Myanmar Youth Media Club
သမိုင်းထဲမှာ အထင်ရှားဆုံး အချစ်ပုံပြင် နောက်တစ်ပုဒ်က Napoleon နဲ့ Josephine တို့ပါ။ ပြင်သစ် ဧကရာဇ် Napoleon ကသူ့ထက် အသက် ၆နှစ်ကြီးတဲ့၊ မုဆိုးမ Josephine ကိုအသက် ၂၆နှစ် အရွယ်မှာ လက်ထပ်ခဲ့ ပါတယ်။ Josephine လိုမုဆိုးမ၊ ကလေး ၂ယောက် အမေကို လက်ထပ် ယူခဲ့တဲ့ အတွက် Napoleon ရဲ့မိသားစုက တော်တော် တုန်လှုပ်သွားပြီး သဘောမကျ ကြပါဘူး။
ဒါပေမယ့် ဒါတွေက Napoleon ကိုမတားဆီး နိုင်ခဲ့ပါဘူး။ လက်ထပ်ပြီး ၂ရက် အကြာမှာ Napoleon ကအီတလီကို ထွက်သွား ခဲ့ရပြီး သူတို့ ခွဲခွာနေစဉ် စာတွေ အဆက်မပြတ် ရေးပို့ခဲ့ပြီး ဒီစာတွေက ဒီလို စစ်ဗိုလ်ချုပ် မှာလည်း နူးညံ့ကြင်နာ ချစ်တတ်တဲ့ နှလုံးသား ရှိပါသလားလို့ လူတိုင်းက ပြောစမှတ် ပြုလောက်တဲ့ အထိ Napoleon ရဲ့အရေး အသားတွေက သိမ်မွေ့လွန်း ပါတယ်။ စာတစ်စောင် မှာဆိုရင် Josephine သာမရှိရင်၊ သူမရဲ့ အချစ်တွေသာ မရှိရင် သူ့အတွက် ကမ္ဘာပေါ်မှာ ဘာမှ မရှိတော့ ပါဘူး။ သူဆိုတာ ဥရောပ တစ်ခွင်ကို အုပ်စိုးတဲ့ ဧကရာဇ်ကို ဆိုလိုတာပါ လို့ရေးသား ခဲ့ပါတယ်။ ဒါပေမယ့် Josephine က Napoleon ကိုဆက်ခံမယ့် သား၊သမီး မမွေးပေး နိုင်တာကြောင့် ကွာရှင်းခဲ့ပြီး Marie-Louise နဲ့လက်ထပ် ခဲ့ပါတယ်။ Marie-Louise နဲ့နောက်ပိုင်း မှာကွာခဲ့ပြီး Josephine ကိုပြန်လက်ထပ်ဖို့ တောင်းဆို ခဲ့ပါသေးတယ်။ ၁၈၁၄မှာ Josephine သေဆုံးမှု သတင်းကို Napoleon သိတဲ့အခါ အခန်းထဲမှာ နှစ်ရက် တိတိ ပိတ်နေပြီး သူ့မှာ တခြားသူတွေ ရှိပေမယ့်လည်း အမှန်တကယ် ချစ်ခဲ့တာ သူမ တစ်ယောက် တည်းပါလို့ ၀န်ခံခဲ့ ပါတယ်။
[source: wiki, image from akamaihd]
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။