Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 14, 2013

မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းလက္ခဏာ ရှေ့ပြေးများ ပြလာပြီ

 
Sa Maung
မဟာဆန် ဆိုင်ကလုန်း မုန်တိုင်းလက္ခဏာ ရှေ့ပြေးများ ပြလာပြီ
သိန်းလှိုင် | အင်္ဂါနေ့၊ မေလ ၁၄ ရက် ၂၀၁၃ ခုနှစ်
စစ်တွေ (မဇ္စျိမ)။ ။ မိုးလေဝသနှင့် ဇလဗေဒဌာနမှ သတင်းထုတ်ပြန်ထားသည့်အတိုင်း ရခိုင်ပြည်နယ်သို့ဖြတ်သန်းတိုက်ခတ်မည့် မဟာဆန် ဆိုင်ကလုန်းမုန်တိုင်းမှာ ယခုအခါ မုန်တိုင်းလက္ခဏာများ ပြသလာပြီဖြစ်ကြောင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ဒေသခံများက ဆိုသည်။
“ဒီနေ့မနက်ပိုင်းမှာ အနောက်ဘက်အခြမ်း ကောင်းကင်ပြင်တခုလုံး မဲမှောင်လာပြီး လေပြင်း တိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့တယ်။ အရင်နေ့တွေကဆိုရင် အပူရှိန် မြင့်မားပြီးတော့ လေတိုက်နှုန်း ကျဆင်းနေခဲ့ပေမယ့် ဒီနေ့မှာတော့ လေပြင်းနဲ့အတူ မိုးလည်း ရွာတယ်။ မည်းမှောင်နေတဲ့ မိုးတိမ်တွေဟာ ရွေ့လျားမှု မရှိဘူး။
မြင်ရတာကတော့ အ...ပေါ်ပိုင်း လေငြိမ်ပြီး မြေပြင်လေဟာ မုန်တိုင်းအသွင် ဆောင်လာနိုင်တဲ့ သဘောကိုတွေ့နေရတယ်” ဟု ဘူးသီးတောင် ရဲစခန်းမှ တာဝန်ခံ ရဲအရာရှိတဦးက ဆိုသည်။
ထို့အပြင် ပြည်နယ်တခုလုံးတွင် မေလ ၁၄ ရက်နေ့ မနက်ပိုင်း ဘင်္ဂလား ပင်လယ်အော်ဘက်မှ ရွေ့လျားမှု မရှိသော မည်းနက်မိုးတိမ်များ ဖြစ်ပေါ်လာပြီး လေငြိမ်လျက်ရှိကာ မိုးဖွဲကျဆင်းမှု အနည်းငယ် ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ အထူးသဖြင့် ကျောက်ဖြူ၊ စစ်တွေ စသည့် ပင်လယ်ကမ်းစပ် မြို့နယ်များတွင်လည်းရေပြင်အနေအထားမှာ လှိုင်းထန်မှု ပေါ်လာကြောင်း တွေ့ရသည်။
ပြည်တွင်း ရေကြောင်းဌာနအပါအဝင် ပုဂ္ဂလိကပြေးဆွဲနေသော ရေယဉ်များကို မေလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရပ်နားထားသည်။
“ကျနော်တို့ ဌာနကတော့ ဒီသုံးရက်အတွင်းမှာ သင်္ဘောသွားလာမှု ရပ်ဆိုင်းထားဖို့ အပေါ်က ကြေးနန်းနဲ့ ညွှန်ကြားထားတာ ရှိပါတယ်။ တခြားပုဂ္ဂလိက ရေယာဉ်တွေလည်း ဒီရက်ပိုင်းမှာ မုန်တိုင်းသတိပေးချက်နဲ့ အညီ ရပ်နားထားမယ်လို့ သိရပါတယ်။ သင်္ဘောတွေကိုတော့ မုန်တိုင်းအန္တာရယ်က ကင်းလွတ်မယ့် နေရာ
တွေမှာ ဆိုက်ကပ်ထားရှိပါတယ်။ အခြေနေအရပ်ရပ် တည်ငြိမ်လို့ရှိရင် ပြည်သူတွေ သွားလာနိုင်ရေးအတွက် အဆင်သင့်ဖြစ်အောင်လည်း ပြင်ဆင်ထားပါတယ်” ဟု ပြည်နယ် ပြည်တွင်းရေကြောင်းမှ တာဝန်ရှိသူတဦးက ရှင်းပြသည်။
မဟာဆန် မုန်တိုင်းဘေးမှ သက်သာနိုင်ရေးအတွက် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင်
ဒေသဆိုင်ရာ အာဏာပိုင်များက မုန်တိုင်းသတိပေးချက်ကို ထုတ်ပြန်ကြေငြာခဲ့ပြီး ပင်လယ် ကမ်းစပ်နေကျေးရွာများအား ကုန်းတွင်း ဘေးကင်းရာ ဒေသသို့ ပြောင်းရွှေ့ခဲ့သလို ၇ ရက်စာ စားနပ်ရိပ်က္ခာ အလုံအလောက် စုဆောင်းထားကြရန်လည်း ရပ်/ကျေး အုပ်ချူပ်ရေးမှူးများက တိုက်တွန်း စီစဉ်ထားကြောင်း
ဒေသခံများက ဆိုသည်။
“ကမ်းစပ်မှာနေတဲ့ ရွာသားတွေကို ဘေးလွတ်မယ့် နေရာတွေကို ရွှေ့ပြောင်းပြီး ဖြစ်တယ်။ ရွာတွေမှာ မုန်တိုင်းဒဏ် ခံနိုင်မယ့် ဘုန်းကြီးကျောင်းလိုမျိုး ခိုင်မာတဲ့ အဆောက်အဦတွေဆီကို ရွှေ့ပြောင်းတာ ရှိတယ်။ မုန်တိုင်းလမ်းကြောင်းကို ကာကွယ်နိုင်မယ့် တောင်ကုန်းတွေ နောက်ဘက်ကို ရွှေ့ပြောင်းတာလည်း ရှိတယ်။ သဘာဝဘေးရန်ဆိုတော့ အားလုံး ညီညီညွှတ်ညွှတ် စုပေါင်းဆောင်ရွက်တာကို တွေ့ရတယ်။ လူတွေကတော့ စိုးရိမ်စိတ်တွေနဲ့ မုန်တိုင်း တိုက်ခတ်မယ့် အချိန်ကို စောင့်နေကြရတယ်” ဟု ရခိုင်လူမှုကွန်ယက် အဖွဲ့င်တဦးက ပြောသည်။
ထို့အတူ မုန်တိုင်းဖြတ်သန်းမည့် အဆိုပါဒေသများတွင် နိုင်ငံတကာ လူမှုကယ်ဆယ်ရေး NGO များ ပြည်တွင်း၊ပြည်ပ သတင်းထောက်များ အသင့်ရောက်ရှိနေသည်။
မုန်တိုင်း ဝင်ရောက်မည့် နေ့ကို မိုးလေဝသ ပညာရှင်များက မေလ ၁၅၊ ၁၆ ရက်များဟု ခန့်မှန်းထားကြပြီး ရခိုင်ဒေသခံများအဆိုအရ လေပြင်းတိုက်ခတ်မှုသည် မေလ ၁၅ ရက်နေ့ မနက်ပိုင်းအထိ တဖြည်းဖြည်းပြင်းထန်လာပြီးနောက် မုန်တိုင်းအဆင့်သို့ ကူးပြောင်းလာနိုင်သည်ဟု ၎င်းတို့၏ အတွေ့အကြုံအရ မှတ်ချက်ပြုကြသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။