ITgroup
အခုတလော မြန်မာပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများမှာပါ တကျော့ပြန်ခေတ်စားလာတဲ့
Phishing attck ပေါ့ Facebook ကို အဓိကတိုက်ခိုက်လာတယ် ဘယ်လိုတိုက်ခိုက်လာလဲဆိုတာကိုတော့
ကျွန်တော်အခုတင်ပေးထားတဲ့ပုံကိုလေ့လာကြည့်လိုက်ပါ ဒါကတော့ မိမိမှာဖွင့်မကြည့်ရသေးတဲ့ Facebook notification တွေ၇ှိနေသေးတယ်
ပြီးတော့ Friend Request တွေလဲရှိနေတယ် အဲဒါကိုလက်ခံစစ်ဆေးပေးဖို့  Go To Facebook ကိုနှိပ်ပြီးဖြစ်စေ
ဒါမှမဟုတ် See All Notification ကိုနှိပ်ပြီးဖြစ်စေ ဆက်လက်ဆောင်ရွက်ခိုင်းပါတယ်
ဇာတ်လမ်းကအဲဒီမှာစပြီး..ကဲ ခင်ဗျားတို့ နှိပ်လိုက်ပြီးရင် ဘယ်ကိုရောက်သွားမယ်ထင်သလဲ..
တချို့ အွန်လိုင်းစီးပွားရေးသမားတွေ သို့ မဟုတ် အွန်လိုင်းပေါ်မှာ စီးပွားရေးလုပ်ပြီးလိမ်လည်နေသူတွေက Hacker တွေကို ယခုလိုမေးလ်ပို့ပြီးစေခိုင်းထားတာတွေရှိတယ်
မိတ်ဆွေနှိပ်လိုက်ပြီးတဲ့အခါ သူတို့ ရဲ့  ပစ္စည်းကြေငြာတဲ့ဆိုဒ်တစ်ခုခုသို့ မဟုတ် ဘာလုပ်ရင်ဘာရမယ် ဒါတွေကိုတဖြည်းဖြည်းချင်းလုပ်သွားမေးတာဖြေသွား iPadပဲရမယ်လိုလို iPhone 5ပဲပေးမယ်လိုလို
လောဘ လောဘ နော်...ပါသွားမယ် ရိုးရှင်းတယ့်မေးခွန်းတွေမေးမြန်းပြီး ကိုယ်ကလဲဖြေမယ် နောက်ဆုံး Final အဆင့်ရောက်ပြီး ဖြေရမယ့်မေးခွန်းအတွက် ပိုက်ဆံဘယ်လောက်ပေးရမယ် အများကြီးမဟုတ်ပါဘူးနည်းနည်းစီပါ အများကြီးလဲ
မတောင်းပါဘူး ဘယ်သူကအများကြီးပေးမှာလဲနော် ပေးရဒေါ်လာတစ်ဆယ် နှစ်ဆယ်ပေါ့ဒီထက်နည်းချင်လဲနည်းမယ် ငွေကနည်းတော့ ပေးချင်ကြတယ် မဟုတ်ဘူးလား iPad ကြီးများတောင်ရမှာ iphone 5 ကြီးလဲကိုင်ရအုံးမယ် ကြွားလုံးထုတ်လို့ ရပြီ ငါကွဆိုပြီးမာန်တွေတက်
လောဘတွေကြီးပြီးတော့ ငွေလေးပေးလိုက်ပါတယ် ပါသွားမှာက တစ်ဆယ်နှစ်ဆယ်ပဲထင်နေရင်းမှာသွားလိမ့်မယ် အဲဒီမှာ အဓိကအလေးအနက်ထားပြောချင်ဆုံးအကြောင်းအရာကိုနည်းနည်းရှည်ရှည်လေးပြောချင်တယ်..
ကျွန်တော်တို့ တိုင်းပြည်ကလမ်းစပွင့်လာပြီး နိုင်ငံခြားရင်းနီးမြှပ်နှံမှုတွေလဲအလုံးအရင်းဝင်လာတော့မယ် ဒီအခါ ငွေကြေးစီးဆင်းမှုပေါ်လစီခိုင်ခိုင်မာမာချမှတ်ပြီးတဲ့နေ့ Forienge Investment Rule တွေ သေသေချာချာချမှတ်ပြီးတဲ့အချိန်မှာ ကျွန်တော်တို့ လက်ရှိသွားနေတဲ့ Bank စနစ်
ငွေကြေးဖလှယ်မှု အားလုံးပေါ့ ဘာမှခေတ်မမှီတော့ဘူးအကုန်ပြောင်းလဲရလိမ့်မယ် တနည်းတိုးမြှင့်ရမယ်နည်းပညာသစ်တွေနဲ့ စီးဆင်းရလိမ့်မယ်...မြန်မာပြည်မှာ stock share ဈေးကွက်တွေဖြစ်ထွန်းလာမယ် online marketing, online trading ရှိလာမယ် Online Banking က ထိပ်ဆုံးကနေဦးဆောင်လာမယ်..
