Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, May 13, 2013

မောင်အောင်ဆန်း ၏ ပွဲဦးထွက်သတ္တိ...

 
တို့ဗမာ Dobama
မောင်အောင်ဆန်း ၏ ပွဲဦးထွက်သတ္တိ...
=========================
ယခု တင်ပြမည့် ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများတွင်၎င်း၊ အခြားသူများ ဟောပြော တင်ပြကြသော ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိများတွင်၎င်း၊ မပါဝင်သေးသော အကြောင်းအချင်းအရာများကို ဖတ်ရှုရမည် ဟု ထင်မြင်မိပါသည်... လွန်ခဲ့သည့် အနှစ်လေးဆယ်ကျော်က အိုးဝေဂျာနယ်တွင် စည်သူကျော်ထင် ရေးသားခဲ့သော " မောင်အောင်ဆန်း ၏ ပွဲဦးထွက်သတ္တိ..." ဆောင်းပါးအား ပြန်လည် ကောက်နှုတ် ဝေမျှလိုက်ပါသည်.
ဗိုလ်ချုပ် အောင်ဆန်းငယ်ရွယ်စဉ် နတ်မောက်မြို့ ဦးသောဘိတ ကျောင်းသားဘ၀ မရောက်မီ ကလေးဘ၀က ကိုအောင်ဆန်းသည် တစ္ဆေ သရဲကို အလွန်ကြောက်တတ်ကြောက်တတ်ကြောင်း နတ်မောက်မြို့ပေါ်၌ ၀ါတွင်းတွင် အတီးအမှုတ် အကအခုန်တို့ဖြင့် အဖိတ်နေ့တိုင်း အလှူခံထွက်ရာ လူတစ်ယောက်က ဖိုးသူတော်ရုပ်ကြီးထဲဝင်ပြီး ကခုန်သည်ကိုမြင်လျှင်လည်း ကြောက်ရွံ့သဖြင့် အိမ်ခန်းတွင်းသို့ ၀င်ရောက် ပုန်းအောင်းနေတတ်ကြောင်း ၊ ကာကာ ဆိုင်သို့လာလျှင် ကာကာကုလားကိုလည်း ကြောက်သဖြင့် ကာကာဆိုင်သို့ပင် မသွားကြောင်း အစရှိသည့် ငယ်ရွယ်စဉ် ကလေးဘ၀ အကြောက်ကြီး ကြောက်တတ်ပုံတို့ကို " အောင်သန်း၏ အောင်ဆန်း" စာအုပ်တွင်၎င်း ၊ " အောင်ဆန်း မိသားစု" စာအုပ်တွင်၎င်း စာရှုသူများ တွေ့ဘူး ဖတ်ဘူးခဲ့ကြပေလိမ့်မည်...

ဤနေရာတွင် ကြောက်စိတ်ဟူသည် လူ့ဘ၀တလျောက်လုံး လူ့ခန္ဓာအတွင်း၌ ရာသက်ပန် ကိန်းအောင်း တည်ရှိ နေနိုင်သော အခြင်းအရာမျိုး မဟုတ်ကြောင်း ပြောကြားလိုပါသည်.. ကြောက်လျှင်လွဲ ရဲလျှင်မင်းဖြစ် ကြောက်မွေးပါ ဇာဂနာ ဖြင့်နှုတ် ဟူသော စကားနှင့် အညီ ကြောက်စိတ်ကို ရဲစိတ်ဖြင့် တွန်းလှန်ချေမှုန်းပစ်လျှင် လုံးဝကင်းစင် ပပျောက်ပြီး အာဇာနည် သူရဲကောင်းဘ၀သို့တိုင် ရောက်အောင်ပင် တက်လှမ်းနိုင်တတ်ပေသည်။ ကြောက်သွေးဟူသမျှကို ရဲဆေးဖြင့် သုတ်သင်ဆေးကြောပစ်နိုင်သဖြင့် မြန်မာ့လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင် အနိုင်ရအောင် တိုက်ယူနိုင်စွမ်းရှိခဲ့သည်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က သက်သေထူလျက်ရှိပေသည်။ ရဲသွေး ရဲမာန် နှင့် သတ္တိ ဗျတ္တိ ဟူသည် လေ့ကျင်ပျိုးထောင်၍ ရနိုင်ကောင်းသော အခြင်းအရာမျိုးဖြစ်ပေသည်။ ထိုသို့သော သတ္တိမျိုးကို ဗိုလ်ချုပ်အောင်ဆန်း ကောလိပ်ကျောင်းသား ဖြစ်ပြီးကာစ အသက်(၁၇)နှစ်သား အရွယ်က လေ့ကျင့်ပျိုးထောင်ခဲ့ပေသည်။

