ဒေါ်ခင်မျိုးချစ် – စာရေးဆရာဟူသည်
(မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၈၊ ၂၀၁၅
နတ်တော်လသည် မြန်မာပြက္ခဒိန်အရ ကိုးလမြောက်လဖြစ်သည်။ ထိုအချိန်တွင် လူကြီး၊ လူငယ်များတို့၏ အတွေးများသည် မြန်မာစာပေနှင့် ကဗျာများဘက်သို့ ဦးလှည့်၍နေကြသည်။ လူကြီးများက ရှေးခေတ်က အောက်မေ့ဖွယ်များကို ပြန်လည်သတိရကြသည်။ လူငယ်များက သူတို့၏စိတ်ကူးယဉ် အိပ်မက်များဆီသို့ လှည့်သွားကြသည်။
ကျမကတော့ ကျမ၏ပတ်ဝန်းကျင်တွင် လူကြီးအရွယ်သို့ ရောက်ပြီဟု အများက သတ်မှတ်ကြပါသည်။ သို့သော်လည်း ကျမ၏နှလုံးသားကတော့ ငယ်နေဆဲဖြစ်ပါသည်။ ထို့ကြောင့်ကျမ၏အတွေးများသည် လူကြီးအတွေးနှင့် လူငယ်အတွေးတို့ရောစပ်၍နေပါသ ည်။
လူကြီးကဲ့သို့ရှေးက ပျော်ရွှင်ခဲ့ပုံများ၊ စိတ်ကြည်နူစရာများနှင့်
ကြေကွယ်ဖွယ်ရာများကို ပြန်လည်၍သတိရပါသည်။ တစ်ဖက်တွင်လည်းနေ အနာဂတ်သို့
မျှော်လင့်ချက်များစွာဖြင့် မျှော်ကြည့်မိပါသည်။
ပစ္စုပ္ပန်ကာလကို ရှေးဦးစွာ သုံးသပ်၍ ကြည့်မိပါသည်။ ထိုအခါ ကျမတွေးမိသည်မှာ ယနေ့ခေတ် လူငယ်စာရေးဆရာများသည် အလွန်ပင်ကံကောင်းကြပါသည်။ အကြောင်းမှာ သူတို့၏ရေးသားချက်များကို ထုတ်ဝေပေးသည့်စာပေတိုက်များ စွာနှင့် ဂျာနယ်မဂ္ဂဇင်းများစွာရှိနေေ သာကြောင့်
ဖြစ်ပါသည်။ စာပေဆိုင်ရာ နယ်ပယ်အစုံတို့တွင် နှစ်စဉ်ပေးသော
ဆုများလည်းရှိပါသည်။ ၄င်းအပြင် စာရေးဆရာများ၏ အခွင့်အရေးများကို
ကာကွယ်ပေးသော အဖွဲ့အစည်းလည်း ရှိရန်အတွက် ကြိုးပမ်းနေပါသည်။
(ဒေါ်ခင်မျိုးချစ် ထိုဆောင်းပါးကို ရေးသည့်အချိန်ကား ၁၉၆၆ ခုနှစ် ဒီဇင်ဘာလဖြစ်ပါသည်။ ဘာသာပြန်သူ)
ယနေ့သည် မြန်မာနိုင်ငံ စာရေးဆရာများနှင့် သတင်းစာဆရာများအသင်းကို ဖွဲ့ရန်အတွက် ပြင်ဆင်နေသည့် ကာလဖြစ်ပါသည်။ ယင်းကာလတွင် စာပေအတိုင်းအဝိုင်း၌ ဆွေးနွေးနေကြသော ကိစ္စမှာ စာရေးဆရာဟူသည် အဘယ်နည်း ? ဟူသော မေးခွန်းဖြစ်သည်။ ဤ မေးခွန်း၏အဖြေနှင့် ပတ်သက်၍ ထိုအသင်းဖွဲ့စည်းပုံ၏ မူကြမ်းတွင် လူတစ်ယောက်ကို စာရေးဆရာအဖြစ် အသိအမှတ်ပြုရန်အတွက် ဝတ္ထုရှည် သို့မဟုတ် ဆောင်းပါးများ သို့မဟုတ် ကဗျာများအရေအတွက် တစ်ခုခုကို ပုံနှိပ်ဖော်ပြထားခြင်း ရှိရမည်ဟူ၍ ဖြစ်ပါသည်။
