပဲ။ ( အရမ်းအကောင်းကြီးမဟုပ်ပါ)
ပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင်...
bad--> quite good--> good
ဒါကြောင့် quite ဆိုတဲ့ အသုံးအနှုန်းဟာ bad နဲ့ good ရဲ့ ကြားအဆင့်မှာပဲ
ရှိပါတယ်။
"quiet" ဆိုတာကတော့ "တိတ်ဆိတ်သော" silent/ no noice ပေါ့။
ဥပမာအားဖြင့် -
This room is very quiet.
ဒီအခန်းက အရမ်းတိတ်ဆိတ်တာပဲ။
......................
အဲ...နောက်တစ်တွဲကတော့...
lose နဲ့ loose ဖြစ်ပါတယ်။
" lose " ကိုတော့ ပျောက်ဆုံးတယ်၊
ဆုံးရှုံးတယ် ဆိုတဲ့ နေရာမှာ သုံးတယ်။
ဥပမာအားဖြင့် -
Why do I always lose my keys?
ငါဘာဖြစ်လို့ အမြဲတမ်း သော့ပျောက်နေရတာလဲ?
" loose" ကိုတော့ ဘောင်းဘီတို့၊ စကတ်တို့၊ အ၀တ်အစားတွေ "ချောင်တယ်"
"မတော်ဘူး"ဆိုတဲ့နေရာတွေမှာ သုံးတယ်။ ဥပမာအားဖြင့်-
These trousers are very loose
for me.
ဒီဘောင်းဘီက ကျွန်တော် နဲ့ တော်တော်ချောင်နေတယ်။
.........................
နောက်တစ်တွဲကတော့
" fell နဲ့ felt " ပါ။
"fell " ဆိုတာကတော့ fall/fell/fallen
က "fall =ပြုတ်ကျသည်၊ လိမ့်ကျသည်'
ဆိုတဲ့ စကားလုံးရဲ့ past tense ပါ။
ဥပမာအားဖြင့် -
I fell and broke my arm
yesterday.
မနေ့က ချော်လဲပြီး လက်ကျိုးသွားခဲ့ပါတယ်။
"felt" ဆိုတာကတော့ " feel/ felt/ felt"
ရဲ့ past tense ဖြစ်ပြီး "ခံစားခဲ့ရသည်"
လို့ အဓိပ္ပယ် ရပါတယ်။
ဥပမာအားဖြင့် -
I felt ill yesterday. But, I feel ok
now.
မနေ့ကတော့ ဖျားနေခဲ့ပါတယ်။ အခုတော့ နေကောင်းသွားပါပြီ။
..........................
နောက်တစ်တွဲကတော့ ...
"cooker နဲ့ cook" ပါ။
အမြဲတမ်းမှားကြပါတယ်။
work = အလုပ်လုပ်သည်။
worker= အလုပ်သမား။
play = ကစားသည်။
player = ကစားသမား ဆိုပြီးတော
အများက ခေါက်ရိုးကျိုးနေကြပါတယ်။
ဒီနေရာမှာတော့ ...
cook = ချက်ပြုတ်သည်။
cooker = ချက်ပြုတ်သူ လို့ ဘာသာပြန်လိုက်ရင်တော့ လုံးဝ မှားသွားပါလိမ့်မယ်....
cooker =" ချက်ပြုတ်တဲ့ အိုး " ဖြစ်ပြီး
cook = " ချက်ပြုတ်သူ " ဖြစ်ပါတယ်။
အများသိပြီးဖြစ်တဲ့
rice cooker = ထမင်းပေါင်းအိုး
chief cook = စားဖိုမှူး ပါ
ဆက်လက်တင်ပြပေးသွားပါဦးမယ်...
အစစအရာရာ အဆင်ပြေကြပါစေ။
ဆရာအန်တိုနီ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။