ကိုအောင်ဆန်း မည်သို့ လေ့ကျင်ပျိုးထောင်ခဲ့ပါသနည်း.....

အချိန်ကား မြန်မာလွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟူ၍ နိုင်ငံဥသျှောင်ကြီးတဆူဖြစ်လာမည့် ကျောင်းသားကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် အိုင်အေဂျူနီယာ (ခေါ်) ဥပစာအောက်တန်း (ထိုစဉ်က ပထမနှစ် မခေါ်သေး)တွင် တစ်နှစ်တာ ပညာသင်ကြားပြီး၍ အတန်းတင်စာမေးပွဲများ ဖြေဆိုပြီးကာ နွေရာသီ ကျောင်းပိတ်ရက်အရောက်တွင် နတ်မောက်မြို့ရှိ မိခင်ကြီးအမေစုထံသို့ ပြန်ရောက်လာသော အခါသမယပေတည်း ....

နတ်မောက်မြို့ကလေးသည် တောမြို့ကလေးတမြို့ ဖြစ်ရကား ထိုစဉ်က မြို့ပေါ်ရှိ များစွာသော အမျိုးသမီးကြီးများသည် အားလပ်သောအချိန်များတွင် တစ္ဆေ မှင်စာ သရဲသဘက် ဘုတ် ပြိတ္တာ စသည်တို့၏ အကြောင်းကို ဒဏ္ဍာရီ ပုံပြင်များ သဖွယ် အကျယ်ချဲ့ကာ ပြောလေ့ ပြောထ ရှိတတ်ကြပေ၏။ ထို့အတူ နတ်မောက်မြို့ အရှေ့ပိုင်းရပ်ရှိ အမေစု ၏ အိမ်ဝန်းကျင်မှ ဒေါ်ကြီး ဒေါ်လေးတို့သည်လည်း ထိုသို့သော သရဲသဘက်ပုံပြင်များကို အားပါးတရ လျှာလိပ်ပါးလိပ် ပြောကြလေရာ ကိုအောင်ဆန်းအဖို့ ထိုဒဏ္ဍာရီဇာတ်လမ်းများကို မကြားချင်အဆုံး ဖြစ်၍နေလေတော့သည်။

မည်သို့ပင် နားလျှံအောင် ကြားရသော်လည်း ကိုအောင်ဆန်းအဖို့ ယင်းသို့သော နာနာဘာဝ များကို အကောင်အထည်နှင့်တကွ တွေ့မြင်ရခြင်း မရှိသဖြင့် လုံးဝအယုံအကြည် မရှိခဲ့ပေ။ ပူအိုက်လှသော နွေရာသီ နေ့တစ်နေ့တွင် ကိုအောင်ဆန်းသည် ဦးသောဘိတ ကျောင်းတွင်နေစဉ်က သူနှင့် ကျောင်းနေဘက်သူငယ်ချင်းများဖြစ်ခဲ့ကြသော ကြွက်ကဒိုး (ကုန်သည်ကြီး ဦးဘအေး) ၊ ဖိုးနီ(ကျောင်းဆရာ ဦးဖိုးနီ)၊ မောင်ညာ(ကုန်သည် ဦးညာပွား)၊ မောင်ညို(မြွေအလမ္ပယ်ဆရာ ဦးညို) နှင့် ရန်ဒါး (ယခုရန်ကုန်မြို့ ကမာရွတ်တွင်နေထိုင်သူ ကပေါင်းကုန်းကြီးရွာသား ရန်ဒါး) စသော သူငယ်ချင်းများ နှင့် ဂျင်းသုပ်သည် ဒေါ်စော အိမ်တွင် စုဝေးကာ ထွေရာလေးပါး စကားစမြည်များ ပြောဆိုလျှက် နေကြပေ၏ ..