အသင်းဖွဲ့စည်းတော့မည်ဖြစ်သြ ဖင့်
စာရေးဆရာများနှင့် သတင်းစာဆရာများသည် သူတို့၏ လုပ်ငန်းများ အတွက်
ကောင်းစွာ အသိအမှတ်ပြုခြင်းခံရစေရန်၊ သူတို့၏ အခွင့်အရေးများကို
ကာကွယ်စောင့်ရှောက်နိုင်စေရ န် ၊ စာရေးဆရာဟူသည် အဘယ်နည်း? ဟူသောမေးခွန်းကို ကောင်းစွာဖြေနိုင်ဖို့အချိန်ရောက်လာပါပြီ။
ဤနေရာတွင် သတင်းစာဆရာဟူသော အဓိပ္ပါယ် သတ်မှတ်ရန် သူတို့၏လုပ်ငန်း၏ သဘာဝအရ ပြဿနာ မရှိပါ။ အခြားသောလုပ်ငန်းများဖြစ်သည့် ဥပဒေ၊ ဆေးပညာဆိုင်ရာတို့တွင် သက်ဆိုင်ရာလက်မှတ်၊ ထောက်ခံစာလက်မှတ်များစွာကို ပြနိုင်သည်။ ဥပမာ မည်သူမည်ဝါသည် အခြားလူတစ်ဦး၏ ဗိုက်ကိုခွဲခွင့်ရှိကြောင်း
လက်မှတ်များကို ပြစရာရှိကြပါသည်။ စာရေးဆရာများတွင်ကော ဘယ်လိုလက်မှတ်တွေ
ပြစရာရှိပါသနည်း? အချို့သော သူများတွင် အချို့သောမဂ္ဂဇင်းများမှ စာမူကို
ပယ်လိုက်သည်ဟူသော အကြောင်းကြားစာများနှင့် ပုံမနှိပ်ရသေးသော
စာမူများပြစရာရှိပါသည်။ ၄င်းတို့သည် စာရေးဆရာအဖြစ် အသိအမှတ်ပြုခြင်းအတွက်
ဘယ်လောက်အထောက်အကူရှိပါမည်န ည်း? သိမ်မွေ့သောမေးခွန်းတစ်ခုမှာ
– စာရေးဆရာများနှင့် သတင်းစာဆရာများ အသင်းဝင်ဖြစ်ခြင်းသည်
စာရေးဆရာဖြစ်ခြင်းကို အသိအမှတ်ပြုရာ ရောက်ပါသလား? ဒီမေးခွန်းနှင့်
ပတ်သက်၍လည်း အချို့လူများက စိတ်ပူနေကြပါသည်။
သိထားရသည်မှာ မည်သည့်အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ ထောက်ခံစာ၊ မည်သည့်အသင်းဝင်ဖြစ်ခြင်းတို့သည်
စာရေးဆရာဖြစ်ခြင်းကို သတ်မှတ်နိုင်စွမ်းမရှိပါ။ စာမူအချို့ကို
ပုံနှိပ်ဖော်ပြခြင်းသည် သက်ဆိုင်ရာပုဂ္ဂိုလ်အား လူများကအသိမှတ်ပြုခြင်းကို
ပြသရာရောက်သည်။ ထိုပုဂ္ဂိုလ်၏အတ္တကိုလည်း အစာကျွေးရာရောက်ပါသည်။ သို့သော်လည်း
စာရေးဆရာတစ်ဦးဖြစ်ခြင်း၊ စာရေးဆရာတစ်ဦးအဖြစ် ကျေနပ်မှုရှိခြင်းသည်
စာရေးခြင်းအလုပ်အပေါ်တွင် သစ္စာရှိခြင်း၊ နှစ်မြှုပ်ထားခြင်း
ပမာဏနှင့်သာဆိုင်ပါသည်။
