TechSpace Journal
အမေရိကန်တွင်ခေတ်စားနေသော MEPRO MESLAS ဟုခေါ်သည့် အစ္စရေးထုတ် Sniper Scope
====================================
ပြန်ဆိုသူ- World Wide
====================================
ပြန်ဆိုသူ- World Wide
Meprolight Company သည် Electro-Optical ၊ Uncooled Thermal Sights တို့နှင့်ဆိုင်သော ပစ္စည်းများ၊ ပစ်ခတ်ထိန်းချုပ်သည့်စနစ်များ၊ တပ်မတော်များအတွက် ညကြည့်နည်းပညာဆိုင်ရာကိစ္စရာများ၊ အရပ်ဘက်ဆိုင်ရာလုပ်ငန်းကိစ္စများနှင့် ပတ်သက်၍ ထုတ်လုပ်သော Company တစ်ခုဖြစ်ပြီး ယခုအခါတွင် MEPRO MESLAS ဟုခေါ်သည့် လုပ်ဆောင်နိုင်မှုမျိုးစုံ ပါဝင်သော စနိုက်ပါသေနတ်များတွင်တပ်ဆင်ရမည့် မှန်ပြောင်းတစ်မျိုးအား အမေရိကန်ဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။
MESLAS သည် သပ်ရပ်ခြင်း၊ ပေါ့ပါးခြင်း၊ ပါဝင်သောလုပ်ငန်းအစီအစဉ်များကျနခြင်းအပြင် အကွာအဝေးတိုင်းတာရန်အတွက် လေဆာတိုင်းတာခြင်းစနစ်များပါဝင်ပြီး ၄င်းလေဆာတိုင်းတာခြင်းစနစ်သည် လူ၏မျက်လုံးကိုထိခိုက်နိုင်သည့် အခြေအနေမှလည်း ကင်းလွှတ်စေနိုင်သည်ဟု သိရပါသည်။ လေဆာဖြင့် တိုင်းတာလိုက်သည့်အခါ ပစ်မှတ်အားပစ်ခတ်ရာတွင် တိကျတည်ငြိမ်မှုရှိစေရန်အတွက် Elevation Angle ကိုလည်း အလိုအလျောက်တွက်ချက်ပေးပါသည်။
ထို့အပြင် ယခုစနစ်သည် မည်သည့်အခြေအနေမျိုးနှင့်မဆို (အထူးသဖြင့် တုန်ခါမှုနှင့် ရုတ်ချည်း လှုပ်ရှားမှုမျိုး) ကြံကြံခံကောင်းမွန်ပါသည်ဟု သိရှိရသည်။ ယခုစနစ်အား စွမ်းအားပေးရန်အတွက် AA ဘက်ထရီသာလိုအပ်မည်ဖြစ်ပြီး နာရီပေါင်းများစွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၎င်းစနစ်သည် ညကြည့်ခြင်းဆိုင်ရာတွင်လည်း ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရမည်ဖြစ်ပြီး အဆိုပါမှန်ပြောင်းစနစ်မျိုးအား စစ်ဘက်တွင်သာမက၊ အရပ်သားများဖြစ်သော မုဆိုးများတွင်ပါ အသုံးချနေကြပြီ ဖြစ်ပါသည်။ နေရောညပါကြည့်ရှုနိုင်သည့်အပြင် မည်သည့်ရာသီဥတုအခြေအနေမျိုးနှင့်မဆို အသုံးချနိုင်ခြင်းကြောင့် ၄င်းစနစ်၏ စွမ်းဆောင်နိုင်မှုသည် ထူးခြားလှပါသည်။ Meprolight Company အနေဖြင့် အဆိုပါနည်းပညာအား အခြားသောလုပ်ငန်းများ (ဦးထုပ်များ၊ ကွန်ပတ်စ်) တွင် လည်း အသုံးချ လျက်ရှိပြီး Self-illuminated Sights နှင့်ပတ်သက်၍ ဒေါ်လာ ၆ သန်းကျော်ဖိုးရောင်းချပြီးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။