Social Media အနှစ်ချုပ်ဖတ်စာ
Social Media အ ကြောင်းကို အပိုင်းလိုက်ခွဲပြီး အရင်ကလည်း များစွာရေးသားဝေမျှခဲ့ပါတယ် ။ ခုတစ်ခါလည်း Social Media အောက် ကပဲ စဉ်းစားပြီး Social Media အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ရေးသားတာ
ထက် အနှစ်ချုပ်ပြီး ပေါင်းစည်းရေး သားဖော်ပြလိုခြင်း ဖြစ်ပါတယ်။ Social
Media အနှစ်ချုပ်ခေါင်းစဉ် အောက်မှာ Social Media ဆိုတာ ဘာတွေလဲ၊Social
Media ဖြစ်ပေါ် ပြောင်းလဲလာပုံ၊ Social Media ရဲ့ အားသာချက်ကောင်းကွက်တွေ၊ Social Media ရဲ့ ရိုက်ခတ်မှုတွေ စတဲ့ အကြောင်း အရာတွေကို ခြုံငုံ ရေးသားလိုပါတယ်။
အင်တာနက်ဟာ လူသားတွေရဲ့ နေ့စဉ်ဘဝတွေ၊ လှုပ် ရှားမှုတွေကို လုံးဝပြောင်းလဲလိုက် ပြီး လူသားတွေရဲ့ လူမှုဘဝမှာ တစ် ယောက်နဲ့တစ်ယောက် အပြန်အ လှန် တုံ့ပြန် ဆက်ဆံမှုတွေ ဆက် ဆံရေးတွေကို ပုံသဏ္ဌာန်ပြောင်း လဲစေခဲ့ပါတယ်။ Social Media ကို အသုံးပြုခြင်းအားဖြင့် လူသားတွေ ဟာ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို အပြန် အလှန်လဲလှယ်ကြည့်ရှုနိုင်သလို
သတင်းတွေ၊ နောက်ဆုံးရ အချက် အလက်တွေကိုလည်း အပြန်အ
လှန်ဝေမျှဖတ်ရှုနိုင်လာပြီး ဘလော့ တွေကတစ်ဆင့် ကိုယ်ပိုင် စာတမ်း တွေ၊
အမြင်တွေကို ရေးသားနိုင် လာပါတယ်။
ဒါ့အပြင် အွန်လိုင်းစကား ဝိုင်းတွေကလည်း Social Media ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လှုပ် ရှားလျက်ရှိပါတယ်။ ဒီနေ့ခေတ် မှာ Social Media ဆိုတာ ကျယ် ပြန့်လာတဲ့အဓိက အကြောင်းရင်း ကတော့ အားလုံးပါဝင်နိုင်လို့ပဲ ဖြစ်ပါတယ်။ လူတစ်ဦးချင်းကစပြီး အစုအဖွဲ့လိုက်၊ စီးပွားရေးလုပ်ငန်း တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေ နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက်ပါ လူပေါင်း များစွာနဲ့ တစ် ပြိုင်နက်တည်း တွေ့ဆုံ ဆက် သွယ်နိုင်တဲ့ Tool တစ်ခု ဖြစ်နေ တာက Social Media ဆိုတာကို ဒီနေ့ လူတိုင်း တစ်ခုမဟုတ် တစ်ခု သုံးစွဲနေကြတဲ့ အဓိက အကြောင်း ရင်း တစ်ခုဖြစ်လာပါတယ်။
Social Media ထဲမှာ ပါဝင်တဲ့ အွန်လိုင်း Tools တွေကို ဖော်ပြရမယ်ဆိုရင်တော့ ဘလော့ဂ်၊ ဝီကီ၊ Social Bookmarking ပြု လုပ်ခြင်း၊ Scial Networking ဝက်ဘ်ဆိုက်တွေ၊ Status-Update Service တွေ၊ Virtual World Content တွေနဲ့ Media Sharing ပြုလုပ် တဲ့ ဝက်ဘ် ဆိုက်မှန်သမျှ ဖြစ်ပါတယ်။
