စစ်ပွဲ
=====
စစ်ပွဲဟာ အမေ့ကို ဆွဲယူပစ်တယ်။
စစ်ပွဲဟာ အဖေ့ကို ဆွဲယူပစ်တယ်။
စစ်ပွဲဟာ အစ်ကို နှင့် အစ်မကို ဆွဲယူပစ်တယ်။
စစ်ပွဲဟာ ညီလေး နှင့် ညီမလေးကို ဆွဲယူပစ်တယ်။
စစ်ပွဲဟာ ကျွန်တော့် ခြေထောက် တစ်ဖက်ကို လဲ ဆွဲယူပစ်တယ်။
စစ်ပွဲဟာ အမှား၊အမှန်ကို မချန်ထားခဲ့ဘူး။
အမုန်းတရားကိုတော့ ချန်ခဲ့တယ်။
စက်ရုပ်ရွံ့ရှာတဲ့ နာကြည်းမျက်လုံးတွေအောက်မှာ
အမှောင်ကို တိတ်ဆိတ်ခြင်းကချယ်သတဲ့အခါ. ...
ကြောက်လန့်စရာကောင်းကြောင်း တီးတိုးပြောခဲ့တယ်။
မြင်ရဲ့လား.....
လွန့်လွန့်လူးလူး...
တမန်လွန်မှာ စစ်ပွဲရဲ့ အဆုံးကို မြင်လိုက်ရတဲ့ လိပ်ပြာတွေလေ..
နားထောင်....
မီးခိုး ဝေတွေကြားမှာ ငိုသံတွေကိုရော ကြားရဲ့လား။
တဆာဆာ ခေါ်နေကြတဲ့ အသံတွေမှာ ငါရင်းနှီးတဲ့ နာမည်ပါရဲ့..
အဖေ၊အမေ...
စစ်ပွဲဟာ လှပတဲ့ဘ၀တွေကို အရောင်ဆိုး ဆိုးခဲ့တယ်။
စစ်ပွဲဟာ ကမ္ဘာမြေကြီးကို အသွေး၊အသား နှင့် ရောနှောခဲ့တယ်...
ငါတို့ သောက်တဲ့ရေမှာ သွေးစ၊သွေးန တွေ ပါနိုင်တယ်။
ငါတို့စားမဲ့ စပါးနှံတွေမှာ အသားမျှင်တွေကပ်ပါလာနိုင်တယ်။
စစ်ပွဲဟာ အိပ်မက်တချို့ ကို ဆွဲ ဖြဲ...
ကျောင်းဆောင်တွေကို ဖြို ...
အနာဂတ်ကို ခုတင်အောက်ထိုးထဲ့ ခဲ့တယ်..
စစ်ပွဲဟာ သန့်စင်တဲ့ ကလေး ဘ၀တွေကို သတ်ခဲ့တယ်...
စစ်ပွဲဟာ နူးညံတဲ့ နှလုံးသားတွေကို ကြမ်းတမ်းစေခဲ့တယ်...
စစ်ပွဲဟာ ဖြူ စင်တဲ့ စက္ကူ စတွေပေါ် ယမ်းမှုန့်ဖြူးလိုက်တယ်...
စစ်ပွဲမှာ သေမင်းဟာ ကလေးငယ်ကို ပွေ့ထားတယ်...
ကြောက်လန့်နေတဲ့ ကလေးငယ်ရဲ့ နားနှစ်ဖက်ကိုပိတ်
သူမဟာ ယုံတမ်းပုံပြင်တွေကို ပြောလို့နေတယ်...
''စစ်ပွဲတွေ ပြီးတော့မယ်''
''စစ်ပွဲတွေ ပြီးတော့မယ်''။
သည်လို...
သေမင်းလက်ထဲက ကလေးငယ်ရဲ့ နောက်ဆုံးပြောခဲ့တဲ့စကားတခွ န်းဟာ
စစ်သားတစ်ဦးရဲ့ နှုတ်က ထွက်ခဲ့တဲ့ စကားတခွန်း နဲ့ တူကောင်းတူခဲ့လိမ့်မယ်။
''အိမ် ပြန်ချင်တယ်''လို့။
''အိမ်ပြန်ချင်တယ်''
ကျွန်တော်..စစ်ပြေး
အဖြူ ရောင် ပန်းတွေကို ဆွတ်...
