Facebook Profile စာမျက်နှာလို ပြောင်းလဲမည့် Twitter
***********************************
အွန်လိုင်း လူမှုရေး ကွန်ယက် ၀က်ဆိုက်တစ်ခုဖြစ်တဲ့ တွစ်တာကို ၂၀၀၆ မှာ စတင်ဖန်တီး ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ မှတ်ပုံတင်ပြီး သုံးစွဲသူ
အရေအတွက် ဟာ သန်း ၅၀၀ ရှိနေပြီ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ တွစ်တာဟာ Profile စာမျက်နှာကို ပြန်လည်ပြင်ဆင်ဖို့အတွက် စမ်းသပ်နေတယ်လို့ သိရပါတယ်။ တွစ်တာဟာ ဖေ့ဘွတ်နဲ့ Google + Profile စာမျက်နှာတို့လို တူညီတဲ့ အဓိက ပရိုဖိုင်း စာမျက်နှာကို ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။
အခုစမ်းသပ်နေတဲ့ တွစ်တာရဲ့ အပြင်အဆင်ကတော့ တွစ်တာရဲ့ သတင်းဖော်ပြမှုဟာ နဂိုအသွင်အပြင်ကနေ ကွဲထွက်သွားတဲ့အပြင် ဒေါင်လိုက်သတင်း ဖော်ပြမှု ဖြစ်ရပ်တွေကိုလည်း ဖယ်ထုတ်လိုက်တယ်လို့ သိရပါတယ်။***********************************
အွန်လိုင်း လူမှုရေး ကွန်ယက် ၀က်ဆိုက်တစ်ခုဖြစ်တဲ့ တွစ်တာကို ၂၀၀၆ မှာ စတင်ဖန်တီး ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ မှတ်ပုံတင်ပြီး သုံးစွဲသူ
အရေအတွက် ဟာ သန်း ၅၀၀ ရှိနေပြီ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ တွစ်တာဟာ Profile စာမျက်နှာကို ပြန်လည်ပြင်ဆင်ဖို့အတွက် စမ်းသပ်နေတယ်လို့ သိရပါတယ်။ တွစ်တာဟာ ဖေ့ဘွတ်နဲ့ Google + Profile စာမျက်နှာတို့လို တူညီတဲ့ အဓိက ပရိုဖိုင်း စာမျက်နှာကို ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။
Features အသစ်တွေနဲ့ ဒီဇိုင်းပြင်ဆင်မှုတွေကို အသုံးပြုသူတွေကို အသုံးပြုခွင့် မပေးမီ သိုသိုသိပ်သိပ် စမ်းသပ်တာဟာ တွစ်တာအတွက် ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်တယ်လို့ သိရပြီး စမ်းသပ်နေတဲ့ Feature အသစ်တွေနဲ့ ဒီဇိုင်းပြင်စဉ်မှုတွေကို အသုံးပြုသူ အနည်းစုကိုသာ ပုံမှန်အားဖြင့် စမ်းသပ်ပေးသုံးတာ ဖြစ်ပါတယ်။
စမ်းသပ်နေတဲ့ ခေါင်းကြီးပိုင်း ဓာတ်ပုံအောက်မှာ တော့ အသုံးပြုသူကို Following လုပ်သူများရဲ့ တွိစ်များ၊ ဓာတ်ပုံများနဲ့ ဗီဒီယိုများအပြင် အသုံးပြုသူရဲ့ Followers, Favorites တို့ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Feature အသစ်တွေနဲ့ ဒီဇိုင်းပြင်ဆင်မှုတွေ စမ်းသပ်ပေးသုံး ခံထားရတဲ့ အကောင့်ကနေ အခြား Profile Page ကို ကြည့်ရှုမယ်ဆိုရင်လည်း ကြည့်ရှုခံရတဲ့ Profile Page ဟာ အလိုအလျောက် အသွင်အပြင် အသစ်ကို ပြောင်းသွားမှာ ဖြစ်တယ်လို့လည်း သိရှိရပါသည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။