အဆုံးအဖြတ်ချမှတ်ခြင်း
စီမံခန့်ခွဲမှုတွင် ခေါင်းဆောင်တို့၏ အဆုံးအဖြတ်သည် များစွာ အရေးကြီးပြီး ထိုအဖွဲ့အစည်း၏ အနာဂတ်လည်း ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်တို့၏အဆုံးအဖြတ်
မှားယွင်းမှုမရှိစေရန် များစွာ အလေး ထားလေ့ရှိသည်၊ စိတ်ခံစားမှုအပေါ် အခြေခံ၍
အဆုံးအဖြတ်ပြုခြင်း "Decision Making" ကို ဆောင်ရွက် ၍မရသလို
“ရှုထောင့်တစ်ခုတည်း” မှလည်း အခြေခံ၍ အဆုံးအဖြတ်ပြု၍ မရတတ်ချေ။ အနည်းဆုံး
အောက်ပါအခြေအနေ အပေါ် အခြေခံ၍ အဆုံးအဖြတ်တစ်ခုအတွက် စဉ်းစားသင့်သည်။
မရေရာ မသေချာမှုများ (Uncertainty)
ပဋိပက္ခ (Conflict)
ဖွဲ့စည်းပုံ အားနည်းမှု (Lack of Structure)
စွန့်စားမှု (Risk)
အခြေခံမျှသာဖြစ်ပြီး လက်တွေ့လောကတွင် ထို့ထက် များစွာပို၍ စဉ်းစားကြရလေ့ ရှိသည်။
သတ်မှတ်စီစဉ်မှုဖြင့်ဆုံးဖြတ်ခြင်း
Programmed Decision ဟု သုံးနှုန်းသည်။ လုပ်ငန်းများသော မန်နေဂျာတစ်ဦးအနေဖြင့် အရာ တိုင်းကို အချိန်တိုင်းတွင် အဆုံးအဖြတ်မပေးနိုင်၊ ထို့ကြောင့် အချို့သောကိစ္စရပ်များတွင် “ဘာဖြစ်ရင်ဘာလုပ်” “ဘာပြီးရင်ဘာလုပ်” ဟူသော ကြိုတင်သတ်မှတ် စီစဉ်ထားမှုဖြင့် အဆုံးအဖြတ်ကို ကြိုတင် ပေးပြီးထားလေ့ ရှိကြသည်။ ဥပမာ - ရုံးချိန်ထက် နာရီဝက်နောက်ကျလျှင် ထိုနေ့ တစ်နေ့စာ လစာဖြတ်တောက်ခြင်း၊ ဈေးကွက် ဆိုင်ရာ ဆောင်ရွက်မှုများ (Marketing) ၊ ပြီးလျှင် ရောင်းချမှု (Sales) ကို ဆက်တိုက် ဆောင်ရွက်စေခြင်း၊ မန်နေဂျာ/ လက်ထောက်မန်နေဂျာ-စသော
ရာထူးအဆင့်အလိုက် အရေးပေါ်ကြိုတင်ငွေ သုံးစွဲနိုင်ခွင့်ကို
သတ်မှတ်ပေးထားခြင်း၊ စသည်တို့သည် ကြိုတင်သတ်မှတ် စီစဉ်မှုဖြင့်
ဆုံးဖြတ်ထားခြင်းမျိုး ဖြစ်သည်။
သတ်မှတ်စီစဉ်မှုဖြင့်မဟုတ်သော အဆုံးအဖြတ်များ
Non Programmed Decision သည် ခေါင်းဆောင်တိုင်း မကြာခဏ ရင်ဆိုင်ရလေ့ရှိသော အတွေ့ အကြုံများ ဖြစ်သည်၊ ခေါင်းဆောင်များအနေဖြင့် ဤကိစ္စများတွင် များများ အတွေ့အကြုံ ယူသင့်ကြသည်၊ မန်နေဂျာများ၏ အတွေ့အကြုံ၊ ပညာ၊ ပါးနပ်မြော်မြင်မှု၊ ပညာÓဏ်ကြီးမြင့်မှုအပေါ် များစွာ မူတည်ပြီး တစ်ဦးနှင့်တစ်ဦး အဆုံးအဖြတ် အရည်အသွေးများ ကြီးမားစွာ ကွာခြားနိုင်ကြသည်။
ဥပမာအားဖြင့် အခြားပြိုင်ဘက်ကုမ္ပဏီမှ ပစ္စည်းဈေးနှုန်းကို ရုတ်တရက် နှိမ့်ချလိုက်ခြင်း၊ မက်လုံး ပေးအစီအစဉ်များဖြင့် ရုတ်တရက် ရောင်းချခြင်း၊ ရုတ်တရက် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ရခြင်းစသော အတွေ့အကြုံများတွင် အဆုံးအဖြတ်ကို ကြိုတင်စီစဉ် ဆောင်ရွက်၍ မရတော့ချေ။ မန်နေဂျာများ၏ အတွေ့ အကြုံပါးနပ်မှုက အဆုံးအဖြတ်၏တန်ဖိုးကို သတ်မှတ်ပါသည်။