ဒါပေမယ့် အခုချိန်ထိဘာမှ Ready မဖြစ်သေးဘူး ဘဏ်တွေဘက်ကရော အသုံးပြုသူဘက်ကရော အချိန်မကျသေးလို့ ပြောချင်ပြောလို့ ရပေမယ့် အသိပညာ ဗဟုသုတသိထားသင့်တဲ့အပိုင်းမှာတော့ အချိန်ကျတာစောတာနောက်ကျတာမလိုဘူးထင်တယ် ဒီတော့ကား E-Commernce ကိုနားလည်သင့်လာပြီး နောင်ဆိုကျွန်တော်တို့ အွန်လိုင်းကနေ ငွေချေမယ် ပစ္စည်းဝယ်မယ်
ဒါပေမယ့်အခုအချိန်ထိဒါတွေနဲ့ ပတ်သက်ပြီးဘယ်သူကမျှ စာတမ်းဖတ်ပွဲ ဟောပြောပွဲ တွေပြုလုပ်တာမရှိသလို အခုအချိန်ထိမြန်မာပြည်ကဘဏ်စနစ်တွေလုံခြုံရေးအကောင်းဆုံးအနေအထားမရောက်သေးဘူးဆိုတာကိုလဲသိထားခဲ့ပါတယ်...
ကျွန်တော်တို့ တတွေလေ့လာထားသင့်တဲ့အပိုင်းတစ်ခုပေါ့ ဘာတွေလေ့လာရမလဲ online businessမှာ ဘာတွေလုပ်နိုင်လဲ မသမာသူတွေဆီက ဘယ်လိုဝင်လာနိုင်မလဲ မိမိရဲ့  Online Banking စနစ်ကိုလုံခြုံအောင် ဘယ်လိုထားမလဲ(ဒီနေရာမှတော့မိမိနဲ့သက်ဆိုင်ရာဘဏ်ကတော့လုံခြုံမှုနည်းလမ်းတွေညွန်ပြပေးမှာပါပဲ) ဒါပေသိ..ခုနက အထက်မှာကျွန်တော်ပြောခဲ့သလိုပဲ ipad or iphone အတွက်
ပေးချေရမယ့်ငွေတစ်ဆယ်နှစ်ဆယ်ကို မိတ်ဆွေကသာ အွန်လိုင်းပေါ်ကနေ ပေးချေတော့မယ်ဆိုရင်တော့ အဆင်မသင့်ရင် မိမိရဲ့  Account ID and Password ပါသွားပါလိမ့်မယ်ဒါဆို ပေးလိုက်ရမှာက တစ်ဆယ်လားနှစ်ဆယ်လား..မဟုတ်တော့ဘူးနော်ဒီထက်မကများပြားလိမ့်မယ် ...နောက်ဆုံးဗျာ မိတ်ဆွေတို့ ရဲ့  Account ID and Password ကိုမယူခဲ့ရင်တောင်မှ တစ်ဆယ်နှစ်ဆယ်ကတော့သူတို့ ရသွားပြီး
မိတ်ဆွေလိုမျိုးလူဘယ်နှစ်ယောက်လောက်ပါသွားနိုင်သလဲ?ဒါဘာကြောင့်ဖြစ်တာလဲ
အဓိက Knowledge နည်းလို့ ပဲ ဘယ်လိုနည်းတာလဲ မိမိကိုယ်တိုင်ကနည်းတာလား ပတ်ဝန်းကျင်ကပဲနည်းနေတာလား..
ရှင်းပါတယ် ကျွန်တော်တို့ က knowledge society နည်းတဲ့တိုင်းပြည်မှာ ရပ်တည်နေတုန်း အခုမှပြောင်းလဲနေတုန်း ဒါကပတ်ဝန်းကျင်အားနည်းမှု နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်က leaning society တစ်ခု စဉ်ဆက်မပြတ်လေ့လာသင်ယူနေတဲ့လူ့ ဘောင်အဖွဲ့အစည်းတစ်ခုကိုမထူထောင်နိုင်သေးတာ
ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်မှုအားနည်းမှု စနစ်ချို့ ယွင်းမှုတွေကြောင့်လဲပါဝင်ပတ်သက်မှုရှိတယ်.. ကျွန်တော်တို့ အဓိက ဘာလုပ်နေလဲ ?
