ကြက်ပေါင်းဆီချက်ခေါက်ဆွဲ ချက်နည်း
------------
နေကောင်းခါစ ပါးစပ်ပျက်နေတဲ့သူတွေအတွက်ေ ရာ၊ ကလေး၊လူကြီး ဘယ်အချိန်စားစား သင့်တော်တဲ့ အစားအစာပါရှင်။ ပြင်ဆင်ရတာလည်း အရမ်းလွယ်ကူပါတယ်။
ကဲကဲတို့ အိမ်မှာ ဆီချက်ခေါက်ဆွဲ လုပ်စားတဲ့အခါ ကြက်သား(ဘဲသား)ကို ပေါင်းပြီး ထည့်ပါတယ်။ ပိုမွှေးပြီး အရသာလည်း ပိုကောင်းပါတယ်။
အသားတွေကို ပြုတ်လိုက်မယ်ဆိုရင် အသားရဲ့ အချိုဓာတ်တွေက ဟင်းရည်ထဲကို ရောက်သွားပြီး စားရတာ ပေါ့ရွှတ်ရွှတ် ဖြစ်နေတတ်လို့ပါ။
ကြက်ပေါင်းဆီချက်နည်းလေးကို share ပါမယ်ရှင်။
Ingredients:
ကြက်ပေါင် ၄ပေါင်
ကြက်အရိုး ၅ကျပ်သား
ခေါက်ဆွဲအပြား ၂၀ကျပ်သား
ချင်း အနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း၁ဇွန်း
တရုတ်မဆလာ အနည်းငယ်
မှိုခြောက် ၂ပွင့် (optional)
ငုံးဥ ၈လုံး (optional)
ဆား အနည်းငယ်
ကြက်သွန်ဖြူ ၁၅မွှာ
ကြက်သွန်မိတ် ၄ပင်
ငရုတ်ဆီ အနည်းငယ်
ကြက်သွန်နီ ၂ဥ
ငရုတ်သီးစိမ်း အနည်းငယ်
ငရုတ်ကောင်းမှုန့်  အနည်းငယ်
ပဲငံပြာရည်အကြည်
Preparation Method:
၁) ကြက်အရိုးနှင့် ကြက်ပေါင်တွေကို ရေဆေးပြီး ဆား၊ ပဲငံပြာရည်အကြည်တို့ ဖြင့် နယ်ပါ။ ပေါင်းမည့်အိုးထဲကို အသားမြုပ်ရုံ ရေထည့်၊ ချင်း၊ ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်၊ တရုတ်မဆလာ အနည်းငယ်၊ ဆီ ပါလေကာ ထည့်ပြီး အသားနူးအိအောင် တည်ပါ။
မှိုခြောက်၊ ငုံးဥတိုပါထည့်မည်ဆိုလျှင် မှိုခြောက်ကို အရင်စိမ်၊ ငုံးဥတွေကို ပြုတ်ပါ။ ပြီးလျှင် ပေါင်းမည့်အိုးထဲကို တခါတည်း ထည့်ပါ။
၂) ကြက်သွန်ဖြူကို ဆီများများဖြင့် ဆီချက်ချက်ပါ။ ကြက်သွန်မိတ်ကို ပါးပါးလှီးပါ။
၃) အသားနူးအိပြီဆိုလျှင် ကြက်ပေါင်တွေကို ဆယ်ယူပါ။ ဟင်းချိုအတွက် ကျန်နေသော ကြက်အရိုးတွေကို ရေထည့်ပြီး ဆူအောင်တည်ပါ။
၎) ခေါက်ဆွဲပြုတ်ရန်အတွက် အိုးတစ်လုံးဖြင့် ရေနွေး ပွက်ပွက်ဆူအောင် တည်ပါ။
၅) ပြင်မယ့်ပန်းကန်ထဲကို ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့် တို့ ထည့်ပြီး မွှေပါ။
၆) တစ်ပွဲစာ ခေါက်ဆွဲကို ရေဆူဆူထဲ ထည့်ြ့ပုတ်၊ ရေစစ်ပြီး ပန်းကန်ထဲ ထည့်ပါ။ ပြီးလျှင် တူဖြင့် နှံ့ အောင် မွှေပါ။
ရ) ကြက်ပေါင်တစ်ခုကို အနေတော် ခုတ်ထစ်ပြီး တင်ပါ။ ကြက်သွန်ဖြူဆီချက်နှင့် ပါးပါးလှီးထားသော ကြက်သွန်မိတ်ကို အပေါ်မှ ဖြုးပါ။
၈) ဟင်းချိုကို ပန်းကန်လေးထဲ ခပ်ထည့်၊ ကြက်သွန်မိတ် နှင့် ငရုတ်ကောင်းမှုန့် တို့ ထည့်ပါ။
၉) အချဉ်အတွက် ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငရုတ်ဆီ အနည်းငယ်တို့ ဖြင့် ပြင်ပေးပါ။
ကြက်ပေါင်းဆီချက်မွှေးမွှေးလေး ရပါပြီရှင်။
