Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, May 25, 2013

Aye Chan Mon၁၅၀၀ကျပ်တန် ဖုန်းပိုင်ရှင်များထံ ဖုန်းထဲမှတဆင့် ငွေလိမ်လည်တောင်းခံသူများ ပေါ်ပေါက်နေ

၁၅၀၀ကျပ်တန် ဖုန်းပိုင်ရှင်များထံ ဖုန်းထဲမှတဆင့် ငွေလိမ်လည်တောင်းခံသူများ ပေါ်ပေါက်နေ
 Saturday, May 25, 2013

 မေလ(၂၀)ရက်နေ့ နေ့လည်(၁၂)နာရီခန့်က တာချီလိတ်မြို့မှာ အခြားမြို့နယ်မှတဆင့် ဖုန်းခေါ်ဆိုလာပြီး (၁၅၀၀)ကျပ်တန် ဖုန်းနှင့်ပတ်သက်၍ ကံစမ်းမဲပေါက်သည်ဟု ပြောဆိုကာ နိုင်ငံတော် အခွန်ကြေးအဖြစ် ငွေလွှဲလာရန်အတွက် ပြောဆို လိမ်လည်လာမှု တရပ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု ဟွေခိုက်ရွာသစ်တွင် နေထိုင်သူ ဒေါ်သန္တာစိုး၏ လက်ကိုင်ဖုန်းဖြစ်သော (0936013089)အား ခေါ်ဆိုလာပြီး တဖက်မှ မိမိကိုယ်ကို မြန်မာ့ဆက်သွယ်ရေးမှ ဦးမောင်မောင်ဟု အမည်ပြောကာ လူနှစ်ဦးသည်( 0973028904)ဖုန်းဖြင့် ဆက်သွယ်လာကာ ယခု လက်ရှိ မဲနှိုက်ရောင်းချပေးနေလျှက်ရှိသော (၁၅၀၀)ကျပ်တန် တန်ဖိုးနည်းဖုန်းကဒ်လျှောက်ထားသူများမှာမှ ဖုန်းကဒ်ရရှိထားသူများကို နိုင်ငံတော်မှ ကျပ်သိန်း(၃၀၀) နှင့် (၄၂)လက်မရှိသော TV တစ်လုံးအား ချီးမြှင့်ရန်အတွက် ထပ်မံ၍ ကံစမ်းမဲအနေဖြင့် နှိုက်ရာ တစ်နိုင်ငံလုံးအနေနဲ့ မဲပေါက်သူမှာ(၃၅၀)ရှိပြီး မဟာကံထူးရှင်အဖြစ် (၃)ဦးကို ထပ်မံရွေးချယ်ခဲ့ကြရာ ရန်ကုန်မြို့မှ ဒေါ်လင်းလင်း၊ ပြည်မြို့မှ ဦးအုန်းကျော် နှင့် တာချီလိတ်မြို့မှ ဒေါ်သန္တာစိုးတို့ မဲပေါက်ကြောင်း ပြောဆိုလာခဲ့သည်။

ယခုလို မဲပေါက်တဲ့အတွက် TV တစ်လုံးကို ကားဂိတ်မှတဆင့် လွှဲပေးမှာဖြစ်ပြီး ကျန်တဲ့ ငွေသား သိန်း(၃၀၀)ကိုတော့ မရယူမီ နိုင်ငံတော်ကို ပြန်ပြီးတော့ အခွန်ဆောင်တဲ့အနေနဲ့ (၄)ကျပ်နှုန်းနဲ့ စုစုပေါင်း ကျပ်(၁၂)သိန်း ကို လှူရမှာဖြစ်ကြောင်း အဲ့ဒီအတွက် အရင်ဆုံး ကျပ်(၁၂)သိန်းကို ဘဏ်ကနေ ၎င်းတို့ထံ လွှဲပေးစေလိုကြောင်း ထိုသို့လွှဲပြီးမှသာ သိန်း(၃၀၀)တန် ချက်လက်မှတ်ကို ပြန်လည်ပို့ပေးမှာဖြစ်ကြောင်းနဲ့ ငွေလွှဲရမည့်အချိန်မှာ နေ့လည်(၁း၃၀)နာရီထက် နောက်မကျစေလိုကြောင်းအပြင် ငွေလွှဲရမည့်လိပ်စာကိုလည်း ဘဏ်ရောက်မှ ပေးမှာဖြစ်ကြောင်း ဖုန်းထဲမှ တဆင့် ထပ်မံ ပြောကြားလာသည်။