စာရေးဆရာတစ်ဦးအနေဖြင့် ပထမဦးစားပေးရမည့် အရာသည်ကာ ကိုယ်တိုင် စိတ်ကျေနပ်မှုရှိခြင်းဖြစ်ပါ သည်။ လူများ၏အသိမှတ်ပြုခံရခြင်းကို
ပြသောအရာဖြစ်သည့်၊ ထင်ရှားသောဂျာနယ်၊ မဂ္ဂဇင်းများတွင် ပုံနှိပ်ခံရခြင်း
သို့မဟုတ် ဆုရရှိခြင်း၊ အသင်းအဖွဲ့တစ်ခုခုတွင် ပါဝင်ခြင်းဟူသည်တို့သည်ကား
ဒုတိယ၊ တတိယဦးစားပေးသာဖြစ်သင့်ပါသ ည်။
တက်သစ်စ စာရေးဆရာတစ်ဦးအနေဖြင့် သိထားသင့်သောအရာမှာ စာရေးခြင်းဟူသောအလုပ်သည် အခြားအလုပ်များနည်းတူ ကိုယ်စိတ်နှလုံးနှင့် ဝိရိယတို့ကို များစွာစိုက်ထုတ်ရသော အလုပ်ဖြစ်ပါသည်။ ဧကန်တကယ်ပင် လေ့လာမှုကိုလည်း လုပ်ရပါသည်။
ဒါကိုတော့ ကောင်းစွာသိထားပါ။
ဆေးပညာ၊ ဥပဒေပညာ၊ ဗိသုကာပညာကဲ့သို့သော ပညာရပ်များတွင် နှစ်ပေါင်းများစွာ လေ့ကျင့် ပျိုးထောင်သော နည်းလမ်းများရှိပါသည်။ သို့သော်လည်း လူများ၏ အမြင်မှာ လေးကြောင်းကဗျာလေးတစ်ပုဒ်ကို ညအနည်းငယ်လောက် အိပ်ပျက်ခံ၍ ရေးလိုက်လျှင် ကဗျာဆရာဖြစ်လာပြီဟူ၍ ဖြစ်ပါသည်။ ပညာပါရမီ ထူးခြားသော ပုဂ္ဂိုလ်ကြီးများသည်ပင်လျှင် ဂန္ထဝင်စာတစ်ခုထွက်လာစေရန်အတွက် လေ့ကျင့်မှုနှင့် လေ့လာမှုများစွာကို လုပ်ခဲ့ရပါသည်။ လေ့ကျင့်မှုနှင့်လေ့လာမှုတို့ သည် ကျောင်းနှင့် တက္ကသိုလ်များတွင် ပြုလုပ်ရခြင်းမဟုတ်ပါ။ အလွန်ရက်စက်ကြမ်းကြုတ်သော ဘဝတက္ကသိုလ်တွင် ဖြစ်ပါသည်။
ထို့ကြောင့် တက်သစ်စ စာရေးဆရာများအနေဖြင့် သိရမည့်အရာတစ်ခုမှာ ကိုယ့်ကိုယ်ကို အရှိအတိုင်း မြင်တတ်ဖို့ဖြစ်ပါသည်။ ဤနေရာတွင် ကိုယ့်ကိုယ့်ကို အရှိအတိုင်းနှင့် မရှိလျှင် မရှိသည့်အတိုင်း မြင်ရန်အရေးကြီးပါသည်။ Elliot Blackiston ၏ Teach Yourself to Write (ကိုယ့်ကိုယ်ကို စာရေးသင်ပါ) ဟူသော စာအုပ်၏ ရှေ့ဆုံးအခန်းတွင် အဖွင့်စကားကို ဤသို့ဆိုထားသည်။
“သင်သည် စာရေးဆရာကောင်းဖြစ်ချင်လျှင်
သင်၏ လက်နှိပ်စက်ပေါ်တွင် စာလုံးကြီးကြီးဖြင့် ရိုက်ထားမည်ဖြစ်ပါသည်။
ထိုစကားလုံးမှာ HONESTY (ဖြောင့်မတ်ခြင်း) ဖြစ်ပါသည်။ အကယ်၍
အင်္ဂလိပ်အဘိဓာန်တွင် ဤစကားလုံးကို အဓိပ္ပါယ်ဖွင့်ထားပုံကို
ဖတ်ကြည့်မည်ဆိုလျှင် တရားမျှတခြင်း၊ ပွင့်လင်းခြင်း၊ ဖြောင့်မတ်ခြင်း၊
