► အစ်ကိုအနေနဲ့ မော်ဒယ်လောကကို ဘယ်လို မျိုးစိတ်ဝင်စားပြီး စတင်ဝင်ရောက်ဖြစ်ခဲ့တာလဲ။
ကျွန်တော် ၁၉၈၇ မှာ ဘွဲ့ရပြီးတော့ ၁၉၈၈ မှာ အရေးအခင်းတွေဖြစ်တယ်။ အဲဒါနဲ့ ကျွန်တော့် အဖေက ၁၉၈၉ မှာ ”မင်း ဒီမှာမနေဘဲ နိုင်ငံခြားမှာ အင်္ဂလိပ်စာသင်ပါလား” ဆိုပြီး လွှတ်တယ်။ အဖေ က လခစားဆိုတော့ ကျွန်တော့်ကို ၆ လ သင်တန်းပဲ တက်ခိုင်းခဲ့တယ်။ ကျွန်တော် သင်တန်းတက်ရင်းနဲ့ ဟိုတယ်သင်တန်းကျောင်းကိုတွေ့ပြီ
► Star & Model Agency ကို ဘယ်လို စိတ် ကူးတွေနဲ့ စလုပ်ဖြစ်ခဲ့တာလဲ။
ကျွန်တော်က နိုင်ငံခြားမှာ မော်ဒယ်လုပ်ခဲ့ တာလေ။ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့သား ကိုရဲနိုင်ဝင်းက ဒီမှာFashion ပွဲတွေလုပ်မယ်ဆို ပြီး စင်ကာပူကို ဆက်သွယ်ပြီး ငှားတယ်။ အဲဒီပွဲ မှာ ကျွန်တော် ပြည်ပကပြန်လာပြီး ဒီ Agency ကိုတည်ထောင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်က ကုမ္ပဏီမှတ်ပုံတင်အမှတ် ဝဝ၁ နဲ့စပြီး တည်ထောင်ခဲ့ တာပေါ့။
► Model Agency အလုပ်ကို စတင်လုပ်ကိုင် စဉ်မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကိုလည်း သိ ချင်ပါတယ်။
အခက်အခဲတွေကတော့ သိပ်မရှိခဲ့ပါဘူး။ ကိုယ်ကိုယ်တိုင်ကလည်း နိုင်ငံခြားမှာ Model အနေနဲ့ Show တွေ လျှောက်ခဲ့တယ်ဆိုတော့ ဒီ မှာModel Agency လုပ်တော့လည်း ဘာလုပ်ရ မယ်ဆိုတာ သိနေပြီးသားလေ။ ကျွန်တော်က အရင် ဆုံး သံသုမာလမ်းမှာ ”Model အလိုရှိသည် ” ဆို ပြီး ကြော်ငြာလိုက်တယ်။ အဲဒီမှာ လူအယောက် ၂ဝဝဝ လောက်လာလျှောက်တယ်။ နိုင်းနိုင်း၊ ယမင်းကိုကို၊ ညီညီတာ၊ ပိုင်ဇေရဲထွန်း တို့ပါတယ်။
► လုပ်ငန်းတစ်ခုခုကို ရေရှည်အောင်မြင်အောင် ထိန်းသိမ်းဖို့က အရမ်းခက်ခဲပါတယ်။ အစ်ကို့ရဲ့ လုပ်ငန်းကို ရေရှည်အောင်မြင်ဖို့အတွက် ကြိုးစားခဲ့ ရတာတွေက..