မသေချာမရေရာမှုနှင့်စွန့်စား မှု
မည်သည့်အလုပ်မဆို လက်တွေ့တွင် ကြိမ်းသေ တွက်ချက်ထား၍ မရပါ၊ အကောင်းဆုံး တွက်ချက် မျှော်လင့်ထားကြသော်လည်း မျှော်မှန်းထားသလို ဖြစ်လာတတ်မှုက လွန်စွာ နည်းပါးတတ်ပါသည်။ Uncertainty ဟူသော မရေရာမှု၊ Risk ဟူသော စွန့်စားမှုကို မျှော်လင့်ထားရပါလိမ့်မည်။ သို့သော်လည်း အခြေအနေတစ်ရပ်ကို သူများထက် ပို၍သိရှိထားအောင် ကြိုးစားလျှင် Uncertainty ကို လျော့ချနိုင်မည် ဖြစ်ပြီး၊ မိမိတို့၏ လုပ်ငန်းသဘောသဘာဝ၊ ပြိုင်ဘက်တို့၏အခြေအနေကို ကောင်းစွာ သိထားခဲ့ပါလျှင် Risk ဟူသော စွန့်စားမှုကို လျော့ချနိုင်ပါလိမ့်မည်။
ဥပမာအားဖြင့် စတိုးဆိုင်အကြောင်း ကောင်းစွာသိထားသူနှင့် စတိုးဆိုင်အကြောင်း ဘာမှမသိထား ကြသူနှစ်ဦးအနေဖြင့် ထိုလုပ်ငန်းကို လုပ်ကိုင်ရာတွင် တစ်ဦးနှင့်တစ်ဦး စွန့်စားရမှု မတူနိုင်ကြသည်ကို တွေ့ရပါ လိမ့်မည်။ မန်နေဂျာတစ်ဦးအနေဖြင့် သေချာရေရာသော (Certainty) ၊ မရေရာမသေချာသော (Uncertainty) နှင့် စွန့်စားမှု (Risk) တို့ကို အခြေခံ စဉ်းစားကြရပါလိမ့်မည်။
ပဋိပက္ခ
နေရာတိုင်းတွင်ရှိသောအရာ ဖြစ်သည်။ ရရှိသောအချိန်၊ သုံးနိုင်သော အရင်းအမြစ်များ (Resources) ၊ သတ်မှတ်ရည်မှန်းချက် စသည်တို့အကြား တစ်ဦးနှင့်တစ်ဦး အမြင်မတူ၊ ချဉ်းကပ်ပုံ မတူကြ သည့်အတွက် ပဋိပက္ခများ ရှိနေနိုင်ပါသည်။ ထိုပဋိပက္ခများကို ခေါင်းဆောင်များအနေဖြင့် အတွေ့အကြုံပေါ် မူတည်၍ အကောင်းဆုံး ကျော်လွှား ဖြေရှင်းကြရပါလိမ့်မည်။ အထူးသဖြင့် Collective Decision ဟူသော အများဖြင့် စဉ်းစားဆုံးဖြတ်ကြရသော အဆုံးအဖြတ်များတွင် ဤပြဿနာ ရင်ဆိုင်ကြရလေ့ ရှိသည်။
တစ်ခါတစ်ရံတွင် လက်တွေ့လောက၌ အမှန်တကယ် ဖြစ်ပျက်တတ်သည်များလည်း ရှိပါသေးသည်။ CEO မှမန်နေ၈ျာများ၊ ဒါရိုက်တာများထံမှ အကြံÓဏ်ရယူရာတွင် ထိုအကြံÓဏ်ပေးသူများ၏ အရည်အသွေး နိမ့်ပါးပြီး CEO ၏ပညာက သိပ်မြင့်မားနေပြန်လျှင်လည်း
ထိုမန်နေဂျာများ၏ အကြံÓဏ်ကို ပယ်ချကာ CEO အနေဖြင့် အများနှင့်ဆန့်ကျင်သော
သူ့မူ၊ သူ့ဆုံးဖြတ်ကိုသာ ချမှတ်လိုက်ရသည်များလည်း ရှိတတ်ပါ၏။
အရည်အသွေးရှိသော ဆုံးဖြတ်ချက်အတွက် အခြေခံအဆင့်များ
Final Decision ဟူသော နောက်ဆုံး-ဆုံးဖြတ်ချက်တစ်ခုမရောက်မီ အခြေခံအဆင့်များကို မှန်မှန် ကန်ကန် ကျော်ဖြတ်မှသာလျှင် အရည်အသွေးမြင့်မားသော အဆုံးအဖြတ်ကို ချမှတ်နိုင်ပါလိမ့်မည်။