ရိုးသားခြင်း၊ မှန်ကန်ခြင်းဟူသော အရည်အတို့ကို တွေ့ရမည်ဖြစ်သည်။
အဘိဓာန်ထဲတွင် အပေါ်ယံအားဖြင့် အဓိပ္ပါယ်သက်မှတ်ချက်တစ်ခုဟူ ၍ သာမြင်နိုင်မည်ဖြစ်သော်လည်း စာရေးဆရာဖြစ်ချင်သူ မည်သူ့အတွက်မဆို လမ်းပြအိမ်မြောင်ပမာဖြစ်သော စကားစုလေးးတစ်ခုကို တွေ့နိုင်ပါသည်။ ထိုစကားစုလေးသည် အားကိုအားထားစရာဖြစ်ပါသည်။ ယင်းစကားစုလေးမှာ သိပ်လေးလေးနက်နက်တော့မဟုတ်ပါ။ ရှင်းရှင်းလင်းလင်းဖြစ်ပါသည်။ ၄င်းမှာအတုအပမှာ ကင်းခြင်း၊ လိမ်ညာခြင်းကင်းခြင်း၊ လှည့်စားခြင်းကင်းခြင်း၊ မာယာဥာဏ်တို့မှ ကင်းခြင်းဟူ၍ ဖြစ်ပါသည်။
စာရေးဆရာဖြစ်ချင်သောသူသည် ဤမေးခွန်းကို မလိမ်မညာဘဲ ဖြောင့်မှန်စွာ မှန်ကန်စွာဖြေနိုင်ရပါမည်။ ဤမေးခွန်းမှာ လွယ်လွယ်ရှင်းရှင်းလေးဖြစ်ပါသည်။
ဘာကြောင့် စာရေးဆရာဖြစ်ချင်တာလည်း မေးခွန်းက လွယ်သလောက်၊ မလိမ်မညာဘဲ ဖြောင့်မတ်စွာ ဖြေဖို့ တော်တော်ခက်ပါသည်။ အဖြေများစွာရှိပါသည်။ ဥပမာ- အောင်မြင်ကျော်ကြားသော စာရေးဆရာများကို ကြည့်၍အားကျပြီး သူတို့ကဲ့သို့ဖြစ်ချင်သေြာေ ကာင့်
ဖြစ်သည်။ သာမန်စားပြီး အိပ်နေသော သတ္တဝါတစ်ဦး၏ ဘဝထက်ပိုသော ဘဝကို
ပိုလိုချင်၍ဖြစ်သည်။ ဘဝသစ်တစ်ခုကို လက်ဖြင့် ဖန်တီးလိုသောကြောင့် ဖြစ်သည်။
စာရေးဆရာဖြစ်ချင်သောအကြောင်းများစွာရှိနိုင်ပါသည်။
စာရေးဆရာဖြစ်ချင်သော သူအတွက် အရေးကြီးသောအရာမှာ ခံနိုင်ရည်ရှိဖို့ဖြစ်သည်။
ဆိုလိုသည်မှာ နှစ်ပေါင်းချီ၍ လျစ်လျူရှုခံရခြင်း၊ အထီးကျန်အဖော်မဲ့ခြင်း၊
အလုပ်လုပ်ရခြင်းတို့ကို ခံနိုင်ရန်လိုပါသည်။ အဖွဲ့အစည်းများသည်
အမြတ်ထုတ်လိုသော ထုတ်ဝေသူများ၏ အန္တရယ်မှ ကာကွယ်ပေးကောင်းပေးနိုင်ပါလိမ့်မည်။ သို့သော်ကြိုးပမ်းမှု၊ လေ့လာမှုတို့ကို အစားထိုးနိုင်သောအရာမရှိပါ။ စာရေးဆရာကိုယ်တိုင် ဇောက်ချ၍လုပ်ရသောအလုပ်ကို အစားထိုးနိုင်သောအရာလည်း မရှိပါ။ ဘယ်သူ့အကူအညီမှမပါဘဲ စာရေးဆရာကိုယ်တိုင်လုပ်ရမည့် 
အလုပ်များစွာရှိပါသည်။ စာရေးသောအလုပ်သည် စာရေးဆရာအပေါ် လေ့လာမှု၊ ဝိရိယ၊