အထက်ပါကိစ္စများမပြောလာမီ ဒေါ်သန္တာစိုးအား အရင်ဦးဆုံး အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မိသားစုဝင်ဦးရေ၊ လက်ရှိအခြေအနေနှင့် မိသားစုထဲ၌ ၀န်ထမ်းရှိမရှိ စသည်များကို မေးမြန်းပြီးနောက် (၁၅၀၀)ကျပ်တန်ဖုန်းနှင့်ပတ်သက်၍ ကံစမ်းမဲပေါက်ကြောင်း ပြောကြားလာသည်။ ငွေသားကိစ္စ မပြောမီမှာ (၄၂)လက်မ TV မဲပေါက်တဲ့အတွက် နေရပ်လိပ်စာပြောကြားစေလိုကြောင်းနဲ့ မည်သည့်ကားဂိတ်နှင့် နီးစပ်ကြောင်းလည်း မေးမြန်းလာသည်။ ဒေါ်သန္တာစိုးမှလည်း အဟုတ်ထင်မှတ်ကာ ၀မ်းသာအားရဖြင့် ၎င်းတို့အနေဖြင့် ရွှေမြို့တော် ကားဂိတ်နှင့် နီးကြောင်း ပြန်လည်ဖြေကြားသည့်အခါမှာ တစ်ဖက်မှာလည်း ဟုတ်ပြီ ဒါဆိုရင် ညနေ ရွှေမြို့တော်ကား ဆိုက်တဲ့အချိန်မှာ ကားဂိတ်ကိုသွားပြီး TV ကို သွားရောက် ထုတ်ယူနိုင်ကြောင်း ပြောဆိုကာ မက်လုံးပေးလာခဲ့သည်။

ထို့နောက် နောက်ထပ်ကျန်ရှိနေသေးတဲ့ ကျပ်သိန်း(၃၀၀)အတွက် ပြောဆိုရာမှာ သတ်မှတ်ချိန်အတွင်း ငွေကျပ်(၁၂)သိန်းကို လွှဲပေးစေလိုကြောင်း ငွေလွှဲရောက်ပြီဆိုတာနှင့် ၎င်းတို့ဘက်မှ ချက်လက်မှတ်ကို ဖက်စ် ဖြင့် ပို့ပေးမှာဖြစ်ကြောင်း လိမ်လည်ပြောဆိုလာခဲ့ကြောင်းကို ဒေါ်သန္တာစိုး၏ ခင်ပွန်းဖြစ်သူ ဦးစန်းငွေလင်းမှ ပြန်လည် ပြောပြလာသည်။

"သူတို့ ကျွန်တော့်အမျိုးသမီးကို ဖုန်းထဲကနေ စည်းရုံးနေတာ (၄၅)မိနစ်လောက် ကြာတယ်ဗျ၊ ဖုန်းဆက်လာတာက လူနှစ်ယောက်၊ သူတို့ရဲ့ အသံတွေကို နားထောင်ပြီး အသက်ကို ခန့်မှန်းကြည့်မယ်ဆိုရင် တစ်ယောက်က (၅၅)နှစ်ဝန်းကျင်နဲ့ နောက်တစ်ယောက်က အသက်(၅၀)၀န်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရတယ်၊ ကျွန်တော့် အမျိုးသမီးကလည်း ရိုးသားလွန်းတော့ အယုံလွယ်ပြီး သူတို့ပြောတဲ့အတိုင်း ငွေလွှဲမယ်လုပ်နေတာ၊ ငွေလွှဲဖို့ကိုလည်း သူတို့က မြန်မာ့စီးပွားရေးဘဏ်က ငွေထုတ်ရတာ အဆင်မပြေဘူး၊ kbz နဲ့ နီးရင် kbz ကပဲ လွှဲပေးပါတဲ့၊ ငွေလွှဲမဲ့ အကောင့်ကိုလည်း ဘဏ်ရောက်မှ ပြောမယ်ဆိုပဲဗျာ.."ဟု ဦးစန်းငွေလင်းမှ ရှင်းပြသည်။