ပြဿနာကို ရှာဖွေသတ်မှတ် စိတ်ဖြာခြင်း (Identifying and diagnosing the problem)
အခြား အရန်ဖြေရှင်းမှုထားရှိခြင်း (Alternative solution)
အခြားအရန်များကို စီစစ်ခြင်း (Evaluating alternatives)
အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခြင်း (Making Choice)
အဆုံးအဖြတ်ကို အကောင်အထည်ဖော်ခြင်း (Implementing the decision)
အဆုံးအဖြတ်ကို ပြန်လည်သုံးသပ်ခြင်း (Evaluating the decision)
အလေ့အကျင့် နည်းပါးကြသောကြောင့် မြန်မာအများစုမှာ အထက်ပါအဆင့်များကို မလိုက်နာကြ သည်ကို သတိထားမိသည်။ နောက်ဆုံး-အဆုံးအဖြတ်ပြုပြီး
မည်မျှ ရလဒ်ထွက်သည်၊ မှန်ကန်သည်ကိုပင် အခါ မလပ် စောင့်ကြည့်စစ်ဆေးသည့်
အလေ့အကျင့် ကောင်းစွာ မရှိနိုင်ကြသေးသည်ကို တွေ့ရပါသည်၊ တွေ့ကြုံ နေရသော
ပြဿနာဆိုင်ရာကိုလည်း မိမိတို့ ဆောင်ရွက်နိုင်စွမ်းနှင့်
နှိုင်းယှဉ်စဉ်းစားတတ်ရန် လိုအပ်သည်၊ မိမိတို့ အဖွဲ့အစည်း၏
ဆောင်ရွက်နိုင်စွမ်းအရည်အသွေးကို (၃) ပိုင်းခွဲ၍ အမှန်ရှုမြင်သင့်ပြန်သည်။
Past performance “ပြီးခဲ့သောကာလ ဆောင်ရွက်နိုင်စွမ်း”
Current performance “လက်ရှိ ဆောင်ရွက်နိုင်စွမ်း”
Future expected performance “အနာဂတ် မျှော်မှန်းဆောင်ရွက်နိုင်စွမ်း”
ဟူ၍ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းများတွင် ဆောင်ရွက်နိုင်စွမ်း Performance မြင့်မားစေရန် သင်တန်းများပေး၊ လေ့ကျင့်မှုများ အမြဲမပြတ် ဆောင်ရွက်ပေးနေရခြင်း ဖြစ်သည်။
ပြဿနာများကို ဖြေရှင်းရာတွင် အခြေခံပုံစံ (၂) မျိုး ရှိသင့်သည်။
Ready-made solution (ကြိုတင်သတ်မှတ် ဖြေရှင်းနည်း)
Custom-made solution (ပြဿနာအပေးလိုက်၍ ဖြေရှင်းနည်း)
ဥပမာအားဖြင့် စတိုးဆိုင်တစ်ခုမှ ပစ္စည်းအပေါ် မကျေနပ်၍ ဖောက်သည်တစ်ဦး ပြန်လာလျှင် ]ထို ပစ္စည်းကို အသစ်နှင့် မဆိုင်းမတွ လဲလှယ်ပေးခြင်း} မျိုးသည် ပထမအမျိုးအစား ဖြစ်သည်။ အရောင်းဝန်ထမ်း နှင့် ဖောက်သည်ကြား ဆက်ဆံရေးကြောင့် မပြေမလည်ဖြစ်လာခဲ့လျှင်မူ ဖောက်သည်၏ဆန္ဒအပေါ် မူတည်၍ မန်နေဂျာများက ဖြေရှင်းပေးရမည်မျိုးမှာ ဒုတိယအမျိုးအစားတွင် ပါဝင်ပါသည်။
အဆုံးအဖြတ်တစ်ခုပြုရာတွင် လောလောဆယ် အခြေအနေအရပ်ရပ်အပေါ် မူတည် အခြေခံကြပါ သော်လည်း အနာဂတ်တွင် ဖြစ်လာနိုင်မည့် အရေးအရာများကိုလည်း ထည့်သွင်း စဉ်းစားသင့်၏။ Potential Problem ဟူသော အလားအလာရှိသည့် ပြဿနာများနှင့် Potential Opportunities ဟူသော အလားအလာရှိသည့် အခွင့်အလမ်းများလည်း ရှိတတ်ပါသည်။