တစ်ခုချင်းကို အတိုချုပ် ဆိုရမယ်ဆိုရင် Blog ဆိုတာက Web Log က ဆင်းသက်လာတဲ့ စကားဖြစ်ပြီး အစဉ်လိုက်ဖော်ပြ ထားတဲ့ စာမျက်နှာတွေ ဖြစ်ပါ တယ်။ အွန်လိုင်းဂျာနယ်လို့ ခေါ် နိုင်တဲ့ Blog တွေအတွက် Wordpress တို့ Tumblr တို့ Blogger တို့ကနေ အခမဲ့ Hosting တွေကို ပေးထားပါတယ်။
ဝီကီကတော့ အားလုံးသိ နေကြတဲ့ စုပေါင်းစပ်ပေါင်း ဗဟု သုတ ဝက်ဘ်ဆိုက်ကြီးကို ခေါ်တာ ဖြစ်ပါတယ်။ ဝီကီထဲမှာ အ ကြောင်း အရာတွေကို မည်သူမဆို ရေးနိုင်ပြင်နိုင်တင်နိုင်ြ ပီး
မည်သူ မဆို လွတ်လပ်စွာ ကူးယူမှီငြမ်း နိုင်ပါတယ်။ ဝီကီဝက်ဘ်ဆိုက် တွေ
ထဲမှာ နာမည်အကြီးဆုံး၊ လူ သုံးအများဆုံးကတော့ ဝီကီပိဒိယ လို့ ခေါ်တဲ့
Wikipedia ဖြစ်ပါ တယ်။ အဲဒါကတော့ ဝီကီနည်း ပညာကို သုံးထားတဲ့ အခမဲ့အွန်
လိုင်းစွယ်စုံကျမ်းပါ။
Social Bookmarking ဝက်ဘ်ဆိုက်တွေကတော့ ဝက်ဘ် ဆိုက်တွေကို စုစည်းမှတ်သားပြီး ပြန်လည်ဝေမျှဖို့ အသုံးပြုကြတာ ဖြစ်ပါ တယ်။ ဥပမာဝက်ဘ်ဆိုက် တွေကတော့ StumbleUpon နဲ့ Digg တို့ကိုပြဆိုနိုင်ပါတယ်။
Social Network ဆိုက် တွေကတော့ အားလုံးသိပြီးကြတဲ့ Facebook လို ဝက်ဘ်ဆိုက်မျိုးပါ။ လူတွေတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆက်သွယ်နိုင်ဖို့ Web အခြေခံဝန်ဆောင်မှုတွေကို Social Network လို့ ခေါ်ပါတယ်။
Status-Update ဝန် ဆောင်မှုဆိုတာက Micro-Blogging ဆားဗစ်တွေလို့လည်း သိရှိ ထားကြတဲ့ အွန်လိုင်းဝန်ဆောင်မှု တွေ ကို ခေါ်တာဖြစ်ပါတယ်။ ဥပမာပြဆိုစရာ အထင်ကရ Status-Update Service တစ်ခုက တော့ Twitter ဖြစ်ပါတယ်။
Virtual World Content တွေကတော့ ဂိမ်းသမားတွေအ တွက် ဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိနေတဲ့သက်ရှိပတ်ဝန်း ကျင်လိုမျိုး သက်ဝင်လှုပ်ရှားတဲ့ ပတ်ဝန်းကျင်တွေကို Virtual ပတ် ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးကာ သုံးစွဲသူတွေအချင်းချင်း အဲဒီ Virtual Environment ထဲမှာ စီးမျောဆက်သွယ်နိုင်တဲ့ ဝက်ဘ် ဆိုက် တစ်မျိုး ဖြစ်ပါတယ်။ Second life လို ဂိမ်းပုံစံမျိုးပါ။
Media-sharing ဆိုက် တွေထဲမှာတော့ YouTube ကို လူသိအများဆုံးဖြစ်ပါတယ်။ Pinterest နဲ့ Instagram တွေကလည်း မီဒီယာ ဝေမျှတဲ့ဆိုက်တွေပါပဲ။ သူ ကတော့ ရှင်းပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဝေမျှတင်ပြတဲ့ ဝက်ဘ် ဆိုက်တွေကို Media-Sharing ဆိုက်များလို့ ခေါ်ခြင်းဖြစ်ပါတယ်။