ထိုလူစုအနက် ကိုအောင်ဆန်းက စတင်၍ ..

ဆန်း ... ဒီလောကမှာ တစ္ဆေ သရဲရှိတယ်ဆိုတာ မင်းတို့ ယုံကြသလား ..ငါတော့ လုံးဝ မယုံဘူး .. ဒါကြောင့် .. ငါ ဒါတွေကို ကြောက်လဲ မကြောက်ဘူး ..ဂရုလဲ မစိုက်ဘူး...

ထိုစကားကို ကြားလျှင် ၎င်းတို့တွင် အသက်ကြီးဆုံးဖြစ်သူ ကြွက်ကဒိုးက ကြားဝင်၍..
ဒိုး ...... မယုံ မရှိနဲ့ မောင် ..တခါက ငါ့ကို မြို့ရဲ့ အရှေ့ဖျားက မယ်စာပင် ခေါ်တဲ့ သရက်ပင်ကြီးအောက်က သရဲခြောက်လို့ ပြေးလိုက်ရတာ တင်ပါး နဲ့ ဖ၀ါး တသားထဲကျသွားတာပဲ ..

ဆန်း .... အဲဒါ သရက်ပင်အောက် ခွေးတစ်ကောင်က မင်းကိုမြင်လို့ လန့်ပြေးတာ ..မင်းက သရဲခြောက်တယ်ထင်ပြီး ထွက်ပြေးတာ ဖြစ်မှာပေါ့ .. သရဲဆိုတာ တကယ် မရှိဘူး ...

ထိုသို့ ကြွက်ကဒိုး နှင့် ကိုအောင်ဆန်းတို့ ဆွေးနွေးပြောဆိုနေကြသည်ကို ကြားလျှင် ပျော်ပျော်နေတတ်သူလည်းဖြစ်၍ သူငယ်ချင်းတစ်စု လူရည် အလည်ဆုံးလည်း ဖြစ်သော မောင်ညာက မျက်နှာမဲ့ရွဲ့ကာဖြင့် ...
ညာ .... အောင်ဆန်း မင်း တစ္ဆေ သရဲ ရှိတယ်ဆိုတာကို တကယ် မယုံဘူးလား...
ဆန်း ... လုံးဝ မယုံဘူး ..ရှိလဲ မရှိဘူး ... ဒါကြောင့် ကြောက်စရာလဲ မလိုဘူး .....

ညာ ..... ကောင်းပြီ..ဒီလိုဆိုရင် ည(၁၀)နာရီအချိန်လောက်မှာ မင်းတစ်ယောက်တည်း သင်္ချိုင်းကို သွားရဲလား ..
ဆန်း ... သွားရုံမက .. ဟိုဘက် ဆယ်ဘူတာလောက်လွန်သွားသေးတယ်..ငါသွားရဲရင်..မင်းတို့က ငါ့ကို ဘာများ ဆု ပေးကြမလဲ ...

ညာ ... မင်း သွားရဲရင် မင်း ရန်ကုန်ကောလိပ်ကျောင်း အပြန်မှာ နတ်မောက်-ရန်ကုန် မီးရထား မထမတန်း လက်မှတ်ကို ဒို့တတွေက စုဝယ်ပေးမယ် ..ကဲ ဘယ်နှယ့်လဲ ..
ဆန်း ... ကောင်းပြီ..စိန်လိုက်..

