#ခရီးသွားအာမခံဘယ်လိုပေါ်လာသ လဲ။
နိုင်ငံခြားမှာ.လေယဉ်စီးခရီးသွာရင်.ခရီးသွားအာမခံ(Trav el Insurance)ဝယ်ကြတယ်။.ခရီးသွားအာမခံဆိုတာ.အသက်အာမခံနဲ့မ တူပါဘူး။
အသက်အာမခံဆိုတာက.လေယဉ်ပျက်ကျလို့.အသက်သေဆုံးသွားရင်.သေ ဆုံးသူရဲ့မိသားစုကိုပေးတဲ့ေ လျာ်ကြေးပါ။
ခရီးသွားအာမခံဆိုတာကတော့.ခရီးသွားရင်း.မိမိရဲ့ခရီးသွား အိပ်ပျောက်ဆုံးခြင်း၊.အိပ်ပျက်စီးခြင်း၊.ခရီသွားအိပ်ထဲ ကစာရွက်စာတမ်း.လက်ဝတ်ရတနာပျောက်ဆုံးခြင်း၊.လေယဉ်ခရီးစဥ်နှောင့်နှေးမှုကြောင့်ဟိုတယ်တည်းခိုခစရိတ်၊နိုင်ငံခြား မှာရောက်နေတုံးနေမကောင်းရင် .ဆေးကုသစရိတ်စသဖြင့်.ပိုပေး ရင်ပေးသလောက်လျော်ကြေးပေးတဲ့ .အာမခံစံနစ်ဖြစ်ပါတယ်။
ခရီးသွားအာမခံလုပ်ငန်းအကြော င်း.မရှင်းပြလိုပါဘူး။.အဲဒါ တွေကို.အသေးစိပ်သိချင်ရင်.အာမခံကုမ္ပဏီတွေရဲ့ဝက်ဆိုဒ်တွေမှာ.အသေးစိပ်ဖတ်ကြည့်လို့ရ ပါတယ်။
အဓိကရေးပြချင်တာက.အဲဒီခရီးသွားအာမခံစံနစ်ဘယ်လိုပေါ်လာခဲ့ တယ်ဆိုတာပါ။
လွန်ခဲ့တဲ့အနှစ်(၅၀၀)လောက်က ပါ။.ဒိန်းမတ်နိုင်ငံနဲ့နယ်သာလန်နိုင်ငံတွေက.သင်္ဘောပိုင် ရှင်တွေဟာ.သူတို့နိုင်ငံတွေ ကနေ.အင်မတန်ဝေးလံတဲ့ကမ္ဘာ့အစွန်းအဖျားနိုင်ငံတွေကို.သူတို့ရဲပင်လယ်ကိုဖြတ်သန်းနိုင်တဲ့သင်္ဘောတွေစေလွှတ်ပြီး.သူတို့နိုင်ငံထွက်ကုန်တွေ.ရောင်းခိုင်းတယ်။.အပြန်မှာ.အဲဒီ ဒီနိုင်ငံက.ပစ္စည်းတွေကိုဝယ် ပြီး.ပြန်သယ်လာကြတယ်။.သင်္ဘော တွေ.သူတို့ဆီ.ပြန်ရောက်လာတာ ရှိသလို.တခါတလေကျတော့လဲ.သဘေ င်္ာတွေအားလုံးပြန်ရောက်မလာကြ ပါဘူး။.(၅)ကြိမ်မှာ.တကြိမ်ေ လာက်တော့.သင်္ဘောတွေ.သူတို့ဆီ .ပြန်ရောက်မလာကြဘူး။
အခုခေတ်လို.ဆက်သွယ်ရေးစံနစ် တွေ.မရှိတော့.သင်္ဘောတွေဘာဖြစ်သွားကြသလဲဆိုတာကို.ဘယ်သူမှ .မသိကြဘူး။.သင်္ဘောတွေ.မုန်တိုင်းမိပြီး.နစ်မြုပ်သွားတာလား။.ကျောက်ဆောင်တွေနဲ့တိုက် မိပြီး.ပျက်စီးနစ်မြုပ်သွား တာလား။.ပင်လယ်ဓါးပြတွေ.တိုက်ခိုက်ပြီး.ယူသွားကြလို့ပဲလား။.အဲဒီခေတ်က.လူတွေယုံကြည် နေတဲ့.မြွေနဂါးကြီးတွေ.ကိုက်မြိုဝါးစားလိုက်တာလား။.
ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်.ပြန်ရောက်မလာတဲ့သင်္ဘောတွေရဲ့ပိုင်ရှင်တွေမှာ.အကြီးအကျ ယ်ဆုံးရှုံးမှုဖြစ်သွားပြီး။. သင်္ဘောတန်ဖိုးအပြင်.ရင်းနှီး လိုက်တဲ့ကုန်ပစ္စည်းတွေ.ဆုံး ရှုံးမှုကြောင့်စီးပွားရေးပျက်စီးသွားကြပြီ။.ဒီတော့.သင်္ဘောပိုင်ရှင်တွေဟာ.ဒီကိစ္စတွေကို.ဘယ်လိုဖြေရှင်းကြမလဲ.တို င်ပင်ကြရင်း.အကြံတခုရလာကြတယ်။.အဲဒါကတော့.နောင်သင်္ဘောတွေ ပြန်ရောက်မလာတဲ့အဖြစ်မျိုြး ကုံလာရင်.ဆုံးရှုံးမှုတွေကို. အဲဒီသင်္ဘောပိုင်ရှင်တွေချည်း ပဲခံတာမဟုတ်ပဲသဘောင်္ာပိုင်ရှ င်အားလုံးမျှဝေခံစားကြဖို့ပါပဲ။.အားလုံးမျှဝေခံလိုက်ကြ ရင်.သူတို့အသီးသီးမှာ.ဆုံးရှုံးမှုဟာ.မသိသာလှဘူး။
ဒါကြောင့်.သင်္ဘောပိုင်ရှင်အားလုံးဟာ.ပိုက်ဆံတွေစုဝင်ထဲ့ ထားကြပြီး.ပြန်ရောက်မလာတဲ့သ င်္ဘောတွေရဲ့ပိုင်ရှင်တွေရဲ့ဆုံးရှုံးမှုတွေကို.ပြန်ပေးလို က်ကြတယ်။.သင်္ဘောဆုံးရှုံးသွား တဲ့ပိုင်ရှင်တွေဟာ.သင်္ဘောအသစ်တွေဝယ်ပြီး.ပင်လယ်ကူးကုန်သွယ်တာတွေ.ဆက်လုပ်နိုင်ကြတယ် ။
အဲဒါဟာ.ခရီးသွားအာမခံလုပ်ငန်းပေါ်ပေါက်လာခြင်းရဲ့အစဆိုတာကို.ဗဟုသုတအနေနဲ့ရေးပြလိုက်ပါတယ်။
မှတ်ချက်။.ဒီနေ့.စင်္ကာပူနိုင်ငံထုတ်.The Sunday Timesသတင်းစာမှာပါတဲ့.Dr. Larry Haverkemp.ရဲ့ဆောင်းပါးတပုဒ်က.အချက်အလက်ကို.မှီးရေးထား တာပါ။
ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၁၅)ရက်
နိုင်ငံခြားမှာ.လေယဉ်စီးခရီ
အသက်အာမခံဆိုတာက.လေယဉ်ပျက်က
ခရီးသွားအာမခံဆိုတာကတော့.ခရ
ခရီးသွားအာမခံလုပ်ငန်းအကြော
အဓိကရေးပြချင်တာက.အဲဒီခရီးသ
လွန်ခဲ့တဲ့အနှစ်(၅၀၀)လောက်က
အခုခေတ်လို.ဆက်သွယ်ရေးစံနစ်
ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ
ဒါကြောင့်.သင်္ဘောပိုင်ရှင်အာ
အဲဒါဟာ.ခရီးသွားအာမခံလုပ်ငန
မှတ်ချက်။.ဒီနေ့.စင်္ကာပူနိုင
ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၁၅)ရက်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။