အထက်ပါ Social Media ပုံစံတွေဟာ တစ်မျိုးနဲ့တစ် မျိုး တူညီတဲ့အပိုင်းတွေလည်း ရှိသ လို မတူညီဘဲ ကွဲပြားခြားနားတဲ့ အပိုင်းတွေ လည်း သူ့ဒီဂရီအလိုက် ရှိနေကြပါတယ်။ ဥပမာအားဖြင့် Twitter ဟာ Status-Update Service လည်း ဖြစ်သလို Social Networking Site တစ်မျိုးလည်း ဖြစ်နေပါတယ်။ ဒီလိုပဲ Social Network ဆိုက်ဖြစ်တဲ့ Facebook ပေါ်မှာလည်း ဓာတ်ပုံတို့၊ ဗီဒီယို တို့ အပါအဝင် တခြားမီဒီယာတွေကို ပါ ဝေမျှနိုင်ခြင်းနဲ့ Media-Sharing Site တစ်ခုဖြစ်တဲ့ Pinterest ပေါ်မှာလည်း လူတွေဟာ တစ် ယောက်နဲ့တစ်ယောက် Follow ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဆိုခဲ့တဲ့ Social Media တွေဟာ ၁၉၉ဝ နှောင်းပိုင်းက အင်တာနက်ပေါ်ထွန်းခဲ့ပြီး အသုံး ပြုသူတွေအနေနဲ့ Create ပြုလုပ် ခြင်း၊ Upload ပြုလုပ်ခြင်းတွေကို ပြုလုပ် လာနိုင်ခြင်းနဲ့အတူ စီးမျော လာခြင်း ဖြစ်ပါတယ်။ ပထမဆုံး Social Networking Site လို့ သတ် မှတ်ကြတဲ့ SixDegrees.Com က ၁၉၉၇ ခုနှစ်မှာ ပေါ်ထွက်ခဲ့ပြီး ၂ဝဝ၂ နောက်ပိုင်းမှာတော့ Social Network ဆိုက်တွေ တစ်ခုပြီး တစ် ခု ထွက်ပေါ်လာခဲ့ပါတယ်။ အထင် ရှားဆုံး ခေတ်ဦး Social Networking site တွေထဲမှာ Friendster တို့ MySpace တို့ Hi5 တို့ ပါဝင်ပါ တယ်။ Friendster ကတော့ နောက်ပိုင်းမှာ ဂိမ်းဆိုက် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ Social Media ဖြစ်ပါတယ်။ Social Networking ဆိုက်တွေထဲမှာ အားလုံး အမျိုးစုံလင်အောင်ပါဝင်တဲ့ Facebook လို ဆိုက်မျိုးအပြင် မိမိ စိတ်ဝင်စားရာအကြောင်းအရာ တစ်ခု အပေါ်မူတည်ပြီး စုစည်းဝေမျှကြ တဲ့ အစုအဖွဲ့လေးတွေလည်း ပေါ် ထွက်လာတတ်ပါတယ်။ ဥပမာပြရ ရင် MySpace တို့၊ Instagram တို့ Last.fm တို့ ဖြစ်ပါတယ်။
(ဆက်လက်ရေးသားပါမည်)
ကလျာအိအိလွင်
ဈေးကွက်ဂျာနယ်မှ
Social Media အ ကြောင်းကို အပိုင်းလိုက်ခွဲပြီး အရင်ကလည်း များစွာရေးသားဝေမျှခဲ့ပါတယ်
အင်တာနက်ဟာ လူသားတွေရဲ့ နေ့စဉ်ဘဝတွေ၊ လှုပ် ရှားမှုတွေကို လုံးဝပြောင်းလဲလိုက် ပြီး လူသားတွေရဲ့ လူမှုဘဝမှာ တစ် ယောက်နဲ့တစ်ယောက် အပြန်အ လှန် တုံ့ပြန် ဆက်ဆံမှုတွေ ဆက် ဆံရေးတွေကို ပုံသဏ္ဌာန်ပြောင်း လဲစေခဲ့ပါတယ်။ Social Media ကို အသုံးပြုခြင်းအားဖြင့် လူသားတွေ ဟာ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို အပြန် အလှန်လဲလှယ်ကြည့်ရှုနိုင်သလိ
