စိုင်းခမ်းလိတ်ရဲ့ ပင်လုံစာချုပ်တေး (လိဂ်ဟုမ့်မိုင် ပန်လုံ) နဲ့ ဘီးနံပါတ် OK0122L
အဲဒီ သီချင်းကို ရေးချင်နေတာ ကြာလှပါပြီ။ နောက်ဆယ်နှစ်အကြာမှာ ခွဲထွက်ခွင့်ရလို့ ခွဲထွက်ချင်ရင်ပေါ့လေ.. အဲဒီ အတွေးဟာ တစ်ဘဝလုံးကို လွှမ်းမိုးထားသလိုပါပဲ။ ဒါပေမယ့် ဘယ်လိုကောင်းအောင်.. စိတ်ဝင်စားလာအောင်ရေးရမလဲ ဆိုတာ စဉ်းစားမရခဲ့ဘူး။
ဒါပေမယ့် ထူးထူးခြားခြား သျှမ်းကာတွန်း တစ်ပုဒ်ကို တွေ့လိုက်ပြီး အတွေး ရလာတာပါ။ အဲဒီကာတွန်းထဲမှာ ဗိုလ်ချုပ် ကြေးရုပ်ရဲ့အိပ်ထောင်ကို လူတစ်ယောက်ကနှိုက်ပြီး
"သေသေချာချာရှာကြည့်ပါဦး.." လို့ နောက်တစ်ယောက်က ပြောနေတာပါ။

အဲဒါနဲ့ပဲ " ဆယ်နှစ်တောင် ကြာခဲ့ပါပြီ.. သျှမ်းပြည်ကြီးလည်း ပြန်မရသေးပါဘူး..
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်နဲ့ ပါသွားပြီထင်တယ်.. ဘယ်ရောက်သွားပြီလဲ ..
ပင်လုံစာချုပ်ရယ်....." လို့ အဓိပ္ပာယ်ရတဲ့ သီချင်းကို ရေးခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်နဲ့ ပါသွားပြီထင်တယ်.. ဘယ်ရောက်သွားပြီလဲ ..
ပင်လုံစာချုပ်ရယ်....." လို့ အဓိပ္ပာယ်ရတဲ့ သီချင်းကို ရေးခဲ့ပါတယ်။
၁၉၇၁ လောက်က ထင်ပါတယ်။ စာပေစီစစ်ရေးက ခွင့်ပြုမှာမဟုတ်လို့ ယနေ့ထက်တိုင် ထုတ်ဖော်ပုံနှိပ်ခြင်း၊ သီဆိုခြင်း မပြုခဲ့ရပါဘူး။ မိုးကုတ်မှာ ထင်တယ်။
တစ်ခါတော့ ဆိုပြခဲ့ဖူးပြီး ကျန်တဲ့သူတွေ ရသွား၊ သီဆိုသွားကြတာပါ။
သျှမ်းပြည်က လူတွေ ရူးသွပ်ခဲ့တဲ့ သီချင်းပါပဲ။
တစ်ခါတော့ ဆိုပြခဲ့ဖူးပြီး ကျန်တဲ့သူတွေ ရသွား၊ သီဆိုသွားကြတာပါ။
သျှမ်းပြည်က လူတွေ ရူးသွပ်ခဲ့တဲ့ သီချင်းပါပဲ။
စိုင်းခမ်းလိတ်ပြောပြတဲ့ "လိဂ်ဟုမ့်မိုင် ပန်လုံ (ဒါမှမဟုတ်)ပင်လုံစာချုပ်"သီချင်း ဖြစ်ပေါ်လာပုံ
credit to Sai Thein Win
၂ လပိုင်း ၁၂ ကို ကြည့်ပါ။ Look Feb 12
ပိုင်ရှင်သစ်အတွက် လမ်းသစ်ကို ပြေးနေပြီလားဟင်
ပိုင်ရှင်ဟောင်းနဲ့ ကွဲသွားတဲ့ ဘီးကလေးရယ်
အသစ် ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့မမေ့
မင်းသခင်မလေး ခမျာလေ သိပ်ကိုစွဲလမ်းရှာတယ်
ပြန်ရွေးလို့ရခဲ့ရင် ပြန်ရွေးလို့ပေးလိုက်ချင်တယ်..
ဘီးနံပါတ် OK0122L
ပိုင်ရှင်ဟောင်းနဲ့ ကွဲသွားတဲ့ ဘီးကလေးရယ်
အသစ် ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့မမေ့
မင်းသခင်မလေး ခမျာလေ သိပ်ကိုစွဲလမ်းရှာတယ်
ပြန်ရွေးလို့ရခဲ့ရင် ပြန်ရွေးလို့ပေးလိုက်ချင်တယ်..
ဘီးနံပါတ် OK0122L
credit to Thein Myint Win
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။