Fire Fly
တရားမျှတတဲ့ ယှဉ်ပြိုင်ခြင်း အစစ်အမှန် (ဆရာသုတ)
------------------------------------------------
( လောကကြီးဟာပုံပြင်ထက်ပိုကျယ် ၀န်းပြီး ဘ၀မှာ အပြေးပြိုင်တာအ ပြင် အခြားလုပ်စရာတွေ လုပ်ရမှာ တွေအများကြီးရှိနေတယ်လို့ဖြေရ မှာဖြစ်ပါတယ်။ဥပမာမလှုပ်မယှက် ငြိမ်သက်နေတာချင်း ပြိုင်မယ်ဆို ရင် လိပ်ကသာ နိုင်မှာပါ။ မြေခွေး တစ်ကောင်နဲ့ လှောင်ချိုင့်ထဲမှာ တစ်ရက်ပိတ်ထားမယ်ဆိုရင်လည်း ယုန်မှာ မျှော်လင့်ချက်မရှိသလောက် ဖြစ်ပေမယ့် လိပ်ကတော့ အခွံထဲကို ခေါင်းရယ်၊ ခြေတွေ လက်တွေရယ် သွင်းထားလိုက်ပြီး အိပ်နေလို့ရပါ တယ်။)
* * * * *
ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ ပုံပြင်ကို အားလုံးကြားဖူးကြမယ် ထင်ပါတယ်။ ယုန်က အပြေးမြန် ပေမယ့် ပြိုင်ဘက် တစ်ဖက်သားကို အထင်သေး တယ်။ ကောင်းကောင်းမပြေးဘဲ လမ်းခုလတ်မှာ အိပ်နေတာနဲ့ ရှုံးသွား တယ်။ လိပ်ကတော့ တစ်ရွေ့ရွေ့သာ သွားနိုင်ပေမယ့် လုံ့လကို မလျှော့ဘဲ မျှော်လင့်ချက် မရှိတဲ့အခြေအနေမှာ အနိုင်မခံ အရှုံးမပေးဘဲ ပြိုင်တဲ့အတွက် ယုန်ကိုအနိုင်ယူနိုင်ခဲ့တယ်။ ဟိုဟိုသည်သည်လျှောက်စဉ်းစား မနေဘဲ လက်ငင်းလုပ်ရမယ့် အလုပ်ကို အာရုံစူး စိုက်ပြီး လုံ့လ၀ီရိယအပြည့်နဲ့ ကြိုးစားတဲ့အခါ မယုံကြည်နိုင်လောက် အောင် ကြီးမားတဲ့အောင်မြင်မှုတွေ ရလာနိုင်တယ်၊ ဖြေးဖြေးမှန်မှန် ကြိုးစားတဲ့ သူကိုလျှော့တွက်လို့မရ ဘူးဆိုတဲ့သင်ခန်းစာကိုပေးတဲ့အင်မတန်လူသိ များတဲ့ပုံပြင်ကလေးပါ။
ဒီနေရာမှာ တစ်ခုသတိပြုရ မှာက ယုန်နဲ့လိပ် အပြေးပြိုင်တဲ့ပွဲ ဟာ ပြိုင်ဖက် ၂ ဦးစလုံးကကိုယ်စွမ်း ဥာဏ်စွမ်းရှိသရွေ့ မီးကုန်ယမ်း ကုန်အားထုတ်ကြိုးပမ်း ယှဉ်ပြိုင်ခဲ့ ကြတဲ့ပွဲမဟုတ်ဘူးဆိုတာပါပဲ။ လက် တွေ့ဘ၀မှာ ကိုယ့်ကိုယ်ကို အထင် ကြီး၊ တစ်ဖက်သားကိုအထင်သေး ပြီးရှိတဲ့အစွမ်းကို အကုန်မထုတ်တာတို့၊ အပျင်းကြီးတာတို့ ဖြစ်နေ လို့အရှုံးနဲ့ရင်ဆိုင်သွားရတာရှိသလို အစွမ်းကုန်ကြိုးစားတဲ့ထဲက အရေး ကြီးတဲ့ အကြောင်းချင်းရာတစ်ခုခု မှာ မယှဉ်နိုင်လို့ရှုံးရတဲ့ အရှုံးမျိုး လည်းရှိပါတယ်။ ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလိုပါဘူး။ ခုနက ယုန်နဲ့လိပ်အပြေးပြိုင်ပွဲမှာပဲယုန်က တစ်ဖက်သားကိုလည်း အထင် မသေးဘူး။ အပျင်းကြီးပြီး ပန်းတိုင် မရောက်ခင်မှာအိပ်လည်းမနေဘူး ဆိုရင်လိပ်အနေနဲ့အရှုံးကြီးရှုံးတော့ မယ်ဆိုတာထင်ရှားပါတယ်။
