Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, November 24, 2015

ယူတတ်ရင်တော့ပညာတွေပါပဲ


ယူတတ်ရင်တော့ပညာတွေပါပဲ

လူမှုကွန်ယက်ဖြစ်သည့် Facebook ကို (ဖွ) ဘုတ်ဟုလည်း ခေါ်ကြသည်၊ အကောင်းများပါသလို အဆိုးများလည်း ရောပြွန်းနေသည်၊ အထူးသဖြင့် တစ်စိတ်ကိုတစ်အိတ်လုပ်သည့် သွေးထိုးလှုံ့ဆော်မှုများသောကြောင့် (ဖွ) ဘုတ်ဟု ဆိုကြခြင်း ဖြစ်ဟန်တူသည်၊ ရေးကြသားကြသည်တို့မှာ အကောင့်ပိုင်ရှင်များ၏ စိတ်နေစရိုက်ကို များစွာ ထင်ဟပ်စေပါ၏။ အဆိုးမြင်သူ များ၊ အကောင်းမြင်သူများ၊ ဒေါသကြီးသူများ၊ ဘာသာရေးသမားများနှင့် အခွင့်အလမ်းရှာဖွေသူများဟူ၍ အမယ်စုံကို တွေ့ နိုင်ပါ၏။ မတူသောအရောင်များစွာထဲမှ ကိုယ့်အတွက် အသုံးတည့်စေမည့်၊ ပညာဖြစ်စေမည့်အရာတို့ကို လူငယ်တို့ရအောင် ရှာဖွေယူတတ်ဖို့ လိုသည်၊
အတွေးအခေါ်နှင့် သဘောတရားသည် အရွယ်ကြောင့်လည်းကောင်း၊ အတွေ့အကြုံကြောင့်လည်းကောင်း၊ ပတ်ဝန်းကျင်ကြောင့်လည်းကောင်း ပြောင်းလဲတတ်သည့်သဘော ရှိပါသည်၊ ဘာမှန်းမသိ အချိန်၏ အလျင်တွင် မေ့လျော့၍ စီးမျောနေသူများမှာ ဘာမှဖြစ်လာကြမည် မဟုတ်ပါ၊ ပတ်ဝန်းကျင်နှင့်အချိန်ကို အမှတ်ထင်ထင် ဖြတ်သန်းသင့်ကြပါသည်၊ အတွေ့အကြုံတစ်ရပ်ကို စော၍ရယူထားသင့်သည်၊ အသက် (၅ဝ) ရောက်လျှင်ငါးဆယ်၏ အတွေ့အကြုံနှင့် အတွေးအခေါ်ကို ရခြင်းသည် ဘာမှဆန်းကြယ်သည် မဟုတ်ချေ၊ တွေးခေါ်ဆင်ခြင်၊ သတိထားခြင်းဖြင့် ငါးဆယ်အရွယ်၏ အတွေ့အကြုံ၊ သဘောတရားကို အသက် (၄ဝ) အရွယ်တွင် ရအောင်ယူနိုင်ခြင်းသည် ပညာကြီးခြင်း၊ အချိန်ကို နောက်သို့ရွှေ့နိုင်ခြင်းပင် ဖြစ် သည်၊ သူ့အတွေ့အကြုံကို သူအရွယ်ရောက်လျှင် ရသည်ဖြစ်သော်လည်း သူ့အရွယ်မတိုင်မီ အသက်ရှင်နေပါလိမ့်ဦးမည်ဟု ဘယ်သူကမှ အာမခံချက် ပေးမထားချေ။ စောစော-သိ၊ စောစောပညာဖြစ်ခြင်းကသာ ရတောင့်ရခဲ ဘဝတစ်ခုကို ထိရောက်စွာ အကျိုးဖြစ်စေမည် ဖြစ်ပါ၏။
_ _ _ _ _
ဘဝတွင် လိုက်နာသင့်သည့်အရာအချို့ ရှိနေပါ၏။ ဖေ့စ်ဘွတ်ခ်တွင် ဖတ်လိုက်ရသော စာစုလေးတစ်ခုကို သဘော ကျမိသည်။
ပြန်မရတော့တာ (အချိန်)
ရလာတတ်တာက]နောင်တ}
ငယ်မသွားတာက (အသက်)
ဆင်းရမယ့်မှတ်တိုင်က (တမလွန်)
မေ့နေကြတာက ]ရှေ့ရေး)
မလျော့နိုင်သေးတာက (အပျော်အပါး)
မကုန်နိုင်သေးတာက ]လောဘ}
လိုအပ်နေသေးတာက (ဆင်ခြင်တုံတရား) နဲ့ ]နောင်တ} ထပ်မရဖို့ဘဲလိုတယ်။
ငယ်စဉ်က အရွယ် (၃) ပါးအကြောင်း မိဘတို့ထံမှတဆင့် ကြားဖူးခဲ့သည်။ ပထမအရွယ် ပညာရှာ၊ ဒုတိယအရွယ် စီးပွားရှာ၊ တတိယအရွယ် တရားရှာ ဟူ၍၊ ဤသို့ဆိုထားသဖြင့် သူ့အရွယ်ထက်လွန်သော အလုပ်ကို မလုပ်ရဟု ဆိုလိုသည် မဟုတ်၊ အရွယ်အလိုက် အဓိက လုပ်ကြရမည့်အလုပ်ကိုသာ ညွှန်းဆိုထားခြင်း ဖြစ်သည်။
ဒုတိယအရွယ်တွင် ဥစ္စာရှာဟူ၍ ဥစ္စာသက်သက်ကိုသာ ရှာပြီး တရားရှာခြင်းကို မေ့ထားရန်မသင့်၊ အချို့ အရွယ် ငယ်ငယ်ဖြင့် ဆုံးပါးသွားကြသူများကို နာရေးတွင် တွေ့နိုင်သည်၊ အရွယ်မရောက်သေး၍ တရားရှာရန် အချိန်မဟုတ်ဟု တရား နှင့် ထိပါးခြင်းပြုမထားလျှင် နောက်ဘဝ လားရာဂတိကောင်းမည် မဟုတ်၊ ဥစ္စာရှာခြင်းသက်သက်သည် ယေဘုယျအားဖြင့် ဆိုလျှင် စိတ်မထားတတ်ပါက အကုသိုလ်နှင့် ယှဉ်နိုင်သည်၊ စိတ်ထားတတ်ရန် တရားသဘောနှင့် ယှဉ်နိုင်ရမည်၊ ထို့ကြောင့် တရားသဘောကို လက်လွှတ်၍ မဖြစ်၊
ငယ်စဉ်က ကွဲကွာသွားခဲ့သော သူငယ်ချင်းများကို နှစ်ပေါင်းများစွာကြာသောအခါ ပြန်တွေ့ဖြစ်သည်၊ ကောင်းစား နေကြသောသူများကို တွေ့ရသလို နိမ့်ပါးနေကြသောသူများကိုလည်း တွေ့ရသည်၊ ]ကောင်းစား} ကြရခြင်း၊ ]နိမ့်ပါး} ကြရခြင်း တွင် သူ့အကြောင်းနှင့်သူ ရှိနေကြသည်၊ အကြောင်းအခြေခံသော အကျိုးဆက်များ ဖြစ်ပါ၏။ အချိန်ကို ငယ်စဉ်က တန်ဖိုး မဲ့စွာ စီးမျောတတ်ကြသူတို့ အရွယ်လွန်သည့်တိုင် ဘာမှဖြစ်မလာကြသည်မှာ မဆန်း၊ ကုန်လွန်သွားသော အချိန်ကို နောင်တရ၍ ပြန်လိုချင်သော်လည်း မရနိုင်ပြန်၊ ကိုယ့်အသက်ကို ပြန်ငယ်၍မရသလို၊ နောင်တ-တရားကို မောင်းထုတ်၍လည်း မရနိုင်ပြန်၊ အရင်းအနှီးကြီးစွာ ပေးဆပ်ရမှုထဲမှတစ်ခု ဖြစ်သည်။
_ _ _ _ _
လူငယ်ပိုင်းတွင် ]လောဘ} သည် မပါမဖြစ်ဖွားဖက်တော် ဖြစ်သည်၊ သို့သော်လည်း ]မတော်-လောဘ} အဆင့်သို့ မရောက်အောင် ထိန်းသိမ်းရမည်ဖြစ်ပြီး၊ ]တော်-လောဘ} အဆင့်ဖြင့်သာ အလုပ်လုပ်ကြသင့်သည်၊ မတရားရယူခြင်း၊ မတရား စီးပွားရှာခြင်းသည် မတော်-လောဘ၏ စေ့ဆော်မှုကြောင့်ဖြစ်ပြီး၊ အကုသိုလ်နှင့်ယှဉ်သည့် အကြောင်းတရား ဖြစ်သည်၊ ]တူသောကံ} ]တူသောအကျိုး} ကို ယုံကြည်ကြသော ဗုဒ္ဓဘာသာများအတွက် မတော်-လောဘဖြင့် ရှာဖွေထားသောဥစ္စာတို့မှာ တစ်ချိန်ချိန်တွင် တူသောအကျိုးကြောင့် ကိုယ့်ဆီက တစ်နည်းနည်းဖြင့် ပြန်ထွက်သွားမည်သာ ဖြစ်သည်။ ဤသဘောတရား၊ တစ်နည်း ]ကံ} ၏ သဘောတရားကို စောစီးစွာ ကြိုတင်သိရှိထားကြလျှင် ဘဝတစ်ခုကို မည်သို့ အကောင်းဆုံးနည်းလမ်းဖြင့် တည်ဆောက်ရမည်ကို သိရှိလာကြမည် ဖြစ်သည်၊
ကျွမ်းကျင်လိမ္မာကြလျှင် အခြားသူကို လိမ်လည်လှည့်ဖြားနိုင်မည် ဖြစ်သော်လည်း မိမိကိုယ်ကိုမူကား ]ဘာတွေ လုပ်ခဲ့သည်} ]ဘာတွေကြံစည်ခဲ့သည်} ကိုမူ လိမ်၍ရမည် မဟုတ်ချေ၊ ကုသိုလ်၊ အကုသိုလ် အကျိုးပေးသည် လိမ်လည်၍ မရ သော သဘာဝစွမ်းအင်တစ်ခု ဖြစ်ပါသည်၊ အခြားသောဘာသာတို့၏ ယုံကြည်မှုကဲ့သို့ ]ခဝါ} ချ၍ရမည် မဟုတ်၊ အပြစ်ဝန်ခံ၍ ရမည်လည်း မဟုတ်ချေ။ ပြုပြီးသောအကြောင်းတရား၏ ပမာဏာနှင့်တူသော အကျိုးတရားကို ပြန်လည်ခံစားကြရမည်သာ ဖြစ်သည်။ နောက်ကျမှခံစားလျှင် အတိုးတွက် ထပ်ပေါင်းပါသည်၊ ပို၍အချိန်ကြာမှခံစားလျှင် ပို၍အတိုးတွက်ပေးရပါသည်။
ပညာသည် အမှား၊ အမှန်ကို ခွဲခြားနိုင်ခြင်း ဖြစ်သည်၊ ပညာသည် အနာဂတ်ကိုမြင်နိုင်ခြင်းလည်း မည်ပြန်သည်၊ ပညာသည် ဆင်ခြေတုံတရားကိုလည်း ဖြစ်စေသည်၊ ထိုဆင်ခြင်တုံတရားက မိမိတို့၏ဘဝကို အစွန်းတစ်ဖက်ဖက်သို့ မနင်းမိ စေရန်၊ မဇ္ဈိမပဋိပဒါကျကျဖြစ်စေရန် ထိန်းကျောင်းပေးပါသည်၊ ပညာနည်းလျှင် ဆင်ခြင်တုံတရား နည်းပါးပါလိမ့်မည်၊ ဆင်ခြင်တုံတရား တစ်စုံတစ်ရာနိမ့်ပါးလျှင် ဥပဒေကခွင့်မပြုသော အလုပ်ကိစ္စများကိုပင် မရှောင်နိုင်၊ မရှားနိုင် လုပ်ကိုင်ဖြစ်ပါ လိမ့်မည်၊ ယခုတစ်လော သတင်းစာစောင်များတွင် တွေ့မြင်ဖတ်ရှုနေရသော သတင်းတို့မှာ အနိ|ာရုံသတင်းများ အတော် အင်အားကောင်းလာသည်ဟု သတိထားမိသည်၊ လောဘ၏ တွန်းအား၊ ဆင်ခြင်တုံတရား နည်းပါးမှု၊ ပညာနုံ့မှုတို့ကြောင့် ဖြစ်ပါသည်၊ လက်နက်၊ မူးယစ်ဆေးဝါးများ မိသည်၊ လုယက်မှုများက ပြောဖွယ်ရာမရှိ၊ ရာဇဝတ်မှုတစ်ခုခုကို နေ့စဉ် ဖတ်နေရ သည်၊ သူတို့ပြုသော ]ကံ} သည် နောင်ဘဝမကူး၊ ဖမ်းမိ၍ ဥပဒေအရ ချမှတ်လိုက်သောပြစ်ဒဏ်တို့သည် ယခုဘဝမှာပင် ချက်ချင်းလက်ငင်း ပြန်၍ခံစားလိုက်ရသည့် အကျိုးပေးများ ဖြစ်သည်၊ နောက်လူတို့ကလည်း မဆင်ခြင်နိုင်၊ လွတ်မလားဟု ကြိုးစားကြသည်၊ ဥပဒေက ပြစ်ဒဏ်ချသည်၊ ဘဝပျက်ကြသည်သာ နောက်ဆုံး အဖတ်တင် ကျန်ခဲ့ကြတော့သည်၊ ပညာနုံ့ခြင်း ၏ရလဒ်များ ဖြစ်သည်။
_ _ _ _ _
]နောင်တ} ကို ]နောင်} မှ ]တ} ကြရသောကြောင့် ]နောင်တ} ဟုခေါ်ခြင်း ဖြစ်သည်၊ အမှားတစ်ခုအတွက် ယူကြုံး မရခြင်းတစ်မျိုး ဖြစ်သည်။ နှောင်းပိုင်းအတွက် တစ်နည်းအားဖြင့် အနာဂတ်ဖြစ်လာမည့် အကျိုးဆက်ကို မှန်းမျှော်မကြည့် နိုင်ခြင်း ဖြစ်သည်၊ ထို့ကြောင့် ]အကြောင်း} တစ်ခုခုကိုမပြုမီ အသေအချာ စဉ်းစားသင့်ကြ၏။ ထိုအကြောင်းပြုပြီးနောက် ဖြစ်လာမည့်အကျိုးဆက်တို့ကို မျှော်မှန်းကြည့်နိုင်ဖို့ ကောင်းသည်၊ ကောင်းသောအကျိုးဆက်များ ဖြစ်လာလျှင် အတိုင်းထက် အလွန် ဖြစ်သော်လည်း၊ ဆိုးသောအကျိုးဆက်များကို မျှော်မှန်းတွက်ချက်မှု မပြုနိုင်လျှင် တစ်ခါတစ်ရံ ဘဝနှင့်ပင် အလောင်း အစား ပြုကြရသည်များလည်း ရှိလာနိုင်ပါ၏။
၈ျာမနီမှ ဟစ်တလာအားကောင်းနေစဉ်တွင် လက်ည§ိုးညွှန်ရာ ရေဖြစ်သည်၊ သူ့စကားကို ကန့်ကွက်မည့်သူ မရှိခဲ့၊ အကြောင်းတရားတို့ မှန်ခြင်းမှားခြင်းထက်၊ ဖြစ်ပေါ်လာမည့် အကျိုးတရားတို့ကို မျှော်မှန်းခြင်းထက် လုပ်ဆဲကာလအများ၏ ထောက်ခံမှုအပေါ်သာ အလေးထားခဲ့သဖြင့် နောက်ဆုံး ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာ နောင်တကြီးစွာ ရခဲ့ပါတော့သည်၊ နောက်ကျမှရသော နောင်တဖြစ်၍ နောက်ဆုတ်၍လည်း မရတော့ချေ။ အကြောင်းတရားတို့လွန်သည်နှင့် အကျိုးတရားတို့ အလှည့်ဖြစ်လာသောအခါ ဂျာမနီကြီး (၂) ပိုင်း ကွဲတော့သည်၊ ဟစ်တလာကိုယ်တိုင် ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်ရတော့ သည်၊ အပြုံးဖြင့်သိမ်းရသောဇာတ်၊ ဂုဏ်ယူလက်မ-ထောင်၍ သိမ်းရသောဇာတ်မျိုး မဟုတ်၊ အကြောင်းတရား ကြီးမားခဲ့သော ကြောင့် အကျိုးတရားလည်း ကြီးမားခဲ့သည်၊ ယနေ့အထိ ဟစ်တလာကို နာဇီ၊ အာဏာရှင်ဟု ကင်ပွန်းတပ်ပြီး ကမ္ဘာ့သမိုင်းတွင် လူဆိုးစာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပါ၏။ သူ့အသက်ရှင်စဉ်၊ သူ့ဩဇာတန်ခိုးထွားစဉ်က သူ့လုပ်ရပ်များကို မှန်ကန်သည်ဟု လူထုထောက်ခံချက်အပြည့်ရထားခဲ့သူ ဖြစ်သည်၊ သို့သော်လည်း အမှားသည် အမှားသာဖြစ်၍၊ အမှန်သည်လည်း အမှန်သာ ဖြစ်သည်၊ သူ့ ]ကံ} အရှိန်ကောင်းစဉ်က ]အမှား} များကိုလူထုက ]အမှန်} ဟု ထောက်ခံခဲ့ကြသော်လည်း၊ ထိုထောက်ခံမှုများ သည် သူမသေမီမှာပင် ဆန့်ကျင်ဘက်လားရာသို့ ပြောင်းသွားခဲ့ပါ၏။ ကြီးမားသော အကြောင်းတရားတစ်ခုအတွက် သမိုင်းနှင့် ချီ၍၊ ဘဝနှင့်ချီ၍ ပေးဆပ်လိုက်ရသည်က ဇာတ်သိမ်းမကောင်းခဲ့ခြင်း ဖြစ်သည်၊
_ _ _ _ _
လူတို့သည် မရေမတွက်နိုင်သော ဘဝများစွာကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်၊ မရေမတွက်နိုင်သော ဘဝများစွာကို ထပ်မံ ဖြတ်သန်းရဦးမည်လည်း ဖြစ်သည်၊ ဤသည်ကို ]သံသရာ} ဟုခေါ်သည်၊ ဖြတ်သန်းခဲ့ရသော ဘဝများစွာတွင် လူ့ဘဝက ခပ်နည်းနည်းနှင့် အခြားဘဝတို့က ခပ်များများ ဖြစ်နိုင်ပါသည်၊ ထို့ကြောင့်လည်း လူ့ဘဝကို ရတောင့်ရခဲလှစွာသော ဘဝဟု ဆိုကြခြင်း ဖြစ်သည်၊ အသိ၊ ပညာနှင့်ယှဉ်၍ ဖြစ်ပေါ်လာသော လူ့ဘဝရသည့်ခဏမှာ တစ်စုံတစ်ရာ ပညာဖြစ်၍ ပါရမီဖြည့်ထား နိုင်ရန် လိုပါသည်၊ အခြားဘဝများတွင် လူမျှလောက် ပညာနှင့်ယှဉ်သော၊ ပညာကို အသုံးချနိုင်သောဘဝများ ရှိမည်မဟုတ်၊ တိရစ္ဆာန်လောကသည် ]အိပ်၊ စား၊ ကာမ} သုံးပါးထက်ပို၍ ပညာမဖြစ်၊ လူ့ဘဝတစ်ခုတည်းမှာတွင်သာ ပညာဖြစ်စေသော၊ ပညာကို ထိရောက်စွာအသုံးချနိုင်သည့် အခွင့်အရေးများ ရှိနေပါသည်၊ ထို့ကြောင့် ရခဲလှသောလူ့ဘဝတွင် လက်လှမ်းမီသော ပညာတို့ကို ရှာဖွေဆည်းပူးနိုင်ကြရန် လိုပါသည်၊ ပညာဖြစ်အောင်ကြိုးစားနိုင်ပါက နောင်ဘဝများကိုပင် အထောက်အပံ့ ပေး နိုင်မည့်အပြင် သံသရာကိုလည်း ရသလောက်ခြုံနိုင်မည် ဖြစ်သည်၊ အနည်းဆုံး နောက်ဘဝမကူးမီ မျက်မြင်ဒိ|ဖြစ်သော ယခု ဘဝမှာပင် တိုးတက်မှုတစ်စုံတစ်ရာကို ရရှိစေပါလိမ့်မည်။
ရှေ့မှာ ဆင်ခြင်တုံတရားနည်းလျှင်၊ နောက်မှ ]နောင်တ} ရတတ်ပါသည်၊ နောက်မှ ယူကြုံးမရ ]နောင်တ} မဖြစ် အောင် ရှေ့မှာ ဆင်ခြင်တုံတရား များများရှိဖို့ လိုပါသည်၊ ဆင်ခြင်တုံတရားဆိုသည်မှာ ပညာကိုကိုယ်စားပြုသော အရည် အသွေးတစ်ရပ် ဖြစ်ပါသည်၊ ဤအရည်အသွေးတစ်ခုသည် (၉၆) ပါးပျောက်သောဆေး မဟုတ်သော်လည်း ယခုဘဝ၊ နောက် ဘဝများစွာကိုမူ အကျိုးပေးကောင်းအောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မည်။

နေဇင်လတ် ၃ဝ-၉-၂ဝ၁၃ (၁၁၄ဝ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။