Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, January 22, 2013

ပါတီထောင်ရန် KNU/KNLA ငြိမ်းကောင်စီ လက်မခံ

Thit Sar and Zayar Zy shared ခွန် ဒီးယမ်'s photo.
ပါတီထောင်ရန် KNU/KNLA ငြိမ်းကောင်စီ လက်မခံ
____________________________________
၂၀၁၅ မတိုင်မီ နိုင်ငံရေးပါတီ တည်ထောင်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ရန် အစိုးရက  တောင်းဆိုထားခြင်းကို သဘောတူမည် မဟုတ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ယနေ့  ပြောလိုက်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရထိပ်တန်းအရာရှိများက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဦးအောင်မင်းအဖွဲ့ မနေ့က ဘားအံမှာ ကျွန်တော်တို့ အဖွဲ့ကို ခေါ်တွေ့ပြီး ပါတီ ထောင်ခိုင်းတယ်။ ပြီးရင် ဒေသက ထွက်တဲ့ သယံဇာတတွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ခိုင်းတယ်။ ဒီလို ဖိအားပေးတာကို လုံးဝ လက်မခံနိုင်ဘူး” ဟု အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီး စောဌေးမောင်က ဧရာဝတီ သတင်းဌာနကို ပြောသည်။

အစိုးရ၏ လုပ်ရပ်သည် သွယ်ဝိုက်၍ လက်နက်ချခိုင်းခြင်းဖြစ်ပြီး မိမိတို့အနေနှင့် ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူအတိုင်း လက်နက်ချမည့် အလုပ်ကို လုံးဝ ပြုလုပ်မည် မဟုတ်ဟုလည်း ဖြည့်စွက် ပြောကြားသည်။

ဗိုလ်ချုပ်ကြီး စောဌေးမောင်သည်  ယခင်က ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိပ်တန်း တပ်မှူးကြီးတဦးဖြစ်သည်။  ၂၀၀၇  နှစ်ဆန်းပိုင်းတွင်  တပ်သား အများအပြားနှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ ခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။

အဖွဲ့၏ တပ်မှူးတဦးဖြစ်သည့် ဗိုလ်ချုပ်ထော့လေးက ”ရှင်းရှင်းပြောမယ်၊ အရင် ငြိမ်းချမ်းရေး လက်မှတ် ထိုးကတည်းက စရဖဗိုလ်ချုပ်ဟောင်းရဲမြင့်ကို ပြောထားပြီးသား၊  လက်နက်ချမှာ မဟုတ်သလို နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ပြည်သူ့စစ်လည်း မလုပ်ဘူး” ဟု ဆိုသည်။

ယနေ့တွင် မြ၀တီမြို့၌ ဗိုလ်ချုပ် စောဌေးမောင်အဖွဲ့နှင့် ထပ်မံဆွေးနွေးရန် ၀န်ကြီးဦးအောင်မင်းတို့က ထပ်မံ ဖိတ်ကြားခဲ့သည့်။

ဖိတ်ခေါ်မှုကြောင့် ယနေ့နံနက်ပိုင်းက ရောက်ရှိခဲ့သော်လည်း မွန်းလွဲ ၂ နာရီကျော်အထိ စောင့်ဆိုင်းသော်လည်း  တွေ့ခွင့် မရကြောင်း ဗိုလ်ချုပ်ကြီးစောဌေးမောင်က ပြောသည်။

“တနေကုန် စောင့်တာ၊ မနိုင်တော့ဘူး၊ ပြန်တော့မယ်။ ထပ်ဆွေးနွေးလည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ရပ်တည်ချက်ကတော့ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။ 

ဝန်ကြီးဦးအောင်မင်း၊ ၀န်ကြီးဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း၊ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းတို့သည် ယနေ့နံနက်ပိုင်းက စတင်ကာ ဒေသခံ လက်နက်ကိုင်အဖွဲ့များကို တဖွဲ့ချင်း အလိုက် တွေဆုံ ဆွေးနွေးခဲ့သည်။

၎င်းတွေ့ဆုံမှုသည် ကရင်ငြိမ်းအဖွဲ့များအားလုံး ဥပဒေဘောင်အတွင်း ၀င်ရောက်ကာ နိုင်ငံရေးပါတီများ တည်ထောင်ရန်၊ ဒေသဖွံ့ဖြိုးရေး  လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖိအားပေးခြင်းဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ကရင်တပ်မှူးတဦးက ပြောသည်။

စည်သူ၊ ပြည်တော်မြင့် ~TUESDAY, JANUARY 22, 2013- Irrawaddy
ဓာတ်ပုံ -KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ်ကြီးစောဌေးမောင်
ပါတီထောင်ရန် KNU/KNLA ငြိမ်းကောင်စီ လက်မခံ
____________________________________
၂၀၁၅ မတိုင်မီ နိုင်ငံရေးပါတီ တည်ထောင်ပြီး ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ရန် အစိုးရက ... တောင်းဆိုထားခြင်းကို သဘောတူမည် မဟုတ်ကြောင်း KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ယနေ့ ပြောလိုက်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရထိပ်တန်းအရာရှိများက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