ကျွန်တော်က Professional Model တစ် ယောက်အနေနဲ့ ရပ်တည်ခဲ့တဲ့သူဆိုတော့ လူတစ် ယောက်ကို လှမ်းကြည့်လိုက်တာနဲ့သိတယ်။ အဲဒီ လူကို အောင်မြင်အောင်လုပ်ပေးနိုင်တာကိ
► အစ်ကို့ရဲ့ အတွေ့အကြုံတွေနဲ့ ဒီမှာပွဲလုပ်တဲ့ အခါမှာ ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလဲ
ကျွန်တော် ဒီမှာ ပွဲတစ်ပွဲလုပ်ဖို့ ကို (၁) လ လောက် ရီဟာဇယ်တိုက်ရတယ်။ အဲဒီ ခေတ်တုန်းက တော်တော်ကို တိုက်ယူရတယ်။ Yuzana Garden မှာ ပွဲလုပ်ဖို့ကို တော်တော် တိုက်ယူရ တယ်။ Show လျှောက်တဲ့အထဲမှာ အိန္ဒြာကျော်ဇင်၊တင်မိုးလွင်တို့
► အောင်မြင်တဲ့ Agency တစ်ခုကို ဦးဆောင် နေတဲ့ အစ်ကို့အနေနဲ့ အခုအချိန်ထိ အလုပ်နဲ့ပတ် သက်ပြီး သင်ယူစရာတွေ ရှိနေတုန်းပဲလား။
အခုထိလည်း ကိုယ့်အလုပ်နဲ့ ပတ်သက်တာ တွေကို လေ့လာဆည်းပူးနေရတုန်းပါပဲ။Fashi
► Fashion Week ပွဲတွေ ကျင်းပလာတဲ့အ ပေါ်မှာ အစ်ကို့ရဲ့ သုံးသပ်ချက်ကိုလည်းသိချင်ပါ တယ်။
Fashion Week ကိုလုပ်ကြပါ။ အကုန်လုံး လုပ်ကြပါ။ တစ်တိုင်းပြည်လုံး Fashion Week ပွဲတွေ လုပ်စေချင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ Fashion Week ပွဲတွေကို တခမ်း တနားလုပ်သင့်ပါတယ်။ တခြားOraganizer တစ်ယောက်ကဆိုရင် Myanmar Fashion Week ၊ Yangon Fashion Week တို့ကို တော်ဝင်စင်တာနဲ့ ဒီပြင်နေရာတွေမှာ လုပ်သွား တယ်။ ကျွန်တော်ကတော့ အဲဒီလိုမျိုး မလုပ်စေ ချင် ပါဘူး။ အဲဒီလိုလုပ်တာကို ကျွန်တော်အင်မတန် နည်းပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ Fashion Week ကို ဘယ်လိုလုပ်လိုက်လဲဆိုတာ ကို ကျွန်တော် နားမလည်လိုက်ဘူး။
► လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက
Fashion Week ပွဲအတွက် တစ်နေကုန် မအားတဲ့အတွက်ကြောင့် မနက်လေးနာရီအလန်း ပေးပြီး အိပ်ရာကထပြီးတော့ Fashion Show ခွေတွေကို ကြည့်ပါတယ်။ လေ့လာပါတယ်။ ကျွန်ေ တ်ာကြည့်တဲ့အခွေတွေက အများကြီးပါပဲ။ တော်တော်ကိုများပါတယ်။ကိုယ်ရထား
► အစ်ကိုက ပွဲတွေကိုလည်း စီစဉ်နေသူဆိုတော့ ပွဲတစ်ပွဲ သေသေသပ်သပ်နဲ့ အောင်မြင်စွာပြီးမြောက် နိုင်ဖို့အတွက် နောက်ကွယ်ကနေ ဘယ်လိုမျိုးတွေ ကြိုးစားအားထုတ်ခဲ့ရပါသလဲ။
