" EQ" အကြောင်း....
ကျနော်တို့ ငယ်ငယ်က IQ ဆိုတဲ့ ဝေါဟာရတော်တော်ခေတ်စားတာ မှတ်မိသေးတယ်။ IQ ဆို တာ Intelligent Quotient ဥာဏ်ရည် ကို တိုင်းတာတဲ့အညွှန်းကိန်း ပေါ့။ IQ မြင့်ရင် ဥာဏ်ကောင်းတယ်ပေါ့။ စာတော်တဲ့သူ၊ကျောင်းမှာ ထူးချွန်တဲ့သူဆိုရင်IQ မြင့် တယ်တယ်လို့  ပြောကြတယ်။
လွန်ခဲ့ တဲ့ ၁၅ နှစ်၊အနှစ်၂၀ လောက်က စပြီး EQ ဆိုတာ ခေတ်စားလာတယ်။EQဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည်။တနည်းစိတ်ဓါတ်ရင့်ကျက်
တည်ငြိမ်မှု အညွန်းကိန်းပေါ့။ ဘာကြောင့် EQ ခေတ်စားလာရသလဲဆိုတော့
အောင်မြင်တဲ့ သူတွေ ရဲ့  IQ ရော၊EQ ရောကို တိုင်းတာကြည့် တဲ့ အခါ IQ မြင်
့တဲ့ သူတွေထက်EQ မြင့်တဲ့သူတွေဟာ ဘ၀မှာ ပိုအောင်မြင် တာ တွေ့ ရလို့ ပါ။
ဆိုလိုတာက ဘ၀မှာ အောင်မြင်ဖို့ဆိုရင် ဥာဏ်ကောင်းဖို့ ထက် စိတ်ဓါတ်ရင်
့ကျက်ခိုင်မာမှုက ပို လို့ အရေး ကြီးတယ်ဆိုတဲ့ သဘောပေါ့ ။ EQ ရော၊IQ ရော
ကောင်းရင်တော့ အကောင်းဆုံးပေါ့ ဗျာ။
******************
မိမိကိုယ်ကိုထိန်းသိမ်းနိုင်တဲ့စွမ်းရည်ဟာအောင်မြင်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်..ဆိုတာကို
သုတေသနတွေ့ ရှိချက်အများအပြားကလဲ သက်သေပြခဲ့ကြတယ်။ ထင်ရှားတဲ့ သုတေသနတွေ
့ရှိချက်တစ်ခုကတော့ လူမှုရေးသိပ္ပံပညာရှင် Walter Mischelရဲ့ သုတေသနပါ။ သူက
မိမိကိုယ်ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည် မြင့် တာနဲ့ ဘ၀အောင်မြင်မှုဟာ
ဘယ်လိုဆက်စပ် မှု ရှိတယ်ဆိုတာ လေ့လာခဲ့တယ်။ သူရဲ့ သုတေသနမှာ ကလေးတွေကို
သူတို့ ကြိုက်တဲ့မုန့် တွေ စားဖို့  ပေးထားတယ်။ ဒါပေမယ်
့စည်းကမ်းတခုတော့ သတ်မှတ်ထားတယ်။ အခုချက်ချင်းစားချင်ရင်မုန်
့တစ်ခု ပဲစားရမယ်၊ဒါပေမယ့် နောက်၁၅ မိနစ် စောင့်နိုင်ရင်တော့ မုန့် ၂ ခု
ရမယ်..ဆိုပြီးတော့။ဒီလို စမ်းကြည့် ပြီးတဲ့နောက် သူက
အဲဒီကလေးတွေထဲကတချို့ ကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာခဲ့ တယ်။
အဲဒီမှာ ဘာတွေ့ ရသလဲဆိုတော့ ..၁၅ မိနစ်စောင့်ပြီး မုန့်၂ ခု ယူခဲ့တဲ
့ကလေးတွေ(မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကောင်းတဲ့ ကလေးတွေ)ဟာ
လူကြီးဖြစ်တဲ့အခါ ပို ပြီးကျန်းမာ၊ချမ်းသာ၊ပျော်ရွင်မှုရှိတာကို ပိုတွေ့ ရတယ်။ ၁၅မိနစ် မစောင့်နိုင်တဲ့ ကလေးတွေ(မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုအားနည်း တဲ့ကလေးတွေ)ကတော့  (မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကောင်းတဲ့ ကလေးတွေ နဲ့ နှိုင်းယှဉ်ရင်IQ ဥာဏ်ရည်ချင်း တူတာတောင်) ပညာရေးမှာလဲ ထူးချွှန်မှုနဲတာ။လစာနည်းတဲ့ အလုပ်အကိုင်တွေမှာလုပ်ကိုင်နေရတာ။ငွေစုဆောင်းနိုင်မှု နည်းတာ။အ၀လွန်တဲ့ပြသနာ၊အရက် နဲ့ ဆေးစွဲ တဲ့ ပြသနာတွေပိုရှိတာတွေ့ ရတယ်။ရာဇ၀တ်မှု ကျူးလွန်တာကလဲ အဆပေါင်း ၄၀၀ % ပိုတာတွေ့ ရသတဲ့။
အဲဒီတွေ့ ရှိချက်ကို နယူးဇီလန်မှာလုပ်တဲ့စိတ်ပညာ ရှင်
Roy F. Baumeister ရဲ့  သုတေသန တွေ့ ရှိချက်ကလဲ ထောက်ခံအတည်ပြုပေးခဲ့တယ်။
အဲဒီတွေ့ ရှိချက်တွေကနေ.. မိမိ ကိုယ်ကိုထိန်းသိမ်းနိုင်တဲ့စွမ်းရည် မြင့် တာဟာ အောင်မြင်မှု အတွက် အရေးကြီးတဲ့ အရာပဲ ဆိုတာကောက်ချက်ချ နိုင်ခဲ့ကြတယ်။
