Myawady News
ကြက်သွန်ဖြူ၏ ကောင်းကျိုးများ
(၁) ၀က်ခြံပျောက်စေသည်
ကြက်သွန်ဖြူတွင်ပါဝင်သော ဓါတ်တိုးဆန့်ကျင်ပစ္စည်းများက ၀က်ခြံဖြစ်စေသည့် ဘက်တီးရီးယား ပိုးကို ဖယ်ရှားပေးနိုင်သည်။ ကြက်သွန်ဖြူအစိတ်တစ်စိတ်ကို ၀က်ခြံဖု ပေါ်တင်ထားပါက အရောင်ကျခြင်း၊ အသားအရေ ညီညာခြင်းကိုရရှိစေ နိုင်သည်။
(၂) အအေးမိဝေဒနာသက်သာစေ နိုင်သည်
အအေးမိပါက ကြက်သွန်ဖြူ ခတ်ထားသော လက်ဖက်ရည်၊ ရေနွေးကြမ်း သောက်သုံးနိုင်သည်။ ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပေး သောကြောင့် အအေးမိဝေဒနာကို သက်သာစေနိုင်သည်။
...

(၃) ကိုယ်အလေးချိန် ထိန်းထား နိုင်သည်
ကြက်သွန်ဖြူ နေ့စဉ်ပုံမှန်စားသုံးပါက အဆီပိုများ လျော့ကျစေသည်။
(၄) ၀ဲ၊ ယားနာသက်သာစေသည်
ဝဲ၊ ယားနာ ခံစားနေရသော ခြေလက်များကို ကြက်သွန်ဖြူခတ် ထားသည့် ရေနွေးဇလုံးထဲသို့ စိမ်ပေး ခြင်းဖြင့် မှိုစွဲရောဂါများ ပပျောက် စေနိုင်သည်။
(၅) ခြင်နှင်ဆေးအဖြစ်သုံးနိုင်သည်
ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ခြေလက်များ၌ သုတ်လိမ်းထားပါက ခြင်မကိုက်နိုင်ပေ။
(၆) ကော်အဖြစ်သုံးနိုင်သည်
ကြက်သွန်ဖြူလှီးပြီးနောက် သင့်လက်များ စေးကပ်ကပ်ဖြစ်လာ တာ သတိပြုမိပါသလား။ ကြက်သွန် ဖြူအဆီကဖန်နှင့် ကြေပန်းကန်အပဲ့ များကိုပင် ကပ်စေနိုင်သည်။
(၇) အပင်ပိုးသတ်ဆေး အဖြစ် သုံးနိုင်သည်
ကြက်သွန်ဖြူ၊ ရေနံဆီ၊ ရေ၊ ဆပ်ပြာရည်တို့ကိုရောစပ်၍ ပန်းပင် များကို ဖြန်းပေးလျှင် ပိုးကောင်များ၏ ရန်မှကာကွယ်ပေးနိုင်သည်။
ဇော်ကို
Source: Readers’ Digest

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။