အခု အွန်လိုင်းသုံးနေတယ် ဖေ့ဘွတ်သုံးမယ် Gmail သုံးမယ် နောင်ဆို online ပေါ်ကနေ ဈေးဝယ်တော့မယ် ငွေရှင်းတော့မယ်
Facebook သုံးတတ်ရုံ gmail သုံးတတ်ရုံ online ကနေ ဈေးဝယ်ငွေချေတတ်ယုံနဲ့  လုံလောက်ပြီးလား? ကျွန်တော်တို့ အတွက် Advantages and disadvantages ဆိုတဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးအတွက် လုံလောက်တဲ့အသိပညာဗဟုသုတလဲလိုအပ်ပါတယ် Click တချက်နှိပ်ရုံနဲ့ ဓာတ်ပုံတင်လို့ ရသွားတယ်Click တစ်ချက်နှိပ်ယုံနဲ့ LIKE လုပ်တတ်သွားတယ် စာရိုက် Enter ခေါက်ရုံနဲ့  comment ပေးလို့ ရသွားတယ်
လွယ်ပါတယ် အဲလောက်တတ်ပြီးဆိုရုံနဲ့  Facebook သုံးတတ်ပြီးလို့ အထင်မမှတ်လိုက်ပါနဲ့  ဆိုးကျိုးကောင်းကျိုးနဲ့  သတိထားရမယ့် ဟက်ကာတွေဖောက်ထွင်းနိုင်မယ့် အချက်တွေကိုဗဟုသုတအနေနဲ့ နားလည်သင့်တယ် ဘယ်လိုဖောက်ထွင်းနိုင်လဲဆိုတဲ့နည်းလမ်းတွေကိုတော့ ကျွန်တော်ဒီပေခ့်ျမှာအက်မင်ဖြစ်ကတည်းက အခန်းဆက်တွေနဲ့ ရေးသားထားဖူးတာရှိပါတယ် လေ့လာချင်သပဆို
www.itgroupmyanmar.com မှာရှာဖွေလေ့လာနိုင်ပါတယ် Facebook ဆိုတဲ့ Tab အောက်မှာရှာဖွေကြည့်ပါ...
ကဲအစောပိုင်းကပြောခဲ့သလို ၀င်ရောက်နှိပ်လိုက်တာနဲ့  စီးပွားရှာနေတဲ့လူတွေဆိုဒ်ကိုရောက်နိုင်သလိုပဲနောက်ရောက်နိုင်တာကတော့ မိမိ ဖေ့ဘွတ် username and password ကိုခိုးယူမယ် phishing site တွေကိုလဲရောက်နိုင်ပါတယ်..
ဒါဆိုဘယ်လိုရှောင်ရှားမလဲ Facebook နဲ့ ပတ်သက်သမျှ www.facebook.com ကနေပဲလုပ်ဆောင်ပါ အီးမေလ်းကနေလာသမျှ ဘာမှမလုပ်ပါနဲ့  လုပ်ချင်သပ မနေနိုင်ဘူးအီးမေလ်းကနေ၀င်ချင်သပဆို....
ကျွန်တော်အခုတင်ထားတဲ့ပုံမှာကြည့်လိုက်..
တကယ်လို့ များဝင်လာတဲ့အီးမေလ်းက Update တခုခုဆို From : ဆိုတဲ့နေရာက Email Addressမှာ
update+(ဒီမှာကတော့ random character ဖြစ်နိုင်တယ်)@facebookmail.com အဲလိုဖြစ်ကိုဖြစ်ရမယ် အဲလိုမှမဟုတ်ရင်တော့ ရှောင်ရှားပါ
တကယ်လို့ များNotification ဖြစ်မယ်ဆိုလျှင်
notification+(random characters)@facebookmail.com ဖြစ်ကိုဖြစ်ရမယ်
အခုပုံမှာဆိုလျှင်အရှေ့ကတော့ update+random characterဖြစ်ပါရဲ့အနောက်မှာတော့@facebookmail.com မဟုတ်ကတည်းက
ဘယ်လိုမှမဖြစ်တော့ဘူးအောက်ကဘာပြောပြောကြည့်စရာကိုမလိုတော့သာပါ ပုံမှားရိုက်ထားတာတွေ့တယ်နော် အောက်ဆုံးမှာလဲ
Unscribe တို့  Facebook Inc တို့ ပါတယ်တွေ့ လား အစစ်နဲ့ ခွဲမရအောင်လုပ်ထားတာ တနေရာလေးပဲလွဲတာအဲဒီFrom:ဆိုတဲ့နေရာပဲ....
ကဲဒီလောက်ဆို ဗဟုသုတ်တခုတိုးသွားပြီးလို့ ယုံကြည်တယ်...
အားလုံးကျန်းမာချမ်းသာကြပါစေဗျာ
Htet Linn(Cloudy)
Myanmar IT Group
www.itgroupmyanmar.com

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။