mwdsport
ပရီးမီးယားလိဂ် တစ်ရာသီလုံး အကောင်းဆုံး ဆုများကို ဖာဂူဆန်နှင့် ဘေးလ် တို့ ဆွတ်ခူး
============================== =============
==============================
ပရီးမီးယားလိဂ်၏ တစ်ရာသီလုံး အကောင်းဆုံး ဆုများကို ဂါရတ်သ်ဘေး လ်နှင့် ဆာအဲလက်စ် ဖာဂူဆန်တို့ အသီးသီး ဆွတ်ခူး ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်က ပေးအပ် ချီးမြှင့်သည့် အကောင်းဆုံး မန်နေဂျာ ဆုအတွက် မန်ချက်စတာ ယူနိုက်တက်မှ အနားယူတော့မည့် ဖာဂူဆန်ကလည်းကောင်း၊ အကောင်းဆုံး ကစားသမား ဆုအတွက် တော့တင်ဟမ် ဟော့စပါး တောင်ပံ လူ ဘေးလ်ကလည်းကောင်း အသီးသီး ချီးမြှင့်ခံရခြင်း ဖြစ်သည်။ ဖာဂူဆန် အနေဖြင့် ၎င်း၏ ပြောင်မြောက်လှသော မန်နေဂျာ ဘဝ ဖြတ်သန်းမှု၏ နောက်ဆုံးပွဲစဉ်ကို မကိုင်တွယ်မီ နာရီပိုင်းမျှ အလိုတွင် ယခုကဲ့သို့ ဂုဏ်ပြုဆု တစ်ခုကို ရရှိလာခြင်း ဖြစ်သည်။
ဖာဂူဆန်သည် ပရီးမီးယားလိဂ်က ပေးအပ်သည့် တစ်နှစ်တာ အကောင်းဆုံး မန်နေဂျာဆာကို (၁၁)နှစ် ရရှိခဲ့ဖူးသည်။ အဆိုပါဆုကို (၁၉၉၂/၉၃) ဘောလုံး ရာသီက ဖာဂူဆန် အနေဖြင့် ပထမဆုံးအကြိမ် ရရှိခဲ့သည်။ ဖာဂူဆန်သည် အိုးလ်ထရက်ဖို့ဒ်တွင် (၂၆)နှစ်ကြာ ဖြတ်သန်းမှု အပြီး ဆုဖလား (၃၈)လုံးထိ ရယူထားနိုင်ခဲ့သည်။ ဘေးလ်မှာမူ ယခုရာသီ (၂၉)ပွဲတွင် (၁၉)ဂိုး သွင်းယူ ကာ ခြေစွမ်းပြခဲ့သည့်နောက် စပါးအသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ် အကောင်းဆုံး ဆုရှင် ဖြစ်လာသည်။ ၎င်းသည် ဝေလ ကစား သမား တစ်ဦးအနေဖြင့်လည်း ယခုဆုကို ပထမဆုံးအကြိမ် ပိုင်ဆိုင် လာခြင်း ဟု သိရသည်။ ဘေးလ်သည် PFAအကောင်းဆုံးဆု၊ အကောင်းဆုံး လူငယ် ဆုနှင့် ဘောလုံးအားကစား ကလောင်ရှင်များ၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတို့ ကိုလည်း ရရှိထားပြီးဖြစ်သည်။
Ref: Sky Sports

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။