Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 14, 2014

သီပေါမင်း၏ မြစ်တော်သူ ဒေါ်ဒေ၀ီသန့်စင်နှင့် တွေ့ဆုံမေးမြန်းခြင်း


Myanmaalinn
သီပေါမင်း၏ မြစ်တော်သူ ဒေါ်ဒေ၀ီသန့်စင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုဖောက်ပြန်ရခြင်းသည် တော၊ တောင်၊ ရေ၊ မြေ၊ လေထုကိုဖျက် ဆီးမှန်းမသိ ဖျက်ဆီးနေကြသည့် လူများကြောင့်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နာဂစ်ဖြစ်ပွားခဲ့ပြီးနောက် ပိုင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များကို စိတ်ဝင်တစားလုပ်ကိုင် လာကြသည်။ ထိုလုပ်ငန်းများတွင် အမျိုးသမီးများ ပါဝင်နိုင်ကြစေရန်ရည်ရွယ်၍ ကမ္ဘာမြေချစ်သူ အထူး ဆု ၂၀၁၂ ကို ရရှိထားသည့် မြန်မာနိုင်ငံမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သော အောင်ပင်လယ်လူမှုဝန်းကျင် မဂ္ဂဇင်းအယ်ဒီတာချုပ်နှင့် ဒေါ်ဒေ၀ီသန့်စင်ကို သတင်းထောက် ခင်မြတ် မြတ်ဝေက သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုဟာ အမျိုးသမီးတွေရဲ့ဘ၀ရပ်တည်မှုကို ဘယ်လောက်အတိုင်း အတာထိ ထိခိုက်စေနိုင်ပါသလဲ။

ဒီမေးခွန်းအတွက် ကျွန်မဖတ်ဖူးတဲ့စာအုပ်ထဲက သဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတ အရင်း အမြစ် ဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ် ယောက်အဖြစ် သစ်ပင်သန်းနဲ့ချီပြီး စိုက်ပျိုးခဲ့တဲ့အတွက် နိုဘယ်ဆုရရှိခဲ့တဲ့ အာဖရိက အမျိုးသမီးတစ် ယောက်ရဲ့အကြောင်းနဲ့ ဥပမာပေးပြီးပြောပြချင်ပါတယ်။ သူ့နာမည်က ၀န်ဂါရီမူတာမာအာသိုင်း ဖြစ်ပါ တယ်။ သူမ ဘာကြောင့် နိုဗယ်ဆုချီးမြှင့်ခံခဲ့ရတာလဲဆိုတော့ အာဖရိကမှာ အမျိုးသမီးတွေဟာ ထင်းခွေ ရပါတယ်၊ ရေခပ်ရပါတယ်။ မြေအောက်ရေတွေရှားပါးပြီး မြေအောက်ရေခမ်း
လာတဲ့အတွက် ရေခပ်ရတဲ့ နေရာတွေဝေးလာတယ်။ သစ်တောတွေ ပြုန်းတီးလာတဲ့အတွက် အမျိုးသမီးတွေဟာ အဝေးကြီးထိသွား ပြီး ထင်းခုတ်ကြရတယ်။ သူတို့ အရမ်းကို ဒုက္ခဆင်းရဲရောက်ကြရပါတယ်။ ဒါနဲ့ ၀န်ဂါရီက ဒါတွေ ဘာ ကြောင့်ဖြစ်လာရတဲ့ဆိုတာ ဆန်းစစ်ကြည့်လိုက်တဲ့အခါ သဘာဝပတ်ဝန်းကျင်ပျက်စီးလာတဲ့အတွက် ဆိုးကျိုးတွေကို ရင်ဆိုင်ကြရတာကို သဘောပေါက်လာတယ်။ သူသိလာတာနဲ့တစ်ပြိုင်နက်မှာပဲ သူ ကိုယ်တိုင် သစ်ပင်စိုက်ပျိုးခဲ့သလို တခြားသူတွေပါဝင်လာအောင်လည်း စည်းရုံးလှုံ့ဆော်ခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အိမ်ထောင်ရှင်မတွေဖြစ်တဲ့ အမျိုးသမီးတွေဟာ သဘာဝပတ်ဝန်းကျင်ရဲ့ ဆိုးကျိုးကို တိုက်ရိုက်ခံစားရသူတွေ ဖြစ်တယ်ဆိုတာ သိသာပါတယ်။ သူ့နိုင်ငံနဲ့ သူ့သဘာဝအလိုက် တစ်မျိုးစီ ခံစား ရသူချည်းဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာရှိဖို့ အရေးကြီးသ လားဆိုတာ မြန်မာနိုင်ငံရဲ့အခြေအနေကို အခြေခံပြီးရှင်းပြပေးပါ။