ညာ .... မင်း .. ဒီည (၁၀)နာရီ တိတိမှာ မြို့လည်ခေါင်ဝတ်ဇရပ်နားက ဂုံးတံတားက စထွက်ပြီး သင်္ချိုင်းအလယ်မှာရှိတဲ့ မင်းဖခင် ဦးဖာရဲ့ အုတ်ဂူပေါ်မှာ ဦးဖာရဲ့ သက်စေ့ ဖရောင်းတိုင် ထွန်းညှိရမယ်..ဖရောင်းတိုင် အားလုံးထွန်းပြီးရင် ဒီတံတားကို ပြန်လာရမယ်.. ဒီတံတာမှာ ဒို့ အသင့်စောင့်နေမယ်.. မင်းပြန်ရောက်ရောက်ခြင်း မင်းတကယ် လုပ်မလုပ် ဒို့အားလုံး ပြန်သွားကြည့်မယ်..မင်းသွားရင်တော့ အဖော်တစ်ယောက်မှ ခေါ်မသွားရဘူး ..

ဆန်း.... ကောင်းပြီ..ည(၁၀)နာရီ ငါ့အဖေရဲ့ အုတ်ဂူပေါ်မှာ သက်စေ့ဖယောင်းတိုင်(၆၄)တိုင် နဲ့ မီးညှိဘို့ မီးခြစ်သာ အဆင်သင့်ပြင်ထားကြ .. ငါလာခဲ့မယ်.. ဒီတချီတော့ တစ္ဆေ သရဲ ယုံတဲ့ မင်းတို့တတွေကို ငါ ကျွတ်အောင် ချွတ်ပြမယ်...

ထိုနေ့ညဦးစောစောကပင် ကြွက်ကဒိုး၊ ဖိုးနီ၊ မောင်ညာ ၊ မောင်ညို နှင့် ရန်ဒါး တို့သည် ဒီပင်္ကရာကျောင်းတိုက်အနီးမှ ကုန်စုံဆိုင်ဖြစ်သော ကြတ်တန်ဘိ ခေါ် ကိုမောင်ကလေး၏ ကုန်မျိုးစုံဆိုင်မှ ဦးဖာသက်စေ့ ဖယောင်းတိုင်(၆၄)တိုင်နှင့် မီးထွန်းညှိရန် မီးခြစ်တို့ကို အဆင်သင့်ဝယ်ယူထားပြီး အဆိုပါ တံတားထိပ်မှ စောင့်ဆိုင်းလျက်နေကြလေသည်..

ည(၁၀)နာရီထိုးရန် ၁၅ မိနစ်အလိုတွင် ကိုအောင်ဆန်း ရောက်၍ လာပါချေပြီ ...ည(၁၀)နာရီ သံချောင်းခေါက်သည်နှင့် တပြိုင်နက် ကိုအောင်ဆန်းသည် ကတိအတိုင်း ဖခင်၏ သက်စေ့ဖယောင်းတိုင် (၆၄)တိုင် နှင့် မီးခြစ်တို့ကို ယူဆောင်ကာ နတ်မောက်မြို့ အနောက်ဖက်ရှိ သုဿာန်သို့ တယောက်တည်း ချက်ခြင်း ထွက်သွားလေသည်.. ကိုအောင်ဆန်းသည် ဥပါဒါန်လည်းမကပ် စိုးစဉ်းမျှလည်း တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲ သုဿာန် သင်္ချိုင်းသို့သွားကာ ဖခင်ဦးဖာ၏ အုတ်ဂူပေါ်တွင် သက်စေ့ဖယောင်းတိုင်(၆၄)တိုင်ကို စိမ်ပြေ နပြေ ထွန်းညှိလေတော့သည်..