ဒါ့အပြင် အွန်လိုင်းစကား ဝိုင်းတွေကလည်း Social Media ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လှုပ် ရှားလျက်ရှိပါတယ်။ ဒီနေ့ခေတ် မှာ Social Media ဆိုတာ ကျယ် ပြန့်လာတဲ့အဓိက အကြောင်းရင်း ကတော့ အားလုံးပါဝင်နိုင်လို့ပဲ ဖြစ်ပါတယ်။ လူတစ်ဦးချင်းကစပြီး အစုအဖွဲ့လိုက်၊ စီးပွားရေးလုပ်ငန်း တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရတွေ နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အတွက်ပါ လူပေါင်း များစွာနဲ့ တစ် ပြိုင်နက်တည်း တွေ့ဆုံ ဆက် သွယ်နိုင်တဲ့ Tool တစ်ခု ဖြစ်နေ တာက Social Media ဆိုတာကို ဒီနေ့ လူတိုင်း တစ်ခုမဟုတ် တစ်ခု သုံးစွဲနေကြတဲ့ အဓိက အကြောင်း ရင်း တစ်ခုဖြစ်လာပါတယ်။
Social Media ထဲမှာ ပါဝင်တဲ့ အွန်လိုင်း Tools တွေကို ဖော်ပြရမယ်ဆိုရင်တော့ ဘလော့ဂ်၊ ဝီကီ၊ Social Bookmarking ပြု လုပ်ခြင်း၊ Scial Networking ဝက်ဘ်ဆိုက်တွေ၊ Status-Update Service တွေ၊ Virtual World Content တွေနဲ့ Media Sharing ပြုလုပ် တဲ့ ဝက်ဘ် ဆိုက်မှန်သမျှ ဖြစ်ပါတယ်။
တစ်ခုချင်းကို အတိုချုပ် ဆိုရမယ်ဆိုရင် Blog ဆိုတာက Web Log က ဆင်းသက်လာတဲ့ စကားဖြစ်ပြီး အစဉ်လိုက်ဖော်ပြ ထားတဲ့ စာမျက်နှာတွေ ဖြစ်ပါ တယ်။ အွန်လိုင်းဂျာနယ်လို့ ခေါ် နိုင်တဲ့ Blog တွေအတွက် Wordpress တို့ Tumblr တို့ Blogger တို့ကနေ အခမဲ့ Hosting တွေကို ပေးထားပါတယ်။
ဝီကီကတော့ အားလုံးသိ နေကြတဲ့ စုပေါင်းစပ်ပေါင်း ဗဟု သုတ ဝက်ဘ်ဆိုက်ကြီးကို ခေါ်တာ ဖြစ်ပါတယ်။ ဝီကီထဲမှာ အ ကြောင်း အရာတွေကို မည်သူမဆို ရေးနိုင်ပြင်နိုင်တင်နိုင်ြ
Social Bookmarking ဝက်ဘ်ဆိုက်တွေကတော့ ဝက်ဘ် ဆိုက်တွေကို စုစည်းမှတ်သားပြီး ပြန်လည်ဝေမျှဖို့ အသုံးပြုကြတာ ဖြစ်ပါ တယ်။ ဥပမာဝက်ဘ်ဆိုက် တွေကတော့ StumbleUpon နဲ့ Digg တို့ကိုပြဆိုနိုင်ပါတယ်။
Social Network ဆိုက် တွေကတော့ အားလုံးသိပြီးကြတဲ့ Facebook လို ဝက်ဘ်ဆိုက်မျိုးပါ။ လူတွေတစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဆက်သွယ်နိုင်ဖို့
Status-Update ဝန် ဆောင်မှုဆိုတာက Micro-Blogging ဆားဗစ်တွေလို့လည်း သိရှိ ထားကြတဲ့ အွန်လိုင်းဝန်ဆောင်မှု တွေ ကို ခေါ်တာဖြစ်ပါတယ်။ ဥပမာပြဆိုစရာ အထင်ကရ Status-Update Service တစ်ခုက တော့ Twitter ဖြစ်ပါတယ်။
Virtual World Content တွေကတော့ ဂိမ်းသမားတွေအ တွက် ဖြစ်ပါတယ်။ အပြင်မှာ တကယ်ရှိနေတဲ့သက်ရှိပတ်ဝန်း ကျင်လိုမျိုး သက်ဝင်လှုပ်ရှားတဲ့ ပတ်ဝန်းကျင်တွေကို Virtual ပတ် ဝန်းကျင်တစ်ခုအဖြစ် ဖန်တီးကာ သုံးစွဲသူတွေအချင်းချင်း အဲဒီ Virtual Environment ထဲမှာ စီးမျောဆက်သွယ်နိုင်တဲ့ ဝက်ဘ် ဆိုက် တစ်မျိုး ဖြစ်ပါတယ်။ Second life လို ဂိမ်းပုံစံမျိုးပါ။