အကောင်းဆုံး ပြင်ဆင်ထားသင့်သည်က "Expect the unexpected" ဟူသော “မမျှော်လင့်သည် များကို မျှော်လင့်ထားပါ” ဟူသောအယူအဆ ဖြစ်ပါသည်။ မရေရာမှုများ၊ မမျှော်လင့်နိုင်မှုများကို အကောင်းဆုံး ရင်ဆိုင်ရန် မျှော်လင့်ထားဖို့ လိုသည်၊
လက်တွေ့အကောင်အထည်ဖော်ခြင်း
ခေါင်းဆောင်များအနေဖြင့် အဖက်ဖက်မှ ချင့်ချိန်သုံးသပ်ပြီး အကောင်းဆုံးဖြစ်မည့် အဆုံးအဖြတ် တစ်ခုကို ရွေးချယ် ဆုံးဖြတ်ပြီးသောအခါ ထိုအဆုံးအဖြတ်အနေဖြင့် လက်တွေ့တွင် မည်မျှ ကောင်းစွာ အကောင်အထည်ဖော်နေနိုင်သည်ကို ဆက်လက်စောင့်ကြည့်ရန် လိုအပ်နေပါသေးသည်။ အဆုံးအဖြတ်၏ မှန်ကန်မှု/ မှားယွင်းမှုကြောင့်လည်းကောင်း၊ တဆင့်နိမ့် မန်နေဂျာများ၏ အရည်အသွေးကြောင့်လည်းကောင်း တစ်ခါတစ်ရံတွင် မျှော်လင့်ထားသလိုများ မဖြစ်တတ်သည်ကို သတိထားရန် လိုပါသေးသည်။
အဆုံးအဖြတ်တစ်ခုအနေဖြင့် အကောင်အထည်ဖော်ရာတွင်
မည်မျှကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်မှုရှိ/မရှိ (How things will look and fully operational)
လိုအပ်သောအဆင့်များကို ချမှတ်ရန် (Necessary steps)
တဆင့်ချင်း လိုအပ်သောအရင်းအမြစ်များ၏ ပံ့ပိုးမှု (Resources for each step)
တဆင့်ချင်းစီအတွက် လိုအပ်သောအချိန် (Time needed)
တစ်ဦးချင်းအကောင်အထည်ဖော်ရမ ည့်တာဝန် (Individual responsibility)
အကောင်းဆုံးအဆုံးအဖြတ် (Best Decision) ဟူသည်မှာ ဘယ်သောအခါမှရှိမည် မဟုတ်ပါ၊ အခြေအနေ အချိန်အခါ ပြောင်းလဲနေသောကြောင့် ဖြစ်ပါသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် လိုအပ်သည် များကို ပြင်ဆင်ပြီး အဆုံးအဖြတ်ပေးလိုက်ရုံဖြင့် လည်း
တာဝန်တစ်ခု မပြီးဆုံးသွားသေးပါ၊ မိမိ၏အဆုံးအဖြတ် အပေါ် အကောင်အထည်ဖော်မှု၊
ဖြစ်ပေါ်လာသောရလဒ်၊ ဆုံးရှုံးမှု၊ အားသာချက်၊ အားနည်းချက်များကို လည်း
အမြဲတမ်း စောင့်ကြည့်နေရပါလိမ့်မည်။ နောက်ဆုံး တစ်ဆင့်ချင်း
ထွက်ပေါ်လာသောရလဒ်အရ မိမိ၏ အဆုံးအဖြတ် တစ်စုံတစ်ရာ အားနည်းနေ၍လား၊ သို့မဟုတ်
အကောင်အထည်ဖော်သူများ၏ အားနည်းမှုလား၊ သို့မဟုတ် ထောက်ပံ့ရသော
အရင်းအမြစ်များ၏ အားနည်းမှုလားဟူသည်ကို ဆက်လက် လေ့လာ၍ သင်ခန်းစာ
ထုတ်နုတ်ရယူနိုင်ရန်လည်း လိုအပ်နေပါသေးသည်။
ဤနေရာတွင် Illusion of Control ဟူသည့် ထိန်းကျောင်းမှု ဝေဝါခြင်းကိုလည်း ကောင်းစွာ သတိ ပြုမိကြရန် လိုသည်။ မည်သူက မည်သည့်အတိုင်းအတာအထိ လုပ်ပိုင်ခွင့်ရှိသည်ဟူသည့် အပေါ် ရှင်းရှင်း လင်းလင်းရှိရန် လိုအပ်သည်။ အထူးသဖြင့် မြန်မာ့လူမှုအသိုင်းအဝိုင်းတွင်