အဲဒါကတော့ အစ်ကိုတစ်ယောက်ထဲ တော်လို့ မဟုတ်ပါဘူး။ ဒီရုံးမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ ပံ့ပိုးမှု တွေလည်းပါပါတယ်။ အဆိုတော် မော်ဒယ်၊ MC တို့ အချိန်မှန်ရောက်ဖို့အတွက် ဝန်ထမ်းတွေရဲ့ ပံ့ပိုး မှုတွေကလည်း အရေးကြီးပါတယ်။ တစ်ထောင့် တစ်နေရာကနေ ကျွန်တော့်ဝန်ထမ်းတွေကလည်း ပံ့ပိုးပေးတာပေါ့။ အဲဒါကြောင့်လည်း ကျွန်တော်တို့ ဒီလိုအောင်မြင်တာပါ။ ပွဲတစ်ပွဲစီစဉ် မယ်ဆိုရင် ပွဲကို သေသေသပ်သပ် ဖြစ်သွားအောင် ဝန်ထမ်းတွေက နောက်ကနေ ပံ့ပိုးပေးတယ်။ အတိအကျဖြစ်အောင်လုပ်ပေးတာပေါ့နေ
စင်ပေါ်မှာ အဆင်ပြေဖို့၊ ကြည့်လို့ကောင်းဖို့၊ Presentation ကောင်းဖို့ကို ပဲ အဓိကထားပြီးလုပ်ပါတယ်။
► Model လောကကို ဝင်ရောက်လာမယ့် လူငယ်တွေအနေနဲ့ Model သင်တန်းကို ရွေးချယ် တဲ့အခါမှာ ဘာတွေကိုကြည့်ပြီး ရွေးချယ်သင့်ပါသ လဲ။
အဓိကကတော့ ဘယ်သူသည် Professional လဲ၊ ဘယ်သူသည် Basic လောက်ပဲ တတ် လဲ၊ ဘယ်သူသည် ဘာတွေလုပ်နေလဲဆိုတာကို သေချာစုံစမ်းပြီးမှ ကိုယ့်ပိုက်ဆံသွားပေးပြီးတော့ အဲဒီ ပညာကို ဆည်းပူးသင့်တယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုေ
► Fashion Week ပွဲမှာ Europe ကModel တွေကို ထည့်သွင်းဖြစ်ခဲ့တာက မြန်မာနိုင်ငံ က Model တွေ လေ့လာအတုယူနိုင်ဖို့ လုပ်ခဲ့တာပါ လား။
Europe က Model တွေကို ဘာကြောင့် ခေါ်ရသလဲဆိုရင် ကျွန်တော့်ဆီက Model တွေနဲ့ အဲဒီလူတွေနဲ့ လက်တွဲပြီး အလုပ်လုပ်တဲ့အခါမှာ သူ တို့ရဲ့အရည်အချင်းတွေကို သံလိုက်ဆွဲသလို ဆွဲ ဆုတ်ယူလို့ရအောင် လုပ်ပေးတာပါ။ Europe က Model တွေရဲ့ လမ်းလျှောက်တာတွေ၊ နေထိုင်ပုံ တွေ၊ ပြုမူလှုပ်ရှားတာတွေ၊ မိတ်ကပ်လိမ်းဖို့ လာတဲ့ အခါမှာ လာတဲ့ပုံစံတွေကို ဒီကModel တွေ ကြည့် ပြီး အတုယူစေချင်ပါတယ်။ ဒီမှာက ဘာတွေမှန်း ကို မသိဘူး။ ဘာတွေဖြစ်ချင်နေမှန်းကို မသိတာ။ အမေတွေက လိုက်လာတာနဲ့ အိမ်ဖော်တွေပါလာ တာနဲ့ ရှုပ်ယှက်ခတ်နေတာပဲလေ။ နိုင် ငံခြားကModel တွေဆိုရင် အိတ်လေးတစ်လုံးနဲ့ပဲ ရောက် လာကြတာ။ အခုဆို နေရာတွေယူကြတာ။ ကျွန်မ က ရှေ့ဆုံးက လျှောက်ရမှာလား။ နောက်ဆုံး က လျှောက်ရမှာလား။ အလယ်က လျှောက်ရမှာလား ဆိုပြီး မေးကြတယ်။ ကျွန်တော် ပွဲပေါင်းသောင်း ကျော်လျှောက်လာတာတောင် ဘယ်နေရာကနေ လျှောက်ခဲ့မှန်းမမှတ်မိတော့ဘူး။
► အစ်ကို့ဆီကိုရောက်ရှိလာတဲ့ Customer တွေကို ဘယ်လိုမျိုးဝန်ဆောင်မှုတွေပေးပါသ
