Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, February 1, 2014

“၂၀၁၄ အတွင်း အာဏာသိမ်းမှု ဖြစ်ပွားနိုင်သည့် နိုင်ငံများ ခန့်မှန်းချက်တွင် မြန်မာ ပါဝင်”


လွင်သန္တာစိုး
“၂၀၁၄ အတွင်း အာဏာသိမ်းမှု ဖြစ်ပွားနိုင်သည့် နိုင်ငံများ ခန့်မှန်းချက်တွင် မြန်မာ ပါဝင်”

The Voice Weekly ဝါရှင်တန်၊ ဇန်နဝါရီ ၃၁

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၏ နိုင်ငံရေးစနစ်များ၊ လွတ်လပ်ရေး ရရှိသည့် နှစ်၊ လိုအပ်သည့် တိုင်းရင်းသား ပညာတတ် အသိုင်းအဝိုင်းရှိမှု မရှိမှု စသည့်အချက်ပေါင်း ဒါဇင်ပေါင်း များစွာကို လေ့လာ သုံးသပ်ပြီး နိုင်ငံရေး သိပ္ပံပညာရှင် ဂျေးယူဖဒါက ၂၀၁၄ ခုနှစ်အတွင်း အာဏာသိမ်းမှု ဖြစ်ပွားနိုင်သည့် နိုင်ငံများကို သုံးသပ် ခန့်မှန်းရာတွင် မြန်မာနိုင်ငံလည်း ပါဝင်ထားသည်ကို Washington Post သတင်းတွင် ပုံများနှင့်တကွ ဖော်ပြထားသည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသော မြန်မာနိုင်ငံတွင်မူ အာဏာသိမ်းမှု ပေါ်ပေါက် လာနိုင်ခြေမှာ ထိုင်းနိုင်ငံနှင့် ယှဉ်လျှင် နည်းပါးလျက် ရှိပြီး ၄ ရာခိုင်နှုန်းကျော်ခန့်သာ ရှိသည်။

ပုံ (စာမျက်နှာ ၅) တွင် အညိုရောင်ဖြင့် ဖော်ပြထားသည့် နိုင်ငံများသည် အာဏာသိမ်းမှု ပေါ်ပေါက်ရန် အလားအလာ များနေပြီး အဝါရောင်ဖြင့် ဖော်ပြထားသည့် နိုင်ငံများမှာ အာဏာသိမ်းမှု ပေါ်ပေါက်နိုင် ခြေအနိမ့်ဆုံး နိုင်ငံများ ဖြစ်သည်။

သို့သော်လည်း အညိုရောင်ဖြင့် ဖော်ပြထားသော နိုင်ငံများတွင် အာဏာသိမ်းမှု ပေါ်ပေါက် လာနိုင်ခြေ ၅၀ ရာခိုင်နှုန်း အောက်တွင်သာ ရှိသည့်အတွက် လက်တွေ့တွင် အာဏာသိမ်းမှု အမှန်တကယ် ပေါ်ပေါက်လာနိုင်ခြေ မရှိပေ။

အနောက်အာဖရိက နိုင်ငံများဖြစ်သော ဂီနီယာ၊ မာလီ စသည့် နိုင်ငံများမှာ အာဏာသိမ်းနိုင်ခြေ ၂၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၂ ဒသမ ၇ ရာခိုင်နှုန်းထိ ရှိပြီး မာဒါဂါစကာနိုင်ငံမှာ ၂၃ ဒသမ ၉ ရာခိုင်နှုန်းထိ ရှိသည်။

အဆိုပါ အချက်အလက်များကို ကြည့်ခြင်းဖြင့် ဆာဟာရ အောက်ပိုင်း အာဖရိက နိုင်ငံများတွင် အာဏာသိမ်းမှု ပေါ်ပေါက်လာနိုင်ခြေ များနေသည်ကို တွေ့နိုင်သည်။

ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ရှုပ်ထွေးသော နိုင်ငံရေး၊ လူမျိုးရေးနှင့် ကိုလိုနီခေတ်လွန် အကြောင်းတရား များကြောင့် ဖြစ်သည်။

အာဏာသိမ်းနိုင်ခြေ များသည့် အာဖရိကနိုင်ငံ မဟုတ်သည့် နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး အာဏာသိမ်းမှု ပေါ်ပေါက်လာနိုင်ခြေမှာ ၁၀ ဒသမ ၉ ရာခိုင်နှုန်းထိ ရှိသည်။

ထိုင်းနိုင်ငံမှာ ကမ္ဘာ့နိုင်ငံများအနက် အာဏာသိမ်းမှု အများဆုံး ပေါ်ပေါက်သည့် နိုင်ငံတစ်ခု ဖြစ်ပြီး လက်ရှိတွင်လည်း နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။

အာဖဂန်နိုင်ငံတွင်မူ လူမျိုးရေးနှင့် နိုင်ငံရေး ယှဉ်ပြိုင်မှု ပြင်းထန်နေခြင်း၊ ပါကစ္စတန်နိုင်ငံတွင် လွတ်လပ်စွာသီးခြား ရပ်တည်လေ့ရှိသော စစ်တပ် ရှိခြင်း၊ အရပ်သား အစိုးရအင်အား ချည့်နဲ့ခြင်း စသည့် အချက်များကြောင့် အာဏာသိမ်းနိုင်ခြေ မြင့်တက်လျက် ရှိသည်။

အနောက်ဘက် ကမ္ဘာခြမ်းအတွင်း အာဏာသိမ်းနိုင်ခြေ အမြင့်ဆုံးနိုင်ငံ နှစ်ခုမှာ ဟေတီနှင့် အီကွေဒေါ နှစ်နိုင်ငံ ဖြစ်ပြီး ၉ ဒသမ ၂ နှင့် ၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိသည်။

အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တင်းမာနေသော အီရန်နိုင်ငံတွင်မှု အာဏာသိမ်းမှု ပေါ်ပေါက်လာနိုင်ခြေ ၁ ဒသမ ၄၃ ရာခိုင်နှုန်းသာ ရှိပြီး အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံအများစုတွင် အာဏာသိမ်းမှု ပေါ်ပေါက်နိုင်ခြေ ၀ ဒသမ ၁၅ ရာခိုင်နှုန်းသာ ရှိသည်။

ယင်းကဲ့သို့သော ခန့်မှန်းချက်များကို ထုတ်ပြန်ရာတွင် လေ့လာသုံးသပ်ရေး နည်းလမ်းနှစ်ရပ်ကို အသုံးပြုပြီးနောက် ပျမ်းမျှရလဒ်ကို ရယူခြင်း၊ ၁၉၆၀ နှင့် ၂၀၁၀ ပြည့်နှစ်ကာလ ကမ္ဘာ့နိုင်ငံများတွင် ယင်းနည်းလမ်း အသုံးပြုပြီး စမ်းသပ် လေ့လာကြည့်ခြင်း စသည့် လုပ်ဆောင်ချက်များကို ပြုလုပ်ပြီးနောက် နိုင်ငံရေးသိပ္ပံ ပညာရှင် ဂျေးယူဖဒါက ၂၀၁၄ ခုနှစ်အတွင်း အာဏာသိမ်းမှု ဖြစ်ပွားနိုင်သည့် နိုင်ငံများစာရင်းကို ထုတ်ပြန်ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းမှုများမှာ တရားဥပဒေ စိုးမိုးမှုကို ယိုင်နဲ့စေကာ ဒီမိုကရက်တစ် အစဉ်အလာများနှင့် အင်စတီကျူးရှင်းများကို လုံးဝနီးပါး ပစ်ပယ်ထားခြင်းကြောင့် အကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများ ပေါ်ပေါက် လာနိုင်စေသော အရာများ ဖြစ်သည်။

https://www.facebook.com/lwinthandarsoe

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။