ကျန်းမာရေးစာတိုများစုစည်းမှု
*** အထူးသတိထားစရာ H7 N9 ရောဂါ (သို့ ) ကြက်ဌက်တုပ်ကွေး ***
ကြက်ဌက်တုပ်ကွေးရောဂါကြောင့် တရုတ်နိုင်ငံတွင် လူပေါင်း ၃၀ ကျော်ခန့်  သေဆုံးမှု့ တွေရှိခဲ့ပါတယ်လို့ သတင်းတွေမှာဖော်ပြပါတယ် ။ ဒီလို့ သေဆုံးမှု့ တွေ ရှိလာပြီး ဒါကြောင့် နိုင်ငံထိစပ်တော့ အားလုံးလည်း သတိထားရပါလိမ့်မယ် ။ ကုန်စည်စီးဆင်းမှု့ အရ ဒီလို ကြက်ဌက်တုပ်ကွေးကြောင့် သေးဆုံးသည့် ကြက်အကောင်တွေမှ ကြက်သားများ ၊ ကြက်ဥများနှင့် အခြား စပ်ဆက်ပစ္စည်းများမှာ ရောဂါပိုး မပါပါဘူးဆိုတာ ဘယ်သူမျှ အာမမခံကြပါ ။
စားသောက်လို့ ရောဂါဖြစ်လျှင် မိမိသာလျှင် အပြစ်ဖြစ်ပြီး ရောဂါဆိုးအဖြစ်ခံရပါလိမ့်မည် ။
တရုတ်မည်သည်မှာ စီးပွားရေးအတွက်ဘဲ ကြည့်တက်သည့်အတွက် အခုချိန်တွင် တရုတ်ပြည်ဖက်မှ ဝင်ရောက်လာသော အရန်သင့်စာ...းသုံးနိုင်သော ကြက်သားများ ၊ ကြက်ဥများ နှင့် ရေခဲရိုက်တင်သွင်းလာသော စားသောက်ကုန်ပစ္စည်းများကို သတိကြီးစွာ ဝယ်ယူစားသောက်ခြင်းမှ ရှောင်ရှားသင့်ပါသည် ။

နယ်စပ်ကုန်သွယ်လမ်းကြောင်းပေါင်းစုံမှ ဝင်ရောက်လာနေသော စားသောက်ကုန်ပစ္စည်းတွေကြောင့် အလွန်ပင် အန္တရာယ်ရှိနိုင်ပါသည် ။ပြည်တွင်းရှိ ကြက်ခြံများတွင် ဌင်းရောဂါများ မဖြစ်ပေါ်နိုင်စေရန် ကြိုတင်ကာကွယ်ခြင်းများ လုပ်ဆောင်နေကြသောလည်း ဖြစ်နေသော တရုတ်နယ်စပ်မှ နည်းမျိုးစုံဖြင့် ပြည်တွင်းသို့ ဝင်ရောက်လာသော ကြက်နှင့်ပတ်သက်သည့် လူ့ စားသောက်ကုန်များကို အခုချိန်တွင် ဝယ်ယူ ကိုင်တွယ်ခြင်း နှင့် စားသောက်ခြင်းများကို အထူးပင် သတိထားသင့်သည့် အချိန်ဖြစ်ပါသည် ။
ကျန်းမာရေး အသိဖြင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက်ဖြစ် ပါသည် ။
"ရောဂါတစ်ခုမဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည့် အကောင်းဆုံးကုသခြင်းပင် ဖြစ်ပါသည်"
Mg Mandalay
ကျန်းမာရေး အသိဖြင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက်ဖြစ်
"ရောဂါတစ်ခုမဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းသည့် အကောင်းဆုံးကုသခြင်းပင် ဖြစ်ပါသည်"
Mg Mandalay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။