Media-sharing ဆိုက် တွေထဲမှာတော့ YouTube ကို လူသိအများဆုံးဖြစ်ပါတယ်။ Pinterest နဲ့ Instagram တွေကလည်း မီဒီယာ ဝေမျှတဲ့ဆိုက်တွေပါပဲ။ သူ ကတော့ ရှင်းပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ဝေမျှတင်ပြတဲ့ ဝက်ဘ် ဆိုက်တွေကို Media-Sharing ဆိုက်များလို့ ခေါ်ခြင်းဖြစ်ပါတယ်။
အထက်ပါ Social Media ပုံစံတွေဟာ တစ်မျိုးနဲ့တစ် မျိုး တူညီတဲ့အပိုင်းတွေလည်း ရှိသ လို မတူညီဘဲ ကွဲပြားခြားနားတဲ့ အပိုင်းတွေ လည်း သူ့ဒီဂရီအလိုက် ရှိနေကြပါတယ်။ ဥပမာအားဖြင့် Twitter ဟာ Status-Update Service လည်း ဖြစ်သလို Social Networking Site တစ်မျိုးလည်း ဖြစ်နေပါတယ်။ ဒီလိုပဲ Social Network ဆိုက်ဖြစ်တဲ့ Facebook ပေါ်မှာလည်း ဓာတ်ပုံတို့၊ ဗီဒီယို တို့ အပါအဝင် တခြားမီဒီယာတွေကို ပါ ဝေမျှနိုင်ခြင်းနဲ့ Media-Sharing Site တစ်ခုဖြစ်တဲ့ Pinterest ပေါ်မှာလည်း လူတွေဟာ တစ် ယောက်နဲ့တစ်ယောက် Follow ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ဆိုခဲ့တဲ့ Social Media တွေဟာ ၁၉၉ဝ နှောင်းပိုင်းက အင်တာနက်ပေါ်ထွန်းခဲ့ပြီး အသုံး ပြုသူတွေအနေနဲ့ Create ပြုလုပ် ခြင်း၊ Upload ပြုလုပ်ခြင်းတွေကို ပြုလုပ် လာနိုင်ခြင်းနဲ့အတူ စီးမျော လာခြင်း ဖြစ်ပါတယ်။ ပထမဆုံး Social Networking Site လို့ သတ် မှတ်ကြတဲ့ SixDegrees.Com က ၁၉၉၇ ခုနှစ်မှာ ပေါ်ထွက်ခဲ့ပြီး ၂ဝဝ၂ နောက်ပိုင်းမှာတော့ Social Network ဆိုက်တွေ တစ်ခုပြီး တစ် ခု ထွက်ပေါ်လာခဲ့ပါတယ်။ အထင် ရှားဆုံး ခေတ်ဦး Social Networking site တွေထဲမှာ Friendster တို့ MySpace တို့ Hi5 တို့ ပါဝင်ပါ တယ်။ Friendster ကတော့ နောက်ပိုင်းမှာ ဂိမ်းဆိုက် အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ Social Media ဖြစ်ပါတယ်။ Social Networking ဆိုက်တွေထဲမှာ အားလုံး အမျိုးစုံလင်အောင်ပါဝင်တဲ့ Facebook လို ဆိုက်မျိုးအပြင် မိမိ စိတ်ဝင်စားရာအကြောင်းအရာ တစ်ခု အပေါ်မူတည်ပြီး စုစည်းဝေမျှကြ တဲ့ အစုအဖွဲ့လေးတွေလည်း ပေါ် ထွက်လာတတ်ပါတယ်။ ဥပမာပြရ ရင် MySpace တို့၊ Instagram တို့ Last.fm တို့ ဖြစ်ပါတယ်။
(ဆက်လက်ရေးသားပါမည်)
ကလျာအိအိလွင်
ဈေးကွက်ဂျာနယ်မှ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။