ကျွန်မတို့ဆီက အမျိုးသမီးတွေဟာ စာဖတ်အားနည်းတဲ့အတွက် ဗဟုသုတနည်းပါးတယ်။ စာဖတ်ခြင်း ကနေပြီး သဘာဝပတ်ဝန်းကျင်ဗဟုသုတမှ မဟုတ်ပါဘူး။ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေမှာဘာတွေ ဖြစ်နေတယ်ဆိုတာ သိနိုင်မှာပါ။ ကျွန်မတို့အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဟော ပြောပွဲတွေ လုပ်နေတယ်။ ဒါတွေကို မီဒီယာကတစ်ဆင့် ပြည်သူတွေသိအောင် တင်ပြတယ်။ ဒါပေမဲ့ စာ မဖတ်ကြတော့ ဘာတွေဖြစ်နေတယ်၊ ဘာတွေပြောင်းလဲနေတယ်ဆိုတာကို မသိကြဘူး။ ဥပမာ တစ်ခု ပြောရမယ်ဆိုရင် အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ မီးဖိုချောင်ကိစ္စအတွက် ကျွတ်ကျွတ်အိတ်ကို အသုံး များကြတယ်။ ကျွတ်ကျွတ်အိတ်ဆိုတာ ရေနံကိုအခြေခံပြီးလုပ်ထားတဲ့ ပစ္စည်းဖြစ်တဲ့အတွက် အပူလွန် ကဲတဲ့အရာတွေနဲ့ ထိတွေ့တဲ့အခါ ဓာတ်ပြုပြီးတော့ မီသိန်းဓာတ်ထွက်လာတယ်။ အဲဒီဓာတ်ငွေ့ဟာ အ မျိုးသမီးတွေကို ကလေးမရနိုင်အောင် ဒုက္ခပေးနိုင်သလို ကင်ဆာရောဂါအထိပါ ဖြစ်နိုင်တယ်။ အခုဆိုရင် ကမ္ဘာမှာ ကင်ဆာရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဒုတိယအဆင့်ကို ရောက်နေ ပြီ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ဗဟုသုတအများကြီးရှိဖို့ လို အပ်တယ်လို့ ပြောချင်ပါတယ်။

ဆရာမတို့အခုဖော်ဆောင်နေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အမျိုးသမီး တွေ ပါဝင်မှုအခြေအနေကို ပြောပြပေးပါ။