စောက်ချနိုင်မှု၊ အားထုတ်မှုများစွာကို တောင်းဆိုသော အလုပ်ဖြစ်ပါသည်။
ရုန်းကန်နေဆဲ စာရေးဆရာများသည်လည်းကောင်း၊ အခြေခိုင်ပြီးသော စာရေးဆရာများသည်လည်းကောင်း၊
မကျေနပ်ချက်တစ်ခုနှင့် ပတ်သက်၍ ညည်းညူကြသည်ကို ကြားရပါသည်။ သူတို့သည်
တရားမျှတမှု မရှိသော ထုတ်ဝေသူများနှင့် စာဖတ်ပရိသတ်တို့၏ဒဏ်ကို
အမြဲတမ်းခံနေရသည် ဟူ၍ ဖြစ်ပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ သက်သာအောင်
လုပ်ပေးနိုင်သော နည်းလမ်းများရှိပါသည်။ သို့သော် စာရေးသားခြင်း၏
အနုပညာဖန်တီးမှုကို မူကား မည်သည့်အရာ မည်သည့်ပုဂ္ဂိုလ်မှ
အထောက်အကူမပေးနိုင်ပါ။ ဥပမာပြောရလျှင် မိခင်၏ဝမ်းဗိုက်ထဲမှ ကလေးကို
မွေးဖွားလာစေရန်အတွက် အချိန်ရောက်ရန် မည်သည့် သိပ္ပံနည်းပညာများက
မတတ်နိုင်သကဲ့သို့ ဖြစ်သည်။ စာရေးဆရာ၏ အခန်းကဏ္ဍာန်သည် ရယူခြင်းမဟုတ်၊
ပေးဆပ်ရခြင်းဖြစ်သည်ကို သတိပြပါ။
ထို့ကြောင့် စာရေးဆရာများအတွက် အလုပ်ကို ဇောက်ချခြင်း၊ ရုန်းကန်ခြင်းတို့သာလျှင် လုပ်ရန်နှင့် လွဲ၍ အခြားနည်းမရှိပါ။ ကျွန်မကိုယ်တိုင်သည် နှစ်ပေါင်းလေးဆယ် စာရေးသည့်အလုပ်ကို လုပ်ခဲ့ပါသည်။ ရုန်းကန်မှုနှင့် အလုပ်ကြိုးစားမှုကသာ အောင်မြင်မှုကို ဖြစ်စေပါသည်။
ခင်မျိုးချစ် (၁၇၊ ဒီဇင်ဘာ ၁၉၆၆)
( ဘာသာပြန်သူ၏ မှတ်ချက် – မေမေက စာရေးဆရာ ဘာကြောင့် ဖြစ်ချင်သနည်းဟူသော မေးခွန်းလို မလိမ်မညာဘဲ မှန်မှန်ကန်ကန် ဖြေဖို့ပြောပါသည်။ ကျွန်တော် ကိုယ်တိုင် မလိမ်မညာဘဲ မှန်မှန်ကန်ကန်ဖြေရလျှင် အောင်မြင်ကျော်ကြားသော စာရေးဆရများကို မြင်၍ သူတို့လိုဖြစ်ချင်သောကြောင့် 
ဟု ဖြေရပါမည်။ ဒီအဖြေကိုမေမေသိကြားလျှင် ဘာပြောမည်နည်း။ ဒါဆိုရင် မင်းဟာ
စာရေးဆရာမဖြစ်ထိုက်ဘူး ဟုပြောမလား။ မင်းက မလိမ်မညာဘဲ မှန်မှန်ဖြေတတ်တာတော့
မဆိုးဘူးလို့ ပြောမလား။ မေမေက စာရေးဆရာဟူသည် ရယူခြင်းမဟုတ်
ပေးဆပ်ရခြင်းလို့ ဆိုသော်လည်း ကျွန်တော်ကတော့ ဘာတွေရမည်လဲ ဆိုတာကိုပဲ
တွက်ကြည့်နေမိပါတယ်။ (ဒေါက်တာခင်မောင်ဝင်း))
(မိုးမခပြန်လည်ဆန်းသစ်) ဒီဇင်ဘာ ၈၊ ၂၀၁၅