ထွန်းညှိပြီးနောက် သူငယ်ချင်းများစုဝေးရာ မြို့လယ်တံတားသို့ ပြန်ရောက်ချိန်တွင် ည(၁၁)နာရီ ထိုးသည့် သံချောင်းပင်ခေါက်လေပြီ.. ထိုအခါတွင် မှ ကျန် သူငယ်ချင်းငါးယောက်တို့သည် ကြည့်ရှု စစ်ဆေးရန် ဓါးများ၊ လှံများကို ကိုင်ဆောင်၍ သွားကြည့်ကြသည်. ဓားလှံများ ယူဆောင်သွားရခြင်းမှာ တစ္ဆေ သရဲရှိသည်ဟု ယုံကြည်သူများဖြစ်ကြ၍ ရင်ဆိုင်တွေ့ရလျှင် ခုခံရန် ယူဆောင်သွားကြခြင်းဖြစ်သည်..

ကိုအောင်ဆန်းသည် သူငယ်ချင်းများ ပေးလိုက်သော ဖယောင်းတိုင် တစ်ခုမကျန် အကုန် ထွန်းညှိခဲ့ကြောင်းတွေ့ရပြီး မြို့လယ်တံတားသို့ ပြန်လာကြလေသည်..။

သူငယ်ချင်း ငါးယောက် ကိုအောင်ဆန်း နှင့် ပြန်လည်ဆုံတွေ့ကြသောအခါ မောင်ညာကစတင်၍..
ညာ..... မောင်ရင့် သတ္တိကျု ကိုယ်တို့တကယ် ချီးကျူးပါတယ်...မောင်ရင် ငယ်စဉ်ကနဲ့..ခုနဲ့ ..ပြဒါးတလမ်း သံတစ်လမ်းဘဲ..
ဆန်း... မင်းတို့ကို ငါပြောထားသားဘဲ.. တစ္ဆေ သရဲဆိုတာ တကယ်မဟုတ် လံကြုတ်တွေရဲ့ လုပ်ဇာတ်ပါလို့...

ညာ..... မောင်ရင် လက်တွေ့ ပြပေလို့ ..တို့တွေလဲ အမှန်ကို လက်တွေ့သိရပြီ.မောင်မင်းကြီးသား ရန်ကုန်ပြန်တဲ့အခါ ပထမတန်းလက်မှတ်ကိုသာ မကပဲ ပါသမျှ အထုပ်အပိုးတွေကိုပါ ကိုယ်တို့တတွေ ထမ်းပြီ ရထားပေါ်တင်ပေးပါ့မယ်..

ဆန်း... ဒါတွေကို အသာထားစမ်းပါမောင်ညာ ..ရှင်းရှင်းပြောရရင် မင်းတို့ အယူမှားတွေကို ဒီတချီ ငါ အကျွတ်ချွတ်လိုက်ရလို့ ကျေနပ်တယ်ကွာ...

အထက်ပါ အဖြစ်သနစ်ကို သေချာစွာ အကဲခတ်သည်ရှိသော် ကိုအောင်ဆန်းသည် ငယ်ရွယ်စဉ်က မည်မျှပင် ကြောက်တတ်သည်ဟု ဆိုစေကာမူ ကျောင်းသားဘ၀ရောက်ရှိပြီး အဆိုး အကောင်းကို အကျိုး အကြောင်းနှင့် တကွ ဆင်ခြင် စဉ်းစားလာတတ်သောအရွယ်တွင်မူကား ကြောက်မွေးဟူသမျှကို ဇာဂနာဖြင့် အပြောင်အစင် သုတ်သင် နှုတ်ပါယ်ပြစ်ကာ ရဲစိတ် ရဲမာန်တို့ တဖွားဖွား ပေါ်ပေါက်လာအောင် ပြုစုပျိုးထောင်မွေးမြူနိုင်ပြီး အမိမြန်မာနိုင်ငံကြီး သူ့ ကျွန် ဘ၀မှ လွတ်မြောက်လာသည် အထိ စွမ်းစွမ်းတမံ ခေါင်းဆောင်တိုက်ခိုက်ကာ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းပေး ခဲ့ကြောင်းကို ပြည်သူအပေါင်းတို့ အသိပင် ဖြစ်ချေသည်...။

စည်သူကျော်ထင်(အိုးဝေဂျာနယ်)1971
credited to u aung myin, Apr 18, 2012

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။