ရှေးခေတ်မြန်မာ့ မြင်းသည်တော်(အပိုင်း-၁)
လူသားတို့သည် သမိုင်းစတင်ချိန်မှ ယနေ့ အထိစစ်နှင့်ကင်းကွာ ကာနေလို့ မရစကောင်းကို သမိုင်းကြောင်းအရ ပြဆိုပီးဖြစ်ပါသည် ။ ရှေးဟောင်းကာလ သူတို့သမိုင်းအစတွင် မျိုးနွယ်စုအချင်းချင်း စားနပ်ရိကာ စားကျက်မြေ နယ်မြေများကို လုယက်ကြရင်း သတ်ဖြတ်တိုက်ခိုက်ခဲ့ကြသည် ၄င်းတို့ စစ်တိုက်ရချင်း ၏ အကြောင်းပြချက်မှာရှင်းသည် SURVIVAL အတွက်ပင်ဖြစ်သည်။ထိုမှတဆင့် ထွန်ယက်စိုက်ပျိုးရေးထွန...်းကားလာပီး တူရာတူရာမျိုးနွယ်စုများ နေထိုင် ချင်းဖြင့် မြို့ပြနိုင်ငံများ ဖြစ်ထွန်းလာသောကာလ များတွင် လူသားတို့၏ စစ်ပွဲ အပေါ်ထားရှိသော သဘောတရားများပြောင်းလဲလာခဲ့သည် အင်အားကြီးမားသူက လက်နက်နိုင်ငံ အင်ပါယာများကို ထူထောင်ကြသလို နိုင်ငံငယ်များသည်လည်း ရပ်တည်နိုင်ရေးကြိုးပမ်းကြသည်။ အင်ပ်ယာများချဲ့ထွင် ခဲ့ရာအချို့ အင်ပါယာများသည် စစ်ရေးအောင်နိုင်မှုသာမက ယာဉ်ကျေးမှု နိုင်ငံရေးစနစ်များကိုပါ သိမ်းပိုက်ခံနိုင်ငံသို့သွတ
်သွင်းကြသည်(ဥပမာ-ROMAN EMPIRE, BABYLON EMPIRE, PERSIAN EMPIRE)အချို့မှာ စစ်ရေးအရသာ အောင်မြင်မှုရယူကာ သိမ်းပိုက်ခံနိုင်ငံအား လုံးဝချေမှုန်းဖျက်ဆီး ခဲ့ခြင်းများလည်း ရှိခဲ့ပါသည်(ဥပမာ- ဂျင်ဂစ်ခန်၏ မွန်ဂိုအင်ပိုင်ယာ) ထိုကဲ့သို့သော အင်ပိုင်ယာများသည် ၄င်းတို့ကို ဦးဆောင်သော စစ်ဘုရင်များ ကျဆုံးည်နှင့် တပြိုင်နက်ပြိုလဲ တတ်ကြောင်းကိုလည်းတွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေ လူမျိုးစုများ တိုင်းနိုင်ငံများသည် သမိုင်းမတင်မီ ခေတ်ကာလတွင်က ပင် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် စစ်ပွဲပေါင်းများစွာကို ဆင်နွှဲ ခဲ့ကြသည်မှာ အမှန်ရားပင်ဖြစ်သည် ။ထို့ကြောင့်ထိုစစ်ပွဲများကို လေ့လာကြည့်လျှင် အင်ပိုင်ယာစစ်တပ်များသည် ၄င်းတို့ ၏စစ်အင်အားကိုတည်ဆောက်ရာတွင် ALEXANDER THE GREAT၏ လှံရှည်ကိုင် PHALANX တပ်မကြီးများမှအပ ကျန်တပ်များသည် မြင်းတပ် CAVALARY များကို ဗဟိုပြုကာတပ်ကိုတည်ဆောက်ခဲ့ကြပါသည်။ ဂရိတို့၏ Companion cavalary, ROMAN တို့၏ LEGION CAVALARY ဂျင်ဂစ်ခန်၏ မွန်ဂိုမြင်းတပ်များ ကော့ဆက်(ယခု ယူကရိန်း) ၏ ကော့ဆက်မြင်းသည်တော်များ၊ ခရူးဆိတ် စစ်ပွဲအတွင်းမှ မွတ်ဆလင်တို့ ၏ ကုလားအုတ်စီးစစ်သည်တော်များသည် ဂုဏ်ရှိန်မြင့်မားခဲ့ကြသည်။ ထို့အတူ မြန်မာတို့သည်လညးခေတ်အဆက် အင်ပိုင်ယာများထူထောင်ခဲ့ကြရာ မြင်းသည်တော်များသည် အရေးပါသော နေရာများမှပါဝင်ခဲ့ ပါသည် ။ မြန်မာတို့သည် မြင်းတပ်အပြင် HEAVY CAVALARY ဖြစ်သောစစ်ဆင် အသုံးပြုမှုအား အရှေ့တောင်အာရှတွင် ပထမဆုံးစတင်ခဲ့ပါသည်။ ခရီးသွား မာကိုပိုလို၏ ငဆောင်ချမ်းတိုက်ပွဲ မှတ်တမ်းအရ ကူဗလေခန်၏ မွန်ဂိုမြင်းတပ်များသည် မြန်မာစစ်ဆင် များကို ပထမဆုံးတွေ့မြင်ခဲ့ရသဖြင့် အလွန်အမင်းတုန်လှုပ်ခဲ့ရကြောင်းေ၇းသားခဲ့သည်။ ပုဂံခေတ်နရပတိစည်သူမင်းလက်ထက် တွင် အမြဲတမ်းတပ်မတော်အားစတင်ဖွဲ့စည်းခဲ့ပီး ဆင်သည်၊မြင်းသည်တို့အားလစာအဖြစ် တလလျှင် ဆန် ငါးဆယ်ချီးမြှင့် ခဲ့ကြောင်းသိရှိရပါသည်။ဘုရင့်နောင်မင်းတြားလက်ထက်တွင် သီပေါသို့စစ်ချီရာတွင် တိုက်ဆင် ၄၀၀၊ မြင်း ၅၀၀၀ စစ်သည် ၁၂၀၀၀၀ ဖြင့် မြင်းသည်များအား အချိုးအများပြားဆုံးဖွဲ့စည်းကာချီတက်ခဲ့သည်။ ဘုရင့်နောင်လက်ထက်တွင်ပထမဆုံး မြင်း တပ်အား အချိုးအစားတိုးချဲ့ ခဲ့ခြင်းပင်ဖြစ်သည်။မြန်မာဘုရင် အဆက်ဆက်သည် မြင်းခင်းသဘင်ကဲ့သို့သော မြင်းသည်ရွေးချယ်ပွဲများအား အလေးထားဆောင်ရွက်ခဲ့ကြပါသည်။ ရှေးခေတ်သူရဲ အဆင့်အတန်းသတ်မှတ်ရာတွင် ခြေလျင်(၁၀)ပွဲရမှ မြင်းသည်၊ မြင်းသည်(၁၀)ပွဲရမှ ဆင်သည်၊ဆင်(၁၀)ပွဲရမှ လှေ(ရေတပ်)ဟုသတ်မှတ်ခဲ့ကြပါသည်။မြင်းခင်းသဘင်ပွဲများသို့ တပ်မှူး၊ မင်းသားများမှ အစ သာမန်စစ်သူရဲများအထိမဲပြိုင်မနေရ ယှဉ်ဲပိုင်ရသည့် ထုံးတမ်းရှိခဲ့ပါသည်။မြန်မာ့မြင်းရေး(၃၇)ချင်းကို ပိုင်နိုင်စေရန်အမြဲမပြတ်လေံကျင့် ခဲ့ကြရပါသည်။ မြင်းရေး(၃၇)ချင်းအား အဲမောင်းလှံကိုင်ကစားသော အဲမောင်း မြင်းရေးသည် နာမည်ကျော်ခဲ့သည်။ အနောက်ဘက်လွန်မင်းတရားကြီးလက်ထက် မြန်မာ့တပ်မတော်တွင် မြင်းတပ်များအနေဖြင့်-
(၁)ရဲဘက်မြင်းတပ်
(၂)ရွေပြည်ရန်အောင်မြင်းတပ်
(၃)ရှမ်းမြင်းတပ်
(၄)မြန်မာမြင်းတပ်
(၅)အကပတ်မြင်းတပ်
(၆)ကသည်းမြင်းတပ်(မဏိပုရမှကုလားစစ်သည်များ)
(၇)ဝေသာလီမြင်းတပ်(ရခိုင်မြင်းတပ်)
(၈)ခွာလောင်မြင်းတပ်
(၉)တောင်သမန်မြင်းတပ်
(၁၀) စစ်ကိုင်းမြင်းတပ်
များအားဒေသအလိုက်စနစ်တကျစုစည်းကာ မြင်းတပ်(၁)တပ်လျင် မြင်းကောင်ရေ (၅၀၀) မြင်းသည်(၅၀၀) လှံကမ်း (ခြေဖုံးသူရဲ) ၁၀၀၀ ဖြင့် အဲမဲတမ်းတပ်ဖွဲ့ များအဖြစ်ဖွဲ့စည်းခဲ့ပါသည်။
(ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။