မန်နေဂျာများ၏ လုပ်ပိုင်ခွင့်ကို ပြတ်ပြတ်သားသား ပေးထားလေ့မရှိခြင်း၊
အောက်ခြေမှ ကွဲပြားစွာ မသိရှိခြင်းများက အဆုံးအဖြတ်တစ်ခုကို
အကောင်အထည်ဖော်ရာတွင် များစွာ ထိခိုက်စေကြောင်း တွေ့ရတတ်သည်၊
လက်တွေ့လုပ်ငန်း ဆောင်ရွက်ကြရာတွင် ပဋိပက္ခဆိုသည်မှာ ရှိစမြဲဖြစ်ပြီး ရှောင်လွှဲ၍မရသောအရာ ဖြစ်သည်မှန်သော်လည်း ပဋိပက္ခများမှာ Constructive Conflict ဟူသည့် အပြုသဘောဆောင်သည့် ပဋိပက္ခမျိုးသာ ဖြစ်သင့်ပါသည်။ ဓမ္မဓိ|ာန်ဖြစ်ခဲ့လျှင် အပြုသဘောဆောင်ပဋိပက္ခ ဖြစ်လာပြီး၊ ပုဂ္ဂလဓိ|ာန်ကို အခြေခံပါမူ Destructive Conflict ဟူသည့် အဖျက်သဘောပါပဋိပက္ခကို မွေးဖွားနိုင်ပါသည်။
ယနေ့ လူမှုကွန်ယက်များတွင် အမြင်မတူမှုတို့အပေါ် အခြေခံ ရေးသားနေကြသော်လည်း မည်သည် က အပြုသဘောဆောင် ကွဲပြားမှု၊ မည်သည်က အပျက်သဘောဆောင် ကွဲပြားမှုဟူ၍ မသိကြကာ မိမိတို့ စိတ်ဆန္ဒပေါ်သာ အခြေခံ၍ ခပ်ပြင်းပြင်း ရေးသားနေကြခြင်းသည် ယနေ့ မြန်မာ့လူ့အဖွဲ့အစည်း၏ အခြေအနေမှန်ကို ထင်ဟပ်စေသည်ဟု သုံးသပ်နိုင်ပြီး၊ ခေါင်းဆောင်များအနေဖြင့် အနည်းဆုံး ဓမ္မဓိ|ာန် ကျကျ အခြေခံ စဉ်းစားနိုင်ကြရန်လိုသည်ဟု မြင်တွေ့ရပါ၏။
နေဇင်လတ် ၁-၈-၁၅ (၁၅၈၂)
စီမံခန့်ခွဲမှုတွင် ခေါင်းဆောင်တို့၏ အဆုံးအဖြတ်သည် များစွာ အရေးကြီးပြီး ထိုအဖွဲ့အစည်း၏ အနာဂတ်လည်း ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်တို့၏အဆုံးအဖြတ်
မရေရာ မသေချာမှုများ (Uncertainty)
ပဋိပက္ခ (Conflict)
ဖွဲ့စည်းပုံ အားနည်းမှု (Lack of Structure)
စွန့်စားမှု (Risk)
အခြေခံမျှသာဖြစ်ပြီး လက်တွေ့လောကတွင် ထို့ထက် များစွာပို၍ စဉ်းစားကြရလေ့ ရှိသည်။
သတ်မှတ်စီစဉ်မှုဖြင့်ဆုံးဖြတ
Programmed Decision ဟု သုံးနှုန်းသည်။ လုပ်ငန်းများသော မန်နေဂျာတစ်ဦးအနေဖြင့် အရာ တိုင်းကို အချိန်တိုင်းတွင် အဆုံးအဖြတ်မပေးနိုင်၊ ထို့ကြောင့် အချို့သောကိစ္စရပ်များတွင် “ဘာဖြစ်ရင်ဘာလုပ်” “ဘာပြီးရင်ဘာလုပ်” ဟူသော ကြိုတင်သတ်မှတ် စီစဉ်ထားမှုဖြင့် အဆုံးအဖြတ်ကို ကြိုတင် ပေးပြီးထားလေ့ ရှိကြသည်။ ဥပမာ - ရုံးချိန်ထက် နာရီဝက်နောက်ကျလျှင် ထိုနေ့ တစ်နေ့စာ လစာဖြတ်တောက်ခြင်း၊ ဈေးကွက် ဆိုင်ရာ ဆောင်ရွက်မှုများ (Marketing) ၊ ပြီးလျှင် ရောင်းချမှု (Sales) ကို ဆက်တိုက် ဆောင်ရွက်စေခြင်း၊ မန်နေဂျာ/
သတ်မှတ်စီစဉ်မှုဖြင့်မဟုတ်သေ
