Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, May 14, 2013

၁။ ဦးခေါင်းတစ်ခြမ်းကိုက်နာ (သို့) ဦးခေါင်းကိုက်နာဆိုတာဘာလဲ။

 
ကျန်းမာရေးစာတိုများစုစည်းမှု
၁။ ဦးခေါင်းတစ်ခြမ်းကိုက်နာ (သို့) ဦးခေါင်းကိုက်နာဆိုတာဘာလဲ။

ဦးခေါင်းတစ်ခြမ်းကိုက်နာလို့ လူသိများတဲ့ ဦးခေါင်းကိုက်နာဆိုတာဟာ လူတွေ အတော်များများမှာ မကြာခဏခံစား ရတက်သော နာတာရှည်ခေါင်းကိုက်ဝေဒနာ အမျိုးအစားဖြစ်ပါတယ်။
ဒီရောဂါဘာကြောင့် ဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြရသေးပါဘူး။
ဦးနှောက်အာရုံကြောဆိုင်ရာ စနစ်နဲ့ သွေးကြောဆိုင်ရာ စနစ်များကြောင့် ဦးနှောက်ထဲမှာရှိတဲ့ သွေးကြောငယ်တွေကနေ သွေးကြောများအပေါ် အာနိသင် သက်ရောက်မှုရှိသော အေမင်း (Vasogenic Amines) များ ထွက်လာခြင်းကြောင့် ခေါင်းကိုက်ဝေဒနာကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ ခေါင်းကိုက်ရာမှ နားထင်သွေးကြောများ တိုးနေသလိုခံစားကြရပြီး၊ ပုံမှန်အားဖြင့် ခေါင်းတစ်ခြမ်းထဲတွင်သာ ကိုက်ခဲ သည့် ဝေဒနာခံစားရသော်လည်း တချို့တွင် ဘယ်၊ ညာ ပြောင်းကိုက်ခြင်း၊ ဘယ်ညာနှစ်ဖက်စလုံး ကိုက်ခြင်းများလည်း ခံစားရ တတ်ပါတယ်။ ဦးခေါင်းကိုက်နာကို ယေဘုယျအားဖြင့် ဖြစ်ရိုးဖြစ်စဉ် (Classical) နဲ့ အဖြစ်များသော (Common) ဦးခေါင်းကိုက်နာ ဟူ၍ (၂)မျိုး ခွဲခြားထားပါတယ်။

ပထမအမျိုးအစားတွင် ခေါင်းကိုက်ဝေဒနာမပေါ်မီ ရှေ့ပြေးလက္ခဏာ (Aura) အဖြစ် လျှပ်စီးလက် သလို အလင်းတန်းများ၊ ရောင်စုံတန်းများ၊ လှိုင်းများကို နာရီဝက်ခန့် မြင်ရပြီးမှ ခေါင်းကိုက်ဝေဒနာကို ခံစားရခြင်းဖြစ်ပါတယ်။ ဒီအမျိုးအစားဟာ ရောဂါရှိသူများ၏ ၂၅% ခန့်မှ တွေ့ရတတ်ရပါတယ်။

နောက်တစ်မျိုးမှာတော့ ရှေ့ပြေး လက္ခဏာတွေ မမြင်ရပါ ဘူး။ ခေါင်းတစ်ခြမ်းတည်း သိသာစွားသွေးတိုးသလို ခံစားရပြီး၊ ပျို့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်မှု ဖြစ်ခြင်း၊ ရာသီဥတု အပြောင်းအလဲ တွင်ဖြစ်ခြင်း ဆူညံသံ၊ စူးဝါးသော အနံ့ပြင်းများကြောင့် ဖြစ်တက်ခြင်း၊ အမျိုးသမီးများတွင် ဓမ္မတာလာခါနီးနှင့် လာချိန်တွင် ခံစားရ တတ်ခြင်း၊ ပဋိသန္ဓေကိုယ်ဝန်တားဆေး သုံးစွဲသူတွေမှာ ပိုမိုခံစားရတတ်ခြင်း စသည်ဖြင့် တွေ့ရပါတယ်။ ခေါင်းတစ်ခါကိုက်လျှင် (၂)နာရီမှ (၆)နာရီအထိ ကြာတက်ပြီး၊ တစ်ခါတစ်ရံ (၂၄)နာရီမက ကြာမြင့်တက်ပါတယ်။ သာမန်အားဖြင့် တစ်လတစ်ကြိမ်၊ နှစ်လ တစ်ကြိမ်ဖြစ်တက်သော်လည်း အချို့တွင် တစ်ပတ် (၂)ကြိမ်၊ (၃)ကြိမ်အထိဖြစ်၍ အလုပ်ပျက်၊ ကျောင်းပျက်သည်အထိ ဆိုးဝါး တတ်ပါတယ်။