Credit : KaeKae's FoodPalace
------------
နေကောင်းခါစ ပါးစပ်ပျက်နေတဲ့သူတွေအတွက်ေ
ကဲကဲတို့ အိမ်မှာ ဆီချက်ခေါက်ဆွဲ လုပ်စားတဲ့အခါ ကြက်သား(ဘဲသား)ကို ပေါင်းပြီး ထည့်ပါတယ်။ ပိုမွှေးပြီး အရသာလည်း ပိုကောင်းပါတယ်။
အသားတွေကို ပြုတ်လိုက်မယ်ဆိုရင် အသားရဲ့ အချိုဓာတ်တွေက ဟင်းရည်ထဲကို ရောက်သွားပြီး စားရတာ ပေါ့ရွှတ်ရွှတ် ဖြစ်နေတတ်လို့ပါ။
ကြက်ပေါင်းဆီချက်နည်းလေးကို
Ingredients:
ကြက်ပေါင် ၄ပေါင်
ကြက်အရိုး ၅ကျပ်သား
ခေါက်ဆွဲအပြား ၂၀ကျပ်သား
ချင်း အနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
ပဲငံပြာရည်အကြည် ထမင်းစားဇွန်း၁ဇွန်း
တရုတ်မဆလာ အနည်းငယ်
မှိုခြောက် ၂ပွင့် (optional)
ငုံးဥ ၈လုံး (optional)
ဆား အနည်းငယ်
ကြက်သွန်ဖြူ ၁၅မွှာ
ကြက်သွန်မိတ် ၄ပင်
ငရုတ်ဆီ အနည်းငယ်
ကြက်သွန်နီ ၂ဥ
ငရုတ်သီးစိမ်း အနည်းငယ်
ငရုတ်ကောင်းမှုန့်  အနည်းငယ်
ပဲငံပြာရည်အကြည်
Preparation Method:
၁) ကြက်အရိုးနှင့် ကြက်ပေါင်တွေကို ရေဆေးပြီး ဆား၊ ပဲငံပြာရည်အကြည်တို့ ဖြင့် နယ်ပါ။ ပေါင်းမည့်အိုးထဲကို အသားမြုပ်ရုံ ရေထည့်၊ ချင်း၊ ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်၊ တရုတ်မဆလာ အနည်းငယ်၊ ဆီ ပါလေကာ ထည့်ပြီး အသားနူးအိအောင် တည်ပါ။
မှိုခြောက်၊ ငုံးဥတိုပါထည့်မည်ဆိုလျှင် မှိုခြောက်ကို အရင်စိမ်၊ ငုံးဥတွေကို ပြုတ်ပါ။ ပြီးလျှင် ပေါင်းမည့်အိုးထဲကို တခါတည်း ထည့်ပါ။
၂) ကြက်သွန်ဖြူကို ဆီများများဖြင့် ဆီချက်ချက်ပါ။ ကြက်သွန်မိတ်ကို ပါးပါးလှီးပါ။
၃) အသားနူးအိပြီဆိုလျှင် ကြက်ပေါင်တွေကို ဆယ်ယူပါ။ ဟင်းချိုအတွက် ကျန်နေသော ကြက်အရိုးတွေကို ရေထည့်ပြီး ဆူအောင်တည်ပါ။
၎) ခေါက်ဆွဲပြုတ်ရန်အတွက် အိုးတစ်လုံးဖြင့် ရေနွေး ပွက်ပွက်ဆူအောင် တည်ပါ။
၅) ပြင်မယ့်ပန်းကန်ထဲကို ကြက်သွန်ဖြူဆီချက်၊ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းမှုန့် တို့ ထည့်ပြီး မွှေပါ။
၆) တစ်ပွဲစာ ခေါက်ဆွဲကို ရေဆူဆူထဲ ထည့်ြ့ပုတ်၊ ရေစစ်ပြီး ပန်းကန်ထဲ ထည့်ပါ။ ပြီးလျှင် တူဖြင့် နှံ့ အောင် မွှေပါ။
ရ) ကြက်ပေါင်တစ်ခုကို အနေတော် ခုတ်ထစ်ပြီး တင်ပါ။ ကြက်သွန်ဖြူဆီချက်နှင့် ပါးပါးလှီးထားသော ကြက်သွန်မိတ်ကို အပေါ်မှ ဖြုးပါ။
၈) ဟင်းချိုကို ပန်းကန်လေးထဲ ခပ်ထည့်၊ ကြက်သွန်မိတ် နှင့် ငရုတ်ကောင်းမှုန့် တို့ ထည့်ပါ။
၉) အချဉ်အတွက် ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ငရုတ်ဆီ အနည်းငယ်တို့ ဖြင့် ပြင်ပေးပါ။
ကြက်ပေါင်းဆီချက်မွှေးမွှေးလေ
Credit : KaeKae's FoodPalace

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။