တစ်နေ့က အလုပ်မှာ အလုပ်အတူတူလုပ်တဲ့အစ်မကြီးတ စ်ယောက်နဲ့
စကားစမြည်းပြောရင်း သူ့ကလေးတွေအကြောင်း ပြောဖြစ်သွားတယ်။ သူတို့က
ဒီအမေရိကားကိုရောက်တာ နှစ်၂ဝကျော်ပြီလို့သိရတယ်။ သားအကြီးက
တက္ကသိုလ်တက်နေပြီး အငယ်ဆုံးက ၆တန်းတက်တော့မယ်လို့ဆိုတယ်။
ကျွန်မက ဒီနိုင်ငံရဲ့ကလေးပညာရေးကို စိတ်ဝင်စားတယ်။ ကိုယ်တိုင်က ဒီနိုင်ငံကို အသက်ကြီးမှရောက်လာသလို အနီးကပ်လေ့လာစရာ အိမ်မှာကလေးလည်းမရှိတာမို့ အဲဒီလိုပဲ အလုပ်မှာပဲဖြစ်ဖြစ်၊ တခြားလူတွေရဲ့စကားဝိုင်းမှာပဲ ဖြစ်ဖြစ် ကြုံရင်ကြုံသလို တခြားလူပြောတဲ့ ဒီဖက်က ကလေးပညာရေးတွေကိုနားထောင်ဖြ စ်ခဲ့တယ်၊ ဒီပညာရေးအောက်မှာကြီးပြင်းတဲ့ ကလေးငယ်တွေရဲ့ လွတ်လပ်တဲ့အတွေးအခေါ်၊ လွတ်လပ်တဲ့ပြောဆိုသံတွေကို နားစွင့်မိတတ်ခဲ့တယ်။
အဲဒီအစ်မကြီးကပြောပြတယ်.. သူ့သားအငယ် ၆တန်းတက်ရတော့မယ်ဆိုတော့ သူ့ကို ကျောင်းရှာပေးဖို့ လင်နဲ့မယား တိုင်ပင်ကြတာပေါ့။ အကောင်းဆုံးလို့ သူတို့ထင်တဲ့ကျောင်းကိုတက်ဖို့
သားကိုပြောတော့ သားက "သားတက်မယ့်ကျောင်းကို ဘာဖြစ်လို့
သားကိုယ်တိုင်မရှာစေဘဲ အမေတို့ကရှာပေးရတာလဲ။ ကျောင်းတက်မယ်သူ့က သားပါ...
အမေတို့တက်မှာ မဟုတ်ဘူး" လို့ ပြောသတဲ့။ အဲဒီအစ်မကြီးကတော့
ကောင်းမယ်ထင်လို့ လုပ်ပေးတာကို မိဘစကားနားမထောင်ဘူးဆိုပြီး ညည်းရှာတာပေါ့။ ကျွန်မကတော့ ကလေးရဲ့အဖြေကို သဘောကျတယ်။ ၆တန်းဆိုရင် အသက် ၁၁နှစ်၊ ၁၂နှစ် ဝန်းကျင်လောက်ပဲရှိဦးမှာပေါ့ ၊ အမှီအခိုကင်းတဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်ခွင့်ကို အဲဒီကလေးရဲ့ စကားသံမှာကြားနေရတယ်။ ကျွန်မတို့ အဲဒီအရွယ်ကဆိုရင် ဘာများသိတတ်ခဲ့မတုန်း...