နတ်တော်လသည် မြန်မာပြက္ခဒိန်အရ ကိုးလမြောက်လဖြစ်သည်။ ထိုအချိန်တွင် လူကြီး၊ လူငယ်များတို့၏ အတွေးများသည် မြန်မာစာပေနှင့် ကဗျာများဘက်သို့ ဦးလှည့်၍နေကြသည်။ လူကြီးများက ရှေးခေတ်က အောက်မေ့ဖွယ်များကို ပြန်လည်သတိရကြသည်။ လူငယ်များက သူတို့၏စိတ်ကူးယဉ် အိပ်မက်များဆီသို့ လှည့်သွားကြသည်။
ကျမကတော့ ကျမ၏ပတ်ဝန်းကျင်တွင် လူကြီးအရွယ်သို့ ရောက်ပြီဟု အများက သတ်မှတ်ကြပါသည်။ သို့သော်လည်း ကျမ၏နှလုံးသားကတော့ ငယ်နေဆဲဖြစ်ပါသည်။ ထို့ကြောင့်ကျမ၏အတွေးများသည
ပစ္စုပ္ပန်ကာလကို ရှေးဦးစွာ သုံးသပ်၍ ကြည့်မိပါသည်။ ထိုအခါ ကျမတွေးမိသည်မှာ ယနေ့ခေတ် လူငယ်စာရေးဆရာများသည် အလွန်ပင်ကံကောင်းကြပါသည်။ အကြောင်းမှာ သူတို့၏ရေးသားချက်များကို ထုတ်ဝေပေးသည့်စာပေတိုက်များ
(ဒေါ်ခင်မျိုးချစ် ထိုဆောင်းပါးကို ရေးသည့်အချိန်ကား ၁၉၆၆ ခုနှစ် ဒီဇင်ဘာလဖြစ်ပါသည်။ ဘာသာပြန်သူ)
ယနေ့သည် မြန်မာနိုင်ငံ စာရေးဆရာများနှင့် သတင်းစာဆရာများအသင်းကို ဖွဲ့ရန်အတွက် ပြင်ဆင်နေသည့် ကာလဖြစ်ပါသည်။ ယင်းကာလတွင် စာပေအတိုင်းအဝိုင်း၌ ဆွေးနွေးနေကြသော ကိစ္စမှာ စာရေးဆရာဟူသည် အဘယ်နည်း ? ဟူသော မေးခွန်းဖြစ်သည်။ ဤ မေးခွန်း၏အဖြေနှင့် ပတ်သက်၍ ထိုအသင်းဖွဲ့စည်းပုံ၏ မူကြမ်းတွင် လူတစ်ယောက်ကို စာရေးဆရာအဖြစ် အသိအမှတ်ပြုရန်အတွက် ဝတ္ထုရှည် သို့မဟုတ် ဆောင်းပါးများ သို့မဟုတ် ကဗျာများအရေအတွက် တစ်ခုခုကို ပုံနှိပ်ဖော်ပြထားခြင်း ရှိရမည်ဟူ၍ ဖြစ်ပါသည်။
အသင်းဖွဲ့စည်းတော့မည်ဖြစ်သြ
ဤနေရာတွင် သတင်းစာဆရာဟူသော အဓိပ္ပါယ် သတ်မှတ်ရန် သူတို့၏လုပ်ငန်း၏ သဘာဝအရ ပြဿနာ မရှိပါ။ အခြားသောလုပ်ငန်းများဖြစ်သည
သိထားရသည်မှာ မည်သည့်အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ ထောက်ခံစာ၊ မည်သည့်အသင်းဝင်ဖြစ်ခြင်းတု
စာရေးဆရာတစ်ဦးအနေဖြင့် ပထမဦးစားပေးရမည့် အရာသည်ကာ ကိုယ်တိုင် စိတ်ကျေနပ်မှုရှိခြင်းဖြစ်ပါ
တက်သစ်စ စာရေးဆရာတစ်ဦးအနေဖြင့် သိထားသင့်သောအရာမှာ စာရေးခြင်းဟူသောအလုပ်သည် အခြားအလုပ်များနည်းတူ ကိုယ်စိတ်နှလုံးနှင့် ဝိရိယတို့ကို များစွာစိုက်ထုတ်ရသော အလုပ်ဖြစ်ပါသည်။ ဧကန်တကယ်ပင် လေ့လာမှုကိုလည်း လုပ်ရပါသည်။
