01 January 2013 |By 8 Days
ကျွန်တော့် ဘဝမှာ သီချင်းဆို ရတာ ပျင်းလိုက်တာ ဆိုတာမျိုး၊ သီချင်း မဆိုတော့ဘူးဆိုတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။ အဲဒီလိုပဲ ပရိသတ် တွေရဲ့အားပေးမှု ကလည်း ကျွန် တော့်အတွက် အားအင်တစ်ခုဖြစ် စေတယ်။ ပြောရရင် ပရိသတ်ရဲ့ အားပေးမှုကို ဖိအားလို့ကျွန်တော့် ဘဝမှာ တစ်ခါမှမတွေးဖူးဘူး။ သီ ချင်းတွေကလည်း အချိန်ကြာလာ တာနဲ့အမျှ ပြောင်းလဲမှုတွေဖြစ် လာတယ်။
အခုနောက်ပိုင်းမှာ သီ ချင်းအပ်တာကအစ ဒဿနဆန် ဆန်လေးတွေ၊ ကဗျာဆန်ဆန်လေး တွေပြောပြီး အပ်ဖြစ်တယ်။ အရင် လို 'အချစ်....အချစ်' တွေချည်း ပဲ ရှေ့တန်းမတင်ချင်တော့ဘူး။
ဂီတနဲ့ ပတ်သက်ပြီး ရှေ့ဆက်ဘာတွေ လုပ်မယ်ဆိုပြီး အမြဲတွေးတယ်။ ကိုယ်ပိုင် Entertainment လုပ်တဲ့ သူတွေကိုလည်း အားကျတယ်။ ကျွန်တော် လည်း ကိုယ့်ဘာသာ ကိုယ်လုပ်ဖူးတဲ့စုံတွဲတေးများဆိုတဲ့ အခွေရှိတယ်။ အခွေတွေထုတ်ဖို့ ကိုလည်း နည်းနည်းစဉ်းစားတယ်။ နောက်ပြီး ကိုယ့်ဘာသာကိုယ် Home Studio လုပ်မယ်ဆိုပြီး စဉ်း စားထားတာလည်းရှိပါတယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။