Stuff Myanmar Magazine
Sony ရဲ့  ချစ်စရာ Wireless Speaker
တင်းနစ်ဘောလုံး တစ်လုံး အရွယ်သာသာ သေးကွေးပြီး ချစ်စရာ ကောင်းတဲ့
Sony ရဲ့  SRS-BTV5 မော်ဒလ် Wireless Speaker ဖြစ်ပါတယ်။
သင့်ရဲ့  စမတ်ဖုန်းနဲ့  ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ အသံချိန်ညှိတဲ့ ခလုပ်လေးများ ပါဝင်ပြီး သင့်ဖုန်းမှာ ရှိတဲ့ နဂိုအသံထက် ပိုကျယ်တဲ့ အသံကို ထုတ်လွင့်ပေးမှာပါ။
မိမိဖုန်းဝင်လာတဲ့ အခါမှာလည်း အသံရောထွေးမသွားစေဖို့ သီးခြား ဖုန်းပြောစဉ် အသုံးပြှုနိုင်တဲ့ ခလုပ်လေးလည်း ပါဝင်ပါတယ်။
...

ဒီ စပီကာကို USB Port နဲ့ အားသွင်းရမှာ ဖြစ်ပြီး တခါ အားသွင်းရုံဖြင့်
တစ်နေ့ ကို လေးနာရီကြာ အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။
ကောင်းမွန်တဲ့ အသံစနစ်ကို ဖန်တီးပေးနိုင်ပြီး မိမိတစ်ကိုယ်ရေ သုံး စမတ်ဖုန်း စပီကာကိုလည်း မထိခိုက်စေဘဲ နဂိုအသံထက်ကြည်ပြီး ပိုမိုကျယ်လောင်တဲ့ အသံကို ခံစားရမှာပါ ။
ဒီ စပီကာလေးကို USD $69.99 နဲ့ ရောင်းချထားပြီး Sony တံဆိပ် Wireless Speaker လေးကိုသီချင်း ချစ်သူများ အတွက် မိတ်ဆက်ပေးလိုက်ပါတယ်။
-----
Ref; Sony
Freddy ( Stuff Myanmar )

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။