ကို စိန်သန်း
ထိုင်းဝန်ကြီးချုပ် ရင်လပ် စီနာဝါထရာသည် ကာတွန်းဆရာ ချိုင်းရာချာဝပ်အား သူမကိုပြည့် တန်ဆာနှင့်နှိုင်းယှဉ်မှုအတွက် အသရေဖျက်မှုဖြင့် တရားစွဲဆို
( The Hot News )
ထိုင်းဝန်ကြီးချုပ် ရင်လပ် စီနာဝါထရာသည် မေလ ၄ ရက် နေ့တွင် ၎င်း၏ရှေ့နေများမှတစ် ဆင့် ထိုင်းရတ်သ် ကာတွန်းဆရာ ချိုင်းရာချာဝပ်အား သူမကိုပြည့် တန်ဆာနှင့်နှိုင်းယှဉ်မှုအတွက် အသရေဖျက်မှုဖြင့် တရားစွဲဆို လိုက် သည်။
ရှေ့နေများက ချိုင်းအား စွဲ ချက် (၃)ခုဖြင့် တရားစွဲဆိုလိုက် ပြီး ထိုစွဲချက်များမှာ အစိုးရ အခမ်းအနားတစ်ခုတွင် အစိုးရ အရာရှိအားစော်ကားမှု၊ အသရေ ဖျက်မှုနှင့် ကွန်ပျူတာဆက်စပ် ရာဇ၀တ်မှု ဥပဒေကို ချိုးဖောက်မှု တို့ဖြစ်သည်။ ယခုတရားစွဲဆိုမှု သည် ထိုင်းဝန်ကြီးချုပ်အနေနှင့် လူမှုရေးမီဒီယာများတွင် ဖော်ပြ...မှု အတွက် တစ်စုံတစ်ယောက်အား ပထမဆုံးအကြိမ် တရားစွဲဆိုခြင်း လည်းဖြစ်သည်။
ကာတွန်းဆရာချိုင်း၏ အမည်ရင်းမှာ ဆွန်ချိုင်း ကာတန် ယုတာနန်ဖြစ်ပြီး၎င်းသည် ၀န်ကြီး ချုပ်ရင်လပ်၏ ဓာတ်ပုံများအား လွှင့်တင်ကာ “ပြည့်တန်ဆာများ သည် မိန်းမဆိုးများမဟုတ်ကြပါ။ ပြည့်တန်ဆာများသည် ၎င်းတို့၏ ခန္ဓာကိုယ်ကိုသာ ရောင်းချပြီး မိန်းမဆိုးမှာမူကား လှည့်လည် သွားလာ၍ တိုင်းပြည်အားရောင်း စားရန်ကြိုးပမ်းခဲ့သည်” ဟူသော စာတမ်းအား ရေးထိုးထားခဲ့သည်။
ဝန်ကြီးချုပ်ရင်လပ်သည် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ အရေးနှင့်ပတ်သက်သည့် သတ္တမ အကြိမ်မြောက် ၀န်ကြီးများ၏ ကွန်ဖရင့်တွင် ၂၀၀၆ ခုနှစ်က အာဏာသိမ်းမှုကို ပြစ်တင်ပြော ကြားခဲ့သည်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။