လိပ်ရဲ့အောင်ပွဲဟာ တကယ် တော့ တစ်ဖက်သားရဲ့ အားနည်းချက်၊ ချို့ယွင်းချက်၊ ပျက်ကွက်မှု တွေကြောင့် ရခဲ့တဲ့ အောင်ပွဲပါ။ ကိုယ့်အစွမ်းအစ သက်သက်နဲ့ ရတဲ့ အောင်ပွဲ မဟုတ်လေတော့ ယုန်ရဲ့ အပြုအမူပေါ် မူတည်ပြီး အောင် မြင်မှုနဲ့ ဆုံးရှုံးမှု ဖြစ်ချင်သလို ဖြစ် နိုင်တဲ့အနေအထားပါ။ လိပ်ဘက် ကဘယ်လိုလုပ်ရင် မုချနိုင်လိမ့်မယ် လို့ အာမခံနိုင်တဲ့ နည်းလမ်းတော့ မရှိပါဘူး။ စဉ်းစားကြည့်ပါ။ ဇာတ် ကောင်တွေရဲ့ အားနည်းချက်၊ အား သာချက်သဘောအရ ပြိုင်ပွဲဝင်သူ ၂ဦးစလုံးက အမှန်ကန်ဆုံးနည်း လမ်းနဲ့ ယှဉ်ပြိုင်မယ်ဆိုရင် ယုန် ကသာ နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ ပြောင်းလဲလို့ မရတဲ့ အရှိတရားပါ။ တစ်နည်းအားဖြင့် ယုန်နဲ့လိပ် အ ပြေးပြိုင်တဲ့ ပုံပြင်တစ်ခုလုံးဟာ စွမ်း ဆောင်ရည်မြင့်မားသူတွေကို မပေါ့ ဆဖို့ သတိပေးတဲ့ ပုံပြင်သာဖြစ်ပြီး လိပ်လိုမျိုး အဓိကအရေးပါတဲ့ အ ကြောင်းချင်းရာတစ်ခုခုမှာ ကိုယ့် ထက်စွမ်းဆောင်ရည်မြင့်သူနဲ့ ယှဉ် ရမယ့်အခြေအနေကို ရောက်နေ သူ တွေအတွက် လမ်းညွှန်မှုပေးတဲ့ ပုံ ပြင်တော့ဖြင့် မဟုတ်ဘူးဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။
ယုန်နဲ့လိပ်အပြေးပြိုင်တဲ့ ပုံ ပြင်အတိုင်းဆိုရင်တော့ ယုန်ကသာ သဘောထားမှန်၊ ခံယူချက်မှန်၊ နည်းလမ်းမှန်နဲ့ ကြိုးစားရင် လိပ် ဘာလုပ်လုပ် နိုင်မှာပဲ။ ဒီပုံပြင်ထဲ မှာ ယုန်ဟာ အောင်နိုင်ဖို့ မွေးဖွား လာသူလို့ ဆိုနိုင်ပါတယ်။ ဒီနေရာ မှာလိပ်လိုမျိုး အခြားသူတွေ အနေ နဲ့ တစ်ပန်းရှုံးနေတယ်မဟုတ်လား၊ အောင်နိုင်ဖို့ မွေးဖွားလာသူတွေ မှားမှပဲ နိုင်ရတော့မှာလားလို့ မေး စရာရှိပါတယ်။ အဖြေကတော့ လောကကြီးဟာပုံပြင်ထက်ပိုကျယ် ၀န်းပြီး ဘ၀မှာ အပြေးပြိုင်တာအ ပြင် အခြားလုပ်စရာတွေ လုပ်ရမှာ တွေအများကြီးရှိနေတယ်လို့ဖြေရ မှာဖြစ်ပါတယ်။ဥပမာမလှုပ်မယှက် ငြိမ်သက်နေတာချင်း ပြိုင်မယ်ဆို ရင် လိပ်ကသာ နိုင်မှာပါ။ မြေခွေး တစ်ကောင်နဲ့ လှောင်ချိုင့်ထဲမှာ တစ်ရက်ပိတ်ထားမယ်ဆိုရင်လည်း ယုန်မှာ မျှော်လင့်ချက်မရှိသလောက် ဖြစ်ပေမယ့် လိပ်ကတော့ အခွံထဲကို ခေါင်းရယ်၊ ခြေတွေ လက်တွေရယ် သွင်းထားလိုက်ပြီး အိပ်နေလို့ရပါ တယ်။