သူ့သားက စာလိုက်နိုင်တဲ့အထဲမှာပါတယ် လို့ အဲဒီအစ်မကြီးက ဆက်ပြောတယ်။ အမှတ်တွေဆို ၉ဝ၊ ၉၅ မှတ်တွေရတယ်ပေါ့။ စာလိုက်နိုင်တဲ့ကလေး၊ စာတွေပြီးအောင်လုပ်တဲ့ကလေးဆိုရင် homework freeဆိုပြီး ရှိသတဲ့။ တစ်လမှာ ၃ရက်လောက် စာလိုက်နိုင်ရင် လိုက်နိုင်သလို အိမ်စာမပေးဘဲ ကလေးရဲ့အားလပ်ချိန်အဖြစ်သတ် မှတ်ပေးတာပေါ့။
သူ့သားက အဲဒီလို အားလပ်ချိန်ရရင် ကွန်ပျူတာပဲလုပ်နေလို့ သူက .. သား
ကွန်ပျူတာပဲလုပ်မနေနဲ့ စာလေးဘာလေးလည်း ကြည့်ဦးလို့ဆိုတော့ သားက "သား
ဘာအမှားလုပ်မိလို့လဲ မေမေ... အိမ်စာမရှိလို့ သားကွန်ပျူတာသုံးတာ
သားမှားလား၊ သားအမှတ်တွေ ကောင်းနေတာပဲ မေမေက ဘာဖြစ်စေချင်သေးလို့လဲ " လို့
ပြောပါသတဲ့။
လူကြီးတွေပီပီပေါ့... အထူးသဖြင့် အာရှမိဘတွေ၊ အထူးသဖြင့် အမှတ်၊ အဆင့်နဲ့ ပညာရေးကိုတိုင်းတာတဲ့မိဘတွေ က
ကိုယ့်သားသမီးကို ၁ဝဝမှတ်အပြည့်၊ လုံးဝ ပြီးပြည့်စုံစေချင်ကြတယ်။
ကိုယ်မပြည့်ဝခဲ့တဲ့ဆန္ဒ၊ စိတ်ကူးအိပ်မက်တွေကို ကိုယ့်သားသမီးအလှည့်မှာ
ဖြည့်စေချင်ကြတယ်။ အကောင်းဆုံးဆိုတာတွေနဲ့ ကိုယ့်သားသမီးကိုပျိုးထောင် ချင်ကြတယ်။. တကယ်တော့ ဒါတွေဟာ သားသမီးတွေရဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်လိုစိတ်ကို အမှုမဲ့အမှတ်မဲ့ မသိမသာ ချိုးနိမ့်ပစ်တတ်ပါတယ်။ ကလေးတွေနဲ့ပတ်သက်တဲ့ တကယ့်ပညာရေးဆိုတာ အမှတ်ချင်းပြိုင်တာမဟုတ်ဘူး ၊ အဆင့်ချင်းပြိုင်တာ မဟုတ်ဘူး... စဉ်းစားတွေးခေါ်တတ်အောင်၊ အမှားအမှန်ခွဲခြားတတ်အောင်၊ အမှီအခိုကင်းကင်း ကိုယ်တိုင်ဆုံးဖြတ်တတ်အောင် လမ်းညွန်တဲ့ အခြေခံအဆင့်လို့  ကျွန်မတော့ထင်တယ်။
ကလေးပညာရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံရှိသူတွေ ကိုယ့်သားသမီး၊ ကိုယ့် တူ တူမ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားရ မြင်ရတာတွေရှိရင်လည်း မျှဝေကြပါဦးလို့....
ကျွန်မက ဒီနိုင်ငံရဲ့ကလေးပညာရေးကို စိတ်ဝင်စားတယ်။ ကိုယ်တိုင်က ဒီနိုင်ငံကို အသက်ကြီးမှရောက်လာသလို အနီးကပ်လေ့လာစရာ အိမ်မှာကလေးလည်းမရှိတာမို့ အဲဒီလိုပဲ အလုပ်မှာပဲဖြစ်ဖြစ်၊ တခြားလူတွေရဲ့စကားဝိုင်းမှာပဲ
အဲဒီအစ်မကြီးကပြောပြတယ်.. သူ့သားအငယ် ၆တန်းတက်ရတော့မယ်ဆိုတော့ သူ့ကို ကျောင်းရှာပေးဖို့ လင်နဲ့မယား တိုင်ပင်ကြတာပေါ့။ အကောင်းဆုံးလို့ သူတို့ထင်တဲ့ကျောင်းကိုတက်ဖ
သူ့သားက စာလိုက်နိုင်တဲ့အထဲမှာပါတယ်
လူကြီးတွေပီပီပေါ့... အထူးသဖြင့် အာရှမိဘတွေ၊ အထူးသဖြင့် အမှတ်၊ အဆင့်နဲ့ ပညာရေးကိုတိုင်းတာတဲ့မိဘတွေ
ကလေးပညာရေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံရှိသူတွေ ကိုယ့်သားသမီး၊ ကိုယ့် တူ တူမ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားရ မြင်ရတာတွေရှိရင်လည်း မျှဝေကြပါဦးလို့....

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။