မြန်မာနိုင်ငံအခြေအနေမှာတော့ နာဂစ်ဖြစ်ပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို စိတ်ဝင်စားလာကြသလို၊ ပါဝင်မှုတွေလည်း ရှိလာတယ်။ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ စာအုပ်စာပေတွေကိုလည်း လေ့လာဝယ်ယူလာကြပါတယ်။ အခုနောက်ပိုင်းမှာ လူငယ်တွေ အနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကို စိတ်ဝင်စားလာကြတယ်။ ကျွန်မဖော်ဆောင်နေတဲ့ အစိမ်းရောင် ကွန်ရက်အဖွဲ့ဆိုရင် သစ်ပင်စိုက်တယ်။ စွန့်ပစ်ထားတဲ့ ပလတ်စတစ်အိတ်တွေ လိုက်ကောက်တယ်။ သ ဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့အဖွဲ့အနေနဲ့ သစ်ပင်စိုက်ရုံ၊ ပလတ်စတစ်အိတ်ကောက်ရုံနဲ့ မပြီးပါ ဘူး။ ပြည်သူတွေပါ ပါလာအောင်၊ ပြည်သူအသံတွေ ပါဝင်လာအောင် လုပ်ရပါမယ်။ ဥပမာ-ကိုယ်ရဲ့ပတ် ၀န်းကျင်မှာ စီမံကိန်းတစ်ခု လုပ်မယ်ဆိုရင် ဒီပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ဘယ်လောက် အတိုင်းအ တာ ထိခိုက်နိုင်မလဲ၊ ဆိုးကျိုးက ဘာဖြစ်လာနိုင်မလဲ၊ မြစ်ကမ်းနားမှာ စက်ရုံလာဆောက်မယ်ဆိုရင် စွန့် ပစ်ပစ္စည်းတွေကြောင့် ငါးတွေသေကြေနိုင်ပါတယ်။ အဲဒီရေကို သောက်သုံးမယ့် ပြည်သူတွေ ကျန်းမာ ရေးထိခိုက်မယ်။ ဒါတွေကို ပြည်သူတွေအနေနဲ့ သိရှိပြီးတော့ ကာကွယ်တားဆီးကြဖို့ လိုအပ်တယ်။ အခု ပွင့်လင်းမြင်သာမှုရှိလာတဲ့ နိုင်ငံဖြစ်လာတဲ့နောက်ပိုင်းမှာ အစိုးရပိုင်းနဲ့ လွှတ်တော်တို့ကို တင်ပြရပါမယ်။ ကိုယ်ရဲ့ပတ်ဝန်းကျင်ထိန်သိမ်းဖို့ဆိုတာ အားလုံးပူးပေါင်းပါဝင်ကြဖို့ လိုအပ်ပါတယ်။ တစ်ဦးတစ်ယောက် တည်း နိုင်ငံတစ်နိုင်ငံတည်း ကွက်ပြီးတော့ ဖော်ဆောင်လို့ ရတဲ့လုပ်ငန်းမျိုးလည်း မဟုတ်တော့ အမျိုးသ မီးထုတစ်ခုတည်းမှ မဟုတ်ပါဘူး။ လူသားအားလုံးပါဝင်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် မီးဖိုချောင်ကစပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင် တယ်ဆိုတာ ဘယ်လိုထိန်းသိမ်းနိုင်တာလဲဆိုတာကို ရှင်းပြပေးပါ။

အိမ်ထောင်ရှင်အမျိုးသမီးတွေလို့ ဆိုတဲ့နေရာမှာ ကျေးလက်နေ အမျိုးသမီးနဲ့ မြို့ပြနေအမျိုးသမီးဆိုပြီး နှစ်မျိုး ရှင်းပြပါ့မယ်။ ကျေးလက်နေ အမျိုးသမီးတွေအနေနဲ့ ချက်ပြုတ်ဖို့ မီးမွှေးတဲ့နေရာမှာ ကျွတ်ကျွတ် အိတ်တွေနဲ့ ကော်ဖီမစ်အိတ်ခွံတွေကို အလွယ်တကူ မီးကူးစက်အောင်လို့ အသုံးပြုတတ်ကြပါတယ်။ မီး ရှို့ရာက မီသိန်းအဆိပ်ငွေ့ ထွက်လာတယ်။ ဒါ့အပြင် ရပ်ကွက်သန့်ရှင်းရေးလုပ်တဲ့အခါ အမှိုက်တွေကိုပုံ ပြီး မီးရှို့ဖျက်ဆီးကြတယ်။ အဲဒီအခါမှာလည်း ပလတ်စတစ်အိတ်တွေပါဝင်တဲ့အတွက် အဆိပ်ငွေ့ထွက် နိုင်ပါတယ်။မီသိန်းအဆိပ်ငွေ့ဟာ နှစ်ပေါင်း ၁၀၀ အထိကို လေထုထဲမှာ ရွှေ့ပြောင်းသွားလာပြီး နေထိုင်နိုင်တဲ့ဓာတ် ငွေ့ဖြစ်ပါတယ်။ ဒါတွေကို လူတွေက ရှူရှိုက်မိတဲ့အခါ မလိုလားအပ်တဲ့ရောဂါတွေကို ခံစားရမှာဖြစ်ပါ တယ်။
မြို့ပြနေအမျိုးသမီးတွေအနေနဲ့ကတော့ ဈေးဝယ်ထွက်တဲ့အခါမှာ ကျွတ်ကျွတ်အိတ်ကို တတ်နိုင်သ လောက် လျှော့ချသုံးစွဲသင့်ပါတယ်။ အိမ်တစ်အိမ်မှာ လူငါးယောက်ရှိတယ်ဆိုပါစို့၊ သူတို့ပြန်လာရင် အိတ်ငါးအိတ် ပါလာနိုင်ပါတယ်။ အဲဒီအိတ်တွေကို မလွှတ်ပစ်ဘဲနဲ့ သန့်စင်ပြီး ပြန်လည် အသုံးပြုသင့်ပါ တယ်။ ကျွန်မတို့ အစိမ်းရောင်ကွန်ရက်အနေနဲ့ စွန့်ပစ်ပစ္စည်းကို ပြန်လည်အသုံးပြုဖို့ နည်းလမ်းသုံးမျိုးနဲ့ ဆောင်ရွက် အကောင်အထည်ဖော်နေပါတယ်။ ပြန်လည်အသုံးပြုမယ်၊ လျှော့ချသုံးမယ်၊ တစ်ဆင့်ပြန် လည်အသုံးပြုမယ်ဆိုတာတွေ ဖြစ်တယ်။
အိမ်ရှင်မတွေအနေနဲ့ အမှိုက်ပစ်တဲ့နေရာမှာလည်း ကိုယ်ပစ်မယ့်အမှိုက်က ဘယ်လိုအမှိုက်အမျိုးအစား လဲဆိုတာ ခွဲခြားစွန့်ပစ်တတ်ဖို့လဲ လိုပါတယ်။ ဒါတွေက အိမ်ထောင်ရှင်မတွေရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်တာတွေပဲ ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အမျိုးသမီးတွေအပါအ၀င် ပြည်သူလူထုတစ် ရပ်လုံးနဲ့ အစိုးရပိုင်းက ဖော်ဆောင်ပေးဖို့ လိုအပ်တဲ့အပိုင်းတွေကို ပြောပြပေးပါ။