Non Programmed Decision သည် ခေါင်းဆောင်တိုင်း မကြာခဏ ရင်ဆိုင်ရလေ့ရှိသော အတွေ့ အကြုံများ ဖြစ်သည်၊ ခေါင်းဆောင်များအနေဖြင့် ဤကိစ္စများတွင် များများ အတွေ့အကြုံ ယူသင့်ကြသည်၊ မန်နေဂျာများ၏ အတွေ့အကြုံ၊ ပညာ၊ ပါးနပ်မြော်မြင်မှု၊ ပညာÓဏ်ကြီးမြင့်မှုအပေါ် များစွာ မူတည်ပြီး တစ်ဦးနှင့်တစ်ဦး အဆုံးအဖြတ် အရည်အသွေးများ ကြီးမားစွာ ကွာခြားနိုင်ကြသည်။
ဥပမာအားဖြင့် အခြားပြိုင်ဘက်ကုမ္ပဏီမှ ပစ္စည်းဈေးနှုန်းကို ရုတ်တရက် နှိမ့်ချလိုက်ခြင်း၊ မက်လုံး ပေးအစီအစဉ်များဖြင့် ရုတ်တရက် ရောင်းချခြင်း၊ ရုတ်တရက် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ရခြင်းစသော အတွေ့အကြုံများတွင် အဆုံးအဖြတ်ကို ကြိုတင်စီစဉ် ဆောင်ရွက်၍ မရတော့ချေ။ မန်နေဂျာများ၏ အတွေ့ အကြုံပါးနပ်မှုက အဆုံးအဖြတ်၏တန်ဖိုးကို သတ်မှတ်ပါသည်။
မသေချာမရေရာမှုနှင့်စွန့်စား
မည်သည့်အလုပ်မဆို လက်တွေ့တွင် ကြိမ်းသေ တွက်ချက်ထား၍ မရပါ၊ အကောင်းဆုံး တွက်ချက် မျှော်လင့်ထားကြသော်လည်း မျှော်မှန်းထားသလို ဖြစ်လာတတ်မှုက လွန်စွာ နည်းပါးတတ်ပါသည်။ Uncertainty ဟူသော မရေရာမှု၊ Risk ဟူသော စွန့်စားမှုကို မျှော်လင့်ထားရပါလိမ့်မည်။ သို့သော်လည်း အခြေအနေတစ်ရပ်ကို သူများထက် ပို၍သိရှိထားအောင် ကြိုးစားလျှင် Uncertainty ကို လျော့ချနိုင်မည် ဖြစ်ပြီး၊ မိမိတို့၏ လုပ်ငန်းသဘောသဘာဝ၊ ပြိုင်ဘက်တို့၏အခြေအနေကို ကောင်းစွာ သိထားခဲ့ပါလျှင် Risk ဟူသော စွန့်စားမှုကို လျော့ချနိုင်ပါလိမ့်မည်။
ဥပမာအားဖြင့် စတိုးဆိုင်အကြောင်း ကောင်းစွာသိထားသူနှင့် စတိုးဆိုင်အကြောင်း ဘာမှမသိထား ကြသူနှစ်ဦးအနေဖြင့် ထိုလုပ်ငန်းကို လုပ်ကိုင်ရာတွင် တစ်ဦးနှင့်တစ်ဦး စွန့်စားရမှု မတူနိုင်ကြသည်ကို တွေ့ရပါ လိမ့်မည်။ မန်နေဂျာတစ်ဦးအနေဖြင့် သေချာရေရာသော (Certainty) ၊ မရေရာမသေချာသော (Uncertainty) နှင့် စွန့်စားမှု (Risk) တို့ကို အခြေခံ စဉ်းစားကြရပါလိမ့်မည်။
ပဋိပက္ခ
နေရာတိုင်းတွင်ရှိသောအရာ ဖြစ်သည်။ ရရှိသောအချိန်၊ သုံးနိုင်သော အရင်းအမြစ်များ (Resources) ၊ သတ်မှတ်ရည်မှန်းချက် စသည်တို့အကြား တစ်ဦးနှင့်တစ်ဦး အမြင်မတူ၊ ချဉ်းကပ်ပုံ မတူကြ သည့်အတွက် ပဋိပက္ခများ ရှိနေနိုင်ပါသည်။ ထိုပဋိပက္ခများကို ခေါင်းဆောင်များအနေဖြင့် အတွေ့အကြုံပေါ် မူတည်၍ အကောင်းဆုံး ကျော်လွှား ဖြေရှင်းကြရပါလိမ့်မည်။ အထူးသဖြင့် Collective Decision ဟူသော အများဖြင့် စဉ်းစားဆုံးဖြတ်ကြရသော အဆုံးအဖြတ်များတွင် ဤပြဿနာ ရင်ဆိုင်ကြရလေ့ ရှိသည်။