ကျွန်တော့်ကို ပိုက်ဆံလာပေးတာက Model နဲ့ပွဲလုပ်တဲ့သူတွေပေါ့နော်။ Model တွေရော၊ ပွဲ လုပ်တဲ့သူတွေရော သူတို့ပိုက်ဆံပေးရတဲ့အတွက် သူတို့ရဲ့ ကုန်ကျစရိတ်ဆိုတာရှိတယ်။ Model သင်တန်းလာတက်တဲ့သူတွေဆိုရင် အချိန်ယူပြီး လာတက်ရတယ်။ကားခလည်းကုန်တယ်လေ။ ပွဲ လာအပ်တဲ့လူတွေဆိုရင်လည်း ကျွန်တော်တစ် ယောက်ထဲကို ပိုက်ဆံပေးရတာ မဟုတ်ဘူး။ ဟိုတယ်နဲ့၊ အစားအသောက်အတွက်လည်း ပေးရ တာပါ။ အဲဒီအတွက် ကုန်တဲ့ပိုက်ဆံတွေကို ကျွန်တော် Respect ရှိတယ်။ ကျွန်တော့်ဆီလာ တဲ့ အလုပ်ရှင်ပဲဖြစ်ဖြစ်၊ မော်ဒယ်ပဲဖြစ်ဖြစ် သူတို့ ပေးထားတဲ့ပိုက်ဆံနဲ့တန်အောင် လုပ်ပေးပါတယ်။ ကျွန်တော့်ဆီက မော်ဒယ်သင်တန်းသားကို ကျွန်တော်က အရင်ဆုံး စာမေးပွဲစစ်လို့ quality ကို မကြိုက်သေးဘူးဆိုရင် အဲဒီလူကို စာမေးပွဲ မဖြေခိုင်းဘူး။
► ယနေ့ခေတ်ရေစီးကြောင်းနဲ့ မော်ဒယ်လောက အခြေအနေပေါ်ကို အစ်ကို့အနေနဲ့ သုံးသပ်ပေးပါ ဦး။
ခေတ်ရေစီးကြောင်းကတော့ကောင်းပါတ
► မော်ဒယ်လောကမှာ မအောင်မြင်ဘဲနဲ့ ပျက် စီးသွားတဲ့လူငယ်တွေရှိတယ်လို့ကြ
ဒါကတော့ သူတို့နည်းနည်းအောင်မြင်တဲ့အ ချိန်မှာ မကောင်းတာလုပ်စားတဲ့လူတွေက သူတို့ကို ပိုက်ဆံနဲ့မျှားတယ်။ အိမ်မှာ အလကားထိုင်နေလည်း ဘာမှမထူးပါဘူး။ ငါ မိသားစုအတွက် အဆင်ပြေ အောင်ဆိုပြီး လုပ်ရင်းကနေ လမ်းမှားရောက်သွားတာပေါ့နော်။ အဓိကကတော့ ကိုယ်ဘာပဲလုပ်လုပ် ကိုယ့်ဦးနှောက်နဲ့ ကိုယ်ဆုံးဖြတ်ပါ။ ကျေးဇူးပြုပြီး တော့ ဦးနှောက်လေးနဲ့တော့ စဉ်းစားချင့်ချိန်သင့် တယ်လို့ ကျွန်တော်ကတော့ ပြောချင်ပါတယ်။
► အစ်ကို့ရဲ့ Star & Model Agency ကို လေ့လာချင်သူတွေအတွက် ဘယ်လိုမျိုးလေ့လာနိုင် ပါသလဲ။
Starbizgroup @gmail.com ၊ johnlwin67@gmail.com ၊ www. Star – bizgroup.biz တို့မှာ ဝင်ရောက်ကြည့်ရှုပြီး လေ့ လာနိုင်ပါတယ်။ လူကိုယ်တိုင် လာရောက်စုံစမ်း ချင်တယ် ဆိုရင်တော့ ရန်ကုန်-No.90,8th Floor, Room (A/B), Kabaraye Pagoda Road, Bahan Township၊ မန္တလေး- No. 181 ၊ 63th Street, Between 23th str 24th st ၊ တောင်ကြီး- C-103/104, Myamyintzu Thama Housing, Bogyoke Aung San Rd မှာ စုံစမ်းနိုင်ပါတယ်။
သီတာစိုး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။