သဘာဝပတ်ဝန်းကျင်ကို လူသားတွေအနေနဲ့ စိတ်ဝင်စားမှုနည်းခြင်းဟာ တိုင်းပြည်ရဲ့အခြေအနေနဲ့ ပထ မဆုံးသက်ဆိုင်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရပ်ကို အစိုးရကိုယ် တိုင်ကလည်း စိတ်မ၀င်စားဘူး။ ကျောင်းသင်ခန်းစာတွေမှာလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘာသာရပ်ကို ပြဋ္ဌာန်းထားတာမရှိဘူး။ အစိုးရပိုင်းမှာဆိုရင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနဆိုတာ မရှိဘူး။ ကျွန်မတို့တိုင်းပြည်မှာက အမျိုးသမီးတွေမှမဟုတ်ပါဘူး။ တစ်တိုင်းပြည်လုံး မှာရှိတဲ့ ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှု အားနည်းနေတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ခြင်းဟာ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့လုပ်ငန်းဖြစ်ပြီးတော့ အထူးသဖြင့် အမျိုးသမီးတွေဟာ မီးဖိုချောင်ထဲမှာဆိုရင်တောင် သဘာဝပတ်ဝန်းကျင်သာယာလှပအောင် ဖော်ဆောင်နိုင်ကြတဲ့ သူတွေ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အသက်ရှင်ပြီး နေထိုင်နေတဲ့ လူတွေအနေနဲ့ ရေထု၊ လေထု၊ မြေထုတွေက တန်ဖိုးရှိပါတယ်။ ကမ္ဘာပေါ်မှာနေထိုင်နေတဲ့ လူတိုင်းမှာ စောင့်ရှောက်ဖို့ တာဝန်ရှိကြပါတယ်။ သဘာဝ ပတ်ဝန်ကျင်ထိန်းသိမ်းတဲ့ လုပ်ငန်းဆိုတာ ရင်ထဲကလုပ်ချင်တဲ့ စိတ်ရှိမှသာလုပ်လို့ရတဲ့ လုပ်ငန်းမျိုးပါ။ ကမ္ဘာပေါ်မှာနေထိုင်ပြီး ကမ္ဘာကြီးရေရှည်တည်တံ့စေဖို့အတွက် သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းဖို့တာဝန်က လူသားတိုင်းမှာတာဝန်ရှိသလို အစိုးရဘက်အပိုင်းကလည်း ပါဝင် ဆောင်ရွက်ဖို့ အရမ်းကို အရေးကြီးတယ်လို့ ပြောကြားလိုပါတယ်။
By Mizzima

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။