ဆိုလိုတာကကိုယ့်ရဲ့အခြေအ နေနဲ့ စွမ်းဆောင်ရည်၊ ကိုယ်နဲ့ယှဉ် ရမယ့်သူတွေ၊ ကိုယ့်လုပ်ဖော်ကိုင် ဖက်တွေရဲ့ အခြေအနေနဲ့ စွမ်း ဆောင်ရည်တွေကို ခြုံငုံသုံးသပ်ပြီး ယုန်နဲ့လိပ် အပြေးပြိုင်ပွဲ ဖြစ်တော့ မယ်ဆိုလည်း ကိုယ်က လိပ်နေရာ မှာမရှိရအောင်၊ မြေခွေးနဲ့ တစ်ရက် နေရမယ်ဆိုရင်လည်းကိုယ်ကယုန် နေရာမှာမရှိရအောင်အစကတည်း က ရေရှည်ကို မျှော်တွေးသတိထား ပြီးနေတတ်ရမှာ ဖြစ်ပါတယ်။
ဘ၀မှာမလွဲမသွေ သေချာတဲ့ အောင်မြင်မှုကို ရချင်တဲ့သူဟာ ကိုယ့်ရဲ့အောင်မြင်မှုအတွက် တစ် ဖက်သား ဒါမှမဟုတ် အခြားသူ တွေက ဒါတွေ လုပ်ပေးလိမ့်မယ်၊ ဟိုဟာတွေ လုပ်ပေးလိမ့်မယ်လို့ ကျိန်းသေတွက်မထားရဘူး။ ကိုယ့် အတွက် အကူအညီနဲ့ ပံ့ပိုးမှုရဖို့ မျှော်လင့်ပြီး စီစဉ်ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် ဘာအကူအညီ ပံ့ပိုးမှုမှ မပေးတာမျိုး၊ ကူညီပံ့ပိုးဖို့ ဝေးလို့ နောက်ကွယ် က နှောင့်ယှက်ဒုက္ခ ပေးတာမျိုးတွေ ကြုံတွေ့လာရရင် လည်း ကိုယ့်ဘက်က အသင့်ရှိရမှာ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ်က လိပ်နေရာမှာ ဆိုရင် စောစောက တည်းက ယုန်လိုကောင်မျိုးနဲ့ အ ပြေးမပြိုင်တာ ကောင်းပါတယ်။ ခြွင်းချက်အနေနဲ့ ကိုယ့်ကို အထင် သေးပြီး လမ်းမှာ အိပ်မယ့် ယုန်လို့ ယူဆရရင်လည်း အပြေးပြိုင်ချင် ပြိုင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ချိန် တည်းမှာပဲ ယုန်က အတည်ပေါက် ပြေးလာခဲ့သည်ရှိသော် ခွက်ခွက် လန်မရှုံးရအောင် အပြေးပြိုင်မယ့် လမ်းကြောင်းကို ဗွက်တောထဲက ဖြစ်ဖြစ်၊ မြေခွေးတွေ ၀ံပုလွေတွေ ရှိတဲ့ လမ်းက ဖြစ်ဖြစ် ဖြတ်ပြေးဖို့ စီစဉ်ထားသင့်ပါတယ်။
ဒါဟာ ညစ်ပတ်တာလားဆို တော့ တရားမျှတတဲ့ ပြိုင်ပွဲဆိုတာ ဘာလဲ ပြန်စဉ်းစားဖို့ လိုပါမယ်။ အပြေးမြန်တဲ့ ယုန်နဲ့ ခံနိုင်ရည်ရှိတဲ့ လိပ်ပြိုင်ကြပြီဆိုကတည်းကအပြေး မြန်တာ တစ်ခုတည်း၊ ခံနိုင်ရည်ရှိ တာ တစ်ခုတည်း ပြိုင်မယ်ဆိုရင် တရားမျှတတဲ့ ပြိုင်ပွဲလို့ မဆိုနိုင်ပါ ဘူး။ အပြေးမြန်တာရော ခံနိုင်ရည် ရှိတာရော နှစ်ခုစလုံးကို ပြိုင်နိုင် မယ့် ပြိုင်ပွဲဖြစ်မှာသာ တရားမျှတ တဲ့ ပြိုင်ပွဲဖြစ်ပြီးတရားမျှတတဲ့ယှဉ် ပြိုင်ခြင်းအစစ်အမှန်ဖြစ်နိုင်ပါတယ်။
creditး JOB seeckers

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။