Myawady News
သင်ကိုယ်တိုင် မစဉ်းစားမိဘူးတဲ့ Valentine's Day လက်ဆောင်များ
=======================================
ချစ်သူများနေ့ ရောက်ဖို့ တစ်ပတ်ပဲ လိုပါတော့တယ်။ ဒါပေမယ့် တစ်ပတ်တာ အတွင်းမှာ ကိုယ့်ချစ်သူ အတွက် ဘာလုပ်ပေးရမလဲ ဆိုပြီး ထူပူ မသွားပါနဲ့ဦး။ အခု တင်ဆက်ပေးမှာကာ သင့်နဲ့ သင့်ချစ်ခင်သူ အတွက် ချစ်သူများနေ့ လက်ဆောင် အမှတ်တရ ဖန်တီးဖို့ Idea အတွေးအခေါ် (၉)ခု ဖြစ်ပါတယ်။
=======================================
ချစ်သူများနေ့ ရောက်ဖို့ တစ်ပတ်ပဲ လိုပါတော့တယ်။ ဒါပေမယ့် တစ်ပတ်တာ အတွင်းမှာ ကိုယ့်ချစ်သူ အတွက် ဘာလုပ်ပေးရမလဲ ဆိုပြီး ထူပူ မသွားပါနဲ့ဦး။ အခု တင်ဆက်ပေးမှာကာ သင့်နဲ့ သင့်ချစ်ခင်သူ အတွက် ချစ်သူများနေ့ လက်ဆောင် အမှတ်တရ ဖန်တီးဖို့ Idea အတွေးအခေါ် (၉)ခု ဖြစ်ပါတယ်။
(၁) အချက်အနေနဲ့ John Legend အကြောင်းနဲ့ သင်ချစ်ခင် မြတ်နိုးသူထံ သီချင်းလေး တစ်ပုဒ် ရေးစပ်ဖို့ ပဲ ဖြစ်ပါတယ်။ John Legend ရဲ့ သူ့ ဇနီးအတွက် ရေးသားခဲ့တဲ့ ALL of me ဆိုတဲ့ သီချင်းဟာ တစ်ကမ္ဘာလုံးကို အုံးအုံး ကြွက်ကြွက် ဖြစ်စေခဲ့ပါတယ်။
သင့်အနေနဲ့လည်း All of me ဆိုတဲ့ အခိုက်အတန့်လေးကို သင်ကိုယ်တိုင် ဖန်တီးပေးဖို့ လိုပါတယ်။ သင်ချစ်တဲ့သူဆီကို Romantic ဆန်ဆန် အချစ် သီချင်းလေးတွေကို ပေးဖို့ လိုအပ်ပါတယ်။ သင်ပေးတဲ့ သီချင်းလေးတွေ ဒါမှမဟုတ် ဗွီဒီယိုလေးတွေ ဒါမှမဟုတ် ဓာတ်ပုံ လေးတွေကို သင့်ချစ်သူက သူ့ကိုယ်ပိုင် Youtube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ် တင်မှာ မလွဲ သေချာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ယနေ့ခေတ်ဟာ အင်တာနက်ကို လူတိုင်းလိုလို သုံးနေလို့ပဲ ဖြစ်ပါတယ်။
(၂) အချက်အနေနဲ့ ချောကလက် လက်ဆောင် ပေးရာမှာ သမားရိုးကျ အနေနဲ့ မဟုတ်ဘဲ အမြင်ကို ဆန်းစေတဲ့ ထုတ်ပိုးမှုမျိုးကို သင့်အနေနဲ့ လုပ်ဆောင်ပေးဖို့ အရမ်း လိုအပ်ပါတယ်။
(၃) အချက်အနေနဲ့ ကတော့ သင်ချစ်တယ်ဆိုတာကို သူ့ကို ၀န်ခံ ပြောဆိုဖို့ပါပဲ။ သင့်အနေနဲ့ သူ့အပေါ် ဘယ်လောက်ထိ မြတ်နိုးတယ် ဆိုတာ သိအောင် ပြသရမှာ ဖြစ်ပါတယ်။
(၄) အချက်အနေနဲ့ ကတော့ သင့်ချစ်သူကို အ၀တ်အစား လက်ဆောင်အဖြစ် ပေးတာပါပဲ။ ဒီလို လုပ်တာဟာ လုံးဝကို အမှားအယွင်း မရှိတဲ့ လက်ဆောင် ပေးမှုပါဘဲ။
(၅) အနေနဲ့ အိမ်မွေး တိရိစ္ဆာန် ချစ်တဲ့ ချစ်သူတွေ အတွက် ကတော့ ချစ်သူများနေ့မှာ ခွေးလေး တစ်ကောင်နဲ့ အတူတူ လျှောက်လည်ဖို့ပါပဲ။ ဒီလို လုပ်တာဟာလည်း ကြည်နူး စရာလေး တစ်ခုပါပဲ။
(၆) အနေနဲ့ သင်မြတ်နိုးတဲ့သူအတွက် ရေဒီယို တိတ်ခွေကနေ တစ်ဆင့် သီချင်းလေးတွေ ပေးပို့ခြင်းပါဘဲ။ ဒါပေမယ့် ကတ်ဆက်အသုံးပြုမှုဟာ မရှိသလောက် ဖြစ်နေပြီ ဖြစ်တဲ့အတွက် သင်ချစ်ခင် မြတ်နိုးသူကို ရေဒီယိုလိုင်းမှ တစ်ဆင့် သီချင်းလေးတွေကို တောင်းဆို ပေးဖို့ပဲ ဖြစ်ပါတယ်။ FM ရေဒီယို တင်ဆက်မှုတွေများ ပြားလာတဲ့ ယနေ့ ခေတ်မှာ ဒီကိစ္စကလည်း သိပ်ပြီး မခက်ခဲ လောက်ပါဘူး။
(၇) အချက်ကတော့ တိရိစ္ဆာန် ချစ်တဲ့ စုံတွဲတွေ အတွက် ဘာလက်ဆောင်က အကောင်းဆုံး ဖြစ်မလဲဆိုရင် တိရိစ္ဆာန်ရုံတွေကို သွားရောက်ပြီး သူတို့ကို အစားကျွေးဖို့ အတွက် ငွေကြေး ထည့်ဝင်တာတို့ လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။
(၈) အနေနဲ့ ချစ်တဲ့သူဆီကို Valentine day card ပေးခြင်းဟာ ငွေဖြုန်းတီးခြင်း ဖြစ်တဲ့ အတွက် သင်ကိုယ်တိုင် ရေးသားထားတဲ့ မက်ဆေ့လေးတွေကို ဖေ့ဘုတ် ဒါမှမဟုတ် တွစ်တာ ဒါမှမဟုတ် ဖုန်း ကနေတဆင့် ပေးပို့ပေးရန် ဖြစ်ပါတယ်။
နောက်ဆုံး နံပါတ် (၉) အချက်အနေနဲ့ အကယ်၍ သင်မြတ်နိုးနေတဲ့သူဟာ ယခု အထက်မှာ ပြောဆိုခဲ့တဲ့ သင်ပေးမယ့် လက်ဆောင်တွေကို ယူမယ် မယူဘူး သင့်အနေနဲ့ ယုံကြည်မှု မရှိဘူးဆိုရင် ယခု ဆောင်းပါးကို သင့်အနေနဲ့ မျက်ကွယ် ပြုလိုက်ပါလို့ပဲ တင်ဆက် ပေးလိုက်ရပါတယ်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။