ဒါကိုတော့ ကောင်းစွာသိထားပါ။
ဆေးပညာ၊ ဥပဒေပညာ၊ ဗိသုကာပညာကဲ့သို့သော ပညာရပ်များတွင် နှစ်ပေါင်းများစွာ လေ့ကျင့် ပျိုးထောင်သော နည်းလမ်းများရှိပါသည်။ သို့သော်လည်း လူများ၏ အမြင်မှာ လေးကြောင်းကဗျာလေးတစ်ပုဒ်ကု
ထို့ကြောင့် တက်သစ်စ စာရေးဆရာများအနေဖြင့် သိရမည့်အရာတစ်ခုမှာ ကိုယ့်ကိုယ်ကို အရှိအတိုင်း မြင်တတ်ဖို့ဖြစ်ပါသည်။ ဤနေရာတွင် ကိုယ့်ကိုယ့်ကို အရှိအတိုင်းနှင့် မရှိလျှင် မရှိသည့်အတိုင်း မြင်ရန်အရေးကြီးပါသည်။ Elliot Blackiston ၏ Teach Yourself to Write (ကိုယ့်ကိုယ်ကို စာရေးသင်ပါ) ဟူသော စာအုပ်၏ ရှေ့ဆုံးအခန်းတွင် အဖွင့်စကားကို ဤသို့ဆိုထားသည်။
“သင်သည် စာရေးဆရာကောင်းဖြစ်ချင်လျှင
စာရေးဆရာဖြစ်ချင်သောသူသည် ဤမေးခွန်းကို မလိမ်မညာဘဲ ဖြောင့်မှန်စွာ မှန်ကန်စွာဖြေနိုင်ရပါမည်။ ဤမေးခွန်းမှာ လွယ်လွယ်ရှင်းရှင်းလေးဖြစ်ပ
ဘာကြောင့် စာရေးဆရာဖြစ်ချင်တာလည်း မေးခွန်းက လွယ်သလောက်၊ မလိမ်မညာဘဲ ဖြောင့်မတ်စွာ ဖြေဖို့ တော်တော်ခက်ပါသည်။ အဖြေများစွာရှိပါသည်။ ဥပမာ- အောင်မြင်ကျော်ကြားသော စာရေးဆရာများကို ကြည့်၍အားကျပြီး သူတို့ကဲ့သို့ဖြစ်ချင်သေြာေ
စာရေးဆရာဖြစ်ချင်သောအကြောင်
ရုန်းကန်နေဆဲ စာရေးဆရာများသည်လည်းကောင်း၊
ထို့ကြောင့် စာရေးဆရာများအတွက် အလုပ်ကို ဇောက်ချခြင်း၊ ရုန်းကန်ခြင်းတို့သာလျှင် လုပ်ရန်နှင့် လွဲ၍ အခြားနည်းမရှိပါ။ ကျွန်မကိုယ်တိုင်သည် နှစ်ပေါင်းလေးဆယ် စာရေးသည့်အလုပ်ကို လုပ်ခဲ့ပါသည်။ ရုန်းကန်မှုနှင့် အလုပ်ကြိုးစားမှုကသာ အောင်မြင်မှုကို ဖြစ်စေပါသည်။
ခင်မျိုးချစ် (၁၇၊ ဒီဇင်ဘာ ၁၉၆၆)
( ဘာသာပြန်သူ၏ မှတ်ချက် – မေမေက စာရေးဆရာ ဘာကြောင့် ဖြစ်ချင်သနည်းဟူသော မေးခွန်းလို မလိမ်မညာဘဲ မှန်မှန်ကန်ကန် ဖြေဖို့ပြောပါသည်။ ကျွန်တော် ကိုယ်တိုင် မလိမ်မညာဘဲ မှန်မှန်ကန်ကန်ဖြေရလျှင် အောင်မြင်ကျော်ကြားသော စာရေးဆရများကို မြင်၍ သူတို့လိုဖြစ်ချင်သောကြောင်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။