ဦးစန်းငွေလင်းမှ " သူတို့က ထပ်ပြောသေးတယ်၊ လူထုအုံကြွမှုတွေမဖြစ်စေရန်အတွက် အခုလို ကံစမ်းမဲပေါက်တဲ့ကိစ္စကို ဘယ်သူ့မှ မပြောပါနဲ့လို့လည်း မှာသွားသေးတယ်၊ အခုလို ကံစမ်းမဲအစီစဉ်ကို နိုင်ငံတော်က လစဉ်လုပ်သွားမှာလို့လည်း ပြောသွားသေးတယ်၊ ငွေလွှဲလာဖို့ကိစ္စကို ပြောပြီးတော့ ဖုန်းချသွားတယ်၊ ဘဏ်ရောက်ရင် ဖုန်းပြန်ဆက်ခိုင်းတယ်၊ ငွေပို့ဖို့ အကောင့်ပေးဖို့ပေါ့၊ ကျွန်တော်တို့ကလည်း ဟုတ်မဟုတ်ဆိုတာလည်း သိချင်တာရယ်၊ လိမ်တယ်လို့လည်း ယူဆမိတာကြောင့် သူ့ရဲ့ ဘဏ်အကောင့်သိအောင်လို့ ဖုန်းပြန်ဆက်လိုက်တဲ့အခါမှာ ကျွန်တော်တို့ ဘဏ်ရောက်နေပါပြီ ငွေလွှဲပေးပါ့မယ် ဘဏ်အကောင့်ပေးပါလို့ ပြောလိုက်တော့ သူတို့ သတ်မှတ်ထားတဲ့အချိန် ကျော်သွားပါပြီ မရတော့ပါဘူးတဲ့၊ TV ကိုတော့ ပို့လိုက်ပြီ ညနေ ကားဂိတ်မှာ သွားကြည့်လိုက်ပါလို့ ပြောပြီး ဖုန်းချသွားတယ်၊ နောက် ပြန်ခေါ်တာမရတော့ဘူး၊ ညဖက်ခေါ်တော့လည်း မရတော့ဘူး.."ဟု ဆက်လက်ရှင်းပြသည်။

"ကျွန်တော့် ယောက္ခမက နေပြည်တော်မှာရှိတယ်၊ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဖုန်းဆက်လှမ်းပြောတော့ ဟာ.. ပိုက်ဆံပို့လိုက်ပြီလားတဲ့ မေးလာတယ်၊ ကျွန်တော်ကလည်း မပေးရသေးဘူးလို့၊ ပို့မယ်လို့ ပြောလိုက်တော့လည်း လက်မခံတော့ဘူး အချိန်ကျော်သွားပြီလို့ ပြောလာတယ်လို့ပြောလိုက်တော့၊ ဟုတ်လား သွားမပို့မိစေနဲ့ ပဲခူးမှာ နှစ်ရက်ပဲရှိသေးတယ် လိမ်သွားတာ သိန်း(၂၀)၊ အယုံလွယ်ပြီး ငွေလွှဲလိုက်တဲ့ အဖွားတစ်ယောက်က ဘဏ်မှာ ရူးမတတ်ပဲ ချက်လက်မှတ်လွှဲလာမယ်ဆိုပြီး ထိုင်စောင့်နေတာတဲ့ "ဟု ဦးစန်းငွေလင်းမှ တဆင့်ပြန်လည်ရှင်းပြသည်။

"မြန်မာနိုင်ငံအတွင်းမှာက ကံစမ်းမဲနဲ့ပတ်သက်လို့ သိန်းဂဏန်းမပြောနဲ့ သောင်းဂဏန်းနဲ့တောင် သတင်းစာမှာထည့်တာ၊ ခုလို ကိစ္စကို ဘယ်သူမှမသိစေနဲ့ဆိုကတည်းက စဉ်းစားစရာဖြစ်သလို လိမ်တယ်လို့လည်း သိနိုင်တယ်လေ၊ ဒါကြောင့် အခုလို ကိစ္စမျိုး လူတိုင်းလူတိုင်း ကြုံလာကြမယ်ဆိုရင် အယုံလွယ်ပြီး ငွေမလွှဲမိစေဖို့နဲ့ အလိမ်ခံရမှန်းသိနိုင်အောင်အတွက် အခုလို Tachileik Online News မှာ ဖော်ပြပေးဖို့ တောင်းဆိုလိုက်ပါတယ်"ဟု ဦးစန်းငွေလင်းမှ ၎င်းအနေဖြင့် ကြုံခဲ့ရသည့် ဖုန်းလိုင်းပေါ်က ငွေလိမ်လည် တောင်းခံသည့်ကိစ္စကို အများသိစေရန်အတွက် ရှင်းလင်းပြောကြားလာခဲ့သည်။
http://www.tachileik.net/2013/05/lie-ph-mm.html
Tachileik Online News
www.tachileik.net

အေးချမ်းမွန် Credit & Copy From >Tachileik < Thank For Your Post
သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

Saturday, May 25, 2013

... မေလ(၂၀)ရက်နေ့ နေ့လည်(၁၂)နာရီခန့်က တာချီလိတ်မြို့မှာ အခြားမြို့နယ်မှတဆင့် ဖုန်းခေါ်ဆိုလာပြီး (၁၅၀၀)ကျပ်တန် ဖုန်းနှင့်ပတ်သက်၍ ကံစမ်းမဲပေါက်သည်ဟု ပြောဆိုကာ နိုင်ငံတော် အခွန်ကြေးအဖြစ် ငွေလွှဲလာရန်အတွက် ပြောဆို လိမ်လည်လာမှု တရပ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။