*****************
လွန့်ခဲ့တဲ့တပါတ်က Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes aLeader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ) ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ EQ အကြောင်း ရေးထားတာတော်တော်သဘောကျတယ်။
သူက EQ ဆိုတာ ဘာလဲလို့ ပြော ရုံတင် မကဘူး။ EQ မြင့်အောင်
ဘယ်လိုလေ့ကျင့် နိုင်တယ်ဆို တာ ပြောပြထားတာ။အကျဉ်း ချုပ် ကို အောက်မှာ
ဖတ်ကြည့်ပါ...
“အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေနဲ့ သာမန်ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာ က Technical Skill အတတ်ပညာ ကျွမ်းကျင်မှုမဟုတ်ပါဘူး.. တဲ့။ တကယ်တော့ EQ လို့ ခေါ်တဲ့  မိမိရဲ့ စိတ် ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည်။တနည်း
စိတ် ရင့် ကျက်မှုပါ..တဲ့ ။EQ မြင့်တဲ့ ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အဖွဲ
့အစည်း ဟာ တနှစ်ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ ရပါတယ်..တဲ့။
EQ/EI (Emotional Quotient/Emotional Intelligence) စိတ်ဓါတ်ရင့် ကျက်မှုအညွန်းကိန်းမှာ ပါ တဲ့  စွမ်းရည် တွေ ကတော့ ..
(၁) Self-Awareness (မိမိကိုယ်ကို သိတဲ့ စွမ်းရည်) မိမိရဲ့ အားသာချက်၊အားနည်းချက်တွေကိုသိတာ။ မိမိရဲ့  အပြောအဆို၊ အပြုအမူတွေက သူတပါး အပေါ် ဘယ်လို သက်ရောက်မယ်ဆိုတာ ကိုသိတာ၊နားလည်တာ။
(၂) Self-Regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်) စိတ်ဆိုးစရာ၊စိတ်ညစ်စရာ၊ဒေါသထွက်စရာ တွေရှိရင် မိမိကိုယ် ကို ထိန်း ချုပ် နိုင်တာ၊ဒါမှမဟုတ်.အာရုံ ပြောင်းနို်င်တာ။
(၃)Motivation(စိတ်အားတက်ကြွမှု)
စိတ်ပျော်ရွှင်မှု၊ စိတ်တက်ကြွ မှု ကိုထိန်းသိမ်းနိုင်တာ။ ဘယ်လို
အခက်အခဲနဲ့ကြုံကြုံ စိတ်ဓါတ်မကျပဲ တက်တက်ကြွကြွ ဆက်လုပ်နိင်တာ။
(၄)Empathy(သူတပါးရဲ့ စိတ်ခံစား ချက်ကို နားလည်တတ်တဲ့ စွမ်းရည်) သူတပါးကိုကိုယ်ချင်းစာစိတ်အ ပြည့် ရှိတာ။
(၅)Social Skill(လူမှုရေးစွမ်းရည်) အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်တာ၊ ယုံကြည်မှုတည်ဆောက်ပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။
သူဆက်ပြောတာက..ကျနော် တို့ အားလုံး မှာ အဲဒီ စွမ်းရည် ၅ ခု ဟာ မွေးကတဲကပါလာကြပါတယ်..တဲ့။အ ချို
့စွမ်း ရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာမြင့်နေတာတော့ရှိ
တတ်ပါတယ်..တဲ့။ အဲဒီ စွမ်း ရည် တွေကို ပိုမို အားကောင်းအောင်လေ့ကျင့်
လို့လဲ ရပါတယ်..တဲ့။ လေ့ကျင့်တဲ့ နည်းတွေကတော့ ကိုယ်
့စိတ်ဓါတ်ရင့်ကျက်မှုအခြေနေကို
သတိထားဆန်းစစ်တာ၊ပြီး ဇွဲ ရှိရှိ နဲ့ လေ့ကျင့်တာ။ မိတ်ဆွေတွေ၊
ဆရာတွေဆီကကိုယ့် ရဲ့ စိတ်ရင့် ကျက်မှုနဲ့ပါတ်သက်လို့ ဝေဖန်၊
အကြံပေးမှု(feedback) တွေ တောင်းခံတာပါ ပဲ..တဲ့။“
