အဖြူရောင်စာမျက်နှာ
အစ္စရေး သမ္မတရာထူး လက်ခံရန် အိုင်းစတိုင်း ငြင်းဆန်ခဲ့ဖူး
Sunday, May 12, 2013
တော်တော်လူသိနည်းသော အိုင်းစတိုင်းနဲ့ ပက်သက်တဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။
၁၉၅၂ ခုနှစ်က အစ္စရေးရဲ့  ပထမဆုံး သမ္မတ Chaim Weizmann ကွယ်လွန် ပါတယ်။ ယင်းနောက် အစ္စရေး ဝန်ကြီးချုပ်က ဂျာမန်ဖွား အမေရိကန်ရောက် ရူပဗေဒ ပညာရှင် Albert Einstein ကို သမ္မတရာထူးဖြင့် လာရောက် လုပ်ကိုင်ရန် တောင်းဆိုခဲ့ပါတယ်။
သို့ပေမယ့် အိုင်းစတိုင်းမှာ တွေဝေမနေပဲ တစ်ခါတည်းငြင်းဆန်ခဲ့ပါတယ်။ အစ္စရေး ဝန်ကြီးချုပ်ကတော့ အိုင်းစတိုင်းဟာ ပါရမီထူးပါသူလို့ ယုံကြည်ပြီး ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အောင်မြင်မယ်လို့ ထင်မြင်ထားလို့ ဖြစ်ပါတယ်။ သို့ပေမယ့် အိုင်းစတိုင်းကတော့ သူပါရမီပါတဲ့အရာဟာ ရူပဗေဒနှင့် ဆက်စပ် ပညာရပ်...များ ဖြစ်ပြီး နိုင်ငံရေးမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ယင်းတောင်းဆိုချက်ကို တရားဝင်ကြေညာ ခဲ့တာ မဟုတ်ပါဘူး။ အစ္စရေး ဝန်ကြီးက နဲ့ နှစ်ကိုယ်ကြား ပြောဆိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အိုင်းစတိုင်း ဟာ သမ္မတဖြစ်ရန် အတောင်းဆိုခံခဲ့ရတယ်ဆိုတာကို တော်ရုံလူ တို့ မသိ ရှိကြတော့ကြောင်း သိရပါတယ်။
--
Ref: littlefacts
International news for myanmar
--
Ref: littlefacts
International news for myanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။