တစ်ခါတစ်ရံတွင် လက်တွေ့လောက၌ အမှန်တကယ် ဖြစ်ပျက်တတ်သည်များလည်း ရှိပါသေးသည်။ CEO မှမန်နေ၈ျာများ၊ ဒါရိုက်တာများထံမှ အကြံÓဏ်ရယူရာတွင် ထိုအကြံÓဏ်ပေးသူများ၏ အရည်အသွေး နိမ့်ပါးပြီး CEO ၏ပညာက သိပ်မြင့်မားနေပြန်လျှင်လည်
အရည်အသွေးရှိသော ဆုံးဖြတ်ချက်အတွက် အခြေခံအဆင့်များ
Final Decision ဟူသော နောက်ဆုံး-ဆုံးဖြတ်ချက်တစ်ခ
ပြဿနာကို ရှာဖွေသတ်မှတ် စိတ်ဖြာခြင်း (Identifying and diagnosing the problem)
အခြား အရန်ဖြေရှင်းမှုထားရှိခြင်း (Alternative solution)
အခြားအရန်များကို စီစစ်ခြင်း (Evaluating alternatives)
အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခြင်း (Making Choice)
အဆုံးအဖြတ်ကို အကောင်အထည်ဖော်ခြင်း (Implementing the decision)
အဆုံးအဖြတ်ကို ပြန်လည်သုံးသပ်ခြင်း (Evaluating the decision)
အလေ့အကျင့် နည်းပါးကြသောကြောင့် မြန်မာအများစုမှာ အထက်ပါအဆင့်များကို မလိုက်နာကြ သည်ကို သတိထားမိသည်။ နောက်ဆုံး-အဆုံးအဖြတ်ပြုပြီ
Past performance “ပြီးခဲ့သောကာလ ဆောင်ရွက်နိုင်စွမ်း”
Current performance “လက်ရှိ ဆောင်ရွက်နိုင်စွမ်း”
Future expected performance “အနာဂတ် မျှော်မှန်းဆောင်ရွက်နိုင်စ
ဟူ၍ဖြစ်သည်။ ထို့ကြောင့် အဖွဲ့အစည်းများတွင် ဆောင်ရွက်နိုင်စွမ်း Performance မြင့်မားစေရန် သင်တန်းများပေး၊ လေ့ကျင့်မှုများ အမြဲမပြတ် ဆောင်ရွက်ပေးနေရခြင်း ဖြစ်သည်။
ပြဿနာများကို ဖြေရှင်းရာတွင် အခြေခံပုံစံ (၂) မျိုး ရှိသင့်သည်။
Ready-made solution (ကြိုတင်သတ်မှတ် ဖြေရှင်းနည်း)
Custom-made solution (ပြဿနာအပေးလိုက်၍ ဖြေရှင်းနည်း)
ဥပမာအားဖြင့် စတိုးဆိုင်တစ်ခုမှ ပစ္စည်းအပေါ် မကျေနပ်၍ ဖောက်သည်တစ်ဦး ပြန်လာလျှင် ]ထို ပစ္စည်းကို အသစ်နှင့် မဆိုင်းမတွ လဲလှယ်ပေးခြင်း} မျိုးသည် ပထမအမျိုးအစား ဖြစ်သည်။ အရောင်းဝန်ထမ်း နှင့် ဖောက်သည်ကြား ဆက်ဆံရေးကြောင့် မပြေမလည်ဖြစ်လာခဲ့လျှင်မူ ဖောက်သည်၏ဆန္ဒအပေါ် မူတည်၍ မန်နေဂျာများက ဖြေရှင်းပေးရမည်မျိုးမှာ ဒုတိယအမျိုးအစားတွင် ပါဝင်ပါသည်။
အဆုံးအဖြတ်တစ်ခုပြုရာတွင် လောလောဆယ် အခြေအနေအရပ်ရပ်အပေါ် မူတည် အခြေခံကြပါ သော်လည်း အနာဂတ်တွင် ဖြစ်လာနိုင်မည့် အရေးအရာများကိုလည်း ထည့်သွင်း စဉ်းစားသင့်၏။ Potential Problem ဟူသော အလားအလာရှိသည့် ပြဿနာများနှင့် Potential Opportunities ဟူသော အလားအလာရှိသည့် အခွင့်အလမ်းများလည်း ရှိတတ်ပါသည်။
