နည်းစနစ်ကျကျအတွေးအခေါ်
တစ်ခါက
တောင်တန်းတစ်နေရာရဲ့ဂူတစ်ခုမှာ နောက်လိုက်များစွာရှိတဲ့ဆရာကြီးတစ်ယောက်
သေခါနီးကျတော့ ကျောင်းသားတွေက သူတို့ ရဲ့ဆရာကြီးအားမသေခင်အချိန်လေးမှာ
သင်ခန်းစာပေးရန်ရှိမရှိကိုတောင်းဆိုတော့ ဆရာဖြစ်သူကလှဲလျောင်းနေရာကနေ
သူ၏ကျောင်းသားများကို
"ကျောင်းသားတို့ ငါ၏ ခံတွင်းထဲမှာ သွားများကိုမြင်ရသေးလား" ဆိုတော့
ကျောင်းသားများမှ ဆရာကြီးအသက်ကြီးပြီဖြစ်၍ သွားများမရှိတော့သောကြောင့်
မမြင်ရနိုင်တော့ကြောင်းနှင့်လျှာသာရှိတော့ကြောင်းကိုပြန်ဖြေလိုက်သောအခါ
ဆရာကြီးကလည်း
"ငါ၏လျှာသည် ငါ၏သွားများမပေါက်ခင်ကထဲကရှိနေပြီး သွားများသာအရင်ကျိုးနှငကာ
အရင်ရှိနှင့်ပြီးလျှာမှာတော့အဘယ်ကြောင့်အကောင်းအတိုင်းရှိနေသေးသနည်း။"
ဆိုတော့တောင်တန်းတစ်နေရာရဲ့ဂူတစ်ခုမှာ နောက်လိုက်များစွာရှိတဲ့ဆရာကြီးတစ်ယောက်
သေခါနီးကျတော့ ကျောင်းသားတွေက သူတို့ ရဲ့ဆရာကြီးအားမသေခင်အချိန်လေးမှာ
သင်ခန်းစာပေးရန်ရှိမရှိကိုတောင်းဆိုတော့ ဆရာဖြစ်သူကလှဲလျောင်းနေရာကနေ
သူ၏ကျောင်းသားများကို
"ကျောင်းသားတို့ ငါ၏ ခံတွင်းထဲမှာ သွားများကိုမြင်ရသေးလား" ဆိုတော့
ကျောင်းသားများမှ ဆရာကြီးအသက်ကြီးပြီဖြစ်၍ သွားများမရှိတော့သောကြောင့်
မမြင်ရနိုင်တော့ကြောင်းနှင့်လျှာသာရှိတော့ကြောင်းကိုပြန်ဖြေလိုက်သောအခါ
ဆရာကြီးကလည်း
"ငါ၏လျှာသည် ငါ၏သွားများမပေါက်ခင်ကထဲကရှိနေပြီး သွားများသာအရင်ကျိုးနှငကာ
အရင်ရှိနှင့်ပြီးလျှာမှာတော့အဘယ်ကြောင့်အကောင်းအတိုင်းရှိနေသေးသနည်း။"
ကျောင်းသားများလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ဆရာ၏မေးခွန်းမှာ မည်သည့်အကြောင်းကိုဆိုလိုသနည်းဟူ၍ မသိဖြစ်နေကြသည်။
နောက်ဆုံး ဆရာ၏မေးခွန်းကိုတစ်ဦးတစ်ယောက်မှဖြေသံမထွက်တော့ ဆရာကြီးက
"နားထောင်ပါတပည့်တို့ ......
သွားများသည် မာကျောပြီးတောင်းတင်းလှသည်။
သို့ သော်သွားများမှာတော့ ကျိုးကျေသွားလေပြီး လျှာမှာတော့ ပျော့ပြောင်း၍
ယခုအချိန်အထိအကောင်းအတိုင်းရှိနေပါသေးသည်။
ထို့ ကြောင့် ငါ၏နောက်ဆုံးသင်ခန်းစာကား သင်သာသင့်ဘ၀မှာ လျှာလိုပဲ
နူးညံ့သိမ်မွေ့ ပြီး ယဉ်ကျေးစွာနေထိုင်ပါက အခြားလူများထံမှ ယုံကြည်မှုနှင့်
လေးစားချစ်ခင်မှုရရှိနိုင်ပြီး လူ့ ဘောင်အလည်မှာနာမည်ကောင်းဖြင့်ရှည်ကြာစွာ
တည့်တံ့နေနိုင်ပြီး သွားလိုစွာ ခက်ထန်စွာပြုမူနေထိုင်ပါက သင့်ကိုလူတိုင်းက
ရှောင်ဖယ်ပြီး အများသူငါ၏ ကဲ့ရဲ့ပြစ်တင်ချင်းကိုခံရကာနောက်ဆုံး
နာမည်ဆိုနှင့်သေရမည်သာဖြစ်ပေလိမ့်မည်"
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။