လာရာလမ်းကို ပြန်မှတ်မိရအောင်
ကြဲ ခဲ့မယ် ကွယ်။ ။
=========================
မာန်(ချိုးလူ)
=====
စစ်ပွဲဟာ အမေ့ကို ဆွဲယူပစ်တယ်။
စစ်ပွဲဟာ အဖေ့ကို ဆွဲယူပစ်တယ်။
စစ်ပွဲဟာ အစ်ကို နှင့် အစ်မကို ဆွဲယူပစ်တယ်။
စစ်ပွဲဟာ ညီလေး နှင့် ညီမလေးကို ဆွဲယူပစ်တယ်။
စစ်ပွဲဟာ ကျွန်တော့် ခြေထောက် တစ်ဖက်ကို လဲ ဆွဲယူပစ်တယ်။
စစ်ပွဲဟာ အမှား၊အမှန်ကို မချန်ထားခဲ့ဘူး။
အမုန်းတရားကိုတော့ ချန်ခဲ့တယ်။
စက်ရုပ်ရွံ့ရှာတဲ့ နာကြည်းမျက်လုံးတွေအောက်မှာ
အမှောင်ကို တိတ်ဆိတ်ခြင်းကချယ်သတဲ့အခါ.
ကြောက်လန့်စရာကောင်းကြောင်း
မြင်ရဲ့လား.....
လွန့်လွန့်လူးလူး...
တမန်လွန်မှာ စစ်ပွဲရဲ့ အဆုံးကို မြင်လိုက်ရတဲ့ လိပ်ပြာတွေလေ..
နားထောင်....
မီးခိုး ဝေတွေကြားမှာ ငိုသံတွေကိုရော ကြားရဲ့လား။
တဆာဆာ ခေါ်နေကြတဲ့ အသံတွေမှာ ငါရင်းနှီးတဲ့ နာမည်ပါရဲ့..
အဖေ၊အမေ...
စစ်ပွဲဟာ လှပတဲ့ဘ၀တွေကို အရောင်ဆိုး ဆိုးခဲ့တယ်။
စစ်ပွဲဟာ ကမ္ဘာမြေကြီးကို အသွေး၊အသား နှင့် ရောနှောခဲ့တယ်...
ငါတို့ သောက်တဲ့ရေမှာ သွေးစ၊သွေးန တွေ ပါနိုင်တယ်။
ငါတို့စားမဲ့ စပါးနှံတွေမှာ အသားမျှင်တွေကပ်ပါလာနိုင်တယ
စစ်ပွဲဟာ အိပ်မက်တချို့ ကို ဆွဲ ဖြဲ...
ကျောင်းဆောင်တွေကို ဖြို ...
အနာဂတ်ကို ခုတင်အောက်ထိုးထဲ့ ခဲ့တယ်..
စစ်ပွဲဟာ သန့်စင်တဲ့ ကလေး ဘ၀တွေကို သတ်ခဲ့တယ်...
စစ်ပွဲဟာ နူးညံတဲ့ နှလုံးသားတွေကို ကြမ်းတမ်းစေခဲ့တယ်...
စစ်ပွဲဟာ ဖြူ စင်တဲ့ စက္ကူ စတွေပေါ် ယမ်းမှုန့်ဖြူးလိုက်တယ်...
စစ်ပွဲမှာ သေမင်းဟာ ကလေးငယ်ကို ပွေ့ထားတယ်...
ကြောက်လန့်နေတဲ့ ကလေးငယ်ရဲ့ နားနှစ်ဖက်ကိုပိတ်
သူမဟာ ယုံတမ်းပုံပြင်တွေကို ပြောလို့နေတယ်...
''စစ်ပွဲတွေ ပြီးတော့မယ်''
''စစ်ပွဲတွေ ပြီးတော့မယ်''။
သည်လို...
သေမင်းလက်ထဲက ကလေးငယ်ရဲ့ နောက်ဆုံးပြောခဲ့တဲ့စကားတခွ
စစ်သားတစ်ဦးရဲ့ နှုတ်က ထွက်ခဲ့တဲ့ စကားတခွန်း နဲ့ တူကောင်းတူခဲ့လိမ့်မယ်။
''အိမ် ပြန်ချင်တယ်''လို့။
''အိမ်ပြန်ချင်တယ်''
ကျွန်တော်..စစ်ပြေး
အဖြူ ရောင် ပန်းတွေကို ဆွတ်...
လာရာလမ်းကို ပြန်မှတ်မိရအောင်
ကြဲ ခဲ့မယ် ကွယ်။ ။
=========================
မာန်(ချိုးလူ)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။