၂။ ဖြစ်နိုင်ချေရှိတဲ့သူတွေက ဘယ်သူတွေလဲ။

အမျိုးသမီးတွေမှာအဖြစ်များပြီး အများစုက အသက်(၂၀) အောက်မှ စတင်ခံစားကြရပါတယ်။


၃။ ခေါင်းကိုက်နာဖြစ်မှန်း သေချာအောင် ဘယ်လိုလုပ်မလဲ။

ရောဂါကို အဓိကအားဖြင့် အပြည်ပြည်ဆိုင်ရာ ခေါင်းကိုက်ဝေဒနာ အဖွဲ့အစည်းရဲ့ ရောဂါရှာဖွေသတ်မှတ်ရေး စံညွှန်းများ နဲ့အညီ ရောဂါအမည်တပ်ရပါတယ်။ လူနာရဲ့ ရောဂါခံစားမှု ရာဇ၀င်မေးခြင်း၊ ခန္ဓာကိုယ်ကို စစ်ဆေးစမ်းသပ်ခြင်း (အထူးသဖြင့် ဦးနှောက်အာရုံကြောဆိုင်ရာ လက္ခဏာရှိမရှိ စစ်ဆေးခြင်း)တို့ကို သေသေချာချာ လုပ်ရပါတယ်။ လိုအပ်ပါက ဦးနှောက်ကွန်ပျူတာ ဓာတ်မှန် (CT Scan Brain) (သို့) သံလိုက်ပုံရိပ်ဖော်စက် MRI တို့နှင့် စမ်းသပ်စစ်ဆေးရပါမယ်။ ဒါမှသာ အခြားအကြောင်းရင်းများ ဖြစ်တဲ့ ဦးနှောက်အဖုအကျိတ်များ၊ ဦးနှောက်အတွင်း အရည်လမ်းကြောင်းများ ပိတ်ဆို့မှု၊ ဦးနှောက်အတွင်း သွေးယိုစီးမှု၊ ဦးနှောက် အတွင်း သွေးကြောများ မူမမှန်ဖြစ်တည်နေမှုများ၊ စသည်တို့ကို စစ်ဆေးတွေ့ရှိ ခွဲခြားနိုင်မှာဖြစ်ပါတယ်။


၎။ ခေတ်မီကုထုံးဘာတွေရှိသလဲ။

လတ်တလော ခေါင်းကိုက်ဝေဒနာ သက်သာစေတဲ့ ကုထုံး (Acute Therapy) နဲ့ ကြိုတင် ကာကွယ်ကုသမှုကုထုံး (Prophylactic Therapy) ဟူ၍ နှစ်မျိုးရှိပါတယ်။ လတ်တလော ခေါင်းကိုက်ဝေဒနာ သက်သာစေဖို့ သာမန်အားဖြင့် ပါရာစီ တမော(လ်)၊ အက်(စ်)ပရင်၊ အိုင်ဗျူပရို ဖန်စသည်တို့အပြင် Ergot, Triptans လို ဆေးတွေကိုလည်း သုံးနိုင်ပါတယ်၊ ဒါပေမယ့် ဒီဆေးတွေက သွေးတိုးနှင့် နှလုံးသွေးကြောကျဉ်းရောဂါ ရှိသူများတွင် မသုံးစွဲသင့်ပါဘူး။ အထူးသတိပြုရန်လိုပါတယ်။ ကြိုတင် ကုသမှု ကုထုံးကိုတော့ တစ်ပတ်ထက်ပို၍ ခေါင်းကိုက်ခဲ့လျှင် (သို့) ခေါင်းကိုက်တိုင်း မခံမရပ်နိုင်အောင် ပြင်းထန်ခြင်း(သို့) အလုပ်ပျက်၊ ကျောင်းပျက် ဖြစ်ရလောက်အောင်ဆိုးဝါးလျှင် သုံးသင့်ပါတယ်။ ဘီတာဘလောက်ကာ ဆေးတွေ၊ စိတ်ဓာတ်ကျကု ဆေးဝါးတွေ၊ အတက်ကျဟု ဆေးဝါးတွေ၊ Calcium Channel Blockers ဆေးဝါးတွေ စသည်တို့ဖြင့် သုံးစွဲသင့်ပါတယ်။


၅။ အများပြည်သူများအတွက် အဓိကကျသည့်အကြံပေးချက်

Migraine ရောဂါဟာ သာမန်အကိုက်အခဲပျောက်ဆေးတွေနဲ့ သက်သာပျောက်ကင်းနိုင်သော်လည်း၊ အချို့ကတော့ ပြင်းထန်ရှုပ်ထွေး တတ်တဲ့ နောက်ဆက်တွဲပြဿနာတွေရှိနေတတ်ပါတယ်။ ဥပမာအားဖြင့် ဦးနှောက်အတွင်း သွေးပြတ်လပ်ခြင်း ဖြစ်တတ်ပြီး၊ ကိုယ်တစ်ခြမ်း လေဖြတ်ခြင်း၊ မျက်စိစွေ စောင်းသွားခြင်းများဖြစ်တတ်တာကြောင့် ရိုးရိုးသာမန် အကိုက်အခဲပျောက်ဆေးတွေနဲ့ မသက်သာတော့ဘူးဆိုရင် တတ်ကျွမ်းတဲ့ အထူးကုသမားတော်များနှင့် တိုင်ပင်ဆွေးနွေး ကုသသင့်ပါတယ်။

Mg Mandalay

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။