"ဦးအောင်မင်းအဖွဲ့ မနေ့က ဘားအံမှာ ကျွန်တော်တို့ အဖွဲ့ကို ခေါ်တွေ့ပြီး ပါတီ ထောင်ခိုင်းတယ်။ ပြီးရင် ဒေသက ထွက်တဲ့ သယံဇာတတွေနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ခိုင်းတယ်။ ဒီလို ဖိအားပေးတာကို လုံးဝ လက်မခံနိုင်ဘူး” ဟု အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်ကြီး စောဌေးမောင်က ဧရာဝတီ သတင်းဌာနကို ပြောသည်။

အစိုးရ၏ လုပ်ရပ်သည် သွယ်ဝိုက်၍ လက်နက်ချခိုင်းခြင်းဖြစ်ပြီး မိမိတို့အနေနှင့် ကရင် အမျိုးသားခေါင်းဆောင် စောဘဦးကြီး၏ မူအတိုင်း လက်နက်ချမည့် အလုပ်ကို လုံးဝ ပြုလုပ်မည် မဟုတ်ဟုလည်း ဖြည့်စွက် ပြောကြားသည်။

ဗိုလ်ချုပ်ကြီး စောဌေးမောင်သည် ယခင်က ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိပ်တန်း တပ်မှူးကြီးတဦးဖြစ်သည်။ ၂၀၀၇ နှစ်ဆန်းပိုင်းတွင် တပ်သား အများအပြားနှင့်အတူ KNU မှ ခွဲထွက်ခဲ့သည်။ ထို့နောက် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ၎င်း၏ ခွဲထွက်အဖွဲ့ကို KNU/KNLA ငြိမ်းချမ်းရေးကောင်စီဟု အမည်ပေးခဲ့သည်။

အဖွဲ့၏ တပ်မှူးတဦးဖြစ်သည့် ဗိုလ်ချုပ်ထော့လေးက ”ရှင်းရှင်းပြောမယ်၊ အရင် ငြိမ်းချမ်းရေး လက်မှတ် ထိုးကတည်းက စရဖဗိုလ်ချုပ်ဟောင်းရဲမြင့်ကို ပြောထားပြီးသား၊ လက်နက်ချမှာ မဟုတ်သလို နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး၊ ပြည်သူ့စစ်လည်း မလုပ်ဘူး” ဟု ဆိုသည်။

ယနေ့တွင် မြ၀တီမြို့၌ ဗိုလ်ချုပ် စောဌေးမောင်အဖွဲ့နှင့် ထပ်မံဆွေးနွေးရန် ၀န်ကြီးဦးအောင်မင်းတို့က ထပ်မံ ဖိတ်ကြားခဲ့သည့်။

ဖိတ်ခေါ်မှုကြောင့် ယနေ့နံနက်ပိုင်းက ရောက်ရှိခဲ့သော်လည်း မွန်းလွဲ ၂ နာရီကျော်အထိ စောင့်ဆိုင်းသော်လည်း တွေ့ခွင့် မရကြောင်း ဗိုလ်ချုပ်ကြီးစောဌေးမောင်က ပြောသည်။

“တနေကုန် စောင့်တာ၊ မနိုင်တော့ဘူး၊ ပြန်တော့မယ်။ ထပ်ဆွေးနွေးလည်း ဘာမှ ထူးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ရပ်တည်ချက်ကတော့ ဘာမှပြောင်းလဲမှာ မဟုတ်ဘူး” ဟု ၎င်းကပြောသည်။

ဝန်ကြီးဦးအောင်မင်း၊ ၀န်ကြီးဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း၊ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်းတို့သည် ယနေ့နံနက်ပိုင်းက စတင်ကာ ဒေသခံ လက်နက်ကိုင်အဖွဲ့များကို တဖွဲ့ချင်း အလိုက် တွေဆုံ ဆွေးနွေးခဲ့သည်။

၎င်းတွေ့ဆုံမှုသည် ကရင်ငြိမ်းအဖွဲ့များအားလုံး ဥပဒေဘောင်အတွင်း ၀င်ရောက်ကာ နိုင်ငံရေးပါတီများ တည်ထောင်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဖိအားပေးခြင်းဖြစ်သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ကရင်တပ်မှူးတဦးက ပြောသည်။

စည်သူ၊ ပြည်တော်မြင့် ~TUESDAY, JANUARY 22, 2013- Irrawaddy
ဓာတ်ပုံ -KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဗိုလ်ချုပ်ကြီးစောဌေးမောင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။