အကောင်းဆုံး ပြင်ဆင်ထားသင့်သည်က "Expect the unexpected" ဟူသော “မမျှော်လင့်သည် များကို မျှော်လင့်ထားပါ” ဟူသောအယူအဆ ဖြစ်ပါသည်။ မရေရာမှုများ၊ မမျှော်လင့်နိုင်မှုများကို အကောင်းဆုံး ရင်ဆိုင်ရန် မျှော်လင့်ထားဖို့ လိုသည်၊
လက်တွေ့အကောင်အထည်ဖော်ခြင်း
ခေါင်းဆောင်များအနေဖြင့် အဖက်ဖက်မှ ချင့်ချိန်သုံးသပ်ပြီး အကောင်းဆုံးဖြစ်မည့် အဆုံးအဖြတ် တစ်ခုကို ရွေးချယ် ဆုံးဖြတ်ပြီးသောအခါ ထိုအဆုံးအဖြတ်အနေဖြင့် လက်တွေ့တွင် မည်မျှ ကောင်းစွာ အကောင်အထည်ဖော်နေနိုင်သည်ကိ
အဆုံးအဖြတ်တစ်ခုအနေဖြင့် အကောင်အထည်ဖော်ရာတွင်
မည်မျှကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်မှုရှိ/မရှိ (How things will look and fully operational)
လိုအပ်သောအဆင့်များကို ချမှတ်ရန် (Necessary steps)
တဆင့်ချင်း လိုအပ်သောအရင်းအမြစ်များ၏ ပံ့ပိုးမှု (Resources for each step)
တဆင့်ချင်းစီအတွက် လိုအပ်သောအချိန် (Time needed)
တစ်ဦးချင်းအကောင်အထည်ဖော်ရမ
အကောင်းဆုံးအဆုံးအဖြတ် (Best Decision) ဟူသည်မှာ ဘယ်သောအခါမှရှိမည် မဟုတ်ပါ၊ အခြေအနေ အချိန်အခါ ပြောင်းလဲနေသောကြောင့် ဖြစ်ပါသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် လိုအပ်သည် များကို ပြင်ဆင်ပြီး အဆုံးအဖြတ်ပေးလိုက်ရုံဖြင့်
ဤနေရာတွင် Illusion of Control ဟူသည့် ထိန်းကျောင်းမှု ဝေဝါခြင်းကိုလည်း ကောင်းစွာ သတိ ပြုမိကြရန် လိုသည်။ မည်သူက မည်သည့်အတိုင်းအတာအထိ လုပ်ပိုင်ခွင့်ရှိသည်ဟူသည့်
လက်တွေ့လုပ်ငန်း ဆောင်ရွက်ကြရာတွင် ပဋိပက္ခဆိုသည်မှာ ရှိစမြဲဖြစ်ပြီး ရှောင်လွှဲ၍မရသောအရာ ဖြစ်သည်မှန်သော်လည်း ပဋိပက္ခများမှာ Constructive Conflict ဟူသည့် အပြုသဘောဆောင်သည့် ပဋိပက္ခမျိုးသာ ဖြစ်သင့်ပါသည်။ ဓမ္မဓိ|ာန်ဖြစ်ခဲ့လျှင် အပြုသဘောဆောင်ပဋိပက္ခ ဖြစ်လာပြီး၊ ပုဂ္ဂလဓိ|ာန်ကို အခြေခံပါမူ Destructive Conflict ဟူသည့် အဖျက်သဘောပါပဋိပက္ခကို မွေးဖွားနိုင်ပါသည်။
ယနေ့ လူမှုကွန်ယက်များတွင် အမြင်မတူမှုတို့အပေါ် အခြေခံ ရေးသားနေကြသော်လည်း မည်သည် က အပြုသဘောဆောင် ကွဲပြားမှု၊ မည်သည်က အပျက်သဘောဆောင် ကွဲပြားမှုဟူ၍ မသိကြကာ မိမိတို့ စိတ်ဆန္ဒပေါ်သာ အခြေခံ၍ ခပ်ပြင်းပြင်း ရေးသားနေကြခြင်းသည် ယနေ့ မြန်မာ့လူ့အဖွဲ့အစည်း၏ အခြေအနေမှန်ကို ထင်ဟပ်စေသည်ဟု သုံးသပ်နိုင်ပြီး၊ ခေါင်းဆောင်များအနေဖြင့် အနည်းဆုံး ဓမ္မဓိ|ာန် ကျကျ အခြေခံ စဉ်းစားနိုင်ကြရန်လိုသည်ဟု မြင်တွေ့ရပါ၏။
နေဇင်လတ် ၁-၈-၁၅ (၁၅၈၂)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။