*********************
ကျနော်အနေနဲ့ ကိုယ့် ကိုကိုယ် ဆန်းစစ်တဲ့ နည်း ကတော့စွမ်းရည်တစ်ခု မှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့် တာ။ နံပါတ်(၁)စွမ်းရည်မှာ အမှတ် ၄၀ လောက် ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။အမှတ်(၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။အမှတ် (၃)နဲ့ (၅)ကတော့ ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ၂ ခုself-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေတွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့် ကြမလဲ။ EQ ကောင်းအောင်လို့ ။
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(၂၅-၉-၂၀၁၃)
ကျနော်တို့ ငယ်ငယ်က IQ ဆိုတဲ့ ဝေါဟာရတော်တော်ခေတ်စားတာ မှတ်မိသေးတယ်။ IQ ဆို တာ Intelligent Quotient ဥာဏ်ရည် ကို တိုင်းတာတဲ့အညွှန်းကိန်း ပေါ့။ IQ မြင့်ရင် ဥာဏ်ကောင်းတယ်ပေါ့။ စာတော်တဲ့သူ၊ကျောင်းမှာ ထူးချွန်တဲ့သူဆိုရင်IQ မြင့် တယ်တယ်လို့  ပြောကြတယ်။
လွန်ခဲ့ တဲ့ ၁၅ နှစ်၊အနှစ်၂၀ လောက်က စပြီး EQ ဆိုတာ ခေတ်စားလာတယ်။EQဆိုတာ Emotional Quotient ။လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှု ကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည
******************
မိမိကိုယ်ကိုထိန်းသိမ်းနို
အဲဒီတွေ့ ရှိချက်ကို နယူးဇီလန်မှာလုပ်တဲ့စိတ်ပညာ
*****************
လွန့်ခဲ့တဲ့တပါတ်က Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes aLeader? (ဘယ်အရာက ခေါင်းဆောင် ဖြစ်စေသလဲ) ဆိုတဲ့ ဆောင်းပါး ဖတ်ရတော့ EQ အကြောင်း ရေးထားတာတော်တော်သဘောကျတယ်။
“အဖွဲ့ အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေန
EQ/EI (Emotional Quotient/Emotional Intelligence) စိတ်ဓါတ်ရင့် ကျက်မှုအညွန်းကိန်းမှာ ပါ တဲ့  စွမ်းရည် တွေ ကတော့ ..
(၁) Self-Awareness (မိမိကိုယ်ကို သိတဲ့ စွမ်းရည်) မိမိရဲ့ အားသာချက်၊အားနည်းချက်တွေက
(၂) Self-Regulation(မိမိကိုယ်
(၃)Motivation(စိတ်အားတက်ကြ
(၄)Empathy(သူတပါးရဲ့ စိတ်ခံစား ချက်ကို နားလည်တတ်တဲ့ စွမ်းရည်) သူတပါးကိုကိုယ်ချင်းစာစိတ်အ
(၅)Social Skill(လူမှုရေးစွမ်းရည်) အခြားသူတွေ နဲ့ ဆက်ဆံရေးကောင်းမွန်တာ၊ ယုံကြည်မှုတည်ဆောက်ပြီး ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။
သူဆက်ပြောတာက..ကျနော် တို့ အားလုံး မှာ အဲဒီ စွမ်းရည် ၅ ခု ဟာ မွေးကတဲကပါလာကြပါတယ်..တဲ့။အ
*********************
ကျနော်အနေနဲ့ ကိုယ့် ကိုကိုယ် ဆန်းစစ်တဲ့ နည်း ကတော့စွမ်းရည်တစ်ခု မှာ အမှတ်ပြည့် က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့် တာ။ နံပါတ်(၁)စွမ်းရည်မှာ အမှတ် ၄၀ လောက် ပဲ ရနိုင်တယ်ထင်တယ်။ နံပါတ်(၂) ကျတော့ အမှတ် ၃၀ လောက်ပဲရှိမယ်။အမှတ်(၄) စွမ်းရည် ကတော့ မဆိုးဘူး။ အမှတ် ၇၀ ထိ ပေးကြည့် ထားတယ်။အမှတ် (၃)နဲ့ (၅)ကတော့ ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။ ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ၂ ခုself-awareness နဲ့ self-regulation ကို လေ့ကျင့်နေတယ်။တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေတွေ၊သူငယ်ချင်းတွေလဲ
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး
(